UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
Netflix က ထွက်ရှိထားတဲ့ The Tailor ဆိုတဲ့ တူရကီ Series လေးပါ

ပီရာမီဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ပေါ့။ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အရာရာမှာ ဆိုးသွမ်းပြီး ဖြစ်သမျှကိုပေါ့ပေါ့လေးနဲ့ ဖြတ်သန်းနေသူပါ။

သူငယ်ချင်းဖြစ်သူက မင်္ဂလာဆောင်အတွက် ပီရာမီ ကို ဝတ်စုံချုပ်ခိုင်းပါတော့တယ်။ခက်တာက သူ့သူငယ်ချင်းတို့ မိသားစုဟာ သတို့သမီးကို ပြန်ပေးဆွဲသလို ထားထားတာပါပဲ။သူတို့ မိသားစုက ဘယ်လိုလျှို့ဝှက် ချက်တွေ ရှိနေတာလဲ။
4🥰1
Tuesday Terror Extreme (2024)
အင်္ဂါညအိပ်မက်ဆိုးများ

Horror Date Nightလေးလိုချင်သူတွေအတွက် ရွေးချယ်စရာစီးရီးကောင်းတစ်ခုဖြစ်လာမယ့် ယနေ့netflixအသစ်ထွက် Angkhan Khlumpong The series ရဲ့ ဒုအတွဲဖြစ်တဲ့ Tuesday Night terror

ဒီဇာတ်လမ်းလေးကတော့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ကြည့်ရှုသူတွေက ကိုယ်ကြုံခဲ့ရတဲ့ အံ့ဖွယ်သရဲအဖြစ်အပျက်တွေကို လာပြီးမျှဝေတဲ့ထဲက ‌တချို့ကိုရွေးထုတ်ပြီး Anthology seriesပုံစံနဲ့ ဇာတ်လမ်းတစ်ခုစီကို တင်ဆက်သွားမှာပါ။

ရှေ့seasonမှာလိုပဲ ဒီအတွဲ ၂ မှာလည်း အပိုင်း (၈) ပိုင်း ဇာတ်လမ်း (၈) ခုကို ရှုစားရမှာဖြစ်ပြီး ရှေ့seasonနဲ့မတူတာတော့ ဒီseasonက Netflix ထုတ်ဖြစ်ပြီး ၈ ပိုင်းလုံးတစ်ခါတည်းထွက်ရှိလာမှာပါ။

အရှေ့အတွဲတုန်းကလည်း လူကြိုက်များခဲ့တဲ့အပြင် ဖြစ်ရပ်မှန်ဆိုတဲ့အတွေးကလည်း ကျောချမ်းစေမှာဖြစ်လို့ အလုပ်ပင်ပန်းသမျှကို horrorနဲ့ဖြေချင်သူတွေ ရှုစားလိုက်ရအောင်နော်..
5
Nobody (2021)

IMDb – 7.4/10, Rotten 🍅 - 84%

ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။

ဇာတ်လမ်းကတော့ ရှင်းပါတယ်။ မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့ သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...

ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်း နင်းကန်သတင်းကောင်းပေးပါရစေ.....
1🔥1
Nobody 2 (2025)

IMDb – 6.7/10, Rotten 🍅 - 78%

၂၀၂၁ က ရှယ်ကြမ်းခဲ့ပြီး Box Office မှာလည်း တော်တော်ဝင်ငွေကောင်းခဲ့တဲ့ Nobody ကတော့ ယခု ( 2 ) ထပ်မံထွက်ရှိလို့ လာပါပြီ..... ပထမရုပ်ရှင်တုန်းကတော့ ဂျွန်ဝစ်ထက် ကောင်းတယ်လို့တောင် ယူဆတဲ့သူတွေရှိခဲ့ပါတယ်။ သာမန်ရိုးရိုးအေးအေး အိမ်ထောင်ရှင်တစ်ယောက်က တစ်လောကလုံးက ကြောက်ရတဲ့ အေးဂျင့်ဟောင်းကြီး ဖြစ်နေပြီး မာဖီးယားတွေကို ကျုံးတဲ့ဇာတ်လမ်းမျိုးပါ။

ပထမရုပ်ရှင်မှာ သူ့လက်က တက်တူးကိုမြင်ပြီး ကြောက်သွားကြတဲ့အခန်းတစ်ခန်းကိုလည်းတွေ့မှာပါ အဲဒီတက်တူးကတော့ စပိတ်-၇ ဖဲ နဲ့ ထောင့်-၂ ဖဲ ပုံပဲဖြစ်ပါတယ်။ အဲဒီဖဲနှစ်ချပ်ကို လူသေလက်လို့ ခေါ်ပါတယ်။ ပိုကာမှာ အညံ့ဆုံးဖဲနှစ်ချပ်ပါပဲ။ မဖြစ်နိုင်တဲ့ အသေခံစစ်ဆင်ရေးတွေကို လုပ်တဲ့လူတွေကို ထိုးပေးတဲ့ တက်တူးမျိုးပါ။ ဒါကြောင့် ဟက်ချ်ရဲ့အတိတ်ကို အကျယ်မပြပေမဲ့ ဒီတက်တူးနဲ့တင် စစ်ဆင်ရေးတွေအများကြီးမှာ အသေအကြေကျုံးခဲ့ဖူးသူမှန်းသိသာနေတာပါ။
4
Silent Hill: Revelation (2012)

IMDb – 4.9/10, Rotten 🍅 - 08%

Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။

Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို ကတိတောင်းထားခဲ့ပါတယ်။ တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။

Order အဖွဲက သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။ အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။
2
Peacemaker (2022)

IMDb Rating – 7.3/10

Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။
သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့
နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး
ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်
အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့
Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။
ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့
အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။

PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။
1
ကြိုမမြင်နိုင်သော အခြေအနေများကြောင့်၊ အာကာသကိုလိုနီနယ်ချဲ့မိသားစုတစ်ခုဖြစ်သည့် Robinsons သည် အမည်မသိကမ္ဘာတစ်ခုပေါ်တွင် ပျက်ကျသွားခဲ့သည်။ ယခုအခါ ၎င်းတို့ပတ်ဝန်းကျင်တွင် အန္တရာယ်များကြားမှ လွတ်မြောက်ရန်နှင့် လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။
47 Meters Down: Uncaged (2019)

IMDb – 5/10, Rotten 🍅 - 44%

အားလပ်ရက်မှာအကောင်းဆုံး ကြည့်ရဖို ရုပ်ရှင်တစ်ကား ပေးချင်ပါတယ် ဒါကတော့ ရုံတင်သွားတဲ့စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့မြိုဟောင်းကို သွားစူးစမ်းကြတယ်။မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကိုနှစ်သက်တတ်သူတွေအတွက် ခံစားလိုကောင်းမှာပါ။
ဖရန်ကလင် ဟက်ချ် (Chris Tucker) ဆိုတဲ့ လျှာသွက်တဲ့ လူလိမ်လေးတစ်ယောက်က လော့စ်အိန်ဂျလိစ်မှာ လက်မှတ်အတုရောင်းရင်း ရုတ်တရက် ရဲတွေနဲ့ ပြဿနာတက်တယ်။ သူ့ကို ထောင်ဆီပိုတဲ့ ဘတ်စ်ကားပေါ်မှာ လူဆိုးကြီး ဒူဘွာ့စ်က ထွက်ပြေးတော့ ဖရန်ကလင်ပါ မတော်တဆ ထွက်ပြေးလွတ်သွားတယ်။ ဒါပေမယ့် ဒူဘွာ့စ်က ဖရန်ကလင်ကို “မင်းငါ့စိန်တွေကို ခိုးထားတယ်” ဆိုပြီး လိုက်ရှာနေတာ

ဒီမှာ ဂျိမ်းစ် ရပ်ဆဲလ် (Charlie Sheen) ဆိုတဲ့ သတင်းထောက်တစ်ယောက်က ဖရန်ကလင်ကို သူ့သတင်းဇာတ်လမ်းအတွက် အသုံးချဖို ကူညီပေးရင်း သူငယ်ချင်းဖြစ်လာတယ်။ ဂျိမ်းစ်က သူ့ရည်းစားရဲ့ အဖေကို အထင်ကြီးအောင် လုပ်ဖို ကြိုးစားနေတုန်း၊ ဖရန်ကလင်ရဲ့ အလွဲတွေကြောင့် သူ့ဘဝပါ ရှုပ်ထွေးသွားတယ်။
3
Howl (2015)

IMDb – 5.5/10, Rotten 🍅 - 63%

2015ခုနှစ်ကထွက်ရှိထားတဲ့ ထိတ်လန့်သည်းဖို သမန်းဝံပုလွေရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

ရထားလက်မှတ်စစ်ဖြစ်တဲ့ ဂျိုးတစ်ယောက် သူ့တာဝန်ချိန်ပြီးလို နားမယ်လုပ်မှအထက်လူကြီးက အိစ်ဘရော့ကို ညဘက်ထွက်မဲ့ရထားမှာ တာဝန်ပေးလိုက်တာမိုမလွန်ဆန်နိုင်ပဲ အလုပ်ထပ်ဆင်းရပါတယ်။ အိစ်ဘရော့ကို သွားနေရင်းနဲ့ပဲ တောတွင်းတစ်နေရာမှာ ရထားပျက်သွားခဲ့တယ်။

ဒီမှာပဲ ခရီးသည်တွေနဲ့ ဂျိုးတို ရထားပေါ်ကနေဆင်းပြီး ခြေလျင်ခရီးသွားမယ်အလုပ်တောတွင်းက ဘာမှန်းမသိတဲ့သတ္တဝါနဲ့ရင်ဆိုင်ရပြီး ခရီးသည်တစ်ယောက် အကိုက်ခံလိုက်ရတဲ့အခါမှာတော့...
အနာဂတ်မှာ ဗိုင်းရပ်စ် တမျိုးပျံနှံ့ပြီး လူသားတွေ အားလုံးနီးပါး

မျိုးသုန်းပျောက်ကွယ်သွားချိန်မှာ အသက်ရှင်ကျန်ရစ်တဲ့

သူတွေကတော့ မျက်လုံးတွေ ကွယ်သွားကြတယ်

နောက်ပိုင်း အမြင်အာရုံနဲ့ ပတ်သတ်တဲ့ အကြောင်းအရာက

ဒဏ္ဍာရီ သဖွယ်ဖြစ်သွားပြီး အမြင်အာရုံကို ယုံကြည်တဲ့ သူတွေကို

အယူမှားယွင်းသူလို့ စွပ်စွဲခံရတဲ့ အခြေအနေဖြစ်လာပါတယ်

ဒဏ္ဍာရီဆန်ဆန်မြင်နိုင်စွမ်းနဲ့ မွေးဖွားလာတဲ့ အမြွှာတွေရဲ့ဖခင်ဟာ

သူ့ရဲ့မျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ဘုရင်မ ရန်ကနေ

ကာကွယ်ရဖို့ ဖြစ်လာပါတယ်

ဒီအကြောင်းအရာတွေ စတင်လာတဲ့

TV Serie တခုကို မြန်မာစာတန်းထိုးနဲ့

တင်ပေးလိုက်ပါတယ်
SEE Season 2 Complete မြန်မာစာတန်းထိုး

ဒီ အပိုင်းမှာတော့ Baba တယောက်

သမီးဖြစ်သူ Haniwa ကိုရှာဖွေ ကယ်တင်ဖို့အတွက်

သူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျိန်ဆိုထားတဲ့

အန္တရာယ်များတဲ့ နယ်မြေတခုထဲကို ဝင်ရောက်ခဲ့ပါတယ်

တချိန်ထဲမှာပဲ ဘုရင်မKane ကPayan နိုင်ငံရဲ့

မြို့တော်သစ်ကို သတ်မှတ်ပြီး

အံ့အားသင့်ဖွယ် ကြေငြာချက်မှု ပြုလုပ်ခဲ့ပါတယ်

ကြာနေတဲ့အတွက် တောင်းပန်ပါတယ်
"ရပ်ရင် ပစ်သတ်မယ်"
"လျှောက်လမ်းပေါ်က အသက်များ"

"IMDB 7.4 Rotten tomatoes 89% နဲ့တာထွက်ကြမ်းနေတဲ့ 2025 L_o-n_g W-a_l-k

စီးပွားပျက်နေတဲ့နိုင်ငံမှာ လူတွေကို ဒါထွက်ပေါက်ပါဆိုပြီး
ဆင်းရဲတွင်းထဲကထွက်ချင်သူတွေကို ရိုက်သွင်းထားတဲ့ စနစ်ဆိုးကြီးတစ်ခုရှိတယ်

နိုင်ငံဆင်းရဲနေတာကြောင့် ကိုယ်တိုင်ချမ်းသာချင်ရင် ဒီ"လျှောက်လမ်းရှည်"ပြိုင်ပွဲကိုဝင်ပြိုင်ရမယ်
နှစ်စဉ်ကျင်းပတာဖြစ်ပြီး အနိုင်ရသူတစ်ဦးသာ၊ နိုင်ရင်ဖြစ်ချင်တာဖြစ်လိုရာတစ်ခုတောင်းခွင့်ရှိမယ်
ပြီုင်ပွဲမှာလုပ်ရမှာက လမ်းလျှောက်နေဖို့ပဲ ရပ်ခဲ့ရင်ဝမ်နင်ပေးပြီး သတ်ပြီ
ပန်းတိုင်မရှိဘူး လမ်းလျှောက်ရတာ၂ ည ၃ ညလည်းဖြစ်သွားနိုင်တယ်
နောက်ဆုံးတစ်ယောက်တည်းကျန်သူ အနိုင်ရမယ်။
ဇာတ်ကားတစ်ကားလုံးအပို ဒရာမာမခင်း
လက်တွေ့ဆန်ဆန် Survival Movie တစ်ခုရှာနေရင် ဒီကားကကြည့်ကိုကြည့်သင့်ပါတယ်"
1
J*A*A*T (2025)
====================

သီရိလင်္ကာနိုင်ငံ ဂျဖ်နာတောနက်မှာ
သီရိလင်္ကာစစ်တပ်ရဲ့ စောင့်ကြည့်မှုအောက်မှာ
အလုပ်ကြမ်းလုပ်နေကြရတဲ့ ရာနာတွန်ဂါနဲ့
သူ့ညီ ဆိုမလုတို့အဖွဲ့ဟာ တစ်နေ့မှာတော့
ရွှေချောင်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာကြီးတစ်လုံးကို
ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်ပဲ သီရိလင်္ကာစစ်သား
တွေကို ပုန်ကန်တိုက်ခိုက်ကာ လှေတစင်းနဲ့ အိန္ဒိယ
နိုင်ငံရှိရာကို လှော်ခပ် ထွက်ပြေးလာကြပါတယ်။
ဒီလိုနဲ့ အိန္ဒိယရဲ့ ကမ်းရိုးတမ်းကို
ရောက်တယ်ဆိုရင်ပဲ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို
ခံလိုက်ရပါတော့တယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့ပေမဲ့လည်း
ပါလာတဲ့ ရွှေချောင်းအချို့ကို ရဲတွေကိုပေးပြီး
လာဘ်ထိုးတာကြောင့် ရဲတွေက အိန္ဒိယနိုင်ငံသားအဖြစ်
သက်သေခံစာရွက်စာတမ်း လုပ်ပေးလိုက်တာပေါ့။
တရားမဝင်ခိုးဝင်လုပ်သားတွေဟာ တရားဝင်
နိုင်ငံသား ဖြစ်လာတဲ့အပြင် ဒုစရိုက်မှုပေါင်းစုံကျူးလွန်ကာ
ကမ်းရိုးတမ်းဒေသတစ်လျှောက်က ရွာသားတွေကို အမျိုးမျိုး
ဖိနှိပ်လာတဲ့အကြောင်း ဒေလီကသမ္မတကြီးဆီ သတင်း
ရောက်သွားတဲ့ အခါမှာတော့…
မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့ ရွာသားတွေကို
ဘယ်သူက အကူအညီလာပေးမှာလဲ…
သီရိလင်္ကာက ခိုးဝင်လာတဲ့ ရာနာတွန်ဂါကို ဘယ်သူက
အဆုံးသတ်ပေးမှာလဲ…
ဘယ်လိုဇာတ်ကွက် အလှည့်အပြောင်းတွေက ဆီးကြို
နေမလဲ…
ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှု အားပေး
ကြပါဦးလို့ …
ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။
3
အပျိုစင် ၂၄ ယောက်တိတိကို သတ်ပြီး ပြီးပြည့်စုံတဲ့ရေမွှေးကိုဖန်တီးတဲ့အခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီဇာတ်ကားကို အပျိုစင်တွေကိုသတ်ပြီး ရေမွှေးလုပ်တဲ့
ကားဆိုပြီး အတော်လေး လူသိများပါတယ်။ဇာတ်အိမ်ကထူးဆန်းပြီး ဇာတ်ဝင်ခန်းတိုင်း စိတ်ဝင်စားဖို့ကောင်းတော့ IMDb မှာလဲ 7.5/10 အထိတောင် ရှိထား
ပါတယ်။ မကြည့်ရသေးရင် ကြည့်ဖို့ညွှန်းလိုက်ပါတယ်။ကောင်လေးကို သူ့အမေက အရမ်းနံစော်စုတ်ပြတ်နေတဲ့ စျေးထဲမှာမွေးပြီး ပစ်ထားလိုက်ပါတယ်။သူရဲ့ပထမဆုံး ငိုသံက ပဲ သူအမေလည်ပင်းကိုကြိုးကွင်းစွတ်ခဲ့ပါတယ်။သူဟာ..စဥ်းစားဆင်ခြင်နိုင်စွမ်းသိပပ်မရှိပေမယ့်အနံခံကောင်းတဲ့ပါရမီပါလာပါတယ်။နောက်ဆုံးမှာသူဟာ..သူများတွေနဲ့မတူဘဲ မိန်းခလေးတွေ အပျိုစင်တွေရဲ့ကိုယ်သင်းနံ အဆီနဲ့ရေမွှေးထုတ်ဖို့ကြိုးစားပါတယ်။မြို့ထဲမှာ မိန်းမပျိုလေးတွေ သေကြေပျောက်ဆုံးနေတာက်ိုအများကသတိထားမိလာတဲ့အခါမှာတော့
3
သူ၏ မြင့်မားသော စူးစမ်းလေ့လာနိုင်စွမ်းနှင့် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ အသိပညာကို အသုံးပြု၍ အတိုင်ပင်ခံတစ်ဦးသည် ၎င်း၏မိသားစု၏ လူသတ်သမားကို ရှာဖွေရာတွင် ရာဇ၀တ်မှုများစွာကို ဖြေရှင်းပေး
1
Overview
Eli Roth presents true stories of haunting's that have shattered the lives of the people who have experienced them; equal parts terrifying and evocative, Roth exposes the real-life horror of paranormal survivors dragged to hell and back.
1
Sullivan’s Crossing (2023)
===================
IMDb Rating – 6.9/10

New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီး best seller စာရင်း
ဝင်ခဲ့တဲ့ စာရေးဆရာမ Robyn Carr ရဲ့ဝတ္ထုငါးပုဒ်ကို အခြေခံပြီး
ရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်မသွင်းခင်မှာလည်း Audio book
တွေ ထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှု များစွာရရှိထားတဲ့ ဇာတ်
လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

မက်ဂီဆူလီဗန်ဆိုတဲ့ အမျိုးသမီးတစ်ဦးက ဘော်စတွန်ဆေးပညာ
အသိုင်းအဝိုင်းရဲ့ အအောင်မြင်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ
ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ သူမရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကို
ရောက်နေချိန်မှာပဲ ရုတ်တရက် ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်
ဇာတိမြို့လေးကို ပြန်ရောက်လာခဲ့တယ်။

ဖခင်ရှိရာမြို့လေးမှာနေနေရင်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
ဆိုသလို အရင်က သူကုသပေးခဲ့တဲ့ လူနာတစ်ယောက်က ရုတ်
တရက်ဆုံးပါးသွားပြီး လိုင်စင်ပိတ်သိမ်းပေးဖို့ တရားစွဲဆိုခံရတဲ့
ထိ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ လိုင်စင်မပိတ်သိမ်းခံရဖို့ တစ်ခု
တည်းသော နည်းလမ်းက အဲဒီမြို့လေးမှာပဲ မထင်မရှားဘဝနဲ့
နေသွားရမယ် ဆိုတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ……
သူ့ရဲ့အောင်မြင်တဲ့ဘဝဆီ ပြန်သွားပြီး အဖြစ်မှန်တွေနဲ့ ရင်ဆိုင်
မလား၊ ငယ်ဘဝရဲ့ ဒဏ်ရာတွေကို ကုစားဖို့ နယ်မြို့လေးမှာပဲ
ဆက်နေမလား ဆိုတဲ့ မတူညီတဲ့ဘဝနှစ်ခုကြား အားပြိုင်လွန်
ဆွဲမှုတွေကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။
3
Overview
Legal drama erupts between a family that is the paragon of virtue and the other, a leading law firm dealing with all shades of grey.
ဒေ့ဘာတိစတာ၊ ဆမ်မြူရယ်ဂျက်ဆင် နဲ့ G-O-T ထဲက တော်မန်ကြီး Kristofer Hivju တို့ပါဝင်ထားတဲ့ အက်ရှင်ကားအသစ်ပါ။

နေပေါက်ကွဲမှုဖြစ်ပြီး ကမ္ဘာကြီးပျက်အပြီး ကာလကို အခြေခံထားပါတယ်။ အမှောင်ထုထဲမှာ လူတွေ အချင်းချင်း သားကောင်ချနင်းပြီး အသက်ရှင်ဖို့ ကြိုးစားနေကြတဲ့ကာလပါ။

တစ်ကမ္ဘာလုံးမှာလည်း လူအင်အားနဲ့လက်နက်အဓိကဖြစ်တဲ့ စစ်ဘုရင်တွေပဲ အုပ်ချုပ်နေပါတယ်။ ဂျိတ် ဆိုတဲ့လူကတော့ ကမ္ဘာပေါ်က ရတနာမျိုးစုံကို ရှာဖွေတဲ့နေရာမှာ အတော်ဆုံးလူတစ်ယောက်ပါ။

တစ်နေ့မှာတော့ ဩဂတ်ဆိုတဲ့ စစ်ဘုရင်က မိုနာလီဆာကိုရှာဖို့ ဂျိတ်ကို ရန်သူတော်ကြီးဗိုကော့ရဲ့ နယ်ထဲကို လွှတ်လိုက်ပါတယ်။

လက်နက်အပြည့်တင့်ကားတွေနဲ့ တပ်တွေကြားထဲမှာ တကိုယ်တော်စွန့်စားရင်း မိုနာလီဆာကို ဘယ်လို ရအောင် လုမလဲဆိုတာ ကြည့်ရမှာပါ။
1