UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
အမေရိကန် ဟော်ရာစတိုရီ ဆိုတဲ့ ဇာတ်လမ်းတွေတွေဟာ အပိုင်းရာချီရှိပြီး အတော်လေးလည်း ကျယ်ပြန့်ပါတယ်။
ဒါပေမဲ့ အဲဒီရာချီနေတဲ့အပိုင်းတွေကို မကြည့်နိုင်သေးလည်း ဟောဒီအသစ်ထွက်ရှိထားတဲ့ American Horror Stories ဆိုတဲ့
စီးရီးအသစ်လေးတွေကို ခံစားကြည့်နိုင်ပါတယ်။
တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်မထားဘဲ သီးခြားကြောက်စရာဇာတ်လမ်းတစ်ပုဒ်စီမို့
သရဲပုံပြင်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေရသလိုကို အရသာရှိမှာပါ။
ဇာတ်လမ်းတွေကလည်း ဖန်တရာတေ ဟော်ရာဇာတ်လမ်းတွေမဟုတ်ဘဲ
တစ်ပိုင်းပြီးတစ်ပိုင်းကို ဆန်းသစ်တဲ့စီးရီးမို့ ဟော်ရာပရိသတ်တွေ
သေချာပေါက်အကြိုက်တွေ့မှာပဲဆိုပြီး တင်ဆက်ပေးလိုက်တာပါပဲ။
ခံစားကြည့်လိုက်ပါဦး။ တစ်ပိုင်းချင်းကို ဟော်ရာရုပ်ရှင်တစ်ကားလိုသဘောထားပြီး
ဇိမ်နဲ့ကြည့်လို့ရပါတယ်။
4
Aakhri Sach (2023)
IMDb 7.9

ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး
ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်


ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့
“Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ

ဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး
ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်
မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ‌ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က
ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်

ဇာတ်လမ်းအညွှန်း…
မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း
မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ ‌သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ
ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက
သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း ‌ သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှ
မပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့

သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့
မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့
ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့
တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ ‌သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်
2
ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။
 
သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး Ye Soo-jung, လီချန်းဒုံလက်စွဲဖြစ်ခဲ့တဲ့ မင်းသမီး Moon So-ri, Bloodhounds တို့၊ Love Is for Suckers တို့ထဲ မင်းသား Choi Si-won, လက်ရှိနာမည်ကြီးနေတဲ့ Destined With You ထဲက Ha Jun, Sweet Home တို့၊ The Divine Move တို့ထဲ သိပ်လှတဲ့မမ Lee Si-young, Ghost Doctor ထဲက မင်းသမီး Uee, Reply 1988 ထဲက Lee Dong-hwi တို့အပြင် Kim Bo-ra, Shin Eun-soo, Lee David တို့ပါ ပါပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ မစိမ်းတဲ့လူတွေတော့ ဒီလူတော်တော်များများကို သိကြမှာပါ။ မျက်နှာမစိမ်းတဲ့သရုပ်ဆောင်တွေနဲ့ Concept ကောင်းကောင်း ဇာတ်လမ်းတွေပေါင်းစပ်ထားတဲ့ ရှားပါးတဲ့ သိပ္ပံစိတ်ကူးယဉ်ကေဒရာမာစီးရီးကောင်းမို့ လက်လွတ်ခံရင်လည်း သင့်ထိုက်နဲ့ သင့်ကံပါပဲ။
2
Mask Girl(2023)
Mask Girl(2023)

****
အပိုင်း(၁ မှ ၇) စ/ဆုံး

(18+ ဆန်ဆန်အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်မယ်ဆိုရင်
အနည်းငယ်သတိပြုစေလိုပါတယ်.._
Mask Girl (Streaming television series) ကို Mae Mi ဆိုတဲ့ Webtoon
ကို အခြေခံပြီးတော့ ဒါရိုက်တာ Kim Yong-hoon မှ ရိုက်ကူးထားတာ ဖြစ်တယ် Starring တွေအနေနဲ့
Go Hyun-jung, Aha Jae-hong, Yoon Hye-ran တို့ ပါဝင်ကြတယ်

Kim Mo-Mi က ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုမရှိတဲ့

သာမန် ရုံးဝန်ထမ်းလေးတစ်ယောက်ဖြစ်တယ် သူငယ်စဉ်ကတည်းက တောက်ပတဲ့

မီးရောင်အောက်က စတိတ်စင်ပေါ်မှာ ဖျော်ဖြေချင်တဲ့
စိတ်ကူးအိပ်မက်လေးတစ်ခု ရှိခဲ့တယ် အသက်ကြီးလာတဲ့အခါမှ ရုပ်ကတော့ တဖြည်းဖြည်း ဆိုးလာပေမဲ့
သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကိုတော့ ဂုဏ်ယူနေခဲ့တယ်
အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါမှာ မျက်နှာဖုံးကို တပ်ပြီး သူ့ကိုယ်သူ

Mask Girl အဖြစ် live တွေ လွှင့်ခဲ့တယ် ….ပရိတ်သတ်တွေအများကြီးရခဲ့သလို

သူမရဲ့ live လွှင့်ချက်တွေကလည်း လက်ရှိမှာ အတော်ရေပန်းစားတယ်…

ပြီးတော့ မျက်နှာဖုံးနောက်ကွယ်က သူ့ရဲ့မျက်နှာကိုမြင်ဖူးချင်တဲ့သူတွေ

စိတ်ဝင်စားတဲ့သူတွေကလည်းဒုနဲ့ဒေးပါပဲ..

အဲ့ဒီနောက်မှာတော့ သူ့ဘဝကို လွှမ်းခြုံသွားမယ့် ကံကြမ္မာဆိုးကြီးတစ်ခု ပေါ်လာခဲ့တယ်…

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..
2👍2
A Perfect Story (2023) A Netflix Mini Series

~ IMDb - 7.6/10, Rotten Tomatoes - 88% ~


"A Perfect Story" ဆိုတဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်း ဒါမှမဟုတ် စိတ်ကူးယဉ်ချစ်ပုံပြင်ဆိုတာ လက်တွေ့မှာ မရှိပါဘူး၊ အရမ်းရှားတယ်ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီ စီးရီးထဲမှာတော့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို လက်တွေ့ကျတဲ့ရှုထောင့်တွေကနေ ခံစားရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းကိုတော့ မာဂေါ့နဲ့ ဒေးဗစ်ဆိုတဲ့ လူနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ မာဂေါ့နဲ့ ဒေးဗစ်တို့ နှစ်ယောက်က ဘဝပေးအခြေအနေအရမ်း ခြားနားတယ်ပဲပြောရမှာပေါ့။ တစ်ယောက်က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်အင်ပါယာကြီးကို အမွေဆက်ခံရတဲ့သူ၊ တစ်ယောက်က ဘဝခရီးဆက်ဖို့အတွက် အလုပ်သုံးခုလုပ်နေရသူပေါ့။ ဒါပေမဲ့ နှစ်ယောက်ရဲ့ အချစ်ရေးက ဇာတာချင်းတူနေခဲ့ပါတယ်။ နှစ်ယောက်လုံး အခြေနေအကြောင်းကြောင်းကြောင့် ကိုယ့် Ex တွေနဲ့ လမ်းခွဲခဲ့ကြရပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်သားက မထင်မှတ်တဲ့ကိစ္စ၊ မထင်မှတ်ထားတဲ့နေရာမှာ တွေ့ခဲ့ကြပါတယ်...
3
၂၀၁၆ မှာ အသစ်ထွက်ရှိလာတဲ့ Action, Drama ဇာတ်လမ်းတွဲအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ "Point of Impact" လို့ အမည်ရတဲ့ အရောင်းရဆုံး ၀တ္ထုရှည်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ သေနတ်နဲ့ အမဲလိုက်ရာမှာ အရမ်းကျွမ်းကျင်ပြီး တိကျတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် Bob Lee Swagger အကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ သမ္မတကို ကာကွယ်ရမယ့် အထူးမစ်ရှင်မှာ ပါဝင်ဖို့ လာရောက်ကမ်းလှမ်းခံရပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သိရဖို့အတွက် ဇာတ်လမ်းထဲမှာ ပါဝင်စီးမျော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ဒေါင်းရတဲ့ သူလည်း သက်သာအောင် ဖိုင်ဆိုဒ်အသေးနဲ့ ကြည်နေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ်။ နောက်ထပ်လာမယ့် အပိုင်းတွေကိုလည်း ဒီပို့စ်အောက်မှာပဲ ဆက်လက်တင်ပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ Bluefoxmovies Facebook Fan Page ကနေလည်း တစ်ပိုင်းတင်တိုင်း အသိပေးသွားမှာဖြစ်ပါတယ်။ ကျေနပ်အားရမယ်လို့လည်း မျော်လင့်ပါတယ်။
2
ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် မပြောတော့ပါဘူး။ ပြီးတော့ Cruel Summer ကို နောက်ထပ် အကြိုက်တွေ့တဲ့အချက်က မင်းသမီးတွေကို ဇွတ်ဇာတ်နာအောင် လုပ်ပြမထားပါဘူး သဘောလောက်ပဲ ပြထားပြီး ဇာတ်လမ်းကို အရှိန်မကျအောင် ဆွဲခေါ်သွားပါတယ်။ လူ့အဖွဲ့အစည်းကဘာဖြစ်တယ် ညာဖြစ်တယ် သားသမီးတွေနဲ့ မိဘတွေကြားမှာ ဘယ်လိုဘယ်ညာ အဲဒီလိုမက်ဆေ့တွေကို အော်ပရေတာတွေက မက်ဆေ့ပေးသလို မက်ဆေ့တွေ တစ်ပြုံတစ်ခေါင်းကြီး မပေးတာလည်း ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြောချင်ပါတယ်။ လူတွေကလူတွေပဲမဟုတ်လား…
 
ဒီဇာတ်လမ်းမှာတော့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ပုံမှန်ဆယ်ကျော်သက်ပြဿနာထက်ပိုတဲ့ ပြဿနာတွေ ကြုံတွေ့ရတဲ့အကြောင်းကို တစ်ပိုင်းပြီးသွားတိုင်း တစ်ခန်းပြီးသွားတိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်ရင်း စိတ်ခုန်ရင်း အရင်ကအတိုင်း ကြည့်ရမှာပါ။
 
(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)
5🥰1
Netflix က ထွက်ရှိထားတဲ့ The Tailor ဆိုတဲ့ တူရကီ Series လေးပါ

ပီရာမီဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ပေါ့။ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အရာရာမှာ ဆိုးသွမ်းပြီး ဖြစ်သမျှကိုပေါ့ပေါ့လေးနဲ့ ဖြတ်သန်းနေသူပါ။

သူငယ်ချင်းဖြစ်သူက မင်္ဂလာဆောင်အတွက် ပီရာမီ ကို ဝတ်စုံချုပ်ခိုင်းပါတော့တယ်။ခက်တာက သူ့သူငယ်ချင်းတို့ မိသားစုဟာ သတို့သမီးကို ပြန်ပေးဆွဲသလို ထားထားတာပါပဲ။သူတို့ မိသားစုက ဘယ်လိုလျှို့ဝှက် ချက်တွေ ရှိနေတာလဲ။
4🥰1
Tuesday Terror Extreme (2024)
အင်္ဂါညအိပ်မက်ဆိုးများ

Horror Date Nightလေးလိုချင်သူတွေအတွက် ရွေးချယ်စရာစီးရီးကောင်းတစ်ခုဖြစ်လာမယ့် ယနေ့netflixအသစ်ထွက် Angkhan Khlumpong The series ရဲ့ ဒုအတွဲဖြစ်တဲ့ Tuesday Night terror

ဒီဇာတ်လမ်းလေးကတော့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ကြည့်ရှုသူတွေက ကိုယ်ကြုံခဲ့ရတဲ့ အံ့ဖွယ်သရဲအဖြစ်အပျက်တွေကို လာပြီးမျှဝေတဲ့ထဲက ‌တချို့ကိုရွေးထုတ်ပြီး Anthology seriesပုံစံနဲ့ ဇာတ်လမ်းတစ်ခုစီကို တင်ဆက်သွားမှာပါ။

ရှေ့seasonမှာလိုပဲ ဒီအတွဲ ၂ မှာလည်း အပိုင်း (၈) ပိုင်း ဇာတ်လမ်း (၈) ခုကို ရှုစားရမှာဖြစ်ပြီး ရှေ့seasonနဲ့မတူတာတော့ ဒီseasonက Netflix ထုတ်ဖြစ်ပြီး ၈ ပိုင်းလုံးတစ်ခါတည်းထွက်ရှိလာမှာပါ။

အရှေ့အတွဲတုန်းကလည်း လူကြိုက်များခဲ့တဲ့အပြင် ဖြစ်ရပ်မှန်ဆိုတဲ့အတွေးကလည်း ကျောချမ်းစေမှာဖြစ်လို့ အလုပ်ပင်ပန်းသမျှကို horrorနဲ့ဖြေချင်သူတွေ ရှုစားလိုက်ရအောင်နော်..
5
Nobody (2021)

IMDb – 7.4/10, Rotten 🍅 - 84%

ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။

ဇာတ်လမ်းကတော့ ရှင်းပါတယ်။ မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။ မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့ သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...

ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်း နင်းကန်သတင်းကောင်းပေးပါရစေ.....
1🔥1
Nobody 2 (2025)

IMDb – 6.7/10, Rotten 🍅 - 78%

၂၀၂၁ က ရှယ်ကြမ်းခဲ့ပြီး Box Office မှာလည်း တော်တော်ဝင်ငွေကောင်းခဲ့တဲ့ Nobody ကတော့ ယခု ( 2 ) ထပ်မံထွက်ရှိလို့ လာပါပြီ..... ပထမရုပ်ရှင်တုန်းကတော့ ဂျွန်ဝစ်ထက် ကောင်းတယ်လို့တောင် ယူဆတဲ့သူတွေရှိခဲ့ပါတယ်။ သာမန်ရိုးရိုးအေးအေး အိမ်ထောင်ရှင်တစ်ယောက်က တစ်လောကလုံးက ကြောက်ရတဲ့ အေးဂျင့်ဟောင်းကြီး ဖြစ်နေပြီး မာဖီးယားတွေကို ကျုံးတဲ့ဇာတ်လမ်းမျိုးပါ။

ပထမရုပ်ရှင်မှာ သူ့လက်က တက်တူးကိုမြင်ပြီး ကြောက်သွားကြတဲ့အခန်းတစ်ခန်းကိုလည်းတွေ့မှာပါ အဲဒီတက်တူးကတော့ စပိတ်-၇ ဖဲ နဲ့ ထောင့်-၂ ဖဲ ပုံပဲဖြစ်ပါတယ်။ အဲဒီဖဲနှစ်ချပ်ကို လူသေလက်လို့ ခေါ်ပါတယ်။ ပိုကာမှာ အညံ့ဆုံးဖဲနှစ်ချပ်ပါပဲ။ မဖြစ်နိုင်တဲ့ အသေခံစစ်ဆင်ရေးတွေကို လုပ်တဲ့လူတွေကို ထိုးပေးတဲ့ တက်တူးမျိုးပါ။ ဒါကြောင့် ဟက်ချ်ရဲ့အတိတ်ကို အကျယ်မပြပေမဲ့ ဒီတက်တူးနဲ့တင် စစ်ဆင်ရေးတွေအများကြီးမှာ အသေအကြေကျုံးခဲ့ဖူးသူမှန်းသိသာနေတာပါ။
4
Silent Hill: Revelation (2012)

IMDb – 4.9/10, Rotten 🍅 - 08%

Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။

Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို ကတိတောင်းထားခဲ့ပါတယ်။ တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။

Order အဖွဲက သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။ အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။
2
Peacemaker (2022)

IMDb Rating – 7.3/10

Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။
သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့
နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး
ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်
အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့
Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။
ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့
အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။

PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။
1
ကြိုမမြင်နိုင်သော အခြေအနေများကြောင့်၊ အာကာသကိုလိုနီနယ်ချဲ့မိသားစုတစ်ခုဖြစ်သည့် Robinsons သည် အမည်မသိကမ္ဘာတစ်ခုပေါ်တွင် ပျက်ကျသွားခဲ့သည်။ ယခုအခါ ၎င်းတို့ပတ်ဝန်းကျင်တွင် အန္တရာယ်များကြားမှ လွတ်မြောက်ရန်နှင့် လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။
47 Meters Down: Uncaged (2019)

IMDb – 5/10, Rotten 🍅 - 44%

အားလပ်ရက်မှာအကောင်းဆုံး ကြည့်ရဖို ရုပ်ရှင်တစ်ကား ပေးချင်ပါတယ် ဒါကတော့ ရုံတင်သွားတဲ့စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့မြိုဟောင်းကို သွားစူးစမ်းကြတယ်။မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကိုနှစ်သက်တတ်သူတွေအတွက် ခံစားလိုကောင်းမှာပါ။
ဖရန်ကလင် ဟက်ချ် (Chris Tucker) ဆိုတဲ့ လျှာသွက်တဲ့ လူလိမ်လေးတစ်ယောက်က လော့စ်အိန်ဂျလိစ်မှာ လက်မှတ်အတုရောင်းရင်း ရုတ်တရက် ရဲတွေနဲ့ ပြဿနာတက်တယ်။ သူ့ကို ထောင်ဆီပိုတဲ့ ဘတ်စ်ကားပေါ်မှာ လူဆိုးကြီး ဒူဘွာ့စ်က ထွက်ပြေးတော့ ဖရန်ကလင်ပါ မတော်တဆ ထွက်ပြေးလွတ်သွားတယ်။ ဒါပေမယ့် ဒူဘွာ့စ်က ဖရန်ကလင်ကို “မင်းငါ့စိန်တွေကို ခိုးထားတယ်” ဆိုပြီး လိုက်ရှာနေတာ

ဒီမှာ ဂျိမ်းစ် ရပ်ဆဲလ် (Charlie Sheen) ဆိုတဲ့ သတင်းထောက်တစ်ယောက်က ဖရန်ကလင်ကို သူ့သတင်းဇာတ်လမ်းအတွက် အသုံးချဖို ကူညီပေးရင်း သူငယ်ချင်းဖြစ်လာတယ်။ ဂျိမ်းစ်က သူ့ရည်းစားရဲ့ အဖေကို အထင်ကြီးအောင် လုပ်ဖို ကြိုးစားနေတုန်း၊ ဖရန်ကလင်ရဲ့ အလွဲတွေကြောင့် သူ့ဘဝပါ ရှုပ်ထွေးသွားတယ်။
3
Howl (2015)

IMDb – 5.5/10, Rotten 🍅 - 63%

2015ခုနှစ်ကထွက်ရှိထားတဲ့ ထိတ်လန့်သည်းဖို သမန်းဝံပုလွေရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

ရထားလက်မှတ်စစ်ဖြစ်တဲ့ ဂျိုးတစ်ယောက် သူ့တာဝန်ချိန်ပြီးလို နားမယ်လုပ်မှအထက်လူကြီးက အိစ်ဘရော့ကို ညဘက်ထွက်မဲ့ရထားမှာ တာဝန်ပေးလိုက်တာမိုမလွန်ဆန်နိုင်ပဲ အလုပ်ထပ်ဆင်းရပါတယ်။ အိစ်ဘရော့ကို သွားနေရင်းနဲ့ပဲ တောတွင်းတစ်နေရာမှာ ရထားပျက်သွားခဲ့တယ်။

ဒီမှာပဲ ခရီးသည်တွေနဲ့ ဂျိုးတို ရထားပေါ်ကနေဆင်းပြီး ခြေလျင်ခရီးသွားမယ်အလုပ်တောတွင်းက ဘာမှန်းမသိတဲ့သတ္တဝါနဲ့ရင်ဆိုင်ရပြီး ခရီးသည်တစ်ယောက် အကိုက်ခံလိုက်ရတဲ့အခါမှာတော့...
အနာဂတ်မှာ ဗိုင်းရပ်စ် တမျိုးပျံနှံ့ပြီး လူသားတွေ အားလုံးနီးပါး

မျိုးသုန်းပျောက်ကွယ်သွားချိန်မှာ အသက်ရှင်ကျန်ရစ်တဲ့

သူတွေကတော့ မျက်လုံးတွေ ကွယ်သွားကြတယ်

နောက်ပိုင်း အမြင်အာရုံနဲ့ ပတ်သတ်တဲ့ အကြောင်းအရာက

ဒဏ္ဍာရီ သဖွယ်ဖြစ်သွားပြီး အမြင်အာရုံကို ယုံကြည်တဲ့ သူတွေကို

အယူမှားယွင်းသူလို့ စွပ်စွဲခံရတဲ့ အခြေအနေဖြစ်လာပါတယ်

ဒဏ္ဍာရီဆန်ဆန်မြင်နိုင်စွမ်းနဲ့ မွေးဖွားလာတဲ့ အမြွှာတွေရဲ့ဖခင်ဟာ

သူ့ရဲ့မျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ဘုရင်မ ရန်ကနေ

ကာကွယ်ရဖို့ ဖြစ်လာပါတယ်

ဒီအကြောင်းအရာတွေ စတင်လာတဲ့

TV Serie တခုကို မြန်မာစာတန်းထိုးနဲ့

တင်ပေးလိုက်ပါတယ်
SEE Season 2 Complete မြန်မာစာတန်းထိုး

ဒီ အပိုင်းမှာတော့ Baba တယောက်

သမီးဖြစ်သူ Haniwa ကိုရှာဖွေ ကယ်တင်ဖို့အတွက်

သူ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျိန်ဆိုထားတဲ့

အန္တရာယ်များတဲ့ နယ်မြေတခုထဲကို ဝင်ရောက်ခဲ့ပါတယ်

တချိန်ထဲမှာပဲ ဘုရင်မKane ကPayan နိုင်ငံရဲ့

မြို့တော်သစ်ကို သတ်မှတ်ပြီး

အံ့အားသင့်ဖွယ် ကြေငြာချက်မှု ပြုလုပ်ခဲ့ပါတယ်

ကြာနေတဲ့အတွက် တောင်းပန်ပါတယ်
"ရပ်ရင် ပစ်သတ်မယ်"
"လျှောက်လမ်းပေါ်က အသက်များ"

"IMDB 7.4 Rotten tomatoes 89% နဲ့တာထွက်ကြမ်းနေတဲ့ 2025 L_o-n_g W-a_l-k

စီးပွားပျက်နေတဲ့နိုင်ငံမှာ လူတွေကို ဒါထွက်ပေါက်ပါဆိုပြီး
ဆင်းရဲတွင်းထဲကထွက်ချင်သူတွေကို ရိုက်သွင်းထားတဲ့ စနစ်ဆိုးကြီးတစ်ခုရှိတယ်

နိုင်ငံဆင်းရဲနေတာကြောင့် ကိုယ်တိုင်ချမ်းသာချင်ရင် ဒီ"လျှောက်လမ်းရှည်"ပြိုင်ပွဲကိုဝင်ပြိုင်ရမယ်
နှစ်စဉ်ကျင်းပတာဖြစ်ပြီး အနိုင်ရသူတစ်ဦးသာ၊ နိုင်ရင်ဖြစ်ချင်တာဖြစ်လိုရာတစ်ခုတောင်းခွင့်ရှိမယ်
ပြီုင်ပွဲမှာလုပ်ရမှာက လမ်းလျှောက်နေဖို့ပဲ ရပ်ခဲ့ရင်ဝမ်နင်ပေးပြီး သတ်ပြီ
ပန်းတိုင်မရှိဘူး လမ်းလျှောက်ရတာ၂ ည ၃ ညလည်းဖြစ်သွားနိုင်တယ်
နောက်ဆုံးတစ်ယောက်တည်းကျန်သူ အနိုင်ရမယ်။
ဇာတ်ကားတစ်ကားလုံးအပို ဒရာမာမခင်း
လက်တွေ့ဆန်ဆန် Survival Movie တစ်ခုရှာနေရင် ဒီကားကကြည့်ကိုကြည့်သင့်ပါတယ်"
1