UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့..
Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့
အထက်တန်းစားကျောင်းတော်ကြီးပေါ့ ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက
လူငယ်လေးသုံးယောက်အာ့‌ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ဖြစ်လာခဲ့တယ်

သူတို့သုံးယောက်ကျောင်းစရောက်ပြီးနောက်မှာ
အညတရနဲ့လူကုန်ထံတွေကြားပဋိပက္ခတွေဖြစ်လာတဲ့အပြင်ပဋိပက္ခတွေဖြစ်နေရင်းကြားထဲကပဲကျောင်းမှာကောင်မလေးတစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်သေဆုံးမှုနောက်ကွယ်ကတရားခံကဘယ်သူလဲဘယ်သူကောင်မလေးကို သတ်သွားတာလဲအညတရကျောင်းသားလေးသုံးယောက်ကပဲမကျေနပ်လို့သတ်တာလား
ဒါကတော့ အပြီးထိကြည့်မှပဲ သိရမှာပါ
1
Mr. Midnight: Beware the Monsters (2022) Season 01 Complete



ငယ်ငယ်က ဆရာသက်ဦးလွင် ဘာသာပြန်တဲ့ James Lee ရဲ့ Mr. Midnight စာစဥ်အတွဲလိုက်တွေကို ဖတ်ဖူးတဲ့ ကြောက်ခဲ့ဖူးတဲ့ မစ္စတာမစ်နိုက်ဖန်တွေ ရှိမယ်ထင်ပါတယ်။ ခုစီးရီးကတော့ အဲဒီစာအုပ်တွေကို မှီငြမ်းထားပြီး မစ္စတာမစ်နိုက်ဖန်တွေအတွက်တင်မကဘဲ သရဲခြောက်တဲ့အိမ်တွေ နေရာတွေကို လိုက်သွားရင်း ဇစ်မြစ်ရှာ သရဲတွေချွတ်တာကို သဘောကျတဲ့ Supernatural ဖန်တွေအတွက် သရဲချွတ်တဲ့ သရဲရှာတဲ့ကလေးတွေရဲ့ စီးရီးအသစ်ကလေးပေါ့။ James Lee ရဲ့ စာအုပ်‌တွေဟာ စင်ကာပူကထုတ်တာဖြစ်သလို ဒီစီးရီးကိုလည်း စင်ကာပူကပဲထုတ်တာပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးကြည့်ဖူးတဲ့ စင်ကာပူရုပ်ရှင်လည်းဟုတ်ပါတယ်။



ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ဒီတော့ သူတို့ဟာ သရဲခြောက်တဲ့နေရာတွေ အဖြစ်တွေကို လူတွေဆီက သတင်းယူပြီး အဲဒီလူတွေကိုလည်း ကူညီပေးရင်း ပရလောကအကြောင်း ပိုသိလာအောင် လုပ်ကြပါတယ်။ ကလေးတွေဆို မယုံမှာစိုးလို့ မစ္စတာမစ်နိုက်ဆိုတဲ့ လူအနေနဲ့ ဆိုက်ထောင်ပြီး တင်ကြပါတယ်။ နောက်ထပ်တိုးလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပရိသတ်တွေ သတင်းပေးတဲ့နေရာတွေကို လိုက်စုံစမ်းကြရင်း သရဲတွေကို လိုက်ရှာကြတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။



ကျန်တဲ့ကလေးတွေလည်း သရုပ်ဆောင်တာမဆိုးပေမဲ့ တရုတ်မလေးကတော့ တော်တော်လေး ချစ်ဖို့ကောင်းပြီး တော်တော်လေးလည်း ချောပါတယ်။ ဘာမှမကြည့်ချင်ရင်တောင် တရုတ်မလေးထိုင်ကြည့်နေရုံနဲ့တင် ဒီဇာတ်လမ်းက တော်တော်လေးတန်ပါတယ်။ သရဲတွေကို စုံထောက်လိုလို စုံစမ်းပြီး ချွတ်ဖို့ကြိုးစားတာ ဘာညာက စူပါနေထရယ်တော်တော်ဆန်တာမို့ စူပါနေထရယ်ဖန်တွေအပြင် ငယ်ငယ်က Mr. Midnight စာစဉ်တွေနဲ့ ကြီးပြင်းခဲ့ရသူတွေအတွက်လည်း ဇာတ်လမ်း ၁၃ ပုဒ်ကို တစ်ပုဒ် တစ်ပိုင်းနှုန်းနဲ့ ၁၃ ပိုင်းတောင်ရှိမှာမို့ ကိုယ်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ဇာတ်လမ်းပါလာရင် ဒါ ငါဖတ်ဖူးတဲ့ဟာကွ ဆိုပြီး ငယ်စဉ်ကလေးဘဝကို ပြန်ပြောင်းအောက်မေ့လို့ကောင်းမယ့် စီးရီးလေးဆိုလည်း မမှားပါဘူး။
3
Great Expectations (2023) Completed Mini-Series
 
ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ ” မျှော်တလင့်လင့် ” ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။
 
ဇာတ်ကတော့ မိဘတွေသေသွားပြီး ဇနပုဒ်ကလေးမှာ အစ်မနဲ့ ပန်းပဲလုပ်တဲ့ ယောက်ဖနဲ့အတူ ပန်းပဲလုပ်စားနေရတဲ့ ကောင်လေးတစ်ယောက်အပေါ် အခြေပြုထားတယ်။ သူက ဒီထက်မြင့်တဲ့အရပ်ဆီ ပျံတက်ဖို့ ကြံရည်ရွယ်ထားတဲ့လူ။ တစ်နေ့ သူ မထင်မှတ်ထားတဲ့ ကံကြမ္မာနဲ့ပက်ပင်းတိုးပြီး ဆင်းရဲသားဘဝကနေ လူကြီးလူကောင်းဘဝကို ကူးနိုင်အောင် လုပ်ပေးမယ့် လှေကားထစ်တွေပေါ် ဖြတ်သန်းရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ အဲဒီလှေကားထစ်တွေ‌ပေါ် သူလျှောက်ကြည့်တော့ သူထင်သလောက် မလွယ်နေမှန်း သိလိုက်ရတဲ့အခါ…
1
၁၉၁၈ အကုန်ပိုင်းမှာ ပထမ ကမ္ဘာစစ်ကြီးပြီးလေရဲ့။ပြင်သစ်ကို စစ်တိုက်ပြီး အသက်ရှင်တဲ့ အင်္ဂလန်စစ်သား တွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာခဲ့ပါတယ်

ဒီထဲမှာ ရှဲလ်ဘီမိသားစုက ညီအစ်ကို သုံးယောက်ဟာလည်း သူတို့မြို့ဖြစ်တဲ့ ဘာမင်ဂမ်ကို ပြန်လာပါတယ်။ သူတို့မရှိတဲ့အချိန်မှာ မိသားစု စီးပွားရေးဖြစ်တဲ့ မြင်းလောင်းပွဲ အသေးလေးတွေကို အမျိုးသမီးတွေက စီမံနေခဲ့တယ်။ ရသလောက်နဲ့ တင်းတိမ် ရှိတာနဲ့ အဆင်ပြေနေခဲ့တယ်ပေါ့။

စစ်ကြီးလည်းပြီးတော့ ညီအစ်ကို သုံးယောက်ရောက်လာပြီး မိသားစု စီးပွားရေးကို လက်လွှဲယူခဲ့တယ်။ ဒီထဲမှာ အဓိက အရေးကြီးတာက သောမက်စ်ရှဲလ်ဘီဆိုတဲ့သူ။ သူဟာ ညီအစ်ကိုထဲက အလတ်ကောင်။

ရှဲလ်ဘီမိသားစုမှာ ခန္ဓာကိုယ်ကြီးဆို သောမက်စ်ဟာ ဦးနှောက်ဆိုလည်းဟုတ်တယ်။ နှလုံးသားဆိုလည်း ဟုတ်တယ်။ စစ်ကြီးအပြီး သွေးဆာနေတဲ့ယောက်ျားတွေ ချယ်လှယ်တဲ့ စီးပွားရေးလောကထဲမှာ သောမက်စ်သာမရှိရင်
ရှဲလ်ဘီမိသားစုကြီး ဒေဝါလီခံသွားနိုင်တယ်ပေါ့။

သောမက်စ်ဟာ အမြင်ရှိတယ်။ အကွက်မြင်တယ်။ ကံတရားရဲ့ ဖေးမမှုကိုရတယ်။ ကွန်မြူနစ်တွေ သောင်း
ကျန်းတဲ့ ၁၉၁၉ ဘာမင်ဂမ်မှာ သောမက်စ်ဟာ မတော်တဆမှားပြီး စစ်လေနက်တွေ အပြည့်တင်ထားတဲ့ သေတ္တာကြီး
တစ်ခုကို ရခဲ့တယ်။ ဒီဟာကနေ စတာပါဘဲ။

အကွက်မြင်တဲ့ သောမက်စ် ရှဲလ်ဘီဟာ သေတ္တာတစ်ခု
အရင်းပြုလို့ ရှဲလ်ဘီ မိသားစု စီးပွားရေးကို ချဲ့ထွင်ပါတော့တယ်။ crd.
5
ဇာတ်လမ်းကတော့ မူရင်းရုပ်ရှင်ထဲက Scott Turner ရဲ့သား Scott Turner Jr. (Josh Peck က သရုပ်ဆောင်ထားပါတယ်) အကြောင်းပါ။ သူက စည်းကမ်းကြီးပြီး သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ US Marshal တစ်ယောက်ဖြစ်ပေမဲ့ သူ့အဖေဆီက အမွေရလိုက်တဲ့ Hooch ဆိုတဲ့ ပြဿနာရှာတတ်တဲ့ ခွေးကြီးကြောင့် သူ့ဘဝဟာ ဗြောင်းဆန်သွားရပါတယ်။ ခွေးနဲ့ လူကြားက သံယောဇဉ် တည်ဆောက်ပုံနဲ့အတူ သူ့အဖေ သေဆုံးမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့အကြောင်း ရိုက်ကူးထားတာပါ။ဒီ series က အရမ်းကြီး ထူးခြားပြောင်မြောက်နေတာမျိုး မဟုတ်ပေမဲ့ အားလပ်ရက်မှာ ခွေးလေးတစ်ကောင်နဲ့ လူတစ်ယောက်ရဲ့ ရယ်စရာ၊ လွမ်းစရာ အလွဲလေးတွေကို ကြည့်ရင်း အချိန်ဖြုန်းချင်ရင်တော့ အကောင်းဆုံးပါပဲ။
ဇာတ်လမ်းကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ ကိုလံဘီယာနိုင်ငံမှာ ကိုကင်း (Cocaine) မူးယစ်ဆေးဝါး လုပ်ငန်းတွေ ဘယ်လိုစတင်ခဲ့သလဲဆိုတာကို အစပြုထားပါတယ်။ အဓိကအားဖြင့် Pablo Escobar က သာမန်မှောင်ခိုသမားဘဝကနေ ကမ္ဘာကျော်တဲ့ Medellín Cartel အဖွဲ့ကြီးကို ဘယ်လိုတည်ထောင်ခဲ့သလဲ၊ အမေရိကန် DEA အေးဂျင့်တွေဖြစ်တဲ့ Steve Murphy နဲ့ Javier Peña တို့က သူ့ကို ဖမ်းဆီးဖို့ ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။သင်က ရာဇဝတ်မှု (Crime)၊ စုံထောက် (Detective) နဲ့ ဖြစ်ရပ်မှန် (True Story) တွေကို ကြိုက်နှစ်သက်သူဆိုရင် Narcos ဟာ မဖြစ်မနေ ကြည့်သင့်တဲ့ စီးရီးတစ်ခုပါ။ ပါဗလို အက်စကိုဘာရဲ့ ဘဝနိဂုံးကို သိထားရင်တောင်မှ သူဘယ်လို ကြိုးစားခဲ့သလဲ၊ ဘယ်လိုကျရှုံးသွားသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတာ အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ်

 ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် 

ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ်
ခရစ္စမတ်ချိန်ခါကိုရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားတွေ အစီအရီထွက်နေကြပါ၊ အခုတင်ဆက်ပေးမှာက Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ Christmasရုပ်ရှင်ပဲ ဖြစ်ပါတယ်.. 

