One Cent Thief ( 2022 )
ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ
အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့
ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့်
ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး
အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့
မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။
ကောလိပ်ကျောင်းသားဘ၀မှာကတည်းက
ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန်
ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။
ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ
ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ်
လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။
ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင်
ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက်
သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။
ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့
ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက်
ပိုက်ဆံလိုလာခဲ့ပါတယ်။
ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ
အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။
အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ
အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ
ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။

Domino Day (2024) 1080p
ဗြိတိန်တီဗီစီးရီး Domino Day ဟာ Fantasy ၊ Drama
အမျိုးအစားစုန်းကားဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ
ထွက်ရှိထားပြီး မတူညီတဲ့စိတ်ဝင်စားစရာ ဇာတ်ကောင်တွေရဲ့
ပေါင်းစပ်မှုနဲ့အတူ ကြည့်မိတာနဲ့စုန်းပြုစားခံလိုက်ရသလို
ကြိုက်သွားမှာအသေအချာပါပဲ။
ဒိုမီနိုဒေးဆိုတဲ့စုန်းမလေးဟာ သူကိုယ်တိုင်တောင်ဘာကြောင့်မှန်း
မသိဘဲ တခြားစုန်းတွေထက်စွမ်းအားပိုကြီးနေတဲ့ သင်းကွဲစုန်း
တစ်ယောက်ဖြစ်ပါတယ်။ နက်နဲတဲ့လျှို့ဝှက်ချက်တွေနဲ့ဒိုမီနိုဟာ
မန်ချက်စတာမြို့အတွင်းမှာ ဖုန်းအပလီကေးရှင်းတစ်ခုကတစ်ဆင့်
ယောက်ျားတွေနဲ့ချိန်းတွေ့ပြီး အဲဒီယောက်ျားတွေရဲ့အားအင်တွေကို
စုပ်ယူတဲ့နည်းနဲ့ ရှင်သန်နေထိုင်လျက်ရှိတာကို တစ်ရက်မှာတော့
စုန်းသိုက်တစ်ခုက ခြေရာခံမိသွားခဲ့ပါတယ်။ ကတ်ဦးဆောင်တဲ့
စုန်းသိုက်ဟာ ဒိုမီနိုက လူတွေကိုအန္တရာယ်ပေးမှာစိုးတာကြောင့်
ဒိုမီနိုမသိအောင် လိုက်လံခြေရာခံစုံစမ်းနေခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဒိုမီနိုဟာ လီယွန်ဆိုတဲ့လူသားကောင်လေး
တစ်ယောက်ကို တကယ်ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒိုမီနိုအနေနဲ့
သူ့ကိုယ်ထဲကလျှံထွက်နေတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားမှာလား…
သူ့နောက်လိုက်နေတဲ့စုန်းတစ်သိုက်နဲ့ရော ဘယ်လိုရင်ဆိုင်တွေ့မလဲ
ဆိုတာတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။

Dora (2017)
---------------------------
IMDB (5.7/10)
ဒီကားလေးကတော့ IMDb မှာ rating 5.3 ရထားတဲ့ Action, Horror, Thriller ကားလေးပါ
အဖေတစ်ခု သမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်၊ သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့
ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်
တစ်နေတော့ သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ်
အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်၊ ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့

From Hell (2001)
----------------------------
IMDB (6.8/10)
ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့
စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ်
တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်းတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ရှိနေပြီး ပြည့်တန်ဆာတွေကို သတ်ပြီးရင် လိင်အင်္ဂါကို လှီးယူသွားတက်ပါတယ်
ရဲတွေလဲ အတော် ခေါင်းစားနေပါပြီ ဒီအမှု ကို ဖြေရှင်းနိုင်မယ့်သူကလဲ တစ်ယောက်ပဲ ရှိပါတယ် သူကတော့ အက်ဗာလိုင်း ပေါ့ ဇတ်လမ်းက စကြည့်ကတည်းကနေ အဆုံးထိ အင်မတန် စိတ်၀င်စားဖို့ကောင်းပါတယ်
အင်္ဂလန်ဘုရင်မကြီး နဲ့ တော်၀င်မျိုးဆက်တွေ အပါအ၀င် မြန်မာပြည်မှာနာမည်ကြီးတဲ့ ပလျှူးခေါင်းဖြတ်ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဖရီးမေဆင်လို ဂိုဏ်းတွေပါ ပါ၀င်လာခဲ့ပါတယ်

Ghost Painter (2020)
ဇာတ်လမ်းအကျဉ်းကတော့
တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါကအလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ.တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီးအင်တာဗျူးတာကို တင်ဆက်ပေးတဲ့ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ.တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကိုအဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်ကfake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲreality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့်ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲမြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါမြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်းအလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲကောင်းတာကြောင့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုဖြစ်ကြောင်းညွှန်ရင်း ကြည့်ဖို့ တိုက်တွန်းပါရစေ.

Shinobi: Heart Under Blade (2005)
Genre - Action / Drama
နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံး၀ မတည့်ကြပါဘူးတောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်…
စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲအုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်..ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်…
ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ်ပြန်လည်ရင်ဆိုင်ရတော့မှာပါ…

Final Summer (2023)
Silver Lake နွေရာသီစခန်းမှာ အဖြစ်ဆိုးတစ်ခု ကြုံခဲ့ရပြီးနောက် ညနေခင်မှာဝန်ထမ်းလူငယ်တစ်စုက ပိတ်ရက်အတွက် ပြင်ဆင်နေကြပါတယ်။
ဒီလိုနဲ့ ကိုယ့်တာ၀န်ကိုယ် လုပ်နေကျရင်း မှောင်ရီပျိုးစအချိန်မှာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မိုက်ခ်တစ်ယောက် ပျောက်ဆုံးနေတာကို သိလိုက်ကြရတဲ့အချိန်မှာတော့ စခန်းထဲမှာ မိုက်ခ်ကိုရှာဖွေဖို့အတွက် စတင်ကြရပါတော့တယ်။
သူတို့တွေအားလုံး သတိမထားမိလိုက်တာကတော့ သစ်တောထဲက ခေါင်းစွပ်စွပ်ထားပြီး ပုဆိန်တစ်လက်ကိုင်ထားတဲ့ လူသတ်သမားတစ်ယောက် စောင့်ဆိုင်းနေတယ်ဆိုတာကိုပါပဲ။
ဒီလိုနဲ့ အမည်မသိ ပုဆိန်နဲ့လူသတ်သမားရဲ့လက်ထဲကနေ ဘယ်သူတွေကလွတ်မြောက်မလဲ၊ ပုဆိန်နဲ့လူသတ်သမားကရောဘယ်သူလဲဆိုတာကတော့...
သည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်တဲ့အတွက် အညွှန်းကတော့ ဒီလောက်လေးပဲ ပြောထားပါရစေ.....

It Shall Not Be Named (2023)
အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။
အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။
သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။
ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး......

King of Devil's Island (2010)
အဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။
ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိတ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။

အော်စကာတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ သူတို့ရဲ့အမေဖြစ်သူကတော့ အချိန်ခရီးသွားခြင်းကိုလေ့လာရင်းနဲ့ ပျောက်ချင်းမလှ ပျောက်သွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုရောက်ရှိသွားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်လို့ အော်စကာကယုံကြည်ထားပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်က အမေဖြစ်သူလေ့လာနေတဲ့ အချိန်ခရီးသွားတဲ့ တွင်းပေါက်တစ်ခုကိုရှာတွေ့သွားပြီး ဒီတွင်းပေါက်ထဲကိုခုန်ချပြီး အချိန်ခရီးသွားလိုက်တဲ့နောက်မှာတော့…အော်စကာနဲ့တီယိုဟာ လက်ရှိအချိန်ကာလာကနေ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်တဲ့ အနာဂတ်မှာပြန်ဆုံသွားတဲ့အခါမှာတော့ တစ်ယောက်ကတော့ လူကြီးဖြစ်သွားပြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အချိန်ခရီးသွားလာခဲ့တဲ့ အချိန်ကာလက ကလေးအရွယ်လေးပဲရှိနေပါသေးတယ်။ဒီလိုနဲ့ ပုံမှန်အချိန်ကာလကို ပြန်ပို့ပေးဖို့အတွက် အသက်အရွယ်ရော ခေတ်ပါ ကွာသွားပြီဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက် အချိန်စီးကြောင်းတလျှောက် ခရီးသွားကြဖို့ရာ နည်းလမ်းတွေကိုရှာဖွေရင်း အချိန်ခရီးသွားကြရင်း အမေဖြစ်သူကိုပါ ရှာတွေ့သွားမလားဆိုတာကိုတော့ စိတ်၀င်တစားနဲ့ ဆက်လက်ကြည့်ရှုရမှာပါ။IMDb 6.4 ပဲရှိပေမဲ့ သရုပ်ဆောင်ရော plot twist တွေပါ ကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုဖို့ တန်ကြောင်း အကြံပေးလိုက်ပါတယ်။

ရွှေဖန်သောလက် (金手指) The Goldfinger 2024 ရုပ်ရှင်
မင်းဘ၀က ဘယ်လောက်တန်လဲဆိုတာ ဘာကဆုံးဖြတ်ပေးလဲ ?တစ်နှစ်တာအကောင်းဆုံးရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု ရရှိထားပြီး သုံးလကျော်ကြာ ရုံပေါ်ကမဆင်းတမ်း အားပေးတာခံခဲ့ရတဲ့အပြင်Hong Kong နာမည်ကြီး မင်းသားကြီးတွေဖြစ်ကြတဲ့ Tony Leung နဲ့ Andy Liu တို့ ဒိတ်ဒိတ်ကြဲနှစ်ဦးအဓိက ပါ၀င်ရိုက်ကူးထားတဲ့ movie ကားသစ်လေး The Goldfinger ထွက်လို့လာပါပြီနော်
ဆင်းရဲတဲ့ကောင်လေးတစ် ယောက်ဟာ ယွမ် ၁၀၀ တန်တစ်ရွက်ကို ရင်းနှီးပြီး ဘီလီယံဆယ်နှင့်ချီတဲ့ ဇိမ်ခံဘဝတစ်ခုသို့ရောက်အောင် နည်းလမ်းမျိုးစုံ သုံးခဲ့ပါတယ်
စီးပွားရေးဈေးကွက်ကို ချယ်လှယ်နိုင်ခဲ့တဲ့ Jia Wen ကုမ္ပဏီအဖွဲ့အစည်းဟာ နှစ်အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချမ်းသာကြွယ်ဝခြင်းကနေ ဘာမျှမကျန်ေတာ့တဲ့အထိ စီပွားရေးကျဆင်းလာခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး 10 ဘီလီယံကျော်ဟာလည်း အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့ပါတယ်
ကုမ္ပဏီသူဌေးဖြစ်သူ Cheng Yiyan (Tony Leung) ဟာလည်း လူတိုင်းအားကျမျှော်လင့်ခဲ့ရတဲ့ ရင်းနှီးမြုပ်နှံသူ idol အဖြစ်ကနေ လူတိုင်းလက်ညှိုးထိုးကြတဲ့ လမ်းပေါ်က ကြွက်တစ်ကောင်သာသာအဖြစ်ကို ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်
အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူးချုပ် Liu Kai Yuan (Andy Lau) ဟာ အဆိုပါဖြစ်ရပ်နဲ့ ဆက်နွှယ်နေတဲ့အမှုကို ၁၅ နှစ်တိုင်တိုင် နယ်စပ်ဖြတ်ကျော်ရင်း သက်သေအထောက်အထားတွေ စုဆောင်းနေသူတစ်ယောက်ပါ
Liu Kai Yuan ဟာ ထိုအမှုက တကယ်တော့ ဟောင်ကောင်ရဲ့ အထက်တန်းစား လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ သက်ရောက်နေတာကို စစ်ဆေးတွေ့ရှိသွားခဲ့ပါတယ်
အမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိ နေမလဲ ?
ဘယ်သူက လွတ်မြောက်ပြီး ဘယ်သူ့ကို ဖော်ထုတ်နိုင်မလဲ ?
တကယ့်အနှစ်အရသာပြည့်နဲ့ လှည့်ကွက်များစွာပါတဲ့ ဇာတ်ကားမို့ ဉာဏ်မှီမှ ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ

Murder Mubarak (2024)
Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။

Butchers (2020)
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့ လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန် အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။
ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး..

Butchers : Book Two Raghorn (2024)
ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကိုကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကိုကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီးနယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှုဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစားစိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ်ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့လူသားစားတွေပါ။ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။
နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ်ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေမကြည့်သင့်ပါဘူးနော်။

Damsel (2024)
Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး
Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်
မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာ
မိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့
မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့
မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။
ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကို
ဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်
ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်း
**
မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီး
အငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့
အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့
အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့
မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေ....

New Year Blues (2021)
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲ
အသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရ
ချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်
ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်
ဆိုတော့ဗျာ …..
ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ
သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာ
ရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာ
အချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူက ကိုယ့်အတွက် right person မဟုတ်ပေမယ့် တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူက ကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေ
ဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ …..
မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်

The Quite (2005) မြန်မာစာတန်းထိုး Mmsub
ဇာတ်လမ်းအညွန်း
ဒါ့ဆိုတဲ့ဆွံ့အနားမကြားတဲ့ကောင်မလေးတစ်ယောက်ကမိဘတွေဆုံးသွားပြီးတော့မွေးစားမိဘအိမ်ကိုပို့ခံလိုက်တယ် ဒါ့ကအဲ့အိမ်ကအဖေဖြစ်သူနဲ့သမီးဖြစ်သူကြားမှာရှိတဲ့လုံးဝမထင်ထားတဲ့မသတီစရာကောင်းတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကိုသိသွားခဲ့တယ် အဲ့နောက်ဒါ့ဘာဆက်လုပ်မလဲ အဖေဖြစ်သူနဲ့သမီးဖြစ်သူကြားမှာရှိတဲ့လျှို့ဝှက်ကကော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို......ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

Voice of the New Gen (2022)
ဇာတ်လမ်းအကျဥ်း...
ဒီရုပ်ရှင်လေးကတော့ တက္ကသိုလ်လေးကျောင်းက ကျောင်းသားလေးယောက်ဖန်တီးထားတဲ့ ထိုင်းနိုင်ငံရေးနဲ့ဆိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့လူနေမှုအသိုင်းအဝိုင်းတည်ဆောက်ပုံကို ဇာတ်လမ်းလေးခုဖွဲ့ပြီး ရိုက်ပြသွားတာပါ။ ဇာတ်လမ်းတစ်ခုချင်းစီတိုင်းမှာ ထိုင်းအစိုးရအာဏာပိုင်တွေနဲ့ ထိုင်းပြည်သူတွေကြားက ပဋိပက္ခတွေအပါအဝင် လူမသိသူမသိနှုတ်ပိတ်ခံလိုက်ရတဲ့ သနားစရာကောင်းသူတွေအကြောင်းကို တွေ့ရပါလိမ့်မယ်။
လူငယ်ဒါရိုက်တာတွေပေမဲ့ ထိုင်းနိုင်ငံရဲ့လူနေမှုဘဝနောက်ကွယ်က အမှောင်ခြမ်းကြီးကို ဇာတ်လမ်းတိုလေးတွေအနေနဲ့ ရိုက်ပြထားတာမို့ လုံးဝကိုကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုလို့ ပြောလိုက်ပါရစေ...

" Three " (2002)
၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့ပြီး ကိုရီးယား၊ထိုင်း၊တရုတ် သုံးနိုင်ငံပူးပေါင်းတင်ဆက်ထားတဲ့ Horror/Mystery အမျိုးအစား ဇာတ်လမ်းတို၃ခုကိုစုစည်းထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ Memories၊ The Wheel၊Going Home ဆိုတဲ့ ဇာတ်လမ်းသုံးခုပါဝင်ပါတယ်။
"Memories"
ယောက်ျားဖြစ်သူဟာမိန်းမဖြစ်သူပျောက်ဆုံးသွားပြီးနောက် စိတ်ပိုင်းဆိုင်ရာရောဂါတွေခံစားလာရပါတယ်။ သူ့မိန်းမထွက်သွားတဲ့နေ့ကို သူဘယ်လိုမှမမှတ်မိနေခဲ့ပါဘူး။ သူ့မိန်းမကို နေရာအနှံ့လိုက်ရှာပေမယ့်လည်း သတင်းအစအနတောင်မကြားခဲ့ရပါဘူး။
သူတို့အိမ်မှာ တဖြည်းဖြည်း သူ့မိန်းမရဲ့အရိပ်အယောင်တွေကိုသူမြင်လာရတဲ့အခါမှာတော့....
"The Wheel"
ထိုင်းနိုင်ငံရဲ့ရုပ်သေးယဥ်ကျေးမှုအကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ ရုပ်သေးအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဟာ အပြင်းဖျားပြီးကယောင်ချောက်ချားဖြစ်နေပါတယ်။ သူ့မိန်းမနဲ့သားဟာလည်း လှေမှောက်ပြီးသေဆုံးသွားတဲ့အခါ...
ဒါတွေအားလုံးဟာ ကျိန်စာသင့်ရုပ်သေးရုပ်ကြောင့်လို့သိလာရတဲ့အခါမှာတော့...
"Going Home"
သားအဖနှစ်ယောက်ဟာ လူသိပ်မနေတဲ့တိုက်ခန်းကိုငှားနေဖို့ပြောင်းလာခဲ့ပါတယ်။
အဖေဖြစ်သူအလုပ်သွားချိန်မှာသားဖြစ်သူကတော့အိမ်မှာကျန်နေခဲ့တာပေါ့။ ဒီလိုနဲ့မျက်နှာချင်းဆိုင်တိုက်ခန်းက ကလေးမလေးနဲ့ရင်းနှီးပြီးကစားဖော်တွေဖြစ်လာခဲ့ပါတယ်။
တစ်နေ့ သားဖြစ်သူပျောက်သွားတဲ့အခါ မျက်နှာချင်းဆိုင်တိုက်ခန်းကိုသွားရှာတဲ့အခါ အဲ့အိမ်မှာကလေးမရှိကြောင်းသိခဲ့ရပါတယ်။
အဲ့အိမ်ထဲဝင်ရှာရင်းမမြင်သင့်တာကိုမြင်သွားချိန်မှာတော့...
ဇာတ်ကား သုံးကားလုံးက တမျိုးတဖုံစီကြောက်လန့်ရမှာမို့ မတူညီတဲ့ဒါရိုက်တာသုံးဦးရဲ့ရိုက်ချက်တွေနဲ့အတူ ရသမျိုးစုံကိုခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Not Friends (2023)
လူတစ်ယောက်မှာ သူငယ်ချင်း ၁၅၀ ပဲထားနိုင်တယ်တဲ့။ အသက်ကြီးလာတာနဲ့အမျှ အရင်ကသူငယ်ချင်းတွေနေရာကို သူငယ်အချင်းအသစ်တွေက တစ်ယောက်ပြီးတစ်ယောက် အစားထိုးသွားကြတယ်တဲ့...။
အထက်တန်းကျောင်းမှာ ရုပ်ရှင်ရိုက်ကူးရတာ ဝါသနာပါတဲ့ သူငယ်ချင်းတစ်စု သူတို့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ရဲ့ ဘ၀ကို ဇာတ်လမ်းတိုရိုက်ကူးကြတဲ့အခါ..။
သူတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ သူတို့ ဝါသနာပါရာလမ်းကြောင်းတွေ ဘ၀အနာဂတ်တွေကို ပြောင်းလဲပစ်စေနိုင်မယ့် အဲဒီသူငယ်ချင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သလို ဖြစ်သွားတဲ့အခါ..။
သူငယ်ချင်းကြားက ဖြူစင်တဲ့ ၅၂၈ သံယောဇဉ်နှောင်ကြိုးကို ခံစားကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်တာကြောင့် ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်..