UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
IMDb Rating (7.6) / Rotten Tomatoes (71%)



ဒီစီးရီးဟာ P.D. James ရဲ့ ကျော်ကြားသော Adam Dalgliesh စာအုပ်ကို ပြန်ရိုက်ထားခြင်းဖြစ်ပြီး မင်သားကြီး Bertie Carvel က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်း

၁၉၇၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားပြီး တစ်ပိုင်းနှင့်တစ်ပိုင်း မတူညီတဲ့အမှုပေါင်းများစွာကို စိတ်ဝင်စားဖွယ် စုံစမ်းစစ်ဆေးဖော်ထုတ်မှာကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတို့ ကြည့်ရှုသင့်သည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
1
Emerald City (2016) မြန်မာစာတန်းထိုး
Season 1 complete
NBC ရုပ်သံလိုင်းကနေ ၂၀၁၅ ခုနှစ်ကစပြီး ၂၀၁၇ လက်ရှိအချိန်ထိ ပြသနေဆဲ ဇာတ်လမ်းတွဲကောင်းတစ်ပုဒ်ဖြစ်တဲ့ Emerald City ဟာ ပထမ season မှာအပိုင်း ၅ ပိုင်းပါရှိပြီး
Adventure Fantasy အမျိုးအစားဖြစ်ပါတယ်။ ရုပ်ထွက်ဆန်းဆန်း ဇာတ်လမ်းဇာတ်ကွက်ထူးထူးခြားခြားနဲ့ ပုံစံတစ်မျိုးအဖြစ်တင်ဆက်ထုတ်လွှင့်ထားတဲ့အပြင် Special Effect ကောင်းကောင်းနဲ့
ရုပ်ရှင်အဆင်အပြင်ဖန်တီးထားတာကိုလည်း ခံစားရမှာဖြစ်ပါတယ်။ အပိုင်း ၁ ဖြစ်တဲ့ The Beast Forever မှာ ဒိုရိုသီဂေးလ်ဆိုတဲ့ ကင်ဆပ်ပြည်နယ်က သူနာပြုဆရာမလေးဟာ ကွဲကွာနေတဲ့သူ့အမေနဲ့
သွားရောက်ဆုံတွေ့ချိန်မှာ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ကြီးတစ်ခုကျရောက်လာပြီး အဲဒီမှာပဲ သူ့ဘ၀ကို တစ်သက်လုံးပြောင်းလဲသွားစေမယ့်အပြောင်းအလဲကိုစတင်ကြုံတွေ့ရပုံကို
တင်ဆက်ပြသထားပါတယ်။ Oz လို့ခေါ်တဲ့ မှော်ဆန်တဲ့လောကထဲကို သူမရောက်ရှိသွားခဲ့ပြီး စုန်းမတွေ မှော်ဆရာတွေနဲ့ ထူးဆန်းတဲ့သူတွေများစွာကိုကြုံတွေ့ရပြီး အန္တရာယ်တွေထဲ ရောက်ရှိသွားခဲ့တာပါ။
အဲဒီအပိုင်းကနေ စတင်ပြီး ဇာတ်ရှိန်မြင့်လာပြီး သူမဟာ ဘာကြောင့် အဲဒီလောကထဲရောက်ရလဲဆိုတဲ့အကြောင်းရင်း၊ သူမရဲ့ဘ၀မှန်၊ သူမကြုံတွေ့ရလာတဲ့သူတွေကရော ဘယ်လိုလူတွေလဲဆိုတာကို တစ်ပိုင်းစီ
ဆိုပေမယ့် ရုပ်ရှင်ကားကြီးတစ်ကားကိုကြည့်နေရသလို စိတ်လှုပ်ရှားမှုအပြည့်နဲ့ခံစားရမယ့်ဇာတ်လမ်းတွဲဖြစ်တာမို့ မှော်ဆန်ဆန် fantasy ဇာတ်ကားကိုမှ စီးဝင်နစ်မျောခံစားလိုသူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
1
The Shadow's Edge (2025)

IMDb – 7.5/10, Rotten 🍅 - --%

ဂျက်ကီချန်းရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်လာတဲ့ The Shadow's Edge ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ The Shadow's Edge ဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင် ဂျက်ကီချန်းရဲ့ ရဲတပ်ဖွဲဇာတ်ကောင်အနေနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ 2004 ခုနှစ်ကထွက်ရှိထားတဲ့ New Police Story ကို အမီလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်

ခေတ်မီနည်းပညာနဲ့ AI စနစ်တွေကို ကျွမ်းကျင်စွာအသုံးချပြီး မကာအိုရဲတပ်ဖွဲ့ရဲ့ cctv ကင်မရာတွေကိုတောင် လှည့်စားနိုင်တဲ့ အဆင့်မြင့်သူခိုးဂိုဏ်းတစ်ခုဟာ cryptocurrency တွေကို အကြီးအကျယ်ခိုးယူပြီး ခြေရာဖျောက်နေပါတယ်ဒီသူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ဘယ်လိုမှခြေရာမခံနိုင်တဲ့အခါမှာတော့ အရင်က နည်းလမ်းဟောင်းတွေနဲ့ လူတွေကို ခြေရာခံရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့တဲ့ အငြိမ်းစားရဲအရာရှိကြီး ဝေါင်တပ်ချွန်း (Jackie Chan) ကို ပြန်လည်ခေါ်ယူပြီး အကူအညီတောင်းခံရပါတော့တယ
Halabala (2025)
🌟Rating 5
****

ဟာလာဘလာ တောနက်ကြီးရဲ့မာယာကျော့ကွင်း
ATM မင်းသားနဲ့ မင်းသမီးချောလေး Nychaa တို့ပါဝင်ထားပါတယ်။

ဒန်ဆိုတာကတော့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကို ဖမ်းမိရင် တွေ့ရာနေရာမှာတင် သ- တ်ပစ်လိုက်လို့ အလော-င်းတစ်ရာ ဒန် ဆိုပြီး နာမည်ကြီးပါတယ်။ဒန့်မှာ ကိုယ်ဝန်အတော်ရင့်နေပြီဖြစ်တဲ့ ဇနီးသည်လည်းရှိပါတယ်။ ဇနီးသည် ဝီကဒီအလုပ်ကို ဆက်မလုပ်စေချင်ပါဘူး။ ဘန်ကောက်ကိုပြောင်းပြီး အေးချမ်းစွာ နေချင်နေသူဖြစ်ပါတယ်။

တစ်နေ့တော့ မီးတောက်မျက်လုံး ထပ် ဆိုတဲ့ နာမည်ကြီး ရာဇဝတ်ကောင်က ဟာလာဘလာတောထဲ ထေ-ာငိဖောက်ပြေး
Roald Dahl's Matilda The Musical (2022)

IMDb – 7/10, Rotten 🍅 - 93%

“မာတေလ်ဒါ” ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကိုခံနေရသူ‌လေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့်အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ်နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ်။တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေကျောင်းထားပေးခဲ့ရပါတော့တယ်။

အဲ့ကျောင်းက ကျောင်းသားတွေပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။
ဇာတ်လမ်းအကျဉ်း
အဖေရော အမေရောက ကုမ္ပဏီပိုင်ရှင် တဦးဖြစ်ပြီး ကိုယ်ကိုတိုင်ကလဲ ဗိသုကာပညာရှင်မလေးဖြစ်တဲ့ လူနာဟာ တနေ့ ကုမ္ပဏီအစည်းအဝေးမှာ သူ မကြားချင်တဲ့ သတင်းတခု ကြားသိလိုက်ရပါတယ်

သတင်းကတော့ ကျောင်းတုန်းက သူရဲ့ချစ်လှစွာသော ခရက်ရှ်ကြီးက သူ့ကုမ္ပဏီမှာ ရှေ့နေလာလုပ်မှာကြောင့်ပါပဲ.......

သူ့အဖေနဲ့ အမေကို ခါးခါးသီးသီး အလုပ်မခန့်ဖို တောင်းဆိုခဲ့ပေမဲ့ လက်မခံတဲ့အခါ ဘယ်လိုဘယ်ပုံ ဆက်ပြီး စခန်းဆက်သွားကြမလဲ...

သူမနဲ့ သူမရဲ့ ခရက်ရှ်ကြား ဘယ်လို တင်းမာမှုတွေ ရှိလဲဆိုတာကို ဇာတ်ကြောင်းပြန် တက္ကသိုလ်ကျောင်းသားဘဝအဖြစ် တပိုင်းပြီးတပိုင်း တင်ဆက်သွားမှာ ဖြစ်ပြီး ဆယ်ကျော်သက်အရွယ် အချစ်ရဲ့ ဆွတ်ပျံ့ကြည်နူး ရင်ခုန်မှုတွေကို ဖိလစ်ပိုင်သူ အချောလေးတွေနဲ့ မျက်စိပဒေသာ ဖြစ်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
2
ပရိသတ်ကြီးတို့ကို အမှုလိုက်တဲ့ ဇာတ်ကားမျိုးကိုမှ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့် series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Spencer Sisters လို့ခေါ်ပြီးတော့ ၂၀၂၃ နှစ်အစပိုင်းကမှ ထုတ်လွှင့်ခဲ့တာပါ။ ဒီဇာတ်ကားက female lead ဇာတ်ကားမျိုးဖြစ်ပြီး ဖော်ထုတ်တဲ့ အမှုတွေကလည်း ပေါ့ပေါ့ပါးပါးပဲမလို့ လူတိုင်းအကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒါဘီစပန်ဆာဆိုတဲ့ ကောင်မလေးက မြို့ကြီးပြကြီးမှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ လုယက်မှုတစ်ခုရဲ့ တရားခံကို လိုက်ဖမ်းတဲ့အချိန် တာဝန်ရှိ စုံထောက်စကားကို နားမထောင်ဘဲ သူ့နည်းသူဟန်နဲ့ တရားခံကို ဖမ်းဖို့ကြိုးစားခဲ့တာကြောင့် စုံထောက်နဲ့ စကားအချေအတင်များပြီး အလုပ်ထွက်ခဲ့ရတယ်။ အလုပ်ထွက်ပြီး အိမ်ပြန်တဲ့အခါမှာလည်း ချစ်သူက ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပြန်တယ်။ဒီလိုနဲ့ပဲ ဒါဘီဟာ အိမ်ပေါ်ကဆင်းလာရင်း ဘယ်မှသွားစရာမရှိတာမလို့ အယ်ဒါဘလက်ဖ်မှာရှိတဲ့ သူ့အမေအိမ်ကို ပြန်လာခဲ့ရတော့တယ်။

ဒါဘီနဲ့ သူ့အမေက တကျက်ကျက် စကားများ ရန်ဖြစ်တတ်သူတွေပါ။ တစ်နေ့ သူ့အမေရဲ့ စာအုပ်ဖတ်ပွဲမှာ ဒါဘီ သူငယ်ချင်းဖြစ်သူ ကလိုင်ရာ ကျောင်းထုတ်ခံရတဲ့ကိစ္စကို အဖြစ်မှန်ဖော်ထုတ်ပေးရာကနေ စပန်ဆာညီအစ်မများဆိုတဲ့ အဖွဲ့ကို စတင်ဖြစ်ခဲ့ပါတယ်။ စပန်ဆာညီအစ်မများ အဖွဲ့က အယ်ဒါဘလက်ဖ်မြို့လေးမှာ ဘယ်လိုအမှုတွေကို ဖြေရှင်းပေးကြရမလဲ၊ မိန်းကလေးနှစ်ယောက်တည်းနဲ့ အမှုတွေကို သဲလွန်စ ဘယ်လိုရှာကြမလဲဆိုတာကို ပရိသတ်ကြီးတို့ကိုယ်တိုင် The Spencer Sisters ဆိုတဲ့ ဒီကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။
Behind her eyes (2021)
သူ့မျက်ဝန်းနောက်ကွယ် …..

အကြည့်တွေကို အပြုံးနဲ့ဖုံးတယ်။
အပြုံးနဲ့ မဖုံးဘဲ ထားတဲ့ တစ်နေရာ ရှိတယ်။
နှလုံးသား ….. တဲ့။
နှလုံးသားထဲ စိတ်ထဲက အရာကို လူတိုင်း ကွယ်ဝှက်ထားတတ်ကြပါတယ်။
လူတစ်ယောက်ကို သွင်ပြင် ကြည့်ရုံနဲ့ ခန့်မှန်းမရတာ ခံစားချက်တို့၊ စိတ် တို့ပါပဲ။
ဒီဇာတ်လမ်းထဲမှာရော …..
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
လူဝိစ် ဆိုတဲ့ တစ်ဦးတည်းသောမိခင်ဟာ တစ်ခုလပ် သားသည်မိခင် ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ ကိုလူချောလေး ဒေးဗစ် နဲ့ ဆုံဖို့ရာ ကံကြမ္မာက ဖန်လာပြန်ပါတော့တယ်။
ကံဆိုးစွာနဲ့ တစ်ခုလပ်မလေးရဲ့ကံကြမ္မာဟာ ကံဆိုးမသွားရာကို မိုးက လိုက်လို့ရွာနေတာပါပဲ။
ဒေးဗစ်ဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သူ့အမျိုးသမီးကတော့ အဒဲလ် ပါ။
တစ်နေ့မှာ အဒဲလ် နဲ့ လူဝိစ် တို့ တွေ့ဖို့ အကြောင်းဖန်လာချိန်မှာတော့ ……
Psychosexual Thriller အမျိုးအစား ဖြစ်တာကြောင့် ကြည့်နေကျ ဇာတ်လမ်းဇာတ်အိမ်ထဲက ကွဲထွက်နေပါလိမ့်မယ်။
Netflix စီးရီးတွေကတော့ စိတ်ချရလောက်အောင် ကောင်းမွန်ဆဲပါပဲ။
IMDb – 7.2 ရရှိထားပြီးတော့ အပိုင်း ၆ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။
တချို့ဇာတ်၀င်ခန်းတွေမှာ အသက်၁၈နှစ်အောက်နဲ့ မိသားစု၀င်များ အတူမကြည့်ဖို့ သတိပေးပါရစေ
1
Queen Sono" သည် တောင်အာဖရိက၏ ထိပ်တန်း လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်သူ Queen Sono (ပုလဲ သုသီ - Pearl Thusi) ၏ အက်ရှင်နှင့် ပြည့်နှက်သော ဇာတ်လမ်းတွဲဖြစ်သည်။တောင်အာဖရိက လျှို့ဝှက်အေးဂျင့်အဖွဲ့ (SOG) အတွက် အလုပ်လုပ်ပြီး အာဖရိကတိုက်တစ်ဝှမ်းရှိ ရာဇဝတ်မှုလုပ်ငန်းများနှင့် အကြမ်းဖက်မှုများကို နှိမ်နင်းလေ့ရှိသည်။ သူမသည် အလွန်အမင်း ကျွမ်းကျင်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများဖြင့် ပြည့်နှက်နေသူဖြစ်သည်။.....
Griselda (2024)
============
IMDb Rating – 7.5/10

ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး
IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့
(၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို ပရိတ်သတ်ကြီးတို့အတွက်
တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း
ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်
ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ်
ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး
သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ
ဖြစ်လာတဲ့အမျိုးသမီးဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ“Cocaine Godmother”၊ “The Black Widow”၊ “The Lady of
Mafia”ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း
အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ
အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက်
အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင်
ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။

တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို
ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့
ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့
ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ပြန်လုပ်ရပါလေ
ရော။ မိုင်ယာမီဆိုတာ သူ့အတွက်စားကျက်သစ်၊ နယ်ပယ်သစ်။ သူ့အရင်
အုပ်စိုးနေတဲ့ ကျားတွေ‌ ခြင်္သေ့တွေရှိပြီးသားနေရာတစ်ခု။ အဲလိုဆိုပြီး ဂရီ
ဆယ်ဒါက နွဲ့နွဲ့နှောင်းနှောင်းမိန်းမကောင်း လုပ်နေလို့မရ။ သူ မလုပ်ရင်
သူ့ကလေးတွေငတ်မယ်။ ဒါနဲ့ပဲ ဂရီဆယ်ဒါတစ်ယောက် ဒီချောက်နက်ထဲကိုပဲ
တစ်ခါခုန်ဆင်းရပြန်တယ်။ ဂရီဆယ်ဒါကို ဗဟိုပြုပြီး မိုင်ယာမီရဲ့မြေအောက်
မူးယစ်ဆေးလောကအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်စီးရီးကောင်း
တစ်ခုဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဗျာ။
Caught (2024) Atrapados S1 [ Complete ]

TMDb: 9/10 4 votes

Synopsis of Caught (2024) Atrapados S1 [ Complete ]
Season 1
အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး
 
နိုင်ငံခြားစာရေးဆရာတွေထဲမှာ Harlan Coben က
နာမည်တော်တော်ကြီးပြီး သူ့စာအုပ်တွေ ၀တ္ထုတွေကို
နာမည်ကြီးရုပ်ရှင်တွေပြန်ရိုက်ထားတာတွေအများကြီးရှိပါတယ်။
ဒါပေမယ့် အမေရိကန်တို့ ယူကေတို့ကပဲယူရိုက်ကြတာများပြီး
အခုတင်ဆက်ပေးမဲ့ Series လေးကတော့ သူ့၀တ္ထုကို
အာဂျန်တီးနားက ပထမဆုံးအနေနဲ့ Series တစ်ခုဖြစ်အောင်
ပြန်လည်ယူရိုက်ထားတာဖြစ်ပါတယ်။
အမျိုးအစားက မှုခင်းသည်းထိပ်ရင်ဖိုဖြစ်တဲ့အတွက် စုံထောက်
ကားတွေကြည့်ရတာကြိုက်တဲ့ စုံထောက်လောင်းတွေအတွက်
သဘောတွေ့စေမဲ့ Series တစ်ခုဖြစ်ပါတယ်။
နာမည်ကတော့ Caught လို့တစ်လုံးတည်းပေးထားပြီး
လက်ရှိ IMDb Rating ကလည်း 6.3 အထိရရှိထားလို့
ကြည့်ရှုသူတွေအကြိုက်တွေ့ကြတယ်ဆိုတာကတော့
ငြင်းလို့မရပါဘူး။
 
ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ အမ်မာဂရိုင်းလို့ခေါ်တဲ့
ဒစ်ဂျစ်တယ်မီဒီယာရဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး သူက
Caught လို့ခေါ်တဲ့ ရာဇဝတ်မှုတွေ မတရားမှုတွေကိုမိအောင်
ဖမ်းပြီးဖော်ထုတ်တဲ့ အစီအစဉ်နဲ့နာမည်ကြီးနေတာဖြစ်ပါတယ်။
သူက အဲ့လိုမတရားမှုတွေမြင်လာပြီဆို မတွေ့တွေ့အောင်
ဖော်ထုတ်တတ်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ကို
အားပေးတဲ့လူတွေရှိသလို မုန်းနေတဲ့လူတွေကလည်းရှိနေ
ပါတော့တယ်။
ဒီ Series ထဲမှာတော့ အမ်မာ့အတွက်အဓိကစုံစမ်းရမဲ့အမှုက
အွန်လိုင်းဂိမ်းတစ်ခုကနေ ကလေးတွေကိုဖြားယောင်းသွေး
ဆောင်နေတဲ့ ကလေးအကြမ်းဖက်သူတစ်ယောက်ကိုဖော်ထုတ်
ရမှာပဲဖြစ်ပါတယ်။အမ်မာလည်း သူ့ထုံးစံအတိုင်း သူ့ရဲ့ဂျာနယ်
လစ်ပညာတွေကိုအကုန်ထုတ်သုံးရင်းနဲ့ စုံစမ်းခဲ့ရာမှာ တရားခံ
တစ်ယောက်ကိုတွေ့ခဲ့ရပေမဲ့ အဲ့ဒီတရားခံက တကယ့်တရားခံ
အစစ်သေချာရဲ့လားဆိုတာကို တရားခံကိုလွယ်လွယ်နဲ့ပြထားပြီး
နောက်ဆက်တွဲအဖြစ်မှန်တွေကိုမှ ပိုစိတ်ဝင်စားစရာကောင်းအောင်
ရိုက်ကူးထားတဲ့အတွက် တခြားစုံထောက်ကားတွေနဲ့
တစ်မူကွဲထွက်နေတဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
 
2
Ballard (2025)

IMDb Rating (7.7) / Rotten Tomatoes (100%)



“Ballard” က Amazon Prime Video မှာ ဇူလိုင် ၉၊ ၂၀၂၅ မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ရဲဇာတ်လမ်းတွဲဖြစ်ပြီး “Bosch” နဲ့ “Bosch: Legacy” ရဲ့ spinoff တစ်ခုပါ။

Michael Connelly ရဲ့ နာမည်ကြီး ဝတ္ထုတွေကို အခြေခံထားပြီး Maggie Q က အဓိကဇာတ်ဆောင် Renée Ballard အဖြစ် သရုပ်ဆောင်ထားတယ်။

ဒီဇာတ်လမ်းတွဲမှာ Renée Ballard ဟာ LAPD ရဲ့ ရန်ပုံငွေနည်းပါးပြီး စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမှုဟောင်းဌာန (Cold Case Unit) ကို ဦးဆောင်နေရတယ်။

ဒီဌာနက ဆယ်စုနှစ်တွေကြာပြီး မဖြေရှင်းနိုင်ခဲ့တဲ့ လူသတ်မှုတွေကို ပြန်ဖွင့်စုံစမ်းရတာပါ။

Ballard က ခေါင်းမာပြီး တရားမျှတမှုကို လိုက်လံရှာဖွေတတ်တဲ့ အမျိုးသမီးရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အဖွဲ့ထဲမှာ အငြိမ်းစား ရဲအရာရှိ Thomas Laffont (John Carroll Lynch)၊ မထင်မှတ်ဘဲ ပြန်ခေါ်ခံရတဲ့ ရဲဟောင်း Samira Parker (Courtney Taylor) နဲ့ အလုပ်သင်တစ်ယောက်ဖြစ်တဲ့ Martina Castro (Victoria Moroles) တို့ ပါဝင်တယ်။

ဇာတ်လမ်းက အမှုဟောင်းတွေကို တူးဖော်ရင်း LAPD အတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကို ဖော်ထုတ်မိရာက စတယ်။

ဒီထဲမှာ လူသတ်မှုတွေ၊ ကောင်စီဝင် Jake Pearlman ရဲ့ ညီမဖြစ်သူ Sarah ရဲ့ အမှုနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်လူသတ်မှုတွေလည်း ပါတယ်။

ထူးခြားတာက ဒီဇာတ်လမ်းထဲမှာ “Bosch” ထဲက Harry Bosch (Titus Welliver) ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပေါ်လာပြီး Ballard ကို အကူအညီပေးတယ်။

ဒီအဖွဲ့ဟာ အမှုတွေကို ဖြေရှင်းဖို့ အချိန်နဲ့အပြိုင် ပြိုင်ဆိုင်ရတာက စိတ်လှုပ်ရှားစရာပဲ။

ဒီဇာတ်လမ်းတွဲက ၁၀ ပိုင်းပါပြီး ဇူလိုင် ၉၊ ၂၀၂၅ မှာ Prime Video မှာ တစ်ပြိုင်နက် ထုတ်လွှင့်ခဲ့တယ်။ IMDb မှာ 8.1/10 ရထားပြီး Rotten Tomatoes မှာ 100% approval rating ရထားတယ်။

Maggie Q ရဲ့ သရုပ်ဆောင်မှုက သန်မာပြီး စိတ်ခံစားမှုနဲ့ ပြည့်နှက်နေတာကြောင့် ပရိသတ်တွေက ချီးကျူးကြတယ်။

ဒါ့အပြင် ဇာတ်လမ်းက အမှုတစ်ခုချင်းရဲ့ စိတ်ဝင်စားမှုနဲ့ ရာသီတစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ ကြံစည်မှုကြီးက ကြည့်ရင်း မျက်လုံးမခွာနိုင်အောင် ဆွဲဆောင်ထားတယ်။

“Bosch” ကြိုက်တဲ့သူတွေအတွက်ဆို ဒီဇာတ်လမ်းတွဲက jackpotကြီးတစ်ခုပဲ။ စိတ်လှုပ်ရှားစရာ ရဲဇာတ်လမ်းကြိုက်တယ်ဆိုရင် “Ballard” ကို လက်မလွှတ်သင့်ပါဘူး။
1
ဒီ series လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Family/Comedy
အမျိုးအစား Series လေးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ on going ဆက်လက်ထွက်ရှိ
နေဆဲဖြစ်ပြီး IMDb rating 6.2/10 ရရှိထားပါတယ်။
ဟမ့်တန်ချိန်ဘာ ဟာ ချက်လက်မှတ်အတုပြုလုပ်မှုနဲ့
ထောင်ထဲရောက်နေသူပါ၊ ငယ်စဉ်ကတည်းကလည်း
ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေသူမို့ သိပ်မစိမ်းလှ
ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးနောက် ၃နှစ်ကျသွားချိန်မှာတော့
သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့ စပြီးကြိုးစားပါတော့တယ်။
စက်မှုလက်မှုစိတ်ဝင်စားတဲ့ ဟမ့်တန် ဟာ ထောင်ထဲမှာ
နေစဉ်အတွင်း အလိုအလျောက်ချွန်နိုင်တဲ့ လွန်ပူစက်
တစ်ခုကို တီထွင်ခဲ့ပါတယ်။ အပြင်ပြန်ရောက်တဲ့အခါ
ဒီနည်းပညာနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။
ဒီလိုနဲ့ပဲ စိတ်အားတက်ကြွနေခဲ့တဲ့ ဟမ့်တန်ဟာ‌ ထောင်က
လွတ်လာချိန်မှာတော့ မြို့ရဲ့လူမိုက်စီးပွားရေးညီနောင်
တစ်အုပ်ကို မမျှော်လင့်ပဲအကြွေးတွေတင်၊ ဇနီးနဲ့သား
နှစ်‌ယောက်တို့နဲ့လည်း အနေအရမ်းဝေးခဲ့တာကြောင့်
သွေးအေးပြီး အပူမီးဝိုင်းကာ ဂယက်ထပါတော့တယ်။
ဟမ့်တန်တစ်ယောက် အကြွေးဂယက်တွေ ဘယ်လို
ဖြေရှင်းမလဲ…
မိသားစုပြဿနာတွေရော ပြေလည်သွားနိုင်မလား ….
ဟာသရောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ series ကောင်းလေး
ဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
 
 
2
Silenced (2011)

IMDb - 8/10, MyDramaList - 8.8

ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လိုပြောရမယ်ထင်ပါတယ်။

ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပိုစ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လိုထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလ
Gods Of Egypt (2016)

IMDb – 5.4/10, Rotten 🍅 - 15%

ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖိုကောင်းတဲ့တိုင်းပြည်တစ်ခု။နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှပေးဖိုလုပ်တယ်။

ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။

ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို Bek လိုခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး အီဂျစ်ပြည်ကို အတူတကွ ကယ်တင်ပုံကို စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာပါ။
1
Liar Liar (1997)

IMDb – 6.9/10, Rotten 🍅 - 83%

Imdb 6.9 ရထားပြီး PG 13 သတ်မှတ်ထားတဲ့The Mask မင်းသား Jim Carreyပါဝင်တဲ့ဟာသကားကိုတင်ဆက်ပေးလိုက်ပါတယ်ရိဒ် ဖလက်ချာဟာ လိမ်ပြောတဲ့နေရာမှာ ကျွမ်းကျင်တဲ့ရှေ့နေတယောက်ပါ။ လူတယောက်သားစိတ်ချမ်းသာအောင်ပဲဖြစ်ဖြစ် လိမ်ပြောတတ်ပါတယ်။

သူဟာ အိမ်ထောင်ကွဲနေပြီး သားလေးကိုချစ်ပေမယ့်အချိန်မပေးခဲ့ပါဘူး။ သားကိုကတိအမျိုးမျိုးပေးပေမယ့်မတည်တာများနေပါတယ်။ နောက်တော့သူ့သားကသူ့မွေးနေ့လာမယ်ကတိပေးပြီးမှ မလာတဲ့အဖေအတွက်မွေးနေ့မှာဆုတောင်းခဲ့ပါတယ်။သူ့အဖေတရက်လောက်ပဲဖြစ်ဖြစ်လိမ်မပြောနိုင်ပါစေနဲ့လို။မွေးနေ့ဆုတောင်းက အမှန်ဖြစ်လာတယ့်အချိန်မှာတော့….ဘယ်လိုတွေတောင် ဗရုတ်သုတ်ခဖြစ်ကုန်မလဲရှုစားကြည့်ကြပါဦးခင်ဗျာ
Fakes(2022)

နာမည်အတိုင်းပဲ အတုတွေ လုပ်ကြတဲ့ စီးရီးပါ
ဘာကို အတုလုပ်မှာလဲ ဆိုတော့ အိုင်ဒီတွေကိုပါ

ဇိုဝီနဲ့ ရေဘက်ကာဆိုတဲ့ အထက်တန်းကျောင်းသူ နှစ်ယောက်ရှိပါတယ်
သူတို့အချင်းချင်းကတော့ Best friend တွေပါတဲ့

ဆယ်ကျော်သက်အရွယ် Best friend နှစ်ယောက်ပေါင်းပြီး
မြောက်အမေရိကရဲ့ အကြီးမားဆုံးအိုင်ဒီအတု အင်ပါယာကြီးကို တည်ထောင်ဖြစ်သွားကြပါတယ်

ဇိုဝီကတော့ ဒီကိစ္စကြီး တစ်ခုလုံးဟာ ရေဘက်ကာရဲ့ အိုင်ဒီယာသာ ဖြစ်ပြီး
သူကတော့ စူးစမ်းချင်စိတ်ကြောင့်သာ လုပ်ခဲ့တာပါတဲ့

ရေဘက်ကာကလည်း ဒါတွေ အားလုံးက ဇိုဝီရဲ့ အကြံဉာဏ်တွေပါတဲ့
ဆိုတော့ ဘယ်သူ့အိုင်ဒီယာနဲ့ ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့ကြလဲဆိုတာကို
အတုအယောင်တွေနဲ့အတူ ရှုစားလိုက်ကြပါဦး
Amor Towles ၏ 2016 ဝတ္ထုကို အခြေခံ၍ "A Gentleman in Moscow" သည် Count Alexander Rostov သည် ၎င်း၏ရာထူးနှင့် ပစ္စည်းဥစ္စာဓနများကို ဖယ်ရှားခဲ့ပြီး မော်စကိုမြို့ရှိ ခမ်းနားသောဟိုတယ်တွင် တစ်သက်လုံး နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားသည့် တော်လှန်ရေးခေတ်လွန် ရုရှား၏နောက်ခံကို ဆန့်ကျင်ထားသည်။ မဖြစ်နိုင်သော မိတ်သဟာယများ၊ ခဏတာ အချစ်ဇာတ်လမ်းများနှင့် ဟိုတယ်၏ တည်းခိုနေထိုင်သူများသည် ဟိုတယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လူသားတို့၏ တည်တံ့ခိုင်မြဲသော ဆက်သွယ်မှုစွမ်းအားကို Count ၏ မျက်လုံးများကို ဖွင့်ပေးသည်။ အရာအားလုံးဆုံးရှုံးပြီးနောက်၊ စစ်မှန်သောစည်းစိမ်ဥစ္စာများကို အချစ်၊ ရဲစွမ်းသတ္တိနှင့် အသိုင်းအဝိုင်းတွင် တွေ့ရှိရမည်ဖြစ်သည်။
1
The 7 Lives of Lea (2022)

ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး
IMDbအ​နေနဲ့ 7.1ရရှိထားပါတယ်၊
Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။

ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း
​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊
အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်း
လီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ
၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊
အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း
ပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။

ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​
နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊
မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက်
တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း
အစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ
လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊
ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက်
အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊
အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊
အဆိုပါပတ်သတ်မှု​တွေက ပစ္စုပ္ပန်ထိ ပါလာဦးမလားဆိုတာကို သဘာဝလွန်ဆန်ဆန် ကြည့်ရှုရမှာပါ။
1
ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။
ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊
ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊
သိပ္ပံပညာကို ၀ါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊
လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ်
အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်..

တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။
တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့  စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်းဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။
2
Stranger Things Season 5 ( 2025 )

ဖန်တွေအားလုံး မျှော်နေကြမဲ့ နောက်ဆုံးစီစန် လာပါပြီ။ စီးရီးအပိုင်းတွေက တစ်နာရီကျော်တွေရှည်သလို ကြမ်းလည်းအရမ်းကြမ်းပါလိမ့်မယ်။ စီစန် ၄ မှာတုန်းက ပြောင်းပြန်ကမ္ဘာနဲ့ လူတွေကြားက တံခါးတွေ ပွင့်သွားတာနဲ့ အဆုံးသတ်သွားတာမို့ ဒီစီစန်မှာတော့ အလဗင်းတို့ သူငယ်ချင်းတစ်စု အစွမ်းကုန်ကြမ်းရတော့မှာပါ။

နောက်ဆုံးမှာတော့ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲ ဘယ်သူတွေအတွက် ငိုရမလဲဆိုတာ သိရပါလိမ့်မယ်။ ပထမဆုံး ၄ ပိုင်းကို နိုဝင်ဘာ ၂၆ မှာ စတင်ပြသမှာဖြစ်ပြီး ခရစ္စမတ်မှာတော့ နောက်ထပ်သုံးပိုင်းကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆုံးဇာတ်သိမ်းကိုတော့ ၂ နာရီကြာ ရုပ်ရှင်တစ်ကားစာအဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ အားလုံးအတူကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
3