Cast အပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michael Huisman လို ထိပ်သီးသရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို Netflixထွက် ဇာတ်လမ်းဖြစ်တာကြောင့် Budget နဲ့ Effectပိုင်း၊ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ် ရဲ့အနှစ်သာရကိုပေါ်စေပါတယ် ဆန်တာကလော့စ် လို့ ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီးထွက်ဖူးပါတယ်

ဒါကတော့ ခရစ္စမတ်ဘိုးဘိုးကြီး စမဖြစ်ခင်ဘဝက ခရစ္စမတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့ ခရစ္စမတ်ဘိုးဘိုး ဘယ်လိုဖြစ်လာလဲဆိုတာကို ပုံပြင်သဖွယ်ရိုက်ကူးထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်၊ မိသားစုနဲ့အတူ ပိတ်ရက်မှာ တူတူကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ
ပါဝင်တဲ့ Cast တွေနဲ့တင် သေချာပေါက်ကြည့်ရမယ့် Red One ခရစ်စမတ်ရုပ်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။မင်းသား Dwayne The Rock Johnson, Chris Evan, J.K Simmons Riverdale , Sabrina စီးရီးထဲက မင်းသမီး Kiernan Shipka နာမည်ကြီးတွေအဓိက ပါဝင်ထားပါတယ်။

ခရစ်စမတ်ရိုးရာ..ဆန်တာကလော့စ်တွေကို အယုံကြည်မရှိဘဲ ကြီးပြင်းလာခဲ့တဲ့ ဂျက်ဟာ ကြီးလာတော့ ဟက်ခ်ကာလောကမှာ အက်ဘီအိုင်ကပါ ကမ်းလှမ်းရတဲ့အထိဆရာတစ်ဆူဖြစ်လာပေမယ့် သူကတော့ အလွတ်တန်းပဲ သီးသန့်သာလှုပ်ရှားပါတယ်။ 

တစ်နေ့တော့ သူ့ကို မြောက်ဝင်ရိုးစွန်းက နေရာတစ်ခုကို နိုင်ငံတကာငလျင်စောင့်ကြည့်ရေးစင်တာကနေ လူတစ်စုကဟက်ခ်ခိုင်းပြီး ငွေပေးသွားပါတယ်။

သူဟက်ခ်လိုက်တဲ့နေရာက ဆန်တာကလော့စ်တို့ရှိရာ လျှို့ဝှက်ထားတဲ့ အာတိတ်ဒေသဖြစ်နေပြီး ဆန်တာကလော့စ်လည်း မသမာသူတွေ ပြန်ပေးဆွဲတာခံလိုက်ရပါတယ်။ဒါပေမယ့် ခရစ်စမတ်အမှီ ဆန်တာရဲ့ကလော့စ်ရဲ့ နတ်သူငယ်စစ်သည်တော် The Rock က ဆန်တာကို ပြန်ကယ်ဖို့အတွက် ဆန်တာကို အယုံကြည်မရှိတဲ့ ဂျက်( Chris Evan ) နဲ့ပေါင်းကာခရစ်စမတ်စုန်းမဆီကနေ ဆန်တာကို ပြန်ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။
The Society (2019) ဟာ Mystery နဲ့ Teen Drama ကို အကောင်းဆုံး ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ အထူးသဖြင့် "လူကြီးတွေမရှိတော့တဲ့ ကမ္ဘာမှာ လူငယ်တွေ ဘယ်လိုရှင်သန်မလဲ" ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အယူအဆ (Premise) ကို အခြေခံထားပါတယ်။Connecticut ပြည်နယ်က ချမ်းသာတဲ့ West Ham မြို့လေးမှာ နေထိုင်တဲ့ အထက်တန်းကျောင်းသားတစ်စုဟာ ကျောင်းခရီးစဉ်ကနေ ပြန်လာတဲ့အခါ သူတို့မြို့လေးမှာ လူကြီးတွေ တစ်ယောက်မှ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ မြို့ကနေ အပြင်ထွက်လို့မရအောင်လည်း တောအုပ်ကြီးတွေက ပိတ်ဆို့ထားပါတယ်။ သူတို့ဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး မိမိဘာသာ စည်းကမ်းတွေထုတ်၊ အုပ်ချုပ်ရေးစနစ်တွေ တည်ဆောက်ပြီး ရှင်သန်ဖို့ ကြိုးစားကြရပါတော့တယ်
IMDb 7/10 ရထားပြီး Comedy-drama အမျိုးအစားလေးဖြစ်ပါတယ်

Emily ဆိုတာ အမေရိကန်နိုင်ငံသူလေးပါ
တစ်နေ့မှာတော့ Emily က အလုပ်ကိစ္စတစ်ခုကြောင့် Chicago က နေ Paris ကို အလုပ်သွားလုပ်ဖို့အကြောင်းပေါ်လာပါတော့တယ်..
သို့ပေမယ့်လည်း သူမဟာ ပြင်သစ်စကား လုံးဝမပြောတတ်တာကြောင့် paris မှာ ဘယ်လိုအခက်အခဲ အလွဲအချော်လေးတွေနဲ့ကြုံတွေရဦးမလဲဆိုတာကို Emily in paris မှာဆက်ကြည့်လိုက်ရအောင်နော်

ပြင်သစ် နဲ့ အမေရိကန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေကိုလည်း မြင်ရဦးမှာပါ
Paris ရဲ့ လှပတဲ့ ရှုခင်းတွေနဲ့ အတူ အချစ်၊လိင်ကိစ္စ၊စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။

မင်းသမီးရဲ့ဖက်ရှင်တွေကလည်း
မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်မှာပါ။
2
နယူးယောက်မြို့မှ မီးသတ်ဗိုလ်ကြီး Owen Strand (Rob Lowe) ဟာ Austin မြို့က မီးသတ်စခန်းတစ်ခု (Station 126) မှာ ကြေကွဲစရာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ဝင်အားလုံးနီးပါး ဆုံးရှုံးသွားပြီးနောက် အဆိုပါစခန်းကို ပြန်လည်တည်ဆောက်ဖို့ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ Owen ဟာ သူကိုယ်တိုင်လည်း ကျန်းမာရေးပြဿနာ (Cancer) ရှိနေသလို၊ မူးယစ်ဆေးစွဲနေတဲ့ သားဖြစ်သူ T.K. Strand ကိုပါ ခေါ်ဆောင်ပြီး Texas ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူဟာ မတူညီတဲ့ နောက်ခံရှိတဲ့ လူငယ်မီးသတ်သမားတွေကို စုစည်းပြီး အဖွဲ့သစ်တစ်ခုကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။Action, Drama နဲ့ အရေးပေါ်ကယ်ဆယ်ရေး ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူဆိုရင် 9-1-1: Lone Star ဟာ ကြည့်သင့်တဲ့ series တစ်ခု ဖြစ်ပါတယ်။ Texas ရဲ့ ယဉ်ကျေးမှုနဲ့အတူ ခေတ်သစ်လူမှုရေး ပြဿနာတွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ ပျင်းဖို့မကောင်းဘဲ ဆွဲဆောင်မှုရှိပါတယ်။
မက္ကဆီကိုရဲ့ဝေးလံခေါင်သီတဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်နဲ့ စူးစမ်းရှာဖွေသူတစ်စုဟာ မြွေကိုကိုးကွယ်တဲ့ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် သူတို့ဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုဟာ မကြာခင်မှာပဲ ကြောက်လန့်စရာအဖြစ် အပျက်တစ်ခုကို ဦးတည်သွားခဲ့ပါတယ်။ 

သူတို့ဟာ ပိတ်လှောင်ထားတဲ့ ဗိမာန်တစ်ခုကို ဖွင့်မိခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ လူသားစားသောက်ရခြင်းမရှိဘဲ ငတ်မွတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို နှိုးဆွလိုက်မိခဲ့ကြပါတယ်။ ဒီမြွေကြီးဟာ သာမန်မြွေမျိုးမဟုတ်ဘဲ ရှေးခေတ်က ပူဇော်သက္ကာဘုရားကျမ်းတွေမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး လူသားတွေကို စားသောက်တိုင်း ပိုကြီးလာသလို ပိုရန်စလာတတ်ပါတယ်။ 

မြွေကြီးနိုးလာချိန်မှာ ထွက်ပေါက်တွေပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်အကြံအစည်တွေလည်း ပျက်ပြားသွားပါတယ်။ လက်နက်နည်းပါးပြီး အချင်းချင်းယုံကြည်မှု ပျက်ပြားလာချိန်မှာ ကျန်ရှိတဲ့လူတွေဟာ နည်းအမျိုးမျိုးနဲ့မြွေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြရပါတယ်။ 

ဇာတ်လမ်းရဲ့အဆုံးမှာ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမလား ဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ The Asylum ကုမ္ပဏီရဲ့ရိုက်ကူးမှုဖြစ်ပြီး လူနဲ့သတ္တဝါယှဉ်ပြိုင်မှုဆိုတဲ့ ဇာတ်လမ်းမျိုးကို အဓိကထားပါတယ်။

ဇာတ်လမ်းတစ်လျှောက်မှာ ရှေးဟောင်းကျမ်းဂန်တွေ၊ ကပ်ပါးဂူတွေ၊ စိတ်လှုပ်ရှားစရာရှောင်တိမ်းမှုတွေနဲ့ သတ္တဝါကြီးရဲ့ကြောက်မက်ဖွယ်ဖျက်ဆီးမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
3
IMDb – 6.3/10, Rotten 🍅 – 62%

ပထမဆုံးအကြိမ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix ကပါ ထုတ်လွှင့်ထားတဲ့ ABCD: Any Body Can Dance ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

” ကိုယ်နှစ်ချီလများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို ငွေအင်အားကြီးတဲ့သူတွေက ဖိနှိပ်လို ရှုးနိမ့်သွားတဲ့အခါမှာ လက်လျှော့လိုက်မှာလား…
IMDb – 6.6/10, Rotten 🍅 – 56%

Death Becomes Her ဟာ Comedy / Fantasy / Dark Humor အမျိုးအစား ဇာတ်ကားဖြစ်ပြီး အလှအပ၊ လူငယ်နေချင်စိတ်နဲ့ မသေမချင်း အသက်ရှင်ချင်တဲ့ လူသားရဲ့ လောဘကို ဟာသဆန်ဆန် အမိုက်စားပုံစံနဲ့ တင်ဆက်ထားတဲ့ 90s cult classic movie တစ်ကားပါ။ Robert Zemeckis ရဲ့ ဒါရိုက်ရှင်နဲ့ Meryl Streep၊ Goldie Hawn တိုရဲ့ သရုပ်ဆောင်မှုက ဒီဇာတ်ကားကို မေ့မရနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
Scott Calvin (Tim Allen) ဟာ Santa Claus အဖြစ် တာဝန်ယူလာတာ နှစ်ပေါင်း ၃၀ နီးပါး ရှိလာပါပြီ။ ဒါပေမဲ့ သူ အသက် ၆၅ နှစ် နားနီးလာတာနဲ့အမျှ သူရဲ့ "Santa Magic" တွေက စတင်အားနည်းလာသလို၊ ကမ္ဘာပေါ်မှာလည်း ခရစ္စမတ်စိတ်ဓာတ်တွေ လျော့နည်းလာတာကို တွေ့ရပါတယ်။ ဒါကြောင့် Scott ဟာ သူ့မိသားစုနဲ့အတူ လူ့လောကထဲမှာ သာမန်ဘဝနဲ့ ပြန်နေထိုင်ဖို့အတွက် Santa အသစ်တစ်ယောက်ကို ရှာဖွေပြီး အနားယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့...
3
My Life with the Walter Boys (2023)








ဒီတစ်ခါမှာတော့ My Life with Walter Boys ဆိုတဲ့စီးရီးအသစ်ကလေးကိုတင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းလေးကတော့

ဂျက်ကီဟောင်းဝက်ဒ်ဆိုတဲ့စာတော်ပြီး ထက်မြက်တဲ့ဆယ်ကျော်သက် ကောင်မလေးဟာ တစ်ရက်မှာ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးတစ်ခုကြုံတွေ့လိုက်ရပါတယ် အဲ့ဒါကတော့ သူမမိဘတွေနဲ့အစ်မဖြစ်သူတို့ တစ်မိသားစုလုံးကားဆက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားပါတယ် အဲ့နောက်မှာတော့သူမဟာ သူမအမေရဲ့သူငယ်ချင်းဖြစ်သူ ကတ်သရင်းဝေါ်လ်တာနဲ့ဂျော့ဂျ်ဝေါ်လ်တာတို့မိသားစုနဲ့အတူ ပြောင်းနေရပါတယ်။

