UPDATE - အညွှန်းသီးသန့်
5.73K subscribers
11 links
Download Telegram
200 Pounds Beauty (မြန်မာစာတန်းထိုး)

IMDb Rating (6.8) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက တချိုလဲကြည့်ဖူးလောက်ပြီ တချိုလဲမေ့နေလောက်ပြီတချိုလဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး “ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး” လို ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့်Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။
Alien : Resurrection [1997]

Alien 3- 1997 ရဲ့ဖြစ်စဉ်အပြီးနှစ်ပေါင်း ၂၀၀ အကြာမှာစစ်သိပ္ပံပညာရှင်တွေဟာ သေဆုံးသူ Ripley ရဲ့ DNA နမူနာနဲ့ကိုယ်ပွား Ripley ကိုဖန်တီးခဲ့ပြီးအဲ့ဒီ DNA ထဲမှာ ဂြိုဟ်သားလောင်းလည်းရောပါလာပါတယ်။

သူတို့ရောက်နေတဲ့ Betty စစ်လွန်းပျံပေါ်ကအစမ်းသပ်ခံ ဂြိုဟ်မျိုးစိတ်တွေသောင်းကျန်လာတဲ့အခါထွက်ပြေးဖို့ကြိုးစားရင်းနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာဒီရုပ်ရှင်ထဲမှာ ရူစားကြပါ။
Alien³ [1992]

တစ်ခါတစ်လေမှာကိုယ်တိုင်က ကိုယ့်ရဲ့ရန်သူပါပဲ။ လူသားမျိုးစိတ်အတွက်အန္တာရာယ်ရှိတဲ့ဂြိုဟ်သားတွေကိုအပြတ်ရှင်းပစ်ဖို့အပြင်းအထန်ကြိုးစားနေတဲ့ Ellen Ripley ဟာသူကိုယ်တိုင်ဂြိုဟ်သားဘုရင်မရဲ့သားလောင်းအိမ်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ….လူသားတွေဟာ ဒီတစ်ခါမှာတော့Ellen Ripley ကို ပုံတူပွားပြီးစစ်တပ်တစ်တပ်စာ Alien တွေမွေးထုတ်ဖို့ ကြံစဉ်နေခဲ့သော အခါ
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လူဦးရေတိုးပွားမှုပြဿနာတွေနဲ့ရင်ဆိုင်လာနေရတဲ့ အနာဂတ်ကမ်ဘာကြီးက

လူသားတွေက မားစ်ဂြိုလ်ပေါ်ကိုနယ်ချဲ့ဖို့ကြိုးပမ်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။

အရမ်းပြင်းထန်တဲ့ရာသီဥတုမျိုးရှိတဲ့မားစ်ဂြိုလ်ပေါ်မှာ လူသားတွေအသက်ရှင်နေထိုင်ဖို့ကမဖြစ်နိုင်လောက်အောင်ခက်ခဲပါတယ်။

အဲလိုလူနေထိုင်ဖို့မဖြစ်နိုင်တဲ့မားစ်ဂြိုလ်ပေါ်ကပတ်ဝန်းကျင်အခြေအနေကို Terrorformingဆိုတဲ့နည်းလမ်းနဲ့

ကမ်ဘာမြေပုံစံအဖြစ်ပြောင်းလဲယူပြီး လူသားတွေနေထိုင်နိုင်လောက်မဲ့ပတ်ဝန်းကျင်မျိုးဖြစ်အောင်ဖန်တီးခဲ့ကြပါတယ်။
ဒီဇာတ်ကားဟာ 2017 ကထွက် ရှိထားတဲ့ တရုတ်ရှေးဟောင်းကားတစ်ကားဖြစ်ပါတယ်။ 

လူတိုင်း ကျိကုန်းဆိုတဲ့နာမည် ကို နားမစိမ်းကြပါဘူး။

တရုတ် ရိုးရာဘုန်း တော် ကြီးတစ် ပါးဖြစ် ပါတယ်။  အခုဇာတ် ကား လေးဟာကျိကုန် ကိုယ်  တော် ဖြစ်  ပေါ်လာပုံကို ဟာသဒရာမာ အက် ရှင် နှောပြီးရိုက် ကူးထားတာဖြစ်ပါတယ်။

ဆံပင် ရှည် နဲ့ကိုယ်  တော် တစ် ပါးဖြစ် တဲ့ ပုထုန် ဟာ မ ကောင်းဆိုးဝါး တွေကို နှိမ် နင်းရင်းလူ တွေကိုကူညီ ပေး နေပါတယ်  တစ် ဖက် တွင် လည်း မ ကောင်းဆိုးဝါး တွေနှိမ် နင်းသူမိန်းမလှလေးချင်းချင်းကလည်း ပစ္စည်းတစ် ချို့ လိုက် လံစု ဆောင်းရင်းအတိတ် ဘဝကချစ် သူကိုရှာ နေပါတယ် ………

သူမချစ် သူကိုပြန် ရှာ တွေ့သွားမှာလား……
Angel A (2005)

နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994) ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါ​စေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။
Dune (2021)

သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendarysoundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။

အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်အနာဂတ်နှစ် ပေါင်း၂၀၀၀၀ ကျော်မှာ အ ခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ် နေတဲ့Emperorဆိုတာရှိပြီး သူတိုရဲ့လက် အောက်မှာ တော့ Houses တွေက နယ် မြေအသီးသီးကို အုပ်ချုပ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Duneတဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာအသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲတူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreidesအ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ခေါင်း​ဆောင်​ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စား​တွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာမလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။)
Dune Part-2 (2024)

အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်…

သာမန် Sci- fic တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ် တွဲ တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တိုအပါအဝင် ကောင်း ပေ့ဆိုတဲ့ Cast တွေ၊ Legendarysoundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင် မြောက်လွန်းတဲ့ VFXနဲ့ CGI တွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE2021ဇာတ်ကားဟာ ပရိတ်သတ် တွေ အ မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူးအနာဂတ်နှစ် ပေါင်း၂၀၀၀၀ ကျော်မှာ အ ခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ် နေတဲ့Emperorဆိုတာရှိပြီး သူတိုရဲ့လက် အောက်မှာ တော့ Houses တွေက နယ် မြေအသီးသီးကို အုပ်ချုပ်ပါတယ်...
Prometheus (2012)
================

IMDB: 7.0/10

Prometheus 2012 Review၂၀ ရာစုအတွင်းထွက်ရှိခဲ့တဲ့
Alien ရုပ်ရှင်တွေကိုကျောရိုးယူထားပါတယ်။လူသားတွေရဲ့အစ ဖန်ဆင်းရှင်ကိုရှာဖွေချင်သူဒေါက်တာ Elizabeth Shaw ဦးဆောင်တဲ့အဖွဲ့ဟာ
၄နှစ်ကြာခရီးဆန့်ပြီး ဝေးကွာတဲ့ကမ္ဘာတစ်ခုဆီရောက်ရှိချိန်မှာတော့ဖန်ဆင်းရှင်တွေက သူထင်ထားသလိုလူသားတွေအပေါ်ကောင်းကျိုးပေးမှာမဟုတ်မှန်းသိလိုက်ရတဲ့အခါ…Oscar nomination ဝင် ရုပ်ရှင်တစ်ခုဖြစ်ပြီးအခြားဆု ၆ ဆုလည်းရရှိထားပါတယ်။
The Abandoned (2024)

ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက် တင်ဆက်ပေးလိုက်ပါတယ်…

ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…

ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်…
2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ…….

ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ…..အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ…..နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်……

စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ…..ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး……လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း မရ ရအောင်ခိုးလွှင့်ခဲ့ရာကနေ အဲဒီလှိုင်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ပါဦးလို့………..
Death Whisperer (2024)

မင်းသားကြီး Nadech ပါဝင်ထားတဲ့ နာမည်ကြီး ထိုင်းသရဲကားလေး ရပါပြီနော်။
ဇာတ်လးမ်ကတော့ ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက
အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။
ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။
အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။

ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။
ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း
ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။
အဲဒီတုန်းကတော့ ညီအစ်မ ၃ ‌ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့
ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့
အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး
ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ...
That's My Boy (2012 )

ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။
လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ သူ့သားက သူ့ရင်ကိုစုံကန်ပြီး ထွက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားပြီး ဒွန်နီတစ်ယောက် မဖြစ်မနေ သူ့သားနဲ့ ပြန်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့ ပြတ်သွားတဲ့ရေစက်ကို ပြန်ဆက်ဖို့ သားဆီအရောက်လှမ်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကို အမုန်းကြီးမုန်းနေတဲ့ သားက မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်မပြုတာမို့ သားနဲ့အဆင်ပြေဖို့အရေး စစ်ဆင်ရေးစခဲ့ရပါတော့တယ်။
ဒွန်နီက သူ့သားဆီ နှစ်တွေကြာသွားပြီးမှ ဘာလို့ သွားရှာခဲ့တာလဲ။ သူ့သားကရော သူ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား။ သူသွားရှာရတဲ့ ရည်ရွယ်ချက်ကရော‌ အောင်မြင်နိုင်ပါ့မလား။ သူ့သားရဲ့ သတို့သမီး မိသားစုကရော သူ့ကို အသိအမှတ်ပြု ရင်းနှီးသွားနိုင်မှာလား ဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Gandhada Gudi (2022)

အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့
ရုပ်ရှင်ဖြစ်ပါတယ်။
တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူအာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။
ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။
ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကိုခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။
ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။
Moonfall (2022)

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don’t look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ…
Am I Next (2023)

ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ
အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။
ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော
အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး
စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့
ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး
ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါ

အဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ်
ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား
သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့
မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့
ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို
အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်
The King's Daughter (2022)

Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်း
ပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..
ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်
တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ…
အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့
ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ
အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့…
တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကို
ရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ်
အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ
မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း သတ္တိရှိတဲ့
မာလိန်မှူးတစ်ယောက်ကို ရေသူမအရှာထွက်ခိုင်းလိုက်ပါတော့တယ်...
Old (2021)

IMDB (5.9/10)

ဒီဇာတ်ကား လေးက တော့ Thriller Mystery ကြိုက်တဲ့ CM ပရိတ်သတ်တိုအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ

ဇာတ်လမ်းအကျဥ်းက တော့ ဂိုင်းနဲ့ ပရစ်စကာတို ၂ ယောက် အပူပိုင်းအပန်းဖြေစခန်းတစ်ခုကို သူတိုရဲ့ နောက်ဆုံးမိသားစုခရီးစဥ်အဖြစ်ထွက်ခဲ့ကြပါတယ်

မန် နေဂျာရဲ့ အကြံ ပေးချက်နဲ့ လူသူအ ရောက်နည်းပြီးအရမ်းလှပတဲ့ ကမ်း ခြေကို သွား ရောက်လည်ပတ်ကြပါ တယ်

မိသားစုအ ပျော် လေးဟာ ရက်ပါတစ် ယောက်ရဲ့ အ ဖော် သေဆုံး နေတဲ့ အ လောင်းကို စတင် တွေ့ရှိတဲ့အချိန်ကစပြီး ပျက်စီးသွားပါတယ်

ထူးဆန်းတဲ့ အဖြစ်အပျက် တွေ ဆက်တိုက်ဆိုသလိုဖြစ်ပြီး ကမ်း ခြေက ထွက်ခွာဖို ကြိုးစားတဲ့ အခါမှာ တော့ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့

အရမ်းကိုစိတ်၀င်စားစရာ ကောင်းတဲ့ ဇာတ်ကားမို လက်မလွှတ်ဖို အကြံပေးလိုက်ပါရစေ
sydney white

မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ…ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့…တက္ကသိုလ်မှာက သိတဲ့အတိုင်း အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်… အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ် ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့ ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ ဟာသလေးတွေ အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အလှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်
Camp Pleasant Lake (2024)

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့...

လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။

ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာ ဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။

ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊

ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား

ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား

သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။