ဒီ series လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Family/Comedy
အမျိုးအစား Series လေးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ on going ဆက်လက်ထွက်ရှိ
နေဆဲဖြစ်ပြီး IMDb rating 6.2/10 ရရှိထားပါတယ်။
ဟမ့်တန်ချိန်ဘာ ဟာ ချက်လက်မှတ်အတုပြုလုပ်မှုနဲ့
ထောင်ထဲရောက်နေသူပါ၊ ငယ်စဉ်ကတည်းကလည်း
ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေသူမို့ သိပ်မစိမ်းလှ
ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးနောက် ၃နှစ်ကျသွားချိန်မှာတော့
သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့ စပြီးကြိုးစားပါတော့တယ်။
စက်မှုလက်မှုစိတ်ဝင်စားတဲ့ ဟမ့်တန် ဟာ ထောင်ထဲမှာ
နေစဉ်အတွင်း အလိုအလျောက်ချွန်နိုင်တဲ့ လွန်ပူစက်
တစ်ခုကို တီထွင်ခဲ့ပါတယ်။ အပြင်ပြန်ရောက်တဲ့အခါ
ဒီနည်းပညာနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။
ဒီလိုနဲ့ပဲ စိတ်အားတက်ကြွနေခဲ့တဲ့ ဟမ့်တန်ဟာ ထောင်က
လွတ်လာချိန်မှာတော့ မြို့ရဲ့လူမိုက်စီးပွားရေးညီနောင်
တစ်အုပ်ကို မမျှော်လင့်ပဲအကြွေးတွေတင်၊ ဇနီးနဲ့သား
နှစ်ယောက်တို့နဲ့လည်း အနေအရမ်းဝေးခဲ့တာကြောင့်
သွေးအေးပြီး အပူမီးဝိုင်းကာ ဂယက်ထပါတော့တယ်။
ဟမ့်တန်တစ်ယောက် အကြွေးဂယက်တွေ ဘယ်လို
ဖြေရှင်းမလဲ…
မိသားစုပြဿနာတွေရော ပြေလည်သွားနိုင်မလား ….
ဟာသရောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ series ကောင်းလေး
ဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ"
အပိုင်း ၁ မှ ၄ စဆုံး
=====================================
IMDb-8.6/10
3idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့
ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ
ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို
အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။
ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။
အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ
ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။
အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ ...

Fakes(2022)
နာမည်အတိုင်းပဲ အတုတွေ လုပ်ကြတဲ့ စီးရီးပါ
ဘာကို အတုလုပ်မှာလဲ ဆိုတော့ အိုင်ဒီတွေကိုပါ
ဇိုဝီနဲ့ ရေဘက်ကာဆိုတဲ့ အထက်တန်းကျောင်းသူ နှစ်ယောက်ရှိပါတယ်
သူတို့အချင်းချင်းကတော့ Best friend တွေပါတဲ့
ဆယ်ကျော်သက်အရွယ် Best friend နှစ်ယောက်ပေါင်းပြီး
မြောက်အမေရိကရဲ့ အကြီးမားဆုံးအိုင်ဒီအတု အင်ပါယာကြီးကို တည်ထောင်ဖြစ်သွားကြပါတယ်
ဇိုဝီကတော့ ဒီကိစ္စကြီး တစ်ခုလုံးဟာ ရေဘက်ကာရဲ့ အိုင်ဒီယာသာ ဖြစ်ပြီး
သူကတော့ စူးစမ်းချင်စိတ်ကြောင့်သာ လုပ်ခဲ့တာပါတဲ့
ရေဘက်ကာကလည်း ဒါတွေ အားလုံးက ဇိုဝီရဲ့ အကြံဉာဏ်တွေပါတဲ့
ဆိုတော့ ဘယ်သူ့အိုင်ဒီယာနဲ့ ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့ကြလဲဆိုတာကို
အတုအယောင်တွေနဲ့အတူ ရှုစားလိုက်ကြပါဦး

❤1
1-0,0-0-0 BC -( 2008)
အညွှန်း* 🔽🔽🔽
ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေးတစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကိုသ!တ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှနေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ် ....

ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး
ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ
အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ
ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ…
ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း
ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ်

၂၀၁၄ ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်၀မ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ
မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professional ဖောက်ထွင်းရေးသမားတစ်ဦးနဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
ခက်ခဲလှတဲ့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်
ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ

❤2
Percy Jackson and the Olympians (2024)
အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ဇာတ်ကားမထွက်ခင်တည်းက အကြောင်းအမျိုးမျိုးနဲ့ နာမည်ကြီးခဲ့ပြီး IMDb 7.5 အထိရထားတဲ့ Percy Jackson and the Olympians series လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ Percy Jackson and the Olympians movies တွေကို Disney+ ကနေ series တစ်ခုအဖြစ် ပြန်အသက်သွင်းလိုက်တာဖြစ်လို့ movies ထဲမှာမမြင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေကိုပါ မြင်တွေ့ရဦးမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ သွေးနှောနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Percy တစ်ယောက် အသက်ပြည့်ချိန်မှာ ထူးထူးဆန်းဆန်းတွေ စကြုံလာရပြီး သူ့ဘဝမှာ အစစ်အမှန်လို့ မတွေးခဲ့ဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေက အစစ်အမှန်ဖြစ်လာတဲ့အခါ အသက်မသေဖို့ကြိုးစားရင်း Percy၊ Grover နဲ့ Annabeth တို့ သူငယ်ချင်းသုံးယောက် စွန့်စားခန်းဖွင့်ပုံတွေ ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေ မိစ္ဆာတွေကို တစ်ဝကြီးမြင်တွေ့ရမှာမို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်...

Amor Towles ၏ 2016 ဝတ္ထုကို အခြေခံ၍ "A Gentleman in Moscow" သည် Count Alexander Rostov သည် ၎င်း၏ရာထူးနှင့် ပစ္စည်းဥစ္စာဓနများကို ဖယ်ရှားခဲ့ပြီး မော်စကိုမြို့ရှိ ခမ်းနားသောဟိုတယ်တွင် တစ်သက်လုံး နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားသည့် တော်လှန်ရေးခေတ်လွန် ရုရှား၏နောက်ခံကို ဆန့်ကျင်ထားသည်။ မဖြစ်နိုင်သော မိတ်သဟာယများ၊ ခဏတာ အချစ်ဇာတ်လမ်းများနှင့် ဟိုတယ်၏ တည်းခိုနေထိုင်သူများသည် ဟိုတယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လူသားတို့၏ တည်တံ့ခိုင်မြဲသော ဆက်သွယ်မှုစွမ်းအားကို Count ၏ မျက်လုံးများကို ဖွင့်ပေးသည်။ အရာအားလုံးဆုံးရှုံးပြီးနောက်၊ စစ်မှန်သောစည်းစိမ်ဥစ္စာများကို အချစ်၊ ရဲစွမ်းသတ္တိနှင့် အသိုင်းအဝိုင်းတွင် တွေ့ရှိရမည်ဖြစ်သည်။
❤2
The 7 Lives of Lea (2022)
ဒီဇာတ်လမ်းတွဲကတော့ Netflixကနေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး
IMDbအနေနဲ့ 7.1ရရှိထားပါတယ်၊
Total Episodesအနေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်ပေးသွားမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ လီယာဆိုတဲ့ ကောင်မလေးဟာ ပါတီပွဲတစ်ခုမှာ မူးရူးပျော်ပါးရင်း
သေဆုံးတာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အရိုးစုတစ်စုကို သွားတွေ့ပါတယ်၊
အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ကြိုးစားရင်း
လီယာတစ်ယောက် အိပ်ပျော်သွားပြီး နောက်တစ်ရက် ပြန်နိုးလာချိန်မှာ
၁၉၉၁ခုနှစ်ကို အစ္စမေးဆိုတဲ့ ကောင်လေးအနေနဲ့ ရောက်ရှိနေတာပါ၊
အစ္စမေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း
ပစ္စုပ္ပန်ကာလမှာ သူရှာတွေ့ခဲ့တဲ့အလောင်းဟာ အစ္စမေးဖြစ်နေကြောင်း သိရှိပြီး ပြန်နိုးလာပါတော့တယ်။
ဒါပေမဲ့လီယာတစ်ယောက် အစ္စမေးအဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး
နောက်နေ့အိပ်ရာနိုးချိန်မှာ အမေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ရောက်နေပြန်ပါတယ်၊
မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စမေးနဲ့ သူငယ်ချင်းတွေမှန်း သိလိုက်ရတဲ့နောက်
တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း
အစ္စမေးအမှုနဲ့ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ ၇ဘဝတိတိ
လီယာတစ်ယောက် အချိန်ခရီးသွားသလို ကြုံတွေ့ခဲ့ရပါတယ်၊
ဒီလိုဘဝတွေပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်ယောက်
အစ္စမေးကိုသတ်ခဲ့တဲ့ တရားခံကိုဖော်ထုတ်နိုင်မှာလား၊
အထက်ပါ လူ၇ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိခဲ့လဲ၊
အဆိုပါပတ်သတ်မှုတွေက ပစ္စုပ္ပန်ထိ ပါလာဦးမလားဆိုတာကို သဘာဝလွန်ဆန်ဆန် ကြည့်ရှုရမှာပါ။