ကတ်သရင်းနဲ့ဂျော့ဂျ်မှာ သားသမီးရှစ်ယောက်ရှိပြီး ဂျော့ဂျ်ရဲ့တူနှစ်ယောက်ကိုပါ အိမ်မှာခေါ်ထားတဲ့အတွက်အဲ့အိမ်မှာ ကလေးဆယ်ယောက်တောင်ရှိပါတယ် နယူးယော့ခ်သူလေး ဂျက်ကီတစ်ယောက် နယ်မြို့လေးတစ်မြို့မှာ မိသားစုအသစ်နဲ့ပြောင်းပြီးနေရတဲ့အခါ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ခဏတာအတွင်းနေသားကျသွားပါ့မလား ဝေါ်လ်တာမိသားစုက ကောင်လေးတွေနဲ့ရော အချစ်ရေးပက်သက်မှုတွေရှိလာမလားဆိုတာ ခံစားကြည့်ရှုရမှာပါ။

ဒီဇာတ်ကားလေးက အထက်တန်းကျောင်းသားကားလေးလိုမျိုး ဆယ်ကျော်သက်ဇာတ်ကားလေးတွေလိုမျိုး လူငယ်တွေရဲ့ဘဝအကြောင်းကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့်စီးရီးကောင်းလေးတစ်ခုပါ။
2
IMDb Rating (7.0) / Rotten Tomatoes (95%)

နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။

ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။

ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။

ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။

ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။

ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။
2
ဇာတ်လမ်းက ၂၀၀၈ ခုနှစ်၊ ချန်ဒီဂါ (Chandigarh) မြို့က သီးသန့်မိန်းကလေးကျောင်းတစ်ခုကို အခြေခံထားပါတယ်။ အဓိကဇာတ်ကောင် Ojaswini ဟာ ကျောင်းရဲ့ Head Girl ဖြစ်ဖို့ ကြိုးစားနေတဲ့ စံပြကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ရတဲ့ ချစ်ရေးဆိုမှု၊ သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုရဲ့ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ကျောင်းရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြားထဲမှာ သူမ ဘယ်လို ရုန်းကန်ရှင်သန်ရသလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားရဲ့ အဓိက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က "တကယ်လို့ လကမ္ဘာပေါ်ကို အမေရိကန်ထက် ရုရှား (Soviet Union) က အရင်ဆုံး ခြေချနိုင်ခဲ့ရင် ဘာဖြစ်မလဲ?" ဆိုတဲ့ အချက်ပါ။ တကယ့်သမိုင်းမှာ အမေရိကန်က နိုင်ခဲ့ပေမဲ့ ဒီကားထဲမှာတော့ ရုရှားက အရင်ရောက်သွားတဲ့အတွက် အမေရိကန် NASA အနေနဲ့ သိက္ခာပြန်ဆယ်ဖို့ ကြိုးစားရင်း Space Race (အာကာသပြိုင်ပွဲ) က ဘယ်တော့မှ မပြီးဆုံးတော့ဘဲ ဆက်လက်ရှိနေပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
အနာဂတ်ကာလမှာ သူဌေးတွေဟာ "Westworld" လို့ခေါ်တဲ့ အဆင့်မြင့် နည်းပညာသုံး ကာဘွိုင်နယ်မြေ အပန်းဖြေစခန်းကို သွားရောက်လည်ပတ်ကြပါတယ်။ အဲဒီမှာရှိတဲ့ "Hosts" လို့ခေါ်တဲ့ ရိုဘော့တွေဟာ လူသားတွေနဲ့ မခြားနားအောင် တူညီပြီး၊ လူသားတွေက သူတို့ကို သတ်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် ကြိုက်သလို ပြုမူနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရိုဘော့တွေဟာ သူတို့ကိုယ်သူတို့ သတိဝင်လာပြီး (Consciousness) လူသားတွေကို ပြန်လည်တော်လှန်ဖို့ ကြိုးစားလာတဲ့အကြောင်း ရိုက်ကူးထားတာပါ။TV Series သမိုင်းမှာ အကောင်းဆုံး Sci-Fi ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။ အထူးသဖြင့် Christopher Nolan ရဲ့ ညီဖြစ်သူ Jonathan Nolan က ရေးသားထားတာဖြစ်လို့ ဇာတ်လမ်းတည်ဆောက်ပုံက အလွန်ခိုင်မာပါတယ်။ သင်ဟာ စဉ်းစားရတာကို နှစ်သက်ပြီး နက်နဲတဲ့ Sci-Fi ဇာတ်လမ်းတွေကို ကြိုက်တတ်သူဆိုရင် မဖြစ်မနေ ကြည့်သင့်ပါတယ်။
👍1