UPDATE - အညွှန်းသီးသန့်
7.2K subscribers
12 links
Download Telegram
Soulmate (2016) China

IMDb 7.6/10 Drama Comedy Romance

သူငယ်ချင်းသံယောဇဉ် အကြောင်းတွေ ချစ်ခြင်းမေတ္တာတွေ အကြောင်းကို
မင်းသမီး၂ယောက်က ဆွဲဆောင်ရှင်းပြသွားသလိုပါပဲ။Qiyue နဲ့ Ansheng တို့ဟာ ညီမတွေထက်တောင်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။အေးအေးဆေးဆေးနေတတ်တဲ့ Qiyue နဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့

Anshengတို့ ကြားထဲကို Jaiming ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတော့တယ်။ဇာတ်လမ်းကတော့ အဲ့ဒီအကြောင်းတွေကို ပြန်တွေးတဲ့ပုံစံနဲ့ စတင်ထားတာပါ။

HongKong Film Award ကို ဆွတ်ခူးထားပြီး

Imdb Rating ကလဲ7.6 တောင်ရရှိထားတာမို့အထွေအထူးမညွန်းတော့ပဲ
The cat 2011

ဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊ သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊ တစ်ရက်မှာတော့ သူတိုဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့ မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ်

အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာ သေဆုံးနေခဲ့ပါတယ်၊ နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ကလေးမလေးကို မြင်ပြီးနောက် ထပ်မံသေဆုံးသွားခဲ့ပါတယ် ။

ဒီကြောင်တွေကို မွေးစားမိတဲ့ လူတွေဟာ အသက်အန္တရာယ်တွေ ဆက်တိုက် ကြုံနေရတာကြောင့် လူတွေက ဒီကြောင်တွေက ကျိန်စာသင့်နေတာလို ထင်နေကြပါတယ် ။ကြောင်တွေက တကယ်ပဲ ကျိန်စာသင့်နေတာလား… ကြောင်တွေဘေးနားက ကလေးမလေးကရော ဘယ်သူဖြစ်မလဲ… ဘာလို ဒီကြောင်တွေနားမှာ တွယ်ကပ်နေတာလဲဆိုတာတော့..
Queen Of Gamblers (2019) China

ကျေးလက်တောရွာကနေမြို့ပေါ်က

ဒေါ်ကြီးဆီလာရှာတဲ့မေလိလို့ခေါ်တဲ့မိန်းကလေးကစပါတယ်…

အစကတော့သူ့ဘဝကိုအေးဆေးပျော်ရွှင်စွာဖြတ်သန်းလို့ရနိုင်ပေမဲ့

မထင်မှတ်ပဲသူ့ဒေါ်ကြီးကမေလိရဲ့အထူးအစွမ်းကိုသိပြီးနောက်

မေလိကိုလောင်းကစားရုံထဲဆွဲခေါ်သွားခဲ့ပါတယ်…

အဲ့နေ့ကပြီးသူတို့နှစ်ယောက်ကမှောင်ခိုအရောင်းအဝယ်

အဖွဲ့ကြီးကြားထဲရောက်သွားပြီးနောက်….

ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်
Running on Karma (2003)

IMDb 6.8/10 action

လူသန်ဗလကြီးက ငှက်မွေးလေးလိုပေါ့ပါးစွာခုန်ရင်း လူဆိုးတွေကို အားရပါးရ နွှာခဲ့တဲ့သူ့ကိုအရမ်းသဘောကျခဲ့တယ်.ဖြတ်ခနဲခုန်..ဒေါသတကြီး လော်ကာတွေကို၀ုန်းခနဲထိုးချ..မကောင်းမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်း.အင်္ဂလိပ်စာတန်းထိုးဆိုတော့နားမလည် ပါးမလည်း အရမ်းကောင်းတဲ့အက်ရှင်ကားလို့ပဲမှတ်ချက်ချခဲ့တယ်ကောင်းခန်းရောက်မှာတိပ်ခွေက မှုန်နေလို့ ပိုက်ဆံအသစ်လေးနဲ့ပွတ်ပြီး ဖိုက်ခန်းတွေ
Novoland 2024
ထျန်းလော်ကြိုးမျှင်လက်နက်
===================

နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။

မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။

မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ?
Tatsama Tadbhava (2023) "ထို့အတူ..."
IMDb - 6.9/10
တကယ်ကောင်းတဲ့ရုပ်ရှင်ဆိုပြီး ခင်ဗျားတို့တွေ ဝေဖန်လေကန်လို့ရလောက်မဲ့ ကန်နာဒါစကားပြော
အိန္ဒိယရုပ်ရှင်ကားကောင်းကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင် ရုံတင်တဲ့အချိန်တုန်းက ကန်နာဒါထိပ်ဆုံးရုပ်ရှင်ဆယ်ကားစာရင်းမှာ နံပါတ်တစ်နေရာမှာ
ရှိနေခဲ့တာ။
မင်းသမီး Meghana Rajရဲ့ comebackရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုမှာ
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။
မင်းသားကလည်း အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းတဲ့ Prajwal Devaraj။
ဇာတ်လမ်းက သည်းထိပ်ရင်ဖိုအမျိုးအစား မှုခင်းဇာတ်လမ်း။
အမျိုးသမီးတစ်ယောက် ခင်ပွန်းသည်ဖြစ်သူပျောက်လို့ လိုက်ရှာရာကနေစတဲ့ဇာတ်လမ်း...
4 Kings 2 (2024)

ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက်
အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း…

4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ
ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ
ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။
ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို
လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ
ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။
ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။
ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် traumaတွေရထားဖူးတဲ့သူဖြစ်နေတဲ့အခါ…4Kingsရဲ့ထုံးစံအတိုင်းပဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဇိုးလို့ခံယူ အရက်သောက်ဆေးချပြီး
ကိုယ့်ဘဝကိုယ်ဖျက်နေတဲ့ အမှောင်ခေတ်က ကောင်ဇိုးလေးတွေအကြောင်း ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့
4 Kings (2021)

ဒီတစ်ခါမှာ 1990ခုနှစ်က ထိုင်းနိုင်ငံရဲ့ နည်းပညကျောင်းသားတွေကြား ပရိပက္ခရန်ပွဲတွေအကြောင်းကို အခြေခံပြီးရိုက်ထားတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
    1990ဝန်းကျင်က ထိုင်းနိုင်ငံရဲ့ နည်းပညာကျောင်း4ကျောင်းဖြစ်တဲ့ အင် ဘူ ကနော့ ချော့ဆိုတဲ့ နည်းပညာကောလိပ် လေးခုရှိပါတယ်။ ကျောင်းသားတွေဟာ အချင်းချင်းရန်ငြိုးမရှိဘဲ ကျောင်းအချင်းချင်းပြိုင်ပြီး ရန်ပွဲတွေ အဆက်မပြတ်နွဲကြပါတယ်။ အင်ကျောင်းသားများဖြစ်တဲ့ ဘီလီ  ဒါ နဲ့ လုပင်တို့သူငယ်တစ်စုဟာ ကိုယ်စီဘဝတွေကို ခက်ခဲစွာဖြတ်သန်းရင်း ရန်ပွဲတွေတိုင်းမှာလည်း ပွဲတိုင်းကျော်ပါတယ်။
ဒါတစ်ယောက်ကတော့ သူငယ်ချင်းတွေကြား တစ်ယောက်တည်း ရည်းစားရှိသူဖြစ်တယ်။ ဒါချစ်သူကတော့ အုပါ။တစ်နေ့မှာ အုက ဒါ့ကိုကျောင်းက အတူပြန်လာရင်း သူ့မှာ ဒါနဲ့ရတဲ့ ကိုယ်ဝန်ရနေပြီဖြစ်ကြောင်းပြောပါတယ်။ ကျောင်းသားဖြစ်တဲ့ ဒါတို့နှစ်ယောက်လည်း ကလေးကို မလိုချင်ပေမဲ့ရလာတော့လည်း ဖျက်မချရက်ကြပါ။အုမိဘတွေက ကလေကချေဒါ့ကို သူတို့သမက်အဖြစ်လက်မခံနိုင်ကြပါ။ ဘီလီဟာ ပထွေးနဲ့ပြသနာတက်ပြီး ဒါ့အိမ်မှာတက်နေပါတယ်။
တစ်နေ့မှာ အင်ကျောင်းသားများနဲ့ တခြား ကနော့ ဘူ ချော့ ကျောင်းသားတွေ အကြီးအကျယ် ရန်ဖြစ်ကြပြီး ဒါနဲ့ဘီလီတို့ သူငယ်ချင်းတစ်စု ထောင်ကျသွားပါတယ်။ သူတို့ထောင်ထဲ ရောက်နေတုန်း အုအဖေက ဘယ်လိုတွေ အုနဲ့ဒါကိုခွဲဖို့ကြိုးစားမလဲ ထောင်ထဲမှာ ဒါတို့အုပ်စုတွေ ရန်ပွဲဆက်ဖြစ်ကြဦးမလားဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်နော်...
Crew (2024)

ဒီတစ်ခါပရိသတ်ကြီးအတွက် အိန္ဒိယအကျော်အမော မင်းသမီး ၃ယောက်ပါဝင်ထားတဲ့ ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက ၂၀၂၄ မှာထွက်ရှိထားတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ဝင်ငွေအများဆုံး နံပါတ် ၇ နေရာချိတ်ထားသလို တတိယမြောက် ဝင်ငွေအကောင်းဆုံး ဟိန္ဒီရုပ်ရှင်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းလေးက ဝါသနာအရင်းခံပြီးလေယာဉ်မယ်လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် လေယာဉ်မယ်သုံးယောက် လစာမရတာ ၆ လရှိနေပြီဖြစ်သလို ကုမ္ပဏီကလည်း ဒေဝါလီခံရတော့မယ့် အနေအထားရောက်လာခဲ့ပါတယ်။ဒီလိုမျိုး အိပ်မက်တွေကိုယ်စီရှိနေကြတဲ့ လေယာဉ်မယ်၃ယောက် အခြေအနေမဟန်တော့တဲ့အခါ စည်းမျဉ်းစည်းကမ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းနည်းနဲ့ငွေရှာဖို့ ကြံစည်ခဲ့ပါတယ်။တစ်နေ့မှာတော့ လေယာဉ်ပျံသန်းနေစဉ်မှာပဲ အဖွဲ့သားတစ်ယောက်သေဆုံးခဲ့ပြီးတော့ အဲဒီဖြစ်စဉ်ကြောင့်ပဲ သူတို့ဘဝကပြောင်းလဲခဲ့ပါတယ်။အဲဒါကတော့ သူတို့ရဲ့အထက်အရာရှိလူကြီးတစ်ယောက်က ရွှေတွေကိုခိုးသယ်နေတာ သိသွားတာပါ။အထက်လူကြီးနဲ့ပေါင်းပြီး ရွှေတွေခိုးသယ်နေရင်းကနေ တကယ်ပဲအောင်မြင်နိုင်မလား၊ကျရှုံးသွားမလားဆိုတာကတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ထိပ်တန်းနာမည်ကြီး မင်းသမီးသုံးလက်ဖြစ်တဲ့ Tabu,Kareena Kapoor Khan,Kriti Sanon တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားလေးက IMDB 6.1 အထိရရှိထားတာလည်းဖြစ်ပါတယ်။
The Fall Guy (2024)

ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင်
ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကိုပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt ,Aaron Taylor တိုလို ဟောလီးဝုဒ်ရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲပြေးကြည့်လိုက်ပါတော့..

ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကိုထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..

ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကိုထ်ဆီဗာတိုက ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကိုထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်…သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီး ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်…သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီး

တစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်…ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ရိုက်ကွင်းကနေပျောက်ဆုံးသွားတဲ့အတွက် တွမ်နဲ့သူငယ်ချင်းလို ရင်းနှီးတဲ့ကို့ထ်ကို မင်းသားရှာပုံတော်လွှတ်လိုက်ရင်းနဲ့ နောက်ကွယ်ကအရှုပ်တော်ပုံတွေ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်တဲ့အတွက်လက်မလွှတ်တမ်းစောင့်ကြည့်သင့်ပါတယ်…
Abang Adik ( 2023 ) မြန်မာစာတန်းထိုး
================

မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။

ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ , တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် တစ်ယောက်ရှိပေးရင်း နေလာတာဆိုတော့ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတယ်။
Penny Pinchere (2011)

ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရပေမယ့် ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့ လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီးတို့အကြောင်းကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက်ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်
The Legend of Tarzan (2016)

ကျွန်တော်တိုရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို သူတိုကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ….ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း…….
Boy Kills World (2024)
***
ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။

တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။

ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီး

ရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်

တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။

မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgård

ပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီး

Action တွေကလည်း The Raid ကို မှီနေတယ်။

ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာ

သတိပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်း

*

ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကို

ချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်း

မြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာ

လုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကို

ဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်

ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံး

ဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာ

တောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီး

လက်စားချေဖို့ မြို့တက်လာပါတယ်။

ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီး

အသားကုန် ချကြတာ အဆုံးအထိပါပဲ။ အက်ရှင် ဟာသ

ကောင်းကောင်းကြည့်ချင်ရင် သေချာပေါက်ကြည့်ဖြစ်အောင်သာ

ကြည့်ပါ။
Civil War (2024)
==========

A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။

ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။
A Nightmare On Elm Street (1984)

ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။

မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)
Army Of The Dead (2021)
-------------------------

IMDB (7.5/10)


ဇာတ်လမ်းအကျဉ်းကတော့ လက်စ်ဗီးဂတ်စ်မြို့မှာ ဇွန်ဘီတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်၊ ဒါကြောင့် တစ်မြို့လုံးကို LockDowm ပိတ်ချထားလိုက်ရပါတယ်

နောက်ထပ် ၄ ရက်အကြာမှာပေါ့၊ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့ အဖွဲ့ကို ဒေါ်လာ သန်း ၅၀ နဲ့  အလုပ်လာအပ်ပါတယ်

ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ ဇွန်ဘီတွေနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့
The Duchess (2008)

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော
Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်
ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်
မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့
လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်
ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့
အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။
ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို
ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ
၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့
ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။
Red Right Hand (2024) ဇာတ်ကားသစ်

ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။

ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။

ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)
Paune 9 (2023)
==============
ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင်
အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ်
ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်
ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့်
ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်
ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက "လူ့အသား" လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ ...