UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
Caramelo (2025)

IMDb – 6.8/10, Rotten 🍅 – --%

ဒီရုပ်ရှင်ကားလေးကတော့ တိချစ်သူတွေ၊ dog person တွေ ကြိုက်နှစ်သက်မဲ့ ဇာတ်ကားလေးပါ။ ပေဒရိုက နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ လက်ထောက်စားဖိုမှူးအဖြစ်လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ သူတို့ စားသောက်ဆိုင်ကို food critic တစ်ယောက်က လာအကဲဖြတ်နေတုန်း မီးဖိုချောင်ထဲကို လေလွင့်ခွေးတစ်ကောင်က အစားအသောက်တွေ ဝင်ချီပြီး အမွှေစိန်လုပ်ပါတော့တယ်။

ဟင်းပွဲတွေနဲ့ မီးဖိုချောင်ကို နည်းနည်းမှ သေးသေးတင်မခံတဲ့ လူ့ဂွစာ ခေါင်းဆောင်စားဖိုမှူးက ခွေးလေးကို ရိုက်ဖို့လုပ်နေတုန်း ပေဒရိုက ဝင်ကာကွယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခွေးလေးက ပေဒရိုကို မှတ်ထားပြီး ပေဒရို့အိမ်အထိ လိုက်လာတာကြောင့် ပေဒရိုလည်း ခွေးလေးကို မွေးစားလိုက်ရပါတယ်။
2
Gowok: Javanese Kamasutra (2025)

IMDb – 7.2/10, Rotten 🍅 – --%

အင်ဒိုနီးရှားသမိုင်းနောက်ခံ ဒရာမာကားလေးဖြစ်ပြီး ၁၉၆၀ပြည့်လွန်လောက်က ဂျာဗားကျွန်းရဲ့ ယဉ်ကျေးမှု လူ့အဖွဲအစည်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို ရဲရဲဝံ့ဝံ့ ချပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကာမသိဒ္ဓိကျမ်းမဟုတ်တဲ့ တရုတ်နိုင်ငံကနေ အမွေအနှစ်တွေ စီးဆင်းလာခဲ့တဲ့ "အက်တမ်ပရာဝေဆ"ဆိုတဲ့ ကျမ်းကြီးအကြောင်းက အဓိကပါပဲ။ ဒီကျမ်းကတော့ ကာမသိဒ္ဓိကျမ်းနဲ့မတူဘဲ သူက ချစ်တင်းနှောမဲ့အချိန်မှာ ခန္ဓာကိုယ်ကို သန့်စင်အောင်လုပ်ပြီး ဒီဂါထာကို ရွတ်လိုက်မယ်ဆိုရင် ပိုပြီးတော့ ဆန္ဒတွေပြည့်မြောက်တယ်လို အဆိုရှိပါတယ်။

ဒီကျမ်းကြီးရဲ့ လုပ်ဆောင်ချက်တွေကို သင်ပြပေးနေတဲ့ ဂိုဝက်ခ်ဆိုတဲ့ သူတွေရှိပါတယ်။ သူတိုဟာ အိမ်ထောင်မပြုခင် ကောင်လေးတွေကို ချစ်တင်းနှောရတဲ့ အရသာကို ကောင်းကောင်းကြီးသိသွားအောင် သင်ပြပေးရသူတွေပေါ့
1
Good Boy (2025)

IMDb – 6.7/10, Rotten 🍅 - 91%

ဂူအောင်းလူသားတွေခေတ်ကတည်းက ခွေးလေးတွေဟာ လူတွေအတွက်အဖော်မွန်တွေပါ လူသားတွေထက် အာရုံခံစွမ်းကောင်းကြတဲ့အတွက် သားရဲတွေရဲ့အန္တရာယ်ကို သတိပေးခဲ့ကြတဲ့ မိတ်ဆွေလေးတွေပေါ့...

အန်ဒီဆိုတဲ့ခွေးလေးကလည်း တော့ဒ်ဆိုတဲ့အမျိုးသားတစ်ယောက်ရဲ့အဖော်မွန်ကောင်းပါ ...ပြင်းထန်အဆုတ်ရောဂါကို ခံစားနေရတဲ့တော့ဒ်က ကျေးလက်ဒေသမှာရှိတဲ့ မိသားစုပိုင်အိမ်အိုကြီးကို ပြောင်းလာခဲ့ချိန်မှာတော့ ထူးဆန်းတာတွေကို ခံစားမိတဲ့ခွေးလေးအန်ဒီက တော့ဒ်ကိုသတိပေးရုံတင်မက သူ့အစွမ်းအစရှိသမျှနဲ့ ကယ်ဆယ်ပေးဖိုကြိုးစားလာပါတော့တယ် ..
3
IMDB (8.6/10)

ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်

ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်

လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ် ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်
2
ဇာတ်လမ်းအကျဉ်း ~ လိပ်ပြာပရောဂျက်အပြီးမှာ Peacemaker တစ်ယောက်တစ်ကမ္ဘာလုံးကိုကယ်တင်ပေးနိုင်ခဲ့ပေမယ့် သူရဲ့ဆန္ဒအတိုင်း လူတွေရဲ့ဟီးရိုးတစ်ယောက်လို ဆက်ဆံခံရမှုကိုမရှိခဲ့တဲ့အပြင် ကိုယ့်စိတ်တိုင်းကျဘာတစ်ခုမှမဖြစ်လာခဲ့ပါဘူး။ ဒီလိုနဲ့ The Quantum Unfolding Storage Area ထဲဝင်ရင်းကနေမှ အရာရာပြီးပြည့်စုံနေတဲ့ Peacemaker ရှိတဲ့ Dimension အခွဲထဲကိုရောက်သွားခဲ့တဲ့အခါမှာတော့
2
The Murky Stream (2025)

Historical Drama ကြိုက်နှစ်သက်သူတွေအတွက် Rowoon, Shin Ye Eun နဲ့ Park Seo Ham စတဲ့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ အဓိကပါဝင်ထားတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး ပျက်ပြားနေတဲ့လူမှုရေးစနစ်တွေကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့အပြင် အတိတ်ကို ဖုံးကွယ်ထားပြီး ပစ္စုပ္ပန်မှာ လူဆိုးဂိုဏ်းအဖွဲဝင်အဖြစ်ရပ်တည်နေတဲ့ မာဖိုကူးတိုဆိပ်က “ဂျန်ရှီယူးလ်” .. ထက်မြက်ဖြောင့်မတ်ပြီး ဂျိုဆွန်းရဲ့အကြီးမားဆုံးကုန်သည်အဖွဲကြီးကို ဦးဆောင်နေတဲ့ “ချွဲအွန်း” .. အကျင့်ပျက်ခြစားမှုတွေအတွက် အမှုစီရင်ပေးနေတဲ့ ခေတ်ပျက်ကြီးထဲက တရားမှုရဲ့ဘက်တော်သားတစ်ယောက်ဖြစ်တဲ့ “ဂျောင်ချွန်း”
5
အသစ်ထွက် ကန်နာဒါစကားပြော အိန္ဒိယအက်ရှင်ဇာတ်ကြမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းလေးရဲ့အစမှာတော့ ရစ်ပန်ဆွာမိတစ်ယောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပါသတဲ့။

ဒီမှာပဲ ဇာတ်လမ်းကို တကျော့ပြန်တဲ့အခါ ဆွာမိဆိုတာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး။
အသားစိမ်းဆို သွေးပါမှ လတ်ဆတ်တာဆိုပြီး ရေမဆေးဘဲ စားတတ်သလို မိသားစုနဲ့
အလုပ်သမားတွေပေါ်မှာလည်း ချစ်ခင်စောင့်ရှောက်တတ်တဲ့သူ။

ဆွာမိနဲ့ ကွတ်ပူတို့က အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေ။ ဒါပေမဲ့ ဘာအကြောင်းကြောင့်ရယ်
ဘေးလူတွေဘယ်သူမှမသိဘဲ သူတို့နှစ်ယောက် ခွာပြဲပြီး အချင်းချင်း ဒုက္ခပတ်ပေးနေကြပြန်ရော။

အရင်က ရဲစခန်းမရောက်ဖူးကြတဲ့ ဆွာမိနဲ့ကွတ်ပူတို့ သူတို့မြို့ငယ်လေးဆီကိုပြောင်းလာတဲ့
အမျိုးသမီးစခန်းမှူးအသစ်ရောက်လာချိန်မှာတော့ ရဲစခန်းခဏခဏအခေါ်ခံကြရပါတော့တယ်။

ဆွာမိ ဘာလို့ သူ့ကိုယ်သူ သတ်သေသွားတာလဲ။ သတ်သေတာရောဟုတ်ရဲ့လားဆိုတာကိုအဖြေရှာလို့ ခံစားကြည့်ရှုကြပါဦး။
1
🔥ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို အက်ရှင်ခန်းတွေ၊ ဖိုက်တင်ခန်းတွေကလဲ  တကယ့်ကိုအားရစရာပါပဲ

လူမို၊က် ဂို၊ဏ်းတွေနဲ့ အပြိုင် တီးတာတွေ နဲ့ ရှယ်ကြမ်းတာမို့ အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမှာ အသေချာပါပဲ 2014 က ထွက်ခဲ့တဲ့ series ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပြီး မတရားမှုတွေကို ဥပဒေ ပြင်ပ ကနေ နှိမ်နင်းဖို့ ထောင်ထွက် ဘဲကြီးတွေနဲ့ ဖွဲ့ထားတဲ့  လျှို့ဝှကိ အဖွဲ့တခုအကြောင်း ရိုက်ပြထားတာဖြစ်ပါတယ် Ma D၊ong-se၊ok တို့ မင်းသားကြီး Kim Sang-joo၊ng တို့ပါ ပါဝင်ထားတာကြောင့် ကြည့်လို့တန်တဲ့ ဇာတ်ကားကောင်းတကားပါပဲ
2
ိပ္ပံနဲ့ ဟာသကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ Sci-fi လည်းကြည့်ချင်တယ် nterstellar တို့ 2001 : A Space Odyssey တို့လို Sci-fi ရုပ်ရှင်အလေးကြီးတွေလည်း ကြည့်ဖို့စိတ်မပါဘူးဆိုရင် ဒီရုပ်ရှင်က ရွေးချယ်သင့်တဲ့တစ်ကားပါ။

ဇာတ်လမ်းအစကို documentary ဆန်ဆန် စထားပြီး ဇာတ်လမ်းအကြောင်းဘာမှမသိဘဲ စကြည့်မယ်ဆို Sci-fi လို့တောင် သိရလိမ့်မယ်မထင်ပါဘူး။

ဇာတ်လမ်းရဲ့အစကတော့ Arthur လို့ခေါ်တဲ့လူတစ်ယောက် သူ့ရဲ့အိမ် အဖျက်ခံရတဲ့နေ့မှာပဲ ကမ္ဘာကြီးကလည်း ပျက်စီးတော့မှာမို့ သူ့ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့၊ ဂြိုလ်သားတစ်ကောင်လည်းဖြစ်တဲ့ Ford က သူ့ကိုကယ်ဖို့ အာကာသထဲကို ခေါ်သွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမှာပါ။
3
အညွှန်းခြုံငုံသုံးသပ်ချက်
ရေခဲပြင်ခွဲမီးတောင် Katla ပေါက်ကွဲပြီး လျှို့ဝှက်ဆန်းကြယ်မှုများ စတင်ပေါ်ပေါက်လာချိန်တွင် အနီးနားရှိအသိုင်းအဝိုင်း၏ ကမ္ဘာကြီးကို ဇောက်ထိုးပြောင်းသွားစေခဲ့....
2
Goosebumps series စဆုံး (မြန်မာစာတန်းထိုး)

ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး
နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက်
နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ
သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ
ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ
လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင်
ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ
တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ
ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို
လှုပ်နှိုးသလိုဖြစ်သွားပါတယ်။

အိုင်ဇယ်ယာတို့ လူငယ်တစ်သိုက်ကလည်း ဟောလိုးဝင်းပါတီကို အိမ်ပိုင်ရှင်
အသစ် မရောက်ခင် ဘစ်ဒယ်အိမ်ကြီးမှာ ကျင်းပမယ်ဆိုပြီး စူးစမ်းကြရင်း အဖြစ်
ဆိုးတွေတစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။
2
ခြုံငုံသုံးသပ်ချက်
Chester's Mill တွင်နေထိုင်သူများသည် ၎င်းတို့၏မြို့သည် ပွင့်လင်းမြင်သာသောအမိုးခုံးများဖြင့် ကမ္ဘာတစ်ဝှမ်းမှ အထီးကျန်ဖြစ်နေကြောင်း တွေ့ရှိရန် တစ်မနက်တွင် နိုးထလာကာ ၎င်းတို့သည် ယခုအခါ အရင်းအမြစ်များလျော့ပါးကာ ရှင်သန်နေကြရ....
2
Jane (2023) မြန်မာစာတန်းထိုး
------------------------------------------------
တစ်ကောင်တည်း သီးသန့်နေတတ်တဲ့ ဖြူဖြူအိအိပိုလာဝက်ဝံလေးတွေ နှာခေါင်းရှည်ရှည် ထူးခြားတဲ့အသံကိုသုံးပြီး ဆက်သွယ်ကြတဲ့ ဂါရီယယ်ဆိုတဲ့ မိချောင်းမျိုးနွယ်ဝင်တွေ

အစရှိတဲ့မတူညီတဲ့ မျိုးစိတ်တွေ မျိုးတုန်းပျောက်ကွယ်မှာစိုးတဲ့စိတ်နဲ့ အသက် ၁၀ နှစ်အရွယ် ဂျိန်းဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူရယ် မုတ်ဆိတ်ဖြူချင်ပင်ဆီလေးရယ်နဲ့အတူ တစ်ပိုင်းပြီးတစ်ပိုင်း မစ်ရှင်လေးတွေဖန်တီးကာ စူးစမ်းလေ့လာကြမှာကို စိတ်ဝင်စားဖွယ်ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်

ဒါ့အပြင် အကောင်လေးတွေရဲ့ သဘောသဘာဝ အန္တရာယ်ကျရောက်နေတဲ့ ဒီတိလေးတွေကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာပါ ထည့်သွင်းရိုက်ကူးပေးသွားတဲ့အတွက် ဗဟုသုတလည်းရစေမှာဖြစ်ပါတယ်
4
IMDB (8.7/10)

Grimm တွေဟာ သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့ လူယောင်ဆောင်နေတဲ့ သဘာဝလွန်အကောင် ဝက်ခ်ဆန်(Wesen)တွေကို မြင်နိုင်တဲ့ အမြင်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ် ။

ဇာတ်လမ်းအစမှာ မင်းသားက ရဲဆိုတော့ လူသတ်မှုတစ်ခုနဲ့စထားတယ် ။ ရဲအဖြစ်နဲ့ အမှုတွေလိုက်စုံစမ်းရင်းတစ်ချို့လူတွေရဲ့ လူပုံသဏ္ဍန် မဟုတ်တာတွေကို ဖျတ်ခနဲမြင်မြင်နေရရာကနေ လူအယောင်‌ဆောင်ထားတဲ့ သဘာ၀လွန်မကောင်း‌ဆိုးဝါးတွေကို ဘယ်လိုမျိုး တိုက်ခိုက်နှိမ်နင်းမလဲဆိုတာကတော့...

Supernatural လိုစီးရီးမျိုးကြိုက်တတ်တဲ့လူအတွက်ကတော့ တကယ့်ရှယ်ပါပဲ ...
3
၁၉၇၀ခုနှစ် ဂျပန်နိုင်ငံမှာ စတင်ထားပြီးတော့ ယာကူဇာတွေဟာ ဆာမူရိုင်းတွေကို အမြစ်ဖြတ်ချေမှုန်းရာကနေ ကျောင်းသားလေးတစ်ယောက် ကျန်ရှိလို့နေခဲ့ပါတယ်။ အဲဒီကျောင်းသားလေးကတော့ အိုဂျီလို့ခေါ်ပြီး ဂျပန်အတွက် တိုက်ပွဲဝင်ပြီးတော့ ကျဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးရဲ့ သားဖြစ်ပြီး ဆာမူရိုင်းမာစတာကြီးမှ ခေါ်ယူမွေးစားထားသူဖြစ်ပါတယ်။

သူဟာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပြီးတော့ ဂျပန်ကို စီးပွားလာရှာပြီး အိန္ဒိယမှာ ဆိပ်ကမ်းဆောက်ဖို့ ပြန်မဲ့ ဆတ်ယာဒါဒါဆိုတဲ့သူရဲ့လက်အောက်မှာ စစ်သည်တော်တစ်ဦးအနေနဲ့ မွမ်ဘိုင်းကို ပြန်လာခဲ့ပါတော့တယ်။

အိုဂျီဟာ မလိုလားတဲ့အဖြစ်အပျက်တစ်ခုကြောင့် မွမ်ဘိုင်းမြို့ကနေ ဆယ်နှစ်လောက် ရှောင်တိမ်းနေရင်း အေးချမ်းစွာနေထိုင်လျှက်ရှိပါတယ်။ ဒါပေမဲ့ ဆတ်ယာဒါဒါရဲ့ ဆိပ်ကမ်းထဲကို တရားမဝင်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကွန်တိန်နာတွေ ချရာကနေ ပြဿနာတွေက စတင်လာပါတော့တယ်။

ဂျင်မီတစ်ယောက် ကွန်တိန်နာထဲက တရားမဝင်ပစ္စည်းတွေကို လိုချင်ဇောနဲ့ ဆတ်ယာဒါဒါ့အသက်ကို ထိခိုက်ဖို့လုပ်လာခဲ့တဲ့အချိန်မှာတော့ အိုဂျီကို ဆတ်ယာဒါဒါ့လူတွေဟာ အိုဂျီကို ရှာဖွေဆက်သွယ်ကြပါတော့တယ်။

တစ်ဖက်မှာလည်း အိုဂျီတစ်ယောက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ အိုမီကနေ မိသားစုကို ခြိမ်းခြောက်လာတဲ့အတွက် သူချစ်တဲ့ မိသားစုကို ဘယ်လိုပုံစံနဲ့ ကာကွယ်သွားမလဲ ..........
ဆတ်ယာဒါဒါရဲ့ ကိစ္စကိုရော အိုဂျီတစ်ယောက် ဘယ်လို ကူညီဖြေရှင်းပေးသွားမလဲ ...... ဆိုတာတွေကို ခပ်မိုက်မိုက် ဖိုက်တင်ခန်းတွေနဲ့အတူ ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
1
Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့
ကလေး ဘ၀ကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည်
စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ…..
သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာအန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေးသွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို
ကျွန်တော်တို့ သိခဲ့ကြတယ်….
ဟော်လီးဝုဒ်ရဲ့ နာမည်ကြီး All-star A list တွေကြည့်ပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာပါပြီ.. Austin Butler, Bad Bunny , Zoe Kravitz, Matt Smith ..ပါတဲ့ Cast တွေနဲ့တင် အရမ်းကောင်းနေပြီး Rating လည်း 7.3 လောက်ရထားပါတယ်...

ဇာတ်လမ်းကတော့ရိုးရှင်းပါတယ်... ငယ်ငယ်က ဘေ့စ်ဘောအားကစားမှာ ပါရမီပါခဲ့ပေမဲ့ အက်ဆီးဒင့်တစ်ခုကြောင့် ဘဝလမ်းပျောက်ပြီး အသက်နည်းနည်းရလာတော့ ဘားတစ်ခုမှာ အဖျော်ဆရာလုပ်ပြီး ဘဝကိုအေးဆေးဖြတ်သန်းနေခဲ့တဲ့ ဟန့်ခ်သွန်ဆင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်...

သူ့ဆီကို တစ်နေ့ သူငယ်ချင်းဟောင်း ရက်စ်မိုင်နာဆိုသူက အလောတကြီးရောက်လာပြီး ကြောင်တစ်ကောင်နဲ့ သော့တစ်ချောင်းကိုပေးသွားပါတယ် ပြီးတော့ လန်ဒန်က အဖေဖြစ်သူရဲ့နောက်ဆုံးအချိန်ရောက်နေလို့ ပြန်ရမှာဆိုပြီး ဟန့်ခ်ကို ကြောင်နဲ့ သော့ကိုပါအပ်သွားတယ
1
လူတွေကြားမှာ သိုဝှယ်ဖုံးကွက်ပြီးနေတဲ့ စုန်းမလေး ..

Mayfair Witches စဆုံး (မြန်မာစာတန်းထိုး)

ရိုဝင်မှာ ပြဿနာတစ်ခုရှိနေခဲ့ပြီးအဲဒါကတော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကိုသတ်မိနေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မကောင်းတဲ့အစွမ်းပိုင်ရှင် မကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်တွေးမိလာပါတယ်။

တစ်ချိန်တည်းမှာပဲ ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိနေလို့ဒီအစွမ်းဟာ သူ့မိဘအရင်းတွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘအရင်းအချာတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို သိချင်လာပြီးအပူတပြင်းရှာဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပါတော့တယ်။

ရိုဝင်ရဲ့မကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လိုကြောင့်ဖြစ်လာတာလဲ၊သူ့မိဘအရင်းတွေက ဘယ်သူတွေဖြစ်မလဲ၊ ဘာကိစ္စကြောင့် သူ့ကိုစွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်လောက်ဆိုးရွားလဲထိုကျိန်စာဆိုးကို ရိုဝင်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ
Crd
3
TRON: Legacy (2010)

IMDb – 6.8/10, Rotten 🍅 – 81%

Tron : Legacy (2010)ကတော့ ၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့ Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။

အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကို ဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်းတွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီး Sam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။

Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့ Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော...
2
IMDb – 6.1/10, Rotten 🍅 - 82%

(ဝတ်လစ်စလစ် အခန်းတချိုပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

ဒီကားက လူ ၄ ယောက်ထဲနဲ့ ရိုက်ထားပေမဲ့ အတော်လေးကြမ်းတဲ့ Psychology Horror ကားလိုပြောရမယ်။ဇာတ်လမ်းစထဲက ဘယ်သူက လူကောင်းလူဆိုးသိနေပေမဲ့...လူတွေရဲ့ စိတ်ထဲက လျှိဝှက်ချက်တွေ မသိစိတ်တွေ မျက်ကွယ်ရာတွေ မလုံခြုံမှုတွေကို အသက်ရှူကြပ်ချင်စရာကောင်းအောင် ရိုက်ပြထားတယ်။

ဇာတ်လမ်းမှာ Sage နဲ့ Diego ဆိုတဲ့ လင်မယားက Romantic အားလပ်ရက်ခရီးထွက်လာရင်း အရိုးရေကန်ဆိုတဲ့ ခြံကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးမှာ တစ်ပတ်တာငှားလိုက်ကြတယ်။ ဖြစ်ချင်တော့ ဒီအိမ်ကို Will နဲ့ Cin ဆိုတဲ့ စုံတွဲကလည်း မကြာခင် ရောက်လာပြီး ဘွတ်ကင်လုပ်ပြီးသားဖြစ်နေတဲ့အတွက်...အိမ်ရှင်အမှားဖြစ်နေတဲ့အတွက် ညှိနှိင်းပြီး ပေါင်းနေကြဖို သဘောတူလိုက်ကြတယ်
4