❤4
Kaala Paani (2023) “သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း”
IMDb – 8.1/10
Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့
မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ
နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။
ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။
သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။
အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။
ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက
အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။
ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။
လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့
ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။
ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။
လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။
လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။
အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး
ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့
ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ကြည့်ရှုအပန်းဖြေတော်မူကြပါဦး။

T_h-e L_o-s_t C-i_t-y of Z (2017)
အညွှန်း* 🔽🔽🔽
၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။

ခိုသာမြို့ရဲ့ဘုရင် (2023)
===========================
အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်
ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်
ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်
အထိကို အင်အားကြီးမားတဲ့ဂိုဏ်းတစ်ခု ရှိနေပါတယ်
အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။
ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး
အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်
ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့
အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....
ဇာတ်လမ်းရဲ့ နာမည်အရ ခိုသာမြို့ရဲ့ဘုရင် နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို
ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်

စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖိုဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။
တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို စာအုပ်ဖတ်လို စကားအဖြစ်ပြောလိုပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုးတဲ့ဘက်ရော ကြားနေတဲ့အဖွဲရော အကုန်ထိခိုက်ရတာပဲမဟုတ်လား Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။

ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် အက်ရှင်ဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါပြီ
Tmdb 8.1 အထိ ရထားတဲ့ စီးရီးကောင်းတစ်ခုပါ
ဇာတ်ကားရဲ့ နာမည်အတိုင်း အဖိုးကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါပဲ ဆိုးနိုင်သမျှ
ဆိုးသွမ်းခဲ့ပြီးတော့ ချေရာဖျောက်နေတဲ့ အဖိုးကြီးကိုမှ အက်ဘီအိုင်က မရမကလိုက်ဖမ်း
တဲ့ကားကောင်းပါ ပုံသေ အတိုက်အခိုက်ကျွမ်း ဇာတ်မြှုပ် ပြန်ပေါ် ပြန်ချဆိုတဲ့ နည်းလမ်း
နဲ့ကွဲထွက်နေပြီး အသက်ကြီးကြီးအဖိုးကြီးရဲ့ အက်ရှင်တွေ စဉ်စားပုံတွေ သမီးအပေါ်ထားတဲ့ မေတ္တာတရားတွေကို တဝကြီးကြည့်ရဖို့အတွက် ကြည့်ရင်တကယ်
တန်မဲ့ကားလေးမို့အမြန်ဆုံးပဲကြည့်လိုက်ပါတော့…

Vyooham (2023) “လူကြီးလူကောင်း”
IMDb – 8.0/10
Political Thrillerကိုမှ နိုင်ငံရေးလှည့်ကွက်တွေကိုဖုံးဖိဖို့လုပ်ရင် ဖြစ်လာတဲ့ရာဇဝတ်မှုတွေအကြောင်း
ခပ်ပါးပါးပုတ်ထားတဲ့ Vyoohamဆိုတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
Biography နာမည်တပ်ပြီး အန်ဒရာပရာကက်ရှ်မှာကြီးစိုးနေတဲ့ YSRပါတီရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ
နိုင်ငံရေးအရှုပ်အရှင်းတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းတွဲဖြစ်နေတာနဲ့အညီ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကြားက
ခက်ခက်ခဲခဲ certifiedဖြစ်လာတာမလို့ ပရိသတ်တို့ရှုစားဖို့ တင်ဆက်ပေးလိုက်ပါပြီ။
လူတိုင်းက လေးစားချီးကျူးရတဲ့ ဗာနီရာမာချန်ဒရာဟာ သမာသမတ်ကျတဲ့ အမှန်တရားဘက်တော်သားရဲအရာရှိတစ်ယောက်ပီပီ
ရာဇဝတ်သားတွေ လောဘသားတွေအတွက်တော့ မဟာရန်သူတော် ဆူးညှောင့်ခလုတ်တစ်ခုပေါ့။
ဒီလိုနဲ့ပဲ ရန်သူတွေများနေတဲ့ဗာနီတစ်ယောက် အကြမ်းဖက်နာဇယ်လ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး
သားဖြစ်တဲ့ အာဂျွန်ကတော့ ဒါကိုကိုယ်တိုင်မြင်လိုက်ရတာပေါ့။ ဒီလိုနဲ့ပဲ အမေတူသားဖြစ်တဲ့အာဂျွန်ဟာလည်း
အမေဖြစ်သူလိုပဲ ထက်မြက်ပြီးသမာသမတ်ကျတဲ့ရဲတစ်ယောက်ဖြစ်လာပါတော့တယ်။
အန်ဒရာပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ YSRရဲ့သေဆုံးမှုကို စုံစမ်းရင်းနဲ့ ဝန်ကြီးရဲ့ ငွေကြေးအလွဲသုံးစားမှုကို
အစဆွဲမိသွားတဲ့အာဂျွန်၊ YSRရဲ့ရာဇဝတ်မှုတွေကိုလိုက်ရှာရင်းနဲ့ တစ်ချိန်က အမေဖြစ်သူ ဗာနီကိုသတ်သွားတဲ့
အကြမ်းဖက်သမားတစ်ယောက် လွတ်မြောက်မှုမှာ ရဲဘက်ကရာထူးအကြီးပိုင်းတွေ ပါဝင်ပတ်သက်နေတာကို အာဂျွန်သဲလွန်စရသွားချိန်မှာတော့…။
ဝါဒဖြန့်နေတဲ့ အလိမ်အညာရုပ်ရှင်ပါလို့ စွဲချက်တင်ခံရပြီး အချိန်အတော်ကြာ ဆိုင်းငံ့ခံထားရတဲ့ရုပ်ရှင်ဖြစ်တာမလို့
ဖြစ်ရပ်မှန်နိုင်ငံရေးဇာတ်ရှုပ်တွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတွဲလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။

❤3
နာမည်ကျော် ဗိုက်ကင်းစီးရီးကြီးကို အတော်များများ ကြည့်ဖူးကြားဖူးမှာပါ။
မကြည့်ဖူးသေးရင်လည်း CM မှာ ဒေါင်းကြည့်လို့ရပါတယ်။ ဒီစီးရီးကတော့
ဗိုက်ကင်းရဲ့အဆက်ပါပဲ။ ဒါပေမဲ့ ဗိုက်ကင်းအဟောင်းတွေကိုမကြည့်ဖူးလည်း
ကြည့်လို့ရပါတယ်။ အရင်ခေတ်ရဲ့ နှစ် ၁၀၀ အကြာဇာတ်လမ်းကိုအခြေခံထား
လို့ပါပဲ။ ဇာတ်လမ်းရော တိုက်ခိုက်ခန်းတွေရော အကုန် မိုက်ပါတယ်။ ဗိုက်ကင်း
တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။
အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး
လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ
အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက်
သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက
ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ…

အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။
ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို တအားစွဲလန်းသွားပြီး ဒွန်နီ အလုပ်လုပ်တဲ့နေရာတွေ၊ ဖျော်ဖြေတဲ့နေရာတွေကိုပါ ရောက်ချလာပါတော့တယ်။ ဒါ့အပြင် emailလည်း တနေ့ကို အစောင် ၈၀လောက် ပို့ပြီး ဆက်တိုက်ကို နှောင့်ယှက်လာပါတော့တယ်။ ဆိုင်ထဲဝင်လာတဲ့ အမျိုးသမီးက သာမန်လို့ပဲ ထင်ထားရာကနေ မာသာရဲ့နောက်ကြောင်းတွေကို ရှာတွေ့သွားတဲ့အခါ …. ဒွန်နီ နောက်ယောင်လိုက်ခံနေရတယ်ဆိုတာကို သိသွားတဲ့အခါ …. ဘာတွေဆက်ဖြစ်ကြမလဲ၊ မာသာ့ဘက်က ဘယ်လောက်ဆိုးဆိုး လိုက်stalkနေမလဲ၊ ဘယ်လောက်ထိ စိတ်ဒဏ်ရာတွေ အနှောင့်ယှက်တွေပေးမလဲ … မာသာ့လက်ထဲကနေ ဒွန်နီတစ်ယောက် ရုန်းထွက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။

❤5
Mr. Midnight: Beware the Monsters (2022) Season 01 Complete
ငယ်ငယ်က ဆရာသက်ဦးလွင် ဘာသာပြန်တဲ့ James Lee ရဲ့ Mr. Midnight စာစဥ်အတွဲလိုက်တွေကို ဖတ်ဖူးတဲ့ ကြောက်ခဲ့ဖူးတဲ့ မစ္စတာမစ်နိုက်ဖန်တွေ ရှိမယ်ထင်ပါတယ်။ ခုစီးရီးကတော့ အဲဒီစာအုပ်တွေကို မှီငြမ်းထားပြီး မစ္စတာမစ်နိုက်ဖန်တွေအတွက်တင်မကဘဲ သရဲခြောက်တဲ့အိမ်တွေ နေရာတွေကို လိုက်သွားရင်း ဇစ်မြစ်ရှာ သရဲတွေချွတ်တာကို သဘောကျတဲ့ Supernatural ဖန်တွေအတွက် သရဲချွတ်တဲ့ သရဲရှာတဲ့ကလေးတွေရဲ့ စီးရီးအသစ်ကလေးပေါ့။ James Lee ရဲ့ စာအုပ်တွေဟာ စင်ကာပူကထုတ်တာဖြစ်သလို ဒီစီးရီးကိုလည်း စင်ကာပူကပဲထုတ်တာပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးကြည့်ဖူးတဲ့ စင်ကာပူရုပ်ရှင်လည်းဟုတ်ပါတယ်။
ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ဒီတော့ သူတို့ဟာ သရဲခြောက်တဲ့နေရာတွေ အဖြစ်တွေကို လူတွေဆီက သတင်းယူပြီး အဲဒီလူတွေကိုလည်း ကူညီပေးရင်း ပရလောကအကြောင်း ပိုသိလာအောင် လုပ်ကြပါတယ်။ ကလေးတွေဆို မယုံမှာစိုးလို့ မစ္စတာမစ်နိုက်ဆိုတဲ့ လူအနေနဲ့ ဆိုက်ထောင်ပြီး တင်ကြပါတယ်။ နောက်ထပ်တိုးလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပရိသတ်တွေ သတင်းပေးတဲ့နေရာတွေကို လိုက်စုံစမ်းကြရင်း သရဲတွေကို လိုက်ရှာကြတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါပဲ။
ကျန်တဲ့ကလေးတွေလည်း သရုပ်ဆောင်တာမဆိုးပေမဲ့ တရုတ်မလေးကတော့ တော်တော်လေး ချစ်ဖို့ကောင်းပြီး တော်တော်လေးလည်း ချောပါတယ်။ ဘာမှမကြည့်ချင်ရင်တောင် တရုတ်မလေးထိုင်ကြည့်နေရုံနဲ့တင် ဒီဇာတ်လမ်းက တော်တော်လေးတန်ပါတယ်။ သရဲတွေကို စုံထောက်လိုလို စုံစမ်းပြီး ချွတ်ဖို့ကြိုးစားတာ ဘာညာက စူပါနေထရယ်တော်တော်ဆန်တာမို့ စူပါနေထရယ်ဖန်တွေအပြင် ငယ်ငယ်က Mr. Midnight စာစဉ်တွေနဲ့ ကြီးပြင်းခဲ့ရသူတွေအတွက်လည်း ဇာတ်လမ်း ၁၃ ပုဒ်ကို တစ်ပုဒ် တစ်ပိုင်းနှုန်းနဲ့ ၁၃ ပိုင်းတောင်ရှိမှာမို့ ကိုယ်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ဇာတ်လမ်းပါလာရင် ဒါ ငါဖတ်ဖူးတဲ့ဟာကွ ဆိုပြီး ငယ်စဉ်ကလေးဘဝကို ပြန်ပြောင်းအောက်မေ့လို့ကောင်းမယ့် စီးရီးလေးဆိုလည်း မမှားပါဘူး။

သူများအိမ်တက်ပွဲသွားစားရင်းတစ်အိမ်လုံးမြေကြီးအောက်ရောက်သွားခဲ့ရာ
➪➪➪➪➪➪➪➪➪➪➪➪➪➪
ဇာတ်လမ်းကတော့ တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။
အိမ်ကမြေပြိုသွားတော့တာပါပဲ.
သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေအသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ.....
Lee Kwang Soo အပြင်ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကိုဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်

ချစ်ရသူနဲ့လက်ထပ်ခဲ့ရလို့ကံကောင်းခဲ့တယ်လို့ထင်ခဲရပေမဲ့ ကိုယ့်ယောင်္ကျားကကိုယ့်အမေအရင်းနဲ့နောက်ကွယ်မှာဖော-က်-ပြန်နေတာကိုသိရှိသွားတဲ့အခါ
ဒီရုပ်ရှင်ကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိလာတဲ့ အင်ဒိုနီးရှားရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံထားပါတယ်
မိ-ခင်နဲ့လင်တို့ရဲ့သစ္စာဖေ-ာက်မှုကြောင့် ပျက်စီးခဲ့ရတဲ့မိသားစုဘဝအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။နူးညံ့သိမ်မွေ့ပြီး စိတ်ထားဖြူစင်တဲ့နော်မာဆိုတဲ့မိန်းကလေးဟာ သူ့အချစ်ဉီးအာဖန်နဲ့လက်ထပ်ရတာကို ကံကောင်းတယ်လို့ ယူဆထားခဲ့ပါတယ်
သူတို့ရဲ့အိမ်ထောင်ရေးဘဝက ပျော်ရွှင်စရာကောင်းပြီး အာဖန်ကလည်း နော်မာကို အချစ်တွေအပြည့်နှင့် ချစ်ခင်စောင့်ရှောက်ပေးခဲ့ပါတယ်။အာဖန်ဟာ နော်မာရဲ့မိဘတွေဖြစ်တဲ့ အာဘဒူလ်နဲ့ရီနာတို့ကိုပါ ကြည်ညိုလေးစားစွာ ဆက်ဆံခဲ့ပါတယ်

ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအစမှာ ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်။
အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ်။
ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ်။
လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ်။
သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ်။
အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ်။
ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ်။
ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ်။
အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်။
ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲ....