UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။

တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။
Asir : Welcome to your dark side (2020)

IMDb – 8.5/10

Asur ဆိုတဲ့ အိန္ဒိယ ဘောလိ၀ုဒ် crime thriller စီးရီးဇာတ်ကားလေး ကိုတင်ဆက်ပေးလိုက်ပါတယ်

ဒီစီးရီးလေးမှာဆိုရင် Asur ဆိုတဲ့ မကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရတဲ့ သူတစ်ယောက်
ဇာတ်လမ်းအစမှာတော့ ဇာတ်အိမ်လေးတွေပြန့်ကျဲနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့
ဇာတ်အိမ်ကို စုစည်းခိုင်မာစွာတင်ဆက်ထားတာကိုမြင်ရမှာပါ

ခေတ်သစ်သိပ္ပံပညာ မှုခင်းဆေးပညာနဲ့ ဘာသာရေးအယူအဆတွေ
စိတ္တဇကွင်းဆက်လူသတ်သမားကဘယ်သူဖြစ်နိုင်လဲ
လူသတ်သမားကိုဖော်ထုတ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားကြမလဲ
မှုခင်းသိပ္ပံပညာရှင်ဖြစ်တဲ့ ဆရာတပည့်နှစ်ယောက်ကရောသဲလွန်စကိုရှာတွေ့နိုင်ပ့ါမလား ဆိုတာ ကို

ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်တာကြောင့်လက်မလွှတ်ဘဲ
စောင့်ကြည့်သင့်တဲ့ စီးရီးလေးဖြစ်ကြောင်းအကြံပေးလိုက်ချင်ပါတယ်
1
Notre-Dame (2022)

(တချို့ကိစ္စ အမှတ်တရတွေက လူတွေကိုအမြဲအမှတ်ရနေစေတာမဟုတ်ပါဘူး
သူတို့ဘဝထဲကအချိန်ကာလတစ်ခုကို ရပ်တန့်သွားစေခဲ့တာပါ)

၂၀၁၉ ခုနှစ်က ပဲရစ်မြို့ကပြည်သူတွေရဲ့အချိန်ကို တစ်ခဏတာရပ်တန့်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ်
ပဲရစ်မြို့ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ် ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်
ကြေညာထားတဲ့နေရာလည်းဖြစ်တဲ့ နိုတာဒမ်းခရစ်ယာန်ဘုရားကျောင်းမီးလောင်ကျွမ်းမှု

လူသေဆုံးမှုမရှိခဲ့ပေမယ့်လည်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းထိခိုက်ပျက်စီးမှုများတဲ့အပြင်
လူတွေရင်ထဲစွဲမြဲနေလောက်အောင် အထိတ်တလန့်ဖြစ်‌စေခဲ့တဲ့ ဒီဖြစ်ရပ်မှန်အကြောင်းကို
မီးသတ်သမားရဲ့ရှုထောင့်ဘက်က ရိုက်ကူးထားတဲ့ Notre Dame ဆိုတဲ့ Netflix mini seriesလေးနဲ့ စီအမ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါရစေ။

ဘဝမှာပထမဆုံးဆိုတဲ့အရာတွေဟာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ အမြစ်တွယ်နေတတ်ပါတယ်။
ဥပမာ “အချစ်ဦး” ပေါ့။
မီးသတ်သမားတစ်ယောက်အတွက်လည်း သူပထမဆုံးငြိမ်းသတ်ရတဲ့မီးက သူ့ဘဝရဲ့မှတ်ကျောက်တစ်ခုပါ။
ဒါပေမဲ့ အဒမ်စကီကတော့ ပထမဆုံးမီးငြိမ်းသတ်ရချိန်မှာ ချစ်ရသူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ဘန်ကို ဆုံးရှုံးလိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့တာကြောင့် အလုပ်ပါနားလိုက်ရပါတယ်။
ဒီတူညီသောဖြစ်ရပ်မှာပဲ စိတ်ဒဏ်ရာရသွားခဲ့သူကတော့ မီးသတ်ဌာနရဲ့ဗိုလ်ချုပ်ဖြစ်တဲ့ ဘန်ရဲ့အဖေဖြစ်သူပါ။
ဒီလိုစိတ်ဒဏ်ရာတွေနဲ့လူနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေမယ့် နိုတာဒမ်းမီးလောင်ကျွမ်းမှုမှာရော
အတိတ်ဖြစ်ရပ်‌ရဲ့ Flashbackတွေကြားကနေ သူတို့နှစ်ယောက်ကျရာတာဝန်ကို
ဘယ်လိုထမ်းဆောင်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုတာဒမ်းမီးလောင်မှုကို သေချာရိုက်ကူးပြထားတဲ့စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်
ဒီဖြစ်စဉ်ကိုသေချာသိချင်သူတွေရော မသိလိုက်သူတွေပါ ကြည့်ရှုသင့်တဲ့စီးရီးလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။
IMDb Rating – 7.8/10

