UPDATE - အညွှန်းသီးသန့်
9.36K subscribers
4 photos
22 links
Download Telegram
ဇာတ်လမ်းက ၂၀၀၈ ခုနှစ်၊ ချန်ဒီဂါ (Chandigarh) မြို့က သီးသန့်မိန်းကလေးကျောင်းတစ်ခုကို အခြေခံထားပါတယ်။ အဓိကဇာတ်ကောင် Ojaswini ဟာ ကျောင်းရဲ့ Head Girl ဖြစ်ဖို့ ကြိုးစားနေတဲ့ စံပြကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ရတဲ့ ချစ်ရေးဆိုမှု၊ သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုရဲ့ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ကျောင်းရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြားထဲမှာ သူမ ဘယ်လို ရုန်းကန်ရှင်သန်ရသလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားရဲ့ အဓိက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က "တကယ်လို့ လကမ္ဘာပေါ်ကို အမေရိကန်ထက် ရုရှား (Soviet Union) က အရင်ဆုံး ခြေချနိုင်ခဲ့ရင် ဘာဖြစ်မလဲ?" ဆိုတဲ့ အချက်ပါ။ တကယ့်သမိုင်းမှာ အမေရိကန်က နိုင်ခဲ့ပေမဲ့ ဒီကားထဲမှာတော့ ရုရှားက အရင်ရောက်သွားတဲ့အတွက် အမေရိကန် NASA အနေနဲ့ သိက္ခာပြန်ဆယ်ဖို့ ကြိုးစားရင်း Space Race (အာကာသပြိုင်ပွဲ) က ဘယ်တော့မှ မပြီးဆုံးတော့ဘဲ ဆက်လက်ရှိနေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
အနာဂတ်ကာလမှာ သူဌေးတွေဟာ "Westworld" လို့ခေါ်တဲ့ အဆင့်မြင့် နည်းပညာသုံး ကာဘွိုင်နယ်မြေ အပန်းဖြေစခန်းကို သွားရောက်လည်ပတ်ကြပါတယ်။ အဲဒီမှာရှိတဲ့ "Hosts" လို့ခေါ်တဲ့ ရိုဘော့တွေဟာ လူသားတွေနဲ့ မခြားနားအောင် တူညီပြီး၊ လူသားတွေက သူတို့ကို သတ်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် ကြိုက်သလို ပြုမူနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရိုဘော့တွေဟာ သူတို့ကိုယ်သူတို့ သတိဝင်လာပြီး (Consciousness) လူသားတွေကို ပြန်လည်တော်လှန်ဖို့ ကြိုးစားလာတဲ့အကြောင်း ရိုက်ကူးထားတာပါ။TV Series သမိုင်းမှာ အကောင်းဆုံး Sci-Fi ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။ အထူးသဖြင့် Christopher Nolan ရဲ့ ညီဖြစ်သူ Jonathan Nolan က ရေးသားထားတာဖြစ်လို့ ဇာတ်လမ်းတည်ဆောက်ပုံက အလွန်ခိုင်မာပါတယ်။ သင်ဟာ စဉ်းစားရတာကို နှစ်သက်ပြီး နက်နဲတဲ့ Sci-Fi ဇာတ်လမ်းတွေကို ကြိုက်တတ်သူဆိုရင် မဖြစ်မနေ ကြည့်သင့်ပါတယ်။
👍1
IMDb – 7.7/10, Rotten 🍅 – 93%



Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။



ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။



ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။



ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။



ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။



ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထက် ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ‌ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။



ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လိုဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။


Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ရွက်ကြမ်းရေကျို ကားသမားမျိုးတော့မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ကို ကျော်မြင်နိုင်တဲ့အရွယ် ငယ်ငယ်ကတည်းက ကားတွေနဲ့ လိုက်မွှေလာတဲ့ ဆရာကြီးတစ်ယောက်ပါ။ သူ့ကိုတော့ ဒေါက်တာဆိုတဲ့ဘဲကြီးတစ်ပွေက လာဘ်ကောင်လေးလို့သဘောထားပြီး ဓားပြတိုက်တဲ့အခါတိုင်း ကားဆရာအနေနဲ့သုံးပါတယ်။
သုံးတဲ့အခါတိုင်းလည်း မလွတ်မရှိ။ ရအောင်ပြေးလွတ်ခဲ့တာပါပဲ။


သူနဲ့ သီချင်းတွေ ဘယ်လို‌တွဲမလဲဆိုတဲ့မေးခွန်းအပေါ် ဒါရိုက်တာမှာ အဖြေကောင်းကောင်းတစ်ခုရှိပါတယ်။ ငယ်ငယ်က ကားမတော်တဆမှုတစ်ခုကြောင့် နားအူရောဂါခံစားနေရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကိုပေးလိုက်တာပေါ့။ ဒါကြောင့် ဘေဘီဟာ အချိန်ပြည့်သီချင်းနားထောင်ရတယ်။ ကြည့်တဲ့လူတွေကလည်း သူနဲ့အတူ သီချင်းထဲ လိုက်မျောခွင့်ရတယ်။ သီချင်းတွေကလည်း ပေါတိပေါချာတွေမဟုတ်ဘူး။ တကယ့်သီချင်းတွေကို ဇာတ်လမ်းနဲ့အညီ အံဝင်ခွင်ကျသုံးပြီး သီချင်းအကြောင်းမဟုတ်တဲ့ ဂီတ ဆန်ဆန် ရုပ်ရှင်တစ်ခုကို သူသွန်းလုပ်ခဲ့တာမျိုးပေါ့။



ဇာတ်လမ်းအသွားကလည်း မမြန် မနှေးနဲ့ သိပ်ကိုအရသာရှိတဲ့ စီးဆင်းမှုမျိုးရှိပါတယ်။ ရိုက်ကွက်တွေကတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအစကနေ အဆုံး ပျင်းချိန်ကိုမပေးဘဲ ပြီးတဲ့အထိ စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပါတယ်။Baby နေရာကသရုပ်ဆောင်တဲ့ Ansel Elgort ကလည်း စကားနည်းနည်းနဲ့ နားလည်ရခက်တဲ့ ဇာတ်ကောင်မျိုးကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒီအတွက်လည်း Best Male Newcomer award ကိုရရှိခဲ့ပါတယ်။



ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ဆုတွေကို စာရင်းချရရင် အတော်ကိုရှည်သွားပါလိမ့်မယ်။ အော်စကာ ဆန်ခါတင် ၃ ဆုအပြင် အခြားဆုပေါင်း ၄၃ ခုကိုရရှိခဲ့ပြီး ဆန်ခါတင်အနေနဲ့ ၆၃ ဆုဝင်ထားပါတယ်။ သရုပ်ဆောင်၊ စတန့်၊ ရုပ်ရှင်ဓာတ်ပုံ၊ သီချင်း ဘာဆုနေနေ ဆုရတာမဟုတ်ရင် ဆန်ခါတင်ကတော့ပါပြီးသားပါပဲ။ အဲဒီလောက်ကိုကြမ်းတာပါ။သီချင်းနားထောင်ရင်း ကားမောင်းရတဲ့ခံစားချက်က ဘယ်လောက်မိုက်သလဲ မပြောလည်းသိမှာပါ။ မသိသေးရင်တော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကောင်းကောင်းထဲ သီချင်းလေးတွေနဲ့ စီးမျောကြည့်ကြပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှတင်ဆက်ထားပါတယ်။)
Casper ဟာ Family / Fantasy / Comedy အမျိုးအစား ဇာတ်ကားဖြစ်ပြီး “မကြောက်စရာ သရဲ” ဆိုတဲ့ အယူအဆကို ပထမဆုံး လူသိများအောင် ပြုလုပ်ပေးခဲ့တဲ့ 90s classic movie တစ်ကားပါ။ ကလေးတွေအတွက် ကြည့်လို့ပျော်ရုံသာမက လူကြီးတွေပါ မိသားစုအချစ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအကြောင်းကို ခံစားနိုင်အောင် တင်ဆက်ထားပါတယ်။
ဇာတ်ကားအညွှန်း
သရဲလေး Casper 👻 ဟာ မိမိဘဝအလွန် အထီးကျန်နေပြီး လူသားမိတ်ဆွေတစ်ယောက် ရှာဖွေနေသူပါ။ တစ်နေ့မှာတော့ Kat 👧 နဲ့ သူမရဲ့ ဖခင်တို့ဟာ သရဲအိမ်ကြီးတစ်လုံးကို ပြောင်းရွှေ့လာပြီး Casper နဲ့ မိတ်ဆွေဖြစ်လာကြပါတယ်။
ဒါပေမယ့် Casper ရဲ့ မိန်းမဆန်ဆန် မျက်နှာသာမဲ့ သရဲဦးလေးသုံးယောက် 😈👻😈 ကြောင့် ဟာသနဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာပြီး အတိတ်လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရပါတော့တယ်။ မိသားစု၊ မိတ်ဆွေမှုနဲ့ လူသားဖြစ်ခြင်းရဲ့ တန်ဖိုးကို နူးညံ့ပေါ့ပါးစွာ ပြသထားတဲ့ ကားလေးဖြစ်လို့ ကလေးကြည့် family movie အဖြစ် မဖြစ်မနေ ကြည့်သင့်တဲ့ကားတစ်ကားပါ 👻💙
Zombie ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၃ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ Murphy လို့ခေါ်တဲ့ အကျဉ်းသားဟောင်းတစ်ယောက်ဟာ Zombie အကိုက်ခံရပေမဲ့ လူအဖြစ် မပြောင်းလဲဘဲ အသက်ရှင်နေတဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။ သူ့ရဲ့ သွေးထဲမှာပါတဲ့ ပဋိပစ္စည်း (Antibodies) တွေက ကမ္ဘာကြီးကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လို့ နယူးယောက်ကနေ ကာလီဖိုးနီးယားက ဓာတ်ခွဲခန်းဆီ ရောက်အောင် အရောရောအနှောနှော အဖွဲ့တစ်ဖွဲ့က ပို့ဆောင်ပေးရတဲ့ ခရီးကြမ်းအကြောင်း ဖြစ်ပါတယ်။
နာမည်ကြီး King of Queens ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Michael J. Weithorn ရိုက်ကူးထားတဲ့ "The Best You Can (2025)" ဇာတ်ကားဟာဆိုရင် တကယ့်ဇနီးမောင်နှံများဖြစ်ကြတဲ့ Kevin Bacon နဲ့ Kyra Sedgwick တို့ ပါဝင်သရုပ်ဆောင်ထားပြီး Tribeca ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့အချစ်ဟာသ ရရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။



ခင်ပွန်းသည် သတိမေ့ရောဂါရလာလို့စိတ်ဖိစီးနေတဲ့ နယူးယောက်မြို့ကဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်မတစ်ဦးက အိမ်ဖောက်ထွင်းခံရမှုဖြစ်လာခဲ့တယ်။



ဆီးလမ်းကြောင်းပိုး၀င်ပြီး ဆီးသွားရ အခက်အခဲဖြစ်‌နေတဲ့ လာရောက်စစ်ဆေးပေးတဲ့ ညစောင့်လုံခြုံရေးအရာရှိ Stan Olszewski နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး ဆက်ဆံရေးတစ်ခု စတင်လာခဲ့တော့တယ်။



ဆရာ၀န်မဟာ ခင်ပွန်းသည်ရဲ့ အရင်အိမ်ထောင်နဲ့ပါတဲ့သမီးက သူ့အ‌ဖေကိုစောင့်ရှောက်ရေးဂေဟာပို့ချင်နေတာတောင် ခင်ပွန်းသည်ကိုချစ်တဲ့စိတ်နဲ့ မပို့ရက်နေခဲ့သလို အလုပ်တစ်ဖက်နဲ့ မအားလပ်လို့သင့်တော့်မယ့် စောင့်ရှောက်သူကို ရှာပေးထားရတဲ့အတွက် စိတ်ဖိစီးမှုတွေများနေခဲ့တယ်။



အဲဒီလိုနဲ့ တိုင်ပင်ဖွင့်ဟဖို့ တိုင်ပင်ဖော်အဖြစ် အရာရှိနဲ့တိုင်ပင်ရင်း သက်ကြီးပိုင်းအချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တော့တယ်။



သက်ကြီးပိုင်း အချစ်ရေးလည်းဖြစ်သလို ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကနေ ရိုက်ကူးထားတာဖြစ်လို့ သဘာ၀ဆန်တဲ့အချစ်ကားလေးဖြစ်ပါတယ်။
2
မစ်ကီဟာကင်ဆာရောဂါခံစားနေရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဖြစ်ပြီး နည်းပေါင်းစုံနဲ့ကုသခဲ့ပေမယ့် မပျောက်နိုင်တဲ့သူ့ရောဂါကိုလက်လျှော့လုနီးပါးဖြစ်နေခဲ့ပါပြီ။ အဲ့ဒီအချိန်မှာပဲ သူ့အတွက်မျှော်လင့်ချက်ရောင်ခြည်တစ်စပေါ်လာတာကတော့ တောအုပ်ကြီးတစ်ခုထဲမှာ နေထိုင်တဲ့ ဆိုလ်ဗက်ဆိုတဲ့စုန်းမကြီးတစ်ယောက်ပါပဲ။



အဲ့ဒီစုန်းမကြီးဟာ ဆေးသိပ္ပံပညာက လက်လျှော့လိုက်ပြီဖြစ်တဲ့ သူ့ရောဂါကိုကုသနိုင်တယ်လို့ဆိုလာတဲ့အတွက် မစ်ကီနဲ့သူ့ဖခင်တို့ဟာ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပဲအရောက်လာခဲ့ကြပါတယ်။ အဲ့ဒီတောအုပ်ကြီးထဲမှာတော့ သူတို့နှစ်ဦးလုံးအတွက် တစ်သက်မမေ့စရာအတွေ့အကြုံတွေက ဆိုလ်ဗက်နဲ့အတူစောင့်ကြိုနေပါတော့တယ်။



အင်ဒီဆန်ဆန် Folk Horror ကားတစ်ကားဖြစ်ပြီး စိတ်မသက်မသာဖြစ်စရာ မသတီစရာမြင်ကွင်းတွေပါဝင်တာမို့ကြည့်ရဲမှကြည့်စေချင်ပါတယ်။
1
ပန်ဂျီတန်ဂိုရတ်ခ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့နာမည်ကျော်လူကြိုက်အများဆုံး၀တ္ထုနဲ့ကောမစ်ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့တီဗွီဇာတ်လမ်းတွဲတွေအဖြစ်လည်းအကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ 

သူ့ထူးခြားချက်ကတော့မျက်နှာမှာ လူဦးခေါင်းခွံတစ်ခုကိုတပ်ဆင်ထားပြီးအထီးကျန်သမား၊ လျှို့ဝှက်ချက်တွေများစွာနဲ့သိုင်းသမားတစ်ယောက်ပါ။

မူလက သဘောကောင်းကြင်နာတတ်တဲ့သူတစ်ဦးဖြစ်ပေမယ့် ချစ်သူ မူရ်နီတစ်ယောက် လူဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက်မှာတော့ ကလဲ့စားက မောင်းနှင်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 

ဒီဇာတ်ကားမှာတော့ ပန်ဂျီရဲ့နောက်ခံသမိုင်းကြောင်းနဲ့anti-hero တစ်ဦးအဖြစ် မြစ်ဖျားခံရာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
1
ဒီဇာတ်လမ်းဟာ ၁၉၈၂ ရုပ်ရှင်ထဲက အဖြစ်အပျက်တွေရဲ့ နှစ်ပေါင်းများစွာ အရင် Thra လို့ခေါ်တဲ့ ကမ္ဘာကြီးမှာ အခြေတည်ထားပါတယ်။

Thra ကမ္ဘာရဲ့ အလယ်ဗဟိုမှာ Crystal of Truth (အမှန်တရားရဲ့ ပုံဆောင်ခဲ) ရှိပြီး အဲဒီ Crystal က Thra ရဲ့ သက်ရှိအားလုံးကို စွမ်းအင်ပေးထားတာပါ။ အဲဒီ Crystal ကို Skeksis လို့ခေါ်တဲ့ ငှက်နဲ့တူတဲ့ ဂြိုဟ်သား မျိုးနွယ်စုတွေက စောင့်ရှောက်သူတွေအဖြစ် အယောင်ဆောင်ပြီး အုပ်ချုပ်နေကြပါတယ်။

ဒါပေမဲ့ Skeksis တွေဟာ သူတို့ရဲ့ ထာဝရအသက်ရှည်မှုကို လိုချင်တာကြောင့် Crystal ရဲ့ စွမ်းအင်ကို တလွဲသုံးစားလုပ်ရင်း Crystal ကို ညစ်ညမ်းစေခဲ့ပါတယ်။ အဲဒီကနေ "The Darkening" လို့ခေါ်တဲ့ ကူးစက်ရောဂါဆိုးကြီး Thra ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ Gelfling (နတ်သူငယ်) သုံးယောက်က Skeksis တွေရဲ့ ယုတ်မာတဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့ မျိုးနွယ်စုအားလုံး စုပေါင်းပြီး တော်လှန်ပုန်ကန်ဖို့ ကြိုးစားကြတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
2
What If? Season 1 မှာ အပိုင်းတစ်ပိုင်းအနေနဲ့ ပါခဲ့တဲ့ Superheroes ‌‌ေတွအကုန် Zombies ဖြစ်ကုန်တဲ့ အပိုင်းကို ‌မှတ်မိကြမယ်လို့ထင်ပါတယ်။ ဒီအပိုင်းကို Marvel က နောက် What If? Season ‌ေတွမှာ ဆက်မပြတော့ပဲ သက်သက်ကို အပိုင်း ၄ ပိုင်း Series ထုတ်ပေးလိုက်ပါတယ်။ အားရဖို့ကောင်းတာက ဒီ Series က TV - MA rating နဲ့  ‌သွေးထွက်သံယိုတွေ အပိုင်းပိုင်းပြတ်တာတွေကို ဘွင်းဘွင်းရှင်းရှင်းကြည့်ရမှာဖြစ်ပါတယ်။
ဒီ Series က Marvel Zombie ဆိုတဲ့ Comic ကိုအခြေခံထားပေမယ့် ဒီ Animation ထဲမှာတော့ ဇာတ်လမ်းက
MCU ထဲက ဇာတ်ကောင်တွေနဲ့ Timeline ကိုအခြေခံပြီးယူထားပါတယ်။ Trailer မှာလည်း Moonknight Avatar အဖြစ်နဲ့ Blade ပါဝင်လာမှာကိုတွေ့ရတော့ ဇာတ်လမ်းနဲ့ Action Sence တွေကတော့ အားရဖို့ကောင်းတာ အသေအချာပါပဲ။
4
ဇာတ်လမ်းကတော့ အိမ်ထောင်ရေးပြဿနာတက်နေတဲ့ မိသားစုတစ်စု မြို့ကြီးကနေ တောမြို့လေးတစ်မြို့က အိမ်ကြီးတစ်အိမ်ကို ပြောင်းရွှေ့လာရာက စပါတယ်။ အဲဒီအိမ်က အရင်က လူသတ်မှုတွေ ဖြစ်ခဲ့ဖူးတဲ့ အိမ်အိုကြီးဖြစ်နေပြီး၊ အဓိကဇာတ်ဆောင်ဖြစ်သူ Pat (Courteney Cox) တစ်ယောက်ပဲ အိမ်ထဲမှာ ထူးဆန်းတဲ့ ဝိညာဉ်တွေကို စတင်မြင်တွေ့ရပါတယ်။ သူမက ဒါဟာ စိတ်ဝေဒနာလား ဒါမှမဟုတ် တကယ်ပဲ သရဲခြောက်တာလားဆိုတာ ဝေခွဲမရဖြစ်ပုံကို ရိုက်ကူးထားတာပါ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရဲအရာရှိ Eric ဟာ သူ့ဇနီးဖြစ်သူ တောမီးလောင်မှုအတွင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တွေကို လိုက်လံစုံစမ်းရာကနေ လူတွေကြားထဲမှာ ပုန်းအောင်းနေထိုင်နေကြတဲ့ ဘရာဇီးလ် ဒဏ္ဍာရီလာ သတ္တဝါတွေကို တွေ့ရှိသွားပုံကို ရိုက်ကူးထားတာပါ။Invisible City ဟာ Supernatural ဒါမှမဟုတ် Grimm လို ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုပါ။ အထူးသဖြင့် ဒဏ္ဍာရီဆန်ဆန် အငွေ့အသက်တွေကို စုံထောက် Mystery နဲ့ ရောစပ်ထားတာကို မြင်ချင်တယ်ဆိုရင် ဒါဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
GREENLAND (2020)

ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်…နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်…
သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်…အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလိုကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်…ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်…သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာမှားယွင်းလာတဲ့အခါမှာတော့…..
1
Greenland 2: Migration (2026)

IMDb 5.7

Greenland: Migration Greenland 2 ဇာတ်ကားဟာလူကြိုက်များခဲ့တဲ့ Greenland (2020) ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။

ပထမဇာတ်ကားတုန်းက ကမ္ဘာပျက်မည့်အန္တရာယ်မှ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြပုံကို ပြသခဲ့ပြီး၊ ယခု ဒုတိယကားမှာတော့ ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေများကို ဆက်လက်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်

ပထမဇာတ်ကားအပြီး ၅ နှစ်ခန့်အကြာ အချိန်ကာလကို အခြေခံထားပါတယ်။

ကလာ့ခ် ကြယ်တံခွန် ဝင်တိုက်ပြီးနောက် ကမ္ဘာမြေပြင်တစ်ခုလုံး ပျက်စီးသွားခဲ့ပေမဲ့ John Garrity နဲ့ မိသားစုကတော့ Greenland က မြေအောက်ကတုတ်ကျင်းထဲမှာ ဘေးကင်းကင်း နေထိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ သူတို့ခိုလှုံရာ မြေအောက်စခန်းလည်း ဆက်နေထိုင်ဖို့ မဖြစ်နိုင်တော့တော့ အခြေအနေမျိုး ကြုံတွေ့လာရတဲ့အတွက် မိသားစုလိုက် ပြင်ပကမ္ဘာကို ပြန်ထွက်လာရပါတော့တယ်။

ဥရောပတိုက်တစ်ခုလုံး ရေခဲပြင်တွေ၊ ပျက်စီးယိုယွင်းမှုများတွေနဲ့ ဖုံးလွှမ်းနေပေမဲ့သူတို့မိသားစုအနေနဲ့ နေထိုင်လို့ရနိုင်မဲ့ နေရာသစ်တစ်ခုကို ရှာဖွေဖို့ ခက်ခဲကြမ်းတမ်းတဲ့စွန့်စားခန်း ခရီးတစ်ခုကို စတင်ရပါတော့တယ်။

သဘာဝဘေးအန္တရာယ်များအပြင် အသက်ရှင်ကျန်ရစ်သူ အချင်းချင်းကြားက ပဋိပက္ခများတွေနဲ့ ဓားပြတိုက်တာတွေကိုပါ ရင်ဆိုင်ကျော်ဖြတ်ရပုံတွေ ပါပါတယ်။

ကမ္ဘာပျက်ပြီးနောက်ပိုင်း မြင်ကွင်းတွေ ရေခဲပြင်တွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထားတာပါ။
1
သားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို… တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတိုညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ 

ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို ကြိုးစားပေမဲ့လည်း သူတိုပိတ်မိနေတဲ့နေရာက သာမာန်လှိဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချိုတဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လိုနေပါတယ်-“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတိုရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား

-ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်းဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား-ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ_မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား…
Sci-ficလာကမှာ ဂုရုစီးရီးကြီးဖြစ်တဲ့ Doctor Who... 1960 ကျော်ကာလထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အပိုင်းအများဆုံး scifi serie အဖြစ်လည်းဂင်းနစ်စံချိန်တင်ထားပါတယ် ...

ဒေါက်တာဟူးဆိုတာအချိန်ခရီးသွား ဂြိုလ်သားတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ စက်ယန္တရားနဲ့ စကြ၀ဠာရဲ့ကြိုက်တဲ့နေရာနဲ့အချိန်ကို ခရီးသွားနိုင်ကာ

အသက်လည်း နှစ်ထောင်ချီနေတဲ့ immortal တစ်ယောက်ဖြစ်ပီး သူသေသွားလည်း နောက်ထပ်ပုံစံ ခန္တာအသစ်နဲ့ ပြန်၀င်စားနိုင်တဲ့အတွက် အတော်လေးကြမ်းပါတယ်
7
အနာဂတ်ကာလမှာ ကော်ပိုရေးရှင်းကြီးတွေက နယ်မြေအသစ် ရှာဖွေရေးလုပ်ငန်းတွေကို စိုးမိုးထားပါတယ်။ အဲဒီလုပ်ငန်းခွင်တွေမှာ လုံခြုံရေးအတွက် SecUnit လို့ခေါ်တဲ့ "စက်ရုပ်တစ်ပိုင်း လူသားတစ်ပိုင်း" (Cyborg) တွေကို အသုံးပြုပါတယ်။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် SecUnit ဟာ သူ့ရဲ့ ထိန်းချုပ်စနစ် (Governor Module) ကို ကိုယ်တိုင် ဖျက်စီးပစ်လိုက်ပြီး "လွတ်လပ်တဲ့ စိတ်ဝိညာဉ်" ရရှိသွားပါတယ်။ ဒါပေမဲ့ သူဟာ လူသားတွေကို ပြန်တိုက်ခိုက်ဖို့ ဒါမှမဟုတ် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ စိတ်မဝင်စားပါဘူး။ သူ့ရဲ့ တကယ့်ဆန္ဒကတော့... လူသားတွေနဲ့ မပတ်သက်ဘဲ ဖျော်ဖြေရေးဇာတ်လမ်းတွဲ (Dramas) တွေကိုပဲ တစ်နေကုန် အေးအေးဆေးဆေး ထိုင်ကြည့်နေဖို့ပါ။
သူ့ကိုယ်သူ "Murderbot" လို့ အမည်ပေးထားတဲ့ ဒီစက်ရုပ်ဟာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို လုံခြုံရေးပေးရင်းနဲ့ သူတို့ကို အန္တရာယ်ကနေ ကာကွယ်ပေးရမလား၊ ဒါမှမဟုတ် သူ့ရဲ့ လျှို့ဝှက်ချက်ကို ဆက်ထိန်းထားရမလားဆိုတာ ရွေးချယ်ရတဲ့အခါမှာတော့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေ စတင်လာပါတော့တယ်။
Jeeper Creeper ဇတ် ကားဟာဆိုရင် 2001ခုနှစ် ကထွက် ရှိခဲ့တဲ့ အ မေရိကန် Horrorဇာတ် ကား ကောင်းတစ် ကားဖြစ် ပါတယ် ။
2001ခုနှစ် ကထွက် ရှိခဲ့တယ် ဆို ပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင် မြင် လူကြိုက် များခဲ့လို့ အပိုင်း2နဲ့အပိုင်3းကို ဆက် လက် ရိုက် ကူးခဲ့ပါတယ် ။

1938မှာ ကျော် ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ် ကားထဲမှာ ရိုက် ကူးခဲ့ပါတယ် ။
Horrorကား တွေကြိုက် တဲ့ ပရိတ် သတ် တွေ တော့တကယ်ကိုကြည့် သင့် ဇာတ် လမ်း ကောင်းပါ။
Jeeper Creeper ဆိုတဲ့ သတ္တ၀ါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တ၀ါကြီးတစ်ကောင်ပါ။

သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။
သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။
ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။
အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့……..
နွေရာသီအားလပ် ရက် တွေမှာ ဒယ် ရီနဲ့သရစ် ရှာ တို့ မောင် နှမနှစ် ယောက် ဟာ အိမ် ကိုပြန် လာခဲ့ကြပါတယ် ။
လမ်းမှာ ကားတစ် စီးနဲ့တိုက် မိမလိုဖြစ် ပြီး အဲ့ကား ကိုမောင်းတဲ့သူက လမ်းမကြီး ဘေးမှာရှိတဲ့ ဘုရား ကျောင်းအိုကြီးထဲကို ပိုက် လုံး တွေထဲက နေ လူ သေအ လောင်းကိုပစ် ချ နေတာ တွေ့လိုက် ကြတယ် ။
အဲ့မှာ သူတို့ မောင် နှမ နှစ် ယောက် ကစိတ် ဝင်စားပြီးသွားကြည့် တဲ့အခါမှာ တော့ လူ သေအ လောင်း တွေကိုတစ် ယောက် နဲ့တစ် ယောက် သီပြီးဘုရား ကျောင်းနံရံ တွေမှာချုပ် ထားတာ တွေ့လိုက် ရပါတယ် ။
အဲ့မှာတင် ပဲ မောင် နှမနှစ် ယောက် ဟာ အနီးဆုံးမှာရှိတဲ့လမ်း ဘေးစား သောက် ဆိုင် ကို သွားပြီးရဲစခန်းကိုဖုန်းဆက် အ ကြောင်းကြားခဲ့ပါတယ် ။
အဲ့မှာအမျိုးသမီးတစ် ယောက် ရဲ့ဖုန်းဝင် လာပြီး၊ အဲ့ဒီဘုရား ကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ် ကြောင်း၊
သူဟာ 23ကြိမ် မြောက် နွေဦးရာသီ ရောက် တိုင်း ရောက် တိုင်း 23ရက် ကြာ အောင် လူ တွေကိုစားပစ် ကြောင်း ပြောပါတယ် ။
ဘယ် လိုလူ တွေကိုသူကစားလဲဆို တော့…..လူ တွေရဲ့အ ကြောက် တရားကိုအနံ့ခံပြီး သူကြိုက် တဲ့လူကိုစားပစ် ပါတယ် ။
အဲ့လိုသူကြိုက် တဲ့လူကိုစားဖို့လိုက် ဖမ်းပြီဆိုရင် ဘယ် လိုမှတားဆီးမရပါဘူး။
အဲ့ဒီ သရစ် ရှာနဲ့ဒယ် ရီတို့ မောင် နှမနှစ် ယောက် လည်း Jeeper Creeper- သေမင်းတမန် တော် လက် က ဘယ် လိုမျိုးလွတ် အောင် ပြေးပြီးအိမ် ကိုအ ရောက် ပြန် နိုင် ခဲ့မလား၊
ဒါမှမဟုတ် သေမင်းတမန် တော် လက် ထဲမှာပဲ ကျရှုံးခဲ့သလား
Jeeper ကြီးဟာဘယ်လိုသတ္တ၀ါလည်း ဘာကြောင့်လူတွေကိုသတ်စားရတာလဲ ဆိုတာကို တော့ တကယ်ကိုသဲတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဒီဇာတ် ကား လေးထဲမှာပဲ ဆက် လက် ရူ့စားလိုက် ပါ……..
3
အင်္ဂလန်မှာ မှော်ပညာ (Magic) ဆိုတာ စာအုပ်ထဲမှာပဲ ရှိတော့တဲ့ သမိုင်းတစ်ခု ဖြစ်နေချိန်မှာ Mr. Norrell ဆိုတဲ့ လူကွယ်ရာမှာ အမြဲနေလေ့ရှိတဲ့ ပညာရှင်က သူဟာ လက်တွေ့မှော်ပညာကို တတ်မြောက်ကြောင်း သက်သေပြလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူနဲ့ စရိုက်ချင်း လုံးဝမတူတဲ့ လူငယ်မှော်ဆရာ Jonathan Strange ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်ဟာ အင်္ဂလန်ရဲ့ မှော်ပညာ ပြန်လည်ထွန်းကားဖို့ ကြိုးစားကြရင်းကနေ ပဋိပက္ခတွေ၊ လျှို့ဝှက်ချက်တွေကြားထဲ ရောက်ရှိသွားပုံကို ရိုက်ကူးထားတာပါ။
Harry Potter လိုမျိုးပေါ့ပေါ့ပါးပါးထက် Lord of the Rings လို ခန့်ညားပြီး Dark Fantasy ဆန်တာကို ကြိုက်တယ်၊ ဒါမှမဟုတ် ဗြိတိသျှ ခေတ်ဟောင်း ဇာတ်လမ်းတွေကို သဘောကျတယ်ဆိုရင် ဒါဟာ မလွတ်တမ်း ကြည့်သင့်တဲ့ Series ဖြစ်ပါတယ်။ စုစုပေါင်း (၇) ပိုင်းပဲ ရှိတာမို့ အချိန်သိပ်မပေးရဘဲ ဇာတ်လမ်းအဆုံးအထိ စွဲစွဲမြဲမြဲ ကြည့်ရမှာပါ။