UPDATE - အညွှန်းသီးသန့်
6.66K subscribers
12 links
Download Telegram
The Abandoned (2024)

ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက် တင်ဆက်ပေးလိုက်ပါတယ်…

ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…

ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်…
2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ…….

ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ…..အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ…..နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်……

စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ…..ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး……လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း မရ ရအောင်ခိုးလွှင့်ခဲ့ရာကနေ အဲဒီလှိုင်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ပါဦးလို့………..
Death Whisperer (2024)

မင်းသားကြီး Nadech ပါဝင်ထားတဲ့ နာမည်ကြီး ထိုင်းသရဲကားလေး ရပါပြီနော်။
ဇာတ်လးမ်ကတော့ ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက
အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။
ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။
အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။

ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။
ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း
ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။
အဲဒီတုန်းကတော့ ညီအစ်မ ၃ ‌ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့
ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့
အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ...
That's My Boy (2012 )

ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။
လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ သူ့သားက သူ့ရင်ကိုစုံကန်ပြီး ထွက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားပြီး ဒွန်နီတစ်ယောက် မဖြစ်မနေ သူ့သားနဲ့ ပြန်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့ ပြတ်သွားတဲ့ရေစက်ကို ပြန်ဆက်ဖို့ သားဆီအရောက်လှမ်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကို အမုန်းကြီးမုန်းနေတဲ့ သားက မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်မပြုတာမို့ သားနဲ့အဆင်ပြေဖို့အရေး စစ်ဆင်ရေးစခဲ့ရပါတော့တယ်။
ဒွန်နီက သူ့သားဆီ နှစ်တွေကြာသွားပြီးမှ ဘာလို့ သွားရှာခဲ့တာလဲ။ သူ့သားကရော သူ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား။ သူသွားရှာရတဲ့ ရည်ရွယ်ချက်ကရော‌ အောင်မြင်နိုင်ပါ့မလား။ သူ့သားရဲ့ သတို့သမီး မိသားစုကရော သူ့ကို အသိအမှတ်ပြု ရင်းနှီးသွားနိုင်မှာလား ဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Gandhada Gudi (2022)

အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့
ရုပ်ရှင်ဖြစ်ပါတယ်။
တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူအာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။
ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။
ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကိုခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။
ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။
Moonfall (2022)

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don’t look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ…
Am I Next (2023)

ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ
အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။
ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော
အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး
စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့
ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး
ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါ

အဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ်
ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား
သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့
မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့
ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို
အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်
The King's Daughter (2022)

Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်း
ပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..
ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်
တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ…
အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့
ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ
အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့…
တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကို
ရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ်
အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ
မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း သတ္တိရှိတဲ့
မာလိန်မှူးတစ်ယောက်ကို ရေသူမအရှာထွက်ခိုင်းလိုက်ပါတော့တယ်...
Old (2021)

IMDB (5.9/10)

ဒီဇာတ်ကား လေးက တော့ Thriller Mystery ကြိုက်တဲ့ CM ပရိတ်သတ်တိုအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ

ဇာတ်လမ်းအကျဥ်းက တော့ ဂိုင်းနဲ့ ပရစ်စကာတို ၂ ယောက် အပူပိုင်းအပန်းဖြေစခန်းတစ်ခုကို သူတိုရဲ့ နောက်ဆုံးမိသားစုခရီးစဥ်အဖြစ်ထွက်ခဲ့ကြပါတယ်

မန် နေဂျာရဲ့ အကြံ ပေးချက်နဲ့ လူသူအ ရောက်နည်းပြီးအရမ်းလှပတဲ့ ကမ်း ခြေကို သွား ရောက်လည်ပတ်ကြပါ တယ်

မိသားစုအ ပျော် လေးဟာ ရက်ပါတစ် ယောက်ရဲ့ အ ဖော် သေဆုံး နေတဲ့ အ လောင်းကို စတင် တွေ့ရှိတဲ့အချိန်ကစပြီး ပျက်စီးသွားပါတယ်

ထူးဆန်းတဲ့ အဖြစ်အပျက် တွေ ဆက်တိုက်ဆိုသလိုဖြစ်ပြီး ကမ်း ခြေက ထွက်ခွာဖို ကြိုးစားတဲ့ အခါမှာ တော့ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့

အရမ်းကိုစိတ်၀င်စားစရာ ကောင်းတဲ့ ဇာတ်ကားမို လက်မလွှတ်ဖို အကြံပေးလိုက်ပါရစေ
sydney white

မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ…ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့…တက္ကသိုလ်မှာက သိတဲ့အတိုင်း အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်… အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ် ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့ ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ ဟာသလေးတွေ အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အလှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်
Camp Pleasant Lake (2024)

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့...

လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။

ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာ ဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။

ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊

ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား

ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား

သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Gaslight (2023)

ဇာတ်လမ်းအညွှန်း
နန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့
မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ်
သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး
အဲဒီအစား အိမ်‌မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ်
ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူး
နန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ
မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ
‌သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း
မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ်
Climax (2021)

စက်မှုလုပ်ငန်းပိုင်ရှင် မီလျံနာဘီးကျဲကြီးတစ်ယောက်..ဆော်လေးတွေ
အီမယ် ဆွဲစားမယ် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့
ဘိုးတော်ကြီးဆိုပါတော့ဗျာ...
ဒါတောင်မိန်းမနှစ်ယောက်..သားနှစ်ယောက်ရှိသေးတယ်..
တစ်နေ့မှာ သူ့အခန်းရှေ့ရောက်လာတဲ့ ဆော်လေးတစ်ဗွေကို အီပြီး
အခန်းထဲခေါ်တယ်..တော်ကီခြွေပြီး ညသူ့အနားမှာနေပေးရင်
၁ကုဋေပေးမယ်ဆိုပြီးစည်းရုံးတယ်..ဆော်လေးကလည်း လက်ခံလိုက်တယ်..
အဲ့ဒီနေ့ပြီး နောက်တစ်နေ့မှာပဲ ဘီးကျဲကြီး ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါတယ်..
မျက်နှာကို စုတ်ပြတ်သပ်နေအောင် သေနတ်နဲ့ပစ်ခံထားရပြီး..လက်ချောင်း
တွေကိုလည်း ရက်ရက်စက်စက် ဖြတ်ထားခဲ့ပါတယ်..
ကဲ..လူသတ်သမားက ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်ကားရဲ့လှည့်ကွက်လေးတွေနဲ့အတူ ဆက်လက်ရှုစားလိုက်ပါဦး...
Ajin: Demi-Human (2017)

IMDb - 6.3/10
Genre -Action, Sci-fi

အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ…ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်….ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး…ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့မသေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီးအာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်….ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်…ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်…အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်တွေရရ လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ်သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်…နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေတစ်ယောက်ချင်းစီမှာရှိပါတယ်…အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်…ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်
Shinjuku incident (2009)

IMDb - 6.9/10
Genre - Drama

ဂျက်ကီချမ်းရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်းကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်
စိမ်းစိုအုံ့မှိုင်းနေတဲ့ တောအုပ်တစ်ခုမှာ စုန်းမလေးတစ်ယောက် နေထိုင်ပါတယ်

သူ့မှာ အဘရာဇက္ဆိုတဲ့ ကျီးကန်းတစ်ကောင်လဲရှိပါတယ်

စုန်းမတွေအတွက် အပျော်ဆုံးညကတော့ ဝယ်ပါးဂစ်ဆိုတဲ့ ညပါပဲ

ဒီညမှာတော့ စုန်းမတွေ သီချင်းဆိုကြ ကကြပါတယ်

တစ်နှစ်မှာ တစ်ခါပဲ လုပ်တဲ့ညပါ..

ဒီညကိုတော့ဖိတ်ကြားခံရတဲ့ စုန်းမတွေသာ တက်ရောက်ခွင့်ရှိပါတယ်

စုန်းမလေးရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဒီဝယ်ပါးဂစ်ညကပွဲမှာ ကခွင့်ရဖို့ပါ

ဒါပေမဲ့ သူဟာ ဝါငယ်သေးတာကြောင့် ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး..
Faraaz (2023)

ဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာ
ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်....
ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို
တွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီး
ကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာ
တချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက်
ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။
အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့်
ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကို
ဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာ
ကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်‌တဲ့အရာကို လုပ်နေခဲ့ကြတာပါ။
ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရော
ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့
စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး...
The Extraordinary Adventures of Adèle Blanc-Sec [2010]

IMDb Rating (6.3/10)

ဒီပြင်သစ်ကားက အခွီကားပါ… ရီနေရပါတယ်။

မံမီတွေရော… ရှေးခေတ်က ငှက်တွေရော …မှော်ပညာတွေရော… စွန့်စားခန်းတွေရောနဲ့
တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။

ဇာတ်လမ်းကတော့….
အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်…

သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် …

ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်…

သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ….

အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
Mojin: The Worm Valley ( 2018 ) China

IMDb 5/10
Action Fantasy Adventure Horror Mystery

လူတစ်စုဟာ နဂါးလိုဏ်ဂူထဲကနေနဂါးအရိုးစုမှတ်တမ်းကို
ယူဖို့သွားရင်းသူတို့ရဲ့ပခုံးပေါ်မှာသရဲမျက်လုံးကျိန်စာအသီးသီးပေါ်လာကြတယ်
ဒီကျိန်စာပြယ်ပျောက်ဖို့ဆိုရင်နဂါးအရိုးစုမှတ်တမ်းနဲ့အတူမုချိန်ပုလဲလုံးကိုရမှသာကျိန်စာပြယ်ပျောက်နိုင်မဲ့နည်းလမ်းကိုရနိုင်မယ်..ဒီနဂါးအရိုးစုမှတ်တမ်းကနေမုချိန်ပုလဲလုံးလေးရှိရာနဂါးဝှက်တောင်ကိုဆက်ပြီးချီတက်ကြတယ်ဒီခရီးလမ်းတစ်လျှောက်မှာဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမှာလဲ..သူတို့နောက်ဆုံးမှာမုချိန်ပုလဲလုံးလေးကိုယူလာနိုင်ပါ့မလား..ရင်တစ်ထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
Mom and Dad (2018)

IMDB (6.4/10)

ဖခင်ဖြစ်သူဟာ တနေကုန်ပင်ပန်းစွာနဲ့ အလုပ်လုပ်၊ မိခင်ဖြစ်သူက သားသမီးတွေကို ထိန်းကျောင်းဖို အလုပ်ပါထွက်ထားရပါတယ်

သားသမီးရယ်လို တနေကုန်ဖုန်းပွတ် မိဘတွေနဲ့ကွိင်တတ်တဲ့ မြီးကောက်ပေါက်သမီးတစ်ယောက်၊ လုပ်ချင်ရာလုပ်စိတ်ထင်သလိုသောင်းကျန်းတဲ့ သားအငယ်ကောင်ဆိုပြီးနှစ်ယောက်မွေးထားကြတာပါ

တစ်နေ့တစ်နေ့ မိဘနှစ်ပါးမှာ ဒီသားသမီးနှစ်ယောက်ကိုပြောရဆိုရ ထိန်းသိမ်းရနဲ့အတော် စိတ်အိုက်ကြမှာပါပဲ..ဒီလိုနဲ့ တစ်နေ့မှာ ၂၄ နာရီစာမိဘတွေပြန်သောင်းကျန်းခွင့်ရသွားစေတဲ့ ဖြစ်ရပ်ဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်

ကျောင်းကြိုဖို မိဘတွေကျောင်းပြင်မှာစောင့်နေကြစဉ် ခေါင်းလောင်းအထိုးမှာပဲ မိဘတွေအားလုံးကိုယ့်သားသမီးကိုယ်ပြန်ရန်မူချင်စိတ်ပေါက်ပြီး Zombie သဖွယ်ဖြစ်ကုန်ကြပါတယ်

တခြားဘယ်သူ့ကိုမှရန်မပြုဘဲ ကိုယ့်သားသမီးကိုပြန်လိုက်ရန်ရှာကြတော့တဲ့အခါ တစ်ကျောင်းလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ပြီး အဲဒီမောင်နှမနှစ်ယောက်လည်းကြောက်ကြောက်နဲ့ အိမ်ပြန်ပြေးလာတဲ့အခါမှာတော့ အိမ်မှာမိန့်မိန့်ကြီးထိုင်စောင့်နေတဲ့မိဘနှစ်ပါးနဲ့ တည့်တိုးကြတဲ့အခါမှာတော့