UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
BC ရဲ့ ဇာတ်ကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်
BC ပါဝင် သရုပ်ဆောင်ထားတဲ့
Patrick Melrose ဆိုတဲ့ mini series တစ်ခု မနေ့က စပြီး
ပြသနေတယ်ဆိုတာ သတင်းကောင်းပါတယ်

နာမည်ကြီး စာအုပ် ၅ အုပ်တွဲ စာအုပ်စီးရီးကို Showtime
ရုပ်သံလိုင်းက ပြန်လညိအသက်သွင်းရိုက်ကူးထားတဲ့
Mini Series ကို အပတ်စဉ် စနေနေ့ညတိုင်း ထုတ်လွင့်ပြသ
သွားမှာဖြစ်ပါတယ်၊

BC ကတော့ အဓိကဇာတ်ကောင် Patrick Melrose နေရာမှာ အထူးသရုပ်ဆောင်ထားပြီး trailer ကြည့်ကတည်းက
တော်တော်ကြွေမိပါတယ် ကိုယ်တွေ BC ရဲ့ သရုပ်ဆောင်မှု
ကတော့ သိတဲ့အတိုင်း ရှယ်ပဲလေ

ဒီဇာတ်ကားရဲ့ မူရင်းစာအုပ်နဲ့ ပတ်သတ်ပြီး Kyaw HtetWai
ရေးထားတာလေးကို ဝေမျှပေးလိုက်ပါတယ်

The Patrick Melrose Novels(Patrick Melrose 1-4)
=========================================
Patrick Melrose လို့ ပြောလိုက်တာနဲ့ Bookworm တိုင်းလိုလို ခေါင်းလေးတွေ ထောင်လာကြမှာပါ။ အလွန်နာမည်ကြီးခဲ့ပြီး 21 ရာစု၏ အကောင်းဆုံး Masterwork လို့ ချီးကျူးခြင်းခံရတဲ့အပြင် National Bestseller အရောင်းရဆုံး စာအုပ် အဖြစ် နှစ်အတော်ကြာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
Atlantic မဂ္ဂဇင်းနဲ့ Publishers Weekly မဂ္ဂဇင်းတို့၏ Best Book of the Year အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ဖတ်ဖူးသူတိုင်း Patrick Melrose လေးကို သနားကြပြီး သူ့အဖေ David Melrose ကို မုန်းကြမှာပါ။
Edward St. Aubyn ရေးသားခဲ့တာ ဖြစ်ပြီး Never Mind,Bad News,Some Hope,Mother’s Milk နဲ့ At Last ဆိုပြီး စာအုပ်ငါးအုပ် ထွက်ရှိထားပါတယ်။

ကဲအခုပဲ ပထမဆုံးစာအုပ်​ကိုကြည့်​လိုပ်​ရြ​အောင်​လား
Detective Forst (2024) A Netflix Series

စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ငွေရော အာဏာရောရှိနေတယ်လို့ ယူဆထားပေမဲ့ လူသတ်သမားနဲ့ပတ်သက်တဲ့သဲလွန်စဆိုလို့ တမင်ချန်ပေးခဲ့တဲ့ သဲလွန်စကလွဲ ဘာမှမတွေ့ရဘူး။



Forst က စည်းလွတ်ဘောင်လွတ် လိုက်စုံစမ်းတတ်သလို လူသတ်သမားကလည်း Forst ကို ရာထူးဆိုင်းငံ့ခံရအောင် လုပ်လိုက်တယ်လို့ ယူဆရတာကြောင့် Forst ဟာ ရဲမဟုတ်တော့ဘူး။ ဒီလိုနဲ့ ဒီအမှုကို သူနဲ့ထပ်တူစိတ်ဝင်စားနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ပေါင်းပြီး အမှုအတူတူလိုက်ကြတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းမှ သဲလွန်စသေးသေးလေးတွေသာ ပေါ်လာတတ်တဲ့ တော်တော်လေး ရင်ဖိုစရာကောင်းတဲ့ စုံထောက်ဇာတ်လမ်းတွဲဖြစ်တာကြောင့် စုံထောက်ဇာတ်တွေ ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းပါပဲ။ တောင်ခြေနှင်းဝေနေတဲ့မြို့ကလေးက ရက်ရက်စက်စက် လူသတ်မှုတွေရဲ့တရားခံကို Forst ဖော်နိုင်ပါ့မလား… တရားခံကို မိသွားရင်တောင် ဖမ်းနိုင်ပါ့မလား… ရင်တမမနဲ့ စောင့်ကြည့်ကြရမှာပါ။
1
2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ…….

ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ…..အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ…..နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်……

စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ…..ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး……လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း မရ ရအောင်ခိုးလွှင့်ခဲ့ရာကနေ အဲဒီလှိုင်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ပါဦးလို့………..
2
IMDb Rating (7.3)

ဝါကန်ဒါနိုင်ငံက အာကာသသတ္တုခဲတစ်ခု ကျရောက်လာပြီးတဲ့နောက်ပိုင်း အဲသတ္တုကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချရင်း သူမတူအောင် ခေတ်မီတိုးတက်တဲ့ တိုင်းပြည်ကြီးဖြစ်လာတာကို အားလုံးအသိဖြစ်မှာပါ။

အဲအတွက်ကြောင့်လည်း ဒီသတ္တုခဲကနေရရှိတဲ့ နည်းပညာ၊ လက်နက်၊ အသိပညာဗဟုသုတတွေကို ပြင်ပနိုင်ငံတွေဆီ မရောက်ရှိသွားအောင် မပေါက်ကြားသွားအောင် တံခါးပိတ်ဝါဒ ကျင့်သုံးနေတဲ့ နိုင်ငံဆိုလည်းမမှားပါဘူး။

ဒီဇာတ်လမ်းတွဲမှာတော့ War Dogs ဆိုတဲ့ ဝါကန်ဒါရဲ့ အထူးစစ်ဆင်ရေးလျို့ဝှက်တပ်ဖွဲ့တစ်ခုအကြောင်းကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။

ဒီတပ်ဖွဲ့က ပြင်ပနိုင်ငံတွေဆီ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပျံ့နှံ့သွားတဲ့ ဝါကန်ဒါအပိုင် နည်းပညာ၊ လက်နက်၊ အသိပညာတွေကို အချိန်ဘယ်လောက်ကြာကြာ ဘယ်လောက်ပေးဆပ်ရရ ပြန်လည်ရယူရတာ ဖြစ်ပါတယ်။

ဝါကန်ဒါက တိုးတက်ပြီးနိုင်ငံဖြစ်နေချိန်မှာ ပြင်ပလောကမှာ လူသားတွေကတော့ ရောမခေတ်၊ ဂရိခေတ် စသဖြင့် ခေတ်အဆက်ဆက် ပြောင်းလဲနေဆဲဖြစ်ပါတယ်။

ဒီ War Dogs ဆိုတဲ့ ဝါကန်ဒါတပ်ဖွဲ့ဝင်တွေက ခေတ်အဆက်ဆက်မှာ ဝါကန်ဒါနဲ့သက်ဆိုင်တဲ့အရာတွေကို ဘယ်လိုပြန်လည်ရယူကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
2
The Pickup (2025)

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာEddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။Russell (Eddie Murphy) က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကာမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။
The Dogs (2025)

2025 မှာထွက်ရှိထားပြီး IMDb မှာ 6.4/10 ရထားတဲ့ ဒီဇာတ်ကားမှာ ကင်မရွန် ဝီဗာဆိုတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးနဲ့ သူ့အမေကက်သရင်းတို့ဟာအကြမ်းဖက်တတ်တဲ့ ဖခင်ဖြစ်သူထံက ထွက်ပြေးလာရင်း ကနေဒါရဲ့ ကျေးလက်ဒေသတစ်ရဲ့ လယ်မြေအိမ်တစ်ခုကိုပြောင်းရွှေ့လာတယ်။အိမ်ကို ရောက်ပြီး သိပ်မကြာခင်းမှာတင် ကင်မရွန်ဟာ ဒီနေရာဟာ အေးချမ်းတဲ့ ခိုလှုံရာမဟုတ်ဘဲ ထူးဆန်းတဲ့ အသံတွေ၊ မြင်ကွင်းတွေနဲ့ ရိုင်းစိုင်းတဲ့ခွေးတွေရဲ့ ရန်ကို ရင်ဆိုင်ရတဲ့ သည်းထိတ်ရင်ဖိုနေရာတစ်ခုဖြစ်နေတာကို သိလာခဲ့တယ်။တစ်ရက်မှာ ကင်မရွန်အိမ်ခန်းထဲ ဂျက်ကီဆိုတဲ့ကောင်လေးတစ်ယောကရောက်လာပြီး စကားတွေလာပြောတဲ့အခါမှာတော့....ဘယ်လိုခြောက်ခြားမှုတွေက ဒီဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမလဲကြည့်လိုက်ကြရအောင်။
Husk (2011)

ပိတ်ရက် အတွက် သမရိုးကျမှသွေဖီနေတဲ့ သရဲ လူသတ်ကား ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်အခုဇာတ်ကားအမျိုးစားကတစ်ကယ်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကားပြီးတာတောင် ရင်တွေတုန်ကျန်စေမဲ့ အမျိုးစားဇာတ်ကားဖြစ်ပါတယ်။ ပြောင်းဖူးစိုက်ခင်းထဲမှာ လယ်သမားမိသားတစ်စုနေထိုင်ပါတယ်။မတူညီတဲ့သားနှစ်ယောက်ရဲ့စိတ်ဓာတ်ကို ဖခင်တစ်ယောက်က ထိန်းကျောင်းနေရပါတယ်။သားကြီးရဲ့ စိတ်ဓာတ်က ကြမ်းတမ်းပြီး အညှာတာမဲ့ပေမဲ့ သားငယ်က အေးဆေးပဲဘဝကိုဖြတ်သန်းချင်သူပါ။ဖခင်ဖြစ်သူက သူရဲ့စိတ်နဲ့ထပ်တူကျပြီး သင်ရလွယ်တဲ့ အကြီးသားကိုပဲ ဦးစားပေးပြီး မျက်နှာသာပေးနေပါတယ်။သားငယ်ဟာ အနှိမ်ခံဘဝနဲ့ နေ့စဉ် ဆိုသလိုပဲ ဖခင်ရဲ့အဆူပူကြိမ်းမောင်းခံနေရပါတယ်။
Delirium (Aka) Delirio (2025)
ဒီဇာတ်လမ်းတွဲက ကိုလံဘီယာစာရေးဆရာ Laura Restrepo ရဲ့ ဆုရဝတ္ထုကို အခြေခံထားပြီး Netflix မှာ ၂၀၂၅ ဇူလိုင် ၁၈ မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါ ဒရာမာလေးပါ။
သရုပ်ဆောင်တွေထဲမှာ Estefanía Piñeres, Juan Pablo Raba, Paola Turbay, နဲ့ Juan Pablo Urrego တို့ ပါဝင်ထားတယ်။
ဇာတ်လမ်းအညွှန်း
ဇာတ်လမ်းက အဂူစတီနာ (Agustina) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေနဲ့ စတယ်။
သူ့ရဲ့ခင်ပွန်း အဂူလာ (Aguilar) က ပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့ဇနီးရဲ့ ထူးဆန်းတဲ့ အခြေအနေကို ဖြေရှင်းဖို့ သူမရဲ့ အတိတ်က လျှို့ဝှက်ချက်တွေထဲ နှစ်မြှုပ်ရတယ်။
ဒီဇာတ်လမ်းက ကိုလံဘီယာ နိုင်ငံရဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေကို နောက်ခံထားပြီး လူတန်းစားကွဲပြားမှု၊ မိသားစုဒရာမာ၊ နဲ့ အချစ်ဇာတ်လမ်းတွေကို ရောယှက်ထားတယ်။
အဂူစတီနာရဲ့ ဘဝထဲက လျှို့ဝှက်ဆန်းကြယ်မှုတွေကို တဖြည်းဖြည်း ဖော်ထုတ်ရင်း ဘိုဂိုတာ (Bogotá) မြို့ရဲ့ မတူညီတဲ့ လူမှုအလွှာတွေကို ခံစားရပါမယ်။
အဓိကကတော့ ဒီဇာတ်ကားက စိတ်ကူးယဉ်ဆန်ဆန် အချစ်နဲ့ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို ပြသထားပြီး ကိုလံဘီယာရဲ့ သမိုင်းကြောင်းကို ရောထားတာပါ။
ဒါက Netflix ရဲ့ TV-MA အဆင့်သတ်မှတ်ထားတဲ့ limited series ဖြစ်ပြီး စိတ်ခံစားချက်ပိုင်းကို နက်နက်ရှိုင်းရှိုင်း သွားထားတယ်။
အချစ်၊ လျှို့ဝှက်ဆန်းကြယ်မှု၊ နဲ့ သမိုင်းကို ရောစပ်ထားတဲ့ ဒီဇာတ်လမ်းတွဲက စိတ်ဝင်စားစရာ ပါ။ CM မှာ တင်ထားပြီဆိုတော့ အားလပ်ရက်မှာ အေးဆေးကြည့်ကြည့်ပါဦးနော်..
Yu Yu Hakusho Season 1 (2023)

Yusuke Urameshi ဆိုတဲ့ကောင်လေးတစ်ယောက်က
ကလေးတစ်ယောက်ကိုကယ်ရင်း ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးကာ Spiritual world ကို ရောက်ရှိသွားပါတယ်။
အဲမှာ သေမင်း Botan ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိပြီးတော့ သု့ရဲ့လုပ်ရပ်က မထင်မှတ်ထားတာဖြစ်တဲ့အတွက်
သူ့အတွက် နတ်ပြည်ရော ငရဲပြည်မှာပါ နေရာမရှိပါဘူးလို့ ပြောလာပါတယ်။
သူ့ကိုလူပြန်ဝင်စားဖို့အတွက် အမှုရင်ဆိုင်ပြီးမှ ရမယ်ဆိုပြီးပြောပြီး ဝိညာဉ်စုံထောက်အနေနဲ့
‌Spiritual world ကနေ ယော့ကိုင်းကြီးသုံးကောင် ခိုးယူသွားတဲ့ ပစ္စည်းသုံးခုကို လိုက်လံရှာဖွေခိုင်းပါတော့တယ်။
အဲမှာဘယ်လိုတွေ ဆက်ဖြစ်မလဲ။ ယော့ကိုင်းတွေကိုရော ဘယ်လိုနှိမ်နင်းမလဲ။
ပစ္စည်းတွေပြန်ရှာတွေ့ပြီး လူပြန်ဝင်စားနိုင်ပါ့မလားဆိုတာ Visual Effects အမိုက်စားတွေနဲ့
Live action ချစ်သူ‌တို့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း..

မတရားတာဆို လက်ပိုက်ကြည့် မနေတတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားကောင်လေးတစ်ဦး....

တစ်နေ့မှာ ကားတိုက်မှုတစ်ခုကနေ ကလေးငယ်လေးတစ်ဦးကို ကယ်တင်ပေးရင်း အဲ့ဒီကျောင်းသားလေးက သေဆုံးသွားခဲ့တယ်။

ဝိညာဉ်ဘဝနဲ့ သူ့ကို သေမင်းမလေးက "မင်းက မထင်မှတ်ထားတဲ့ လုပ်ရပ်ကို လုပ်လိုက်တာမို့ မင်းအတွက် နတ်ပြည်ရော ငရဲမှာပါ နေရာမရှိဘူးလို့" ပြောပြခဲ့တယ်။

ကျောင်းသားလေး ဂရုမစိုက်ပါဘူး၊ သေလည်းသေပစေပေါ့ ဆိုပြီး ဝိညာဉ်ဘဝနဲ့ ဂျစ်ကန်ကန်နေ,နေတုန်း သူ့အတွက် မသေချင်တော့တဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာတဲ့အခါ.....

အရမ်းကောင်းတဲ့ ဖိုက်တင်ချတဲ့အခန်းတွေနဲ့ ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ မိစ္ဆာတွေလည်းမျိုးစုံပါဝင်တဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ခမျ။
Ballard (2025)

IMDb Rating (7.7) / Rotten Tomatoes (100%)



“Ballard” က Amazon Prime Video မှာ ဇူလိုင် ၉၊ ၂၀၂၅ မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ရဲဇာတ်လမ်းတွဲဖြစ်ပြီး “Bosch” နဲ့ “Bosch: Legacy” ရဲ့ spinoff တစ်ခုပါ။

Michael Connelly ရဲ့ နာမည်ကြီး ဝတ္ထုတွေကို အခြေခံထားပြီး Maggie Q က အဓိကဇာတ်ဆောင် Renée Ballard အဖြစ် သရုပ်ဆောင်ထားတယ်။

ဒီဇာတ်လမ်းတွဲမှာ Renée Ballard ဟာ LAPD ရဲ့ ရန်ပုံငွေနည်းပါးပြီး စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမှုဟောင်းဌာန (Cold Case Unit) ကို ဦးဆောင်နေရတယ်။

ဒီဌာနက ဆယ်စုနှစ်တွေကြာပြီး မဖြေရှင်းနိုင်ခဲ့တဲ့ လူသတ်မှုတွေကို ပြန်ဖွင့်စုံစမ်းရတာပါ။

Ballard က ခေါင်းမာပြီး တရားမျှတမှုကို လိုက်လံရှာဖွေတတ်တဲ့ အမျိုးသမီးရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အဖွဲ့ထဲမှာ အငြိမ်းစား ရဲအရာရှိ Thomas Laffont (John Carroll Lynch)၊ မထင်မှတ်ဘဲ ပြန်ခေါ်ခံရတဲ့ ရဲဟောင်း Samira Parker (Courtney Taylor) နဲ့ အလုပ်သင်တစ်ယောက်ဖြစ်တဲ့ Martina Castro (Victoria Moroles) တို့ ပါဝင်တယ်။

ဇာတ်လမ်းက အမှုဟောင်းတွေကို တူးဖော်ရင်း LAPD အတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကို ဖော်ထုတ်မိရာက စတယ်။

ဒီထဲမှာ လူသတ်မှုတွေ၊ ကောင်စီဝင် Jake Pearlman ရဲ့ ညီမဖြစ်သူ Sarah ရဲ့ အမှုနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်လူသတ်မှုတွေလည်း ပါတယ်။

ထူးခြားတာက ဒီဇာတ်လမ်းထဲမှာ “Bosch” ထဲက Harry Bosch (Titus Welliver) ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပေါ်လာပြီး Ballard ကို အကူအညီပေးတယ်။

ဒီအဖွဲ့ဟာ အမှုတွေကို ဖြေရှင်းဖို့ အချိန်နဲ့အပြိုင် ပြိုင်ဆိုင်ရတာက စိတ်လှုပ်ရှားစရာပဲ။

ဒီဇာတ်လမ်းတွဲက ၁၀ ပိုင်းပါပြီး ဇူလိုင် ၉၊ ၂၀၂၅ မှာ Prime Video မှာ တစ်ပြိုင်နက် ထုတ်လွှင့်ခဲ့တယ်။ IMDb မှာ 8.1/10 ရထားပြီး Rotten Tomatoes မှာ 100% approval rating ရထားတယ်။

Maggie Q ရဲ့ သရုပ်ဆောင်မှုက သန်မာပြီး စိတ်ခံစားမှုနဲ့ ပြည့်နှက်နေတာကြောင့် ပရိသတ်တွေက ချီးကျူးကြတယ်။

ဒါ့အပြင် ဇာတ်လမ်းက အမှုတစ်ခုချင်းရဲ့ စိတ်ဝင်စားမှုနဲ့ ရာသီတစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ ကြံစည်မှုကြီးက ကြည့်ရင်း မျက်လုံးမခွာနိုင်အောင် ဆွဲဆောင်ထားတယ်။

“Bosch” ကြိုက်တဲ့သူတွေအတွက်ဆို ဒီဇာတ်လမ်းတွဲက jackpotကြီးတစ်ခုပဲ။ စိတ်လှုပ်ရှားစရာ ရဲဇာတ်လမ်းကြိုက်တယ်ဆိုရင် “Ballard” ကို လက်မလွှတ်သင့်ပါဘူး။
1
ဒီ series လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Family/Comedy
အမျိုးအစား Series လေးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ on going ဆက်လက်ထွက်ရှိ
နေဆဲဖြစ်ပြီး IMDb rating 6.2/10 ရရှိထားပါတယ်။
ဟမ့်တန်ချိန်ဘာ ဟာ ချက်လက်မှတ်အတုပြုလုပ်မှုနဲ့
ထောင်ထဲရောက်နေသူပါ၊ ငယ်စဉ်ကတည်းကလည်း
ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေသူမို့ သိပ်မစိမ်းလှ
ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးနောက် ၃နှစ်ကျသွားချိန်မှာတော့
သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့ စပြီးကြိုးစားပါတော့တယ်။
စက်မှုလက်မှုစိတ်ဝင်စားတဲ့ ဟမ့်တန် ဟာ ထောင်ထဲမှာ
နေစဉ်အတွင်း အလိုအလျောက်ချွန်နိုင်တဲ့ လွန်ပူစက်
တစ်ခုကို တီထွင်ခဲ့ပါတယ်။ အပြင်ပြန်ရောက်တဲ့အခါ
ဒီနည်းပညာနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။
ဒီလိုနဲ့ပဲ စိတ်အားတက်ကြွနေခဲ့တဲ့ ဟမ့်တန်ဟာ‌ ထောင်က
လွတ်လာချိန်မှာတော့ မြို့ရဲ့လူမိုက်စီးပွားရေးညီနောင်
တစ်အုပ်ကို မမျှော်လင့်ပဲအကြွေးတွေတင်၊ ဇနီးနဲ့သား
နှစ်‌ယောက်တို့နဲ့လည်း အနေအရမ်းဝေးခဲ့တာကြောင့်
သွေးအေးပြီး အပူမီးဝိုင်းကာ ဂယက်ထပါတော့တယ်။
ဟမ့်တန်တစ်ယောက် အကြွေးဂယက်တွေ ဘယ်လို
ဖြေရှင်းမလဲ…
မိသားစုပြဿနာတွေရော ပြေလည်သွားနိုင်မလား ….
ဟာသရောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ series ကောင်းလေး
ဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
 
 
The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ"
အပိုင်း ၁ မှ ၄ စဆုံး
=====================================
IMDb-8.6/10
3idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့
ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ
ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို
အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။
ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။
အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ
ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။
အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ ...
Fakes(2022)

နာမည်အတိုင်းပဲ အတုတွေ လုပ်ကြတဲ့ စီးရီးပါ
ဘာကို အတုလုပ်မှာလဲ ဆိုတော့ အိုင်ဒီတွေကိုပါ

ဇိုဝီနဲ့ ရေဘက်ကာဆိုတဲ့ အထက်တန်းကျောင်းသူ နှစ်ယောက်ရှိပါတယ်
သူတို့အချင်းချင်းကတော့ Best friend တွေပါတဲ့

ဆယ်ကျော်သက်အရွယ် Best friend နှစ်ယောက်ပေါင်းပြီး
မြောက်အမေရိကရဲ့ အကြီးမားဆုံးအိုင်ဒီအတု အင်ပါယာကြီးကို တည်ထောင်ဖြစ်သွားကြပါတယ်

ဇိုဝီကတော့ ဒီကိစ္စကြီး တစ်ခုလုံးဟာ ရေဘက်ကာရဲ့ အိုင်ဒီယာသာ ဖြစ်ပြီး
သူကတော့ စူးစမ်းချင်စိတ်ကြောင့်သာ လုပ်ခဲ့တာပါတဲ့

ရေဘက်ကာကလည်း ဒါတွေ အားလုံးက ဇိုဝီရဲ့ အကြံဉာဏ်တွေပါတဲ့
ဆိုတော့ ဘယ်သူ့အိုင်ဒီယာနဲ့ ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့ကြလဲဆိုတာကို
အတုအယောင်တွေနဲ့အတူ ရှုစားလိုက်ကြပါဦး
1
1-0,0-0-0 BC -( 2008)

အညွှန်း* 🔽🔽🔽

ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေးတစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကိုသ!တ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှနေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ် ....
ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး
ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ
အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ
ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ…

ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း
ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ်
၂၀၁၄ ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်၀မ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ

မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professional ဖောက်ထွင်းရေးသမားတစ်ဦးနဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်

ခက်ခဲလှတဲ့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်

ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ
2
Percy Jackson and the Olympians (2024)


အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ဇာတ်ကားမထွက်ခင်တည်းက အကြောင်းအမျိုးမျိုးနဲ့ နာမည်ကြီးခဲ့ပြီး IMDb 7.5 အထိရထားတဲ့ Percy Jackson and the Olympians series လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ Percy Jackson and the Olympians movies တွေကို Disney+ ကနေ series တစ်ခုအဖြစ် ပြန်အသက်သွင်းလိုက်တာဖြစ်လို့ movies ထဲမှာမမြင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေကိုပါ မြင်တွေ့ရဦးမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ သွေးနှောနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Percy တစ်ယောက် အသက်ပြည့်ချိန်မှာ ထူးထူးဆန်းဆန်းတွေ စကြုံလာရပြီး သူ့ဘဝမှာ အစစ်အမှန်လို့ မတွေးခဲ့ဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေက အစစ်အမှန်ဖြစ်လာတဲ့အခါ အသက်မသေဖို့ကြိုးစားရင်း Percy၊ Grover နဲ့ Annabeth တို့ သူငယ်ချင်းသုံးယောက် စွန့်စားခန်းဖွင့်ပုံတွေ ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေ မိစ္ဆာတွေကို တစ်ဝကြီးမြင်တွေ့ရမှာမို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်...
1
Amor Towles ၏ 2016 ဝတ္ထုကို အခြေခံ၍ "A Gentleman in Moscow" သည် Count Alexander Rostov သည် ၎င်း၏ရာထူးနှင့် ပစ္စည်းဥစ္စာဓနများကို ဖယ်ရှားခဲ့ပြီး မော်စကိုမြို့ရှိ ခမ်းနားသောဟိုတယ်တွင် တစ်သက်လုံး နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားသည့် တော်လှန်ရေးခေတ်လွန် ရုရှား၏နောက်ခံကို ဆန့်ကျင်ထားသည်။ မဖြစ်နိုင်သော မိတ်သဟာယများ၊ ခဏတာ အချစ်ဇာတ်လမ်းများနှင့် ဟိုတယ်၏ တည်းခိုနေထိုင်သူများသည် ဟိုတယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လူသားတို့၏ တည်တံ့ခိုင်မြဲသော ဆက်သွယ်မှုစွမ်းအားကို Count ၏ မျက်လုံးများကို ဖွင့်ပေးသည်။ အရာအားလုံးဆုံးရှုံးပြီးနောက်၊ စစ်မှန်သောစည်းစိမ်ဥစ္စာများကို အချစ်၊ ရဲစွမ်းသတ္တိနှင့် အသိုင်းအဝိုင်းတွင် တွေ့ရှိရမည်ဖြစ်သည်။
2
The 7 Lives of Lea (2022)

ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီး
IMDbအ​နေနဲ့ 7.1ရရှိထားပါတယ်၊
Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။

ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း
​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊
အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်း
လီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ
၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊
အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်း
ပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။

ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​
နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊
မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက်
တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်း
အစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ
လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊
ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက်
အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊
အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊
အဆိုပါပတ်သတ်မှု​တွေက ပစ္စုပ္ပန်ထိ ပါလာဦးမလားဆိုတာကို သဘာဝလွန်ဆန်ဆန် ကြည့်ရှုရမှာပါ။
4
Kaala Paani (2023) “သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း”
IMDb – 8.1/10

Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့
မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ
နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။
ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။
သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။

အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။
ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက
အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။
ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။
လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့
ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။
ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။

လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။
လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။
အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး
ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့
ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ကြည့်ရှုအပန်းဖြေတော်မူကြပါဦး။
1
T_h-e L_o-s_t C-i_t-y of Z  (2017)

အညွှန်း* 🔽🔽🔽

၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။