Netflix ကနေ July 1 ရက်နေ့မှာပြသခဲ့တဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။

ဒီစီးရီးက Stranger Things ကို ထုတ်လုပ်ခဲ့တဲ့ Production ကပဲ တင်ဆက်ထားတာဖြစ်ပြီး သာမန် ရုပ်ရှင်ကား

များမဟုတ်ဘဲ . တကယ့်အပြင်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အမှန်များကို အင်တာဗျူးပြကွက်တွေနဲ့ ဇာတ်လမ်းဇာတ်ရုပ်

များကို ရောယှက်ပြသထားတဲ့ Documentary Movies များဖြစ်ပါတယ်။ ဒီစီးရီးမှာ အပိုင်း(၆)ပိုင်းပါပြီး ဇာတ်လမ်း

အကျဥ်းတွေကို ပြောပြရမယ်ဆိုရင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေကို အခြေခံထားပါတယ်။ ဒါဆိုရင် ဘာထူးဆန်း

လဲလို့မေးစရာရှိပါတယ် . ဟုတ်ပါတယ် . သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေဟာ သာမန် suicide လုပ်တာတွေ၊ အသတ်

ခံရခြင်းမျိုးတွေနဲ့မတူဘဲ . လက်မခံနိုင်စရာထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေဆုံတွေ့နေတာပါ။ နောက်ပြီးတော့ အခုပြသ

ထားတဲ့ အဖြစ်အပျက်(၆)ခုဟာ အခုချိန်ထိတိုင်အောင် လက်တွေ့အဖြေရှာမရသေးဘဲ လူတွေဟာတွေဝေနေပြီး ဘာ

ကြောင့်သေဆုံးတယ်၊ ဘာကြောင့်ပျောက်ဆုံးတယ် . ဘယ်လိုပျောက်ဆုံးတယ်ဆိုတာပါ ဆုံးဖြတ်ချက်ချလို့မရတဲ့ အဖြစ်

အပျက်များပါ။ အဲ့ဒီထဲက မိသားစုတစ်ချို့ဆို အင်တာဗျူးခံဖို့ကိုတောင် ငြင်းဆိုခဲ့ကြတာပါ။ အကယ်လို့ ဒီအဖြစ်အပျက်

များကို ပရိတ်သတ်တွေအနေနဲ့ ဖြေရှင်းတယ် . တစ်ခုခုအကြောင်းကြားနိုင်တယ်ဆိုရင် Phone No – 573-729-3241

or unsolved.com တို့ကို ဆက်သွယ်ပြီး အကူအညီပေးနိုင်ပါတယ်။

နောက်တစ်ခုပြောချင်တာက Documentary Movies တွေဆိုလို့ ပျင်းရိစွာထိုင်ကြည့်နေရမှာမျိုးမဟုတ်ပါဘူး

ပဟေဌိတစ်ပုဒ်ကို ထိုင်ဖတ်နေရသလို စိတ်ဝင်စားစွာနဲ့ကြည့်ရမယ်ဆိုတာကိုလည်း စကားချပ်အနေနဲ့ ပြောပြရင်း

ဒီစီးရီးကို ကြည့်ကိုကြည့်ဖို့ တိုက်တွန်းညွှန်းဆိုချင်ပါတယ်။
👍21
IMDb Rating – 6.8/10

Marvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။

ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။

အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။

သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့

အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီး

သူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကို

ခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်

ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကို

တွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြု

ထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ကွန်စတန်တင်း အလွမ်းပြေ ကြည့်လို့ရအောင်

တင်ပေးလိုက်ပါတယ်။
5
2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။



အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေး‌တွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။



ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။



သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် သူတို့လှေကို ရေထဲချဖို့ကူညီပေးတဲ့ ဒေသခံစုံတွဲက ရိပ်မိသွားပြီး ရဲကိုသတင်းပေးခဲ့ပါတယ်။



ဒီလိုနဲ့ ရဲတွေဘက်က လှုပ်ရှားလာအခါ….နောက်ဆုံးမှာ တစ်ဖွဲ့လုံးကို ဆေးတွေနဲ့အတူ ဖမ်းမိပြီး အကုန်လုံး ထောင်ဒဏ်တွေအသီးသီးကျကုန်တာကို မြင်‌တွေ့ရမှာပါ။ ပင်လယ်ထဲသောင်တင်နေတဲ့ ပစ္စည်းအမျိုးသမီးအဖွဲ့ကရော ဘယ်လိုဒုက္ခဆင်းရဲတွေ ကြုံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။
Golden Doll ( 2016 )

Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။

ဇာတ်လမ်းအညွှန်းလေးကတော့ ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲကနေပါ နှင်ထုတ်ပါတော့တယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ
Turistas (2006)

နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ်ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့်ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့်နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။
Tailgate (2019)

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 5.8/10ရရှိထားပြီး
နယ်သာလန်ရုပ်ရှင်ပွဲတော်မှာ Best Sound Design ဆုကိုရရှိထားပြီး
ဒါရိုက်တာLodewijk Crijns ရိုက်ကူးပုံဖော်ထားတဲ့ Tailgate ဆိုတဲ့
ဘယ်လ်ဂျီယမ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစော
ဒီဇာတ်ကားက မိသားစုတစ်စု အဖိုးအဖွားတွေဆီကို အလည်အပတ်သွားတဲ့လမ်းမှာ
မမျှော်လင့်ဘဲ လမ်းမှာ စတ္တဇဆန်ဆန်လူသတ်သမားတစ်ယောက်နဲ့ ကြုံတွေ့ရပုံကို
ဇာတ်အိမ်တည်ထားပြီး မင်းသား Jeroen Spitzen နဲ့ မင်းသမီး Anniek Pheifer
တို့က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာ ဟန်စ့်တို့မိသားစု အဖိုးအဖွားတွေရှိတဲ့ ဟန်စ့်ရဲ့ဇာတိမြို့လေးကို
အလောတကြီး သွားကြပုံနဲ့အစပျိုးထားပါတယ် ဒီလိုနဲ့လမ်းတစ်ဝက်လောက်အရောက်မှာ..
1
Auto Shankar(2019)(unicode)

ရှန်ခါဟာလက်မရွံကြေးစားလူမိုက်တစ်ယောက်ဖြစ်ပြီး သူ့ဦးလေးခိုင်းသမျှအကုန်
မျက်စိစုံမှိတ်လုပ်တဲ့လူတစ်ယောက်…သူ့မှာသူနဲ့စရိုက်ချင်းတူတဲ့ချစ်သူကောင်မလေး
ချန်ဒီနီရှိတယ်…တစ်နေ့မှသူ့ဦးလေးဖြစ်သူကလူတစ်ယောက်ကိုသတ်ခိုင်းတယ်…အဲ့ဒီ
အချိန်မှာ ရှန်ခါမသိတဲ့အချက်တစ်ခုရှိတယ်..အဲ့ဒါက လုပ်ကြံမှုပြီးရင်ဦးလေးဖြစ်သူက
ရှန်ခါနဲ့ သူ့ကောင်မလေးကို လက်စဖျောက်ဖို့ အဖွဲ့တစ်ဖွဲ့ နဲ့ သီးခြားစေခိုင်းထားတာပါပဲ…
ရှန်ခါတစ်ယောက် ဦးလေးဖြစ်သူရဲ့ အစီအစဉ်အတိုင်း သူပါ အသတ်ခံရမလား..
သူ့ချစ်သူရော လွတ်မြောက်ပါ့မလား… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ…ဒီကားက အိန္ဒိယ အက်ရှင်ဦးစားပေးကားဖြစ်ပြီး ရဲတွေနဲ့ လူဆိုးတွေ များစွာကို အပီအပြင် ဗျင်းတဲ့အခန်းပေါင်းများစွာ ပါဝင်ပါတယ်….မင်းသားဖြစ်သူဟာ မမျှော်လင့်ထားတဲ့ ကိစ္စတွေကြောင့် ကျားနာတစ်ကောင်လိုဖြစ်ပြီး ရှယ်ဗျင်းတာတွေကို အားရပါးရ
မြင်ရပါလိမ့်မယ်…ခံစားကြည့်ကြပါဦး…
Rebelde (2022)
Rebelde Season 1

Rebelde a.k.a Rebel က​တော့ Netflixရဲ့ အသစ် ထွက်ရှိလာတဲ့
လက်တင်စကား​ပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊
Comedy, Teen Drama, Musical Themeဖြစ်ပြီး
လက်တင်စီးရီး​တွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်​ပေးရာမှာ လက်​စောင်းထက်​လေ့ရှိတဲ့ Netflix ​ကြောင့် ​
ရှေ့က​​နောင်​​တော် Hit Teen Drama​တွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့​ရဲ့ခြေရာကို နင်းနိုင်မလား​​ဆိုတာ
စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊


Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အ​တော်​ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊
မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး
2004 ခုနှစ်မှာ မက္ကဆီကိုအ​​ခြေစိုက်Televisaက​နေ ဗားရှင်း​ပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊
2004 ထွက် Mexican version က​တော့Season 3 ခု total episodes 440နဲ့
Latin America Showsသမိုင်းရဲ့ ​​အောင်မြင်မှုအကြီးဆုံး show​တွေထဲက တစ်ခုဖြစ်ခဲ့သလို
ဆယ်ကျော်သက်​တွေကြားမှာ အ​တော်​လေး​ပေါက်ခဲ့တဲ့ သမိုင်း​ကြောင်းရှိပါတယ်၊
ဒါအပြင် အဲဒီဗားရှင်းက​နေ RBD လို့​ခေါ်တဲ့ Bandတစ်ခုပါထွက်​ပေါ်ခဲ့ပြီး
​အောင်မြင်မှုအတိုင်းအတာ အသင့်အတင့်ရခဲ့ပါတယ်၊

အခု 2022ခုနစ်မှာ​တော့ Netflixက ဒီ Seriesကို rebootအ​နေနဲ့ ပြန်လည်အသက်သွင်းလိုက်ပါပြီ၊

ဒါက​တော့2006ဗားရှင်းရဲ့ အဆက်သ​ဘောမျိုး ရိုက်ကူးထားတာဖြစ်ပြီး
2006 Rebeldeရဲ့ သရုပ်​ဆောင်တချို့လည်း ပြန်လည်ပါဝင်ထားပါတယ်

Elite Way School မှာ လူကုံထံအသိုင်းအဝိုင်း ​ရေ​ပေါ်ဆီ​တွေပဲ တက်​ရောက်ကြတဲ့ ကိုယ်ပိုင်​ကျောင်းဖြစ်​ပေမဲ့
ဆင်းရဲပြီးပညာထူးချွန်တဲ့ ​ကျောင်းသား​တွေအတွက် စ​ကောလားရှစ်​ပေးတဲ့ အစီအစဉ်လည်းရှိပါ​သေးတယ်၊
ဒါ​ပေမဲ့ ဒီအစီအစဉ်ကလည်း အမည်ခံသာဖြစ်ပြီး ​ရွေးချယ်ခံရဖို့​တောင် မလွယ်ကူလှပါဘူး၊
အ​ကြောင်းရင်းက​တော့ ​​ဒီ​ကျောင်းကြီးမှာ အခွင့်ထူးခံလူတန်းစား သီးသန့်သာထားချင်တဲ့
La Logia ( The Lodge)လို့​​ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်း​ကြောင့် ဖြစ်ပါတယ်၊

ဒီလို​ကျောင်းမျိုးမှာ Andi, Jana ,Maria Jose ,Dixon, Lukaနဲ့ Esteban တို့လို
အ​ခြေအ​နေမတူ၊ အသိုင်းအဝိုင်းမတူတဲ့ လူငယ် ၆​ယောက်လာဆုံပါတယ်၊
ကျန်တာ​တွေသာ မတူရင်ရှိ​ပေမဲ့ သူတို့အားလုံးမှာ ဘုံတူညီ​နေတာတစ်ခုရှိပါတယ်၊
ဒါက​တော့ သူတို့ရဲ့ဂီတကိုချစ်တဲ့စိတ်ပါ၊
အဲဒီစိတ်နဲ့ပဲ ​ကျောင်းသား၆​ယောက်နီးစပ်ပြီး ​​ကျောင်းတွင်းBandတစ်ခု ​ပေါ်​ပေါက်လာဖို့ အစပြုခဲ့ပါတယ်၊
ဒီမှာ ​​ကျောင်းကို ​ရေ​​ပေါ်ဆီသီးသန့်ဆန်​စေချင်တဲ့ La Logiaအဖွဲ့ကြားဝင်လာပြီး
High Classမဟုတ်တဲ့ bandမန်ဘာ​တွေကို နှိပ်ကွပ်ဖို့ ကြိုးစားလာရာမှာ
သူငယ်ချင်း၆​ယောက်၊ ဂီတကိုပဲချစ်တဲ့လူငယ် ၆​ယောက်ဟာ
သူတို့ Band၊ သူတို့ရဲ့မန်ဘာ​​တွေကို La Logiaရဲ့​ပ​ယောဂ​တွေက​နေ အချင်းချင်း ဘယ်လိုကာကွယ်ကြမလဲ၊
သူတို့ချစ်တဲ့ ဂီတခရီးကို ရ​အောင်​လျှောက်လှမ်းရင်း
Rebel(ကလန်ကဆန်လုပ်ကြသူများ)​တွေ ဘယ်လိုဖြစ်လာမလဲ
​​ရှေ့က​နောင်​​တော်RBDအဖွဲ့ကိုမှီ​အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ​စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊
Season 1 အစအဆုံး ၈ ပိုင်း ထွက်ရှိလာတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာဖြစ်ပါတယ်
Cracow Monsters (2022)
==================
IMDb Rating – 5.5 / 10

ဒီတစ်ခါတော့ စိတ်ကူးယဉ်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ်
ပိုလန်စီးရီးလေးတစ်ခုကို မြည်းစမ်းကြည့်ရအောင်ပါ။


ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ Alex ဟာ အိပ်မက်
ဆိုးတွေ အမြဲမက်လေ့ရှိတဲ့သူပါ။ မတော်တဆမှုတွေဖြစ်တိုင်း
တခြားလူတွေအကုန်သေကုန်ကြပေမဲ့ Alex ကတော့ ထူးထူး
ဆန်းဆန်း သူတစ်ယောက်တည်း အမြဲ ဘေးမသီရန်မခ လွတ်
လာလေ့ရှိပါတယ်။ အဲဒီအကြောင်း ကျောင်းက ပရော်ဖက်ဆာ
တစ်ယောက်ကသိသွားပြီး Alex ကို သူ့သုတေသနအဖွဲ့ထဲ
ဆွဲထည့်ပါတော့တယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ ပရော်ဖက်ဆာနဲ့ သူ့ရဲ့ကျောင်းသား
တစ်သိုက်ဟာ တစ်အိမ်တည်းစုနေပြီး ပရော်ဖက်ဆာရဲ့ ဦးဆောင်မှုနဲ့
လျှို့ဝှက်ဆန်းကြယ်တဲ့ သုတေသနတစ်ခုကို လုပ်နေကြတာပါ။
Alex တစ်ယောက် အဲဒီအိမ်ကိုရောက်သွားပြီး စလဗ်လူမျိုးတွေရဲ့
ကိုးကွယ်ယုံကြည်မှုတွေ၊ ရှေးခေတ် မကောင်းဆိုးဝါးတွေ၊ သွေးဆာနေတဲ့
နတ်မိစ္ဆာတွေနဲ့ ပတ်သက်မိတဲ့အခါမှာတော့….
ရုရှားနဲ့ ဂျာမန်စစ်ပွဲတွေကြားက မိဘနဲ့ အစ်ကိုကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်သူ့ရွာကို စစ်တပ်တွေဝင်လို့ ထွက်ပြေးရင်း တောထဲမှာ ရုရှားကင်းထောက်တွေက ရှာတွေ့ခဲ့ပြီး တပ်ရင်းကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာပဲ ကလေးကိုပြုစုပေးကြပြီး တပ်ကလူတွေနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်..ဒါနဲ့ပဲ ကလေးကို အဝေးကိုပို့မယ့် တပ်မှူးရဲ့အကြံကို ဝိုင်းဝန်းဖျောင်းဖျပြီး ကလေး‌ကိုသူတို့နဲ့ပဲအတူထား‌စေပြီး တပ်မှူးက သူ့သားအဖြစ်မွေးစားလိုက်ပါတော့တယ်ဒီကလေးလေး တပ်ရင်းထဲမှာ တပ်သားတွေကို ဘယ်လိုကူညီပေးသွားမလဲဆိုတာကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ အတူ ခံစားကြည့်ရူ့လိုက်ကြပါနော်။
The Paradise Of Thorns [2025]

မထွက်ခင်ကတည်းက Hit ဖြစ်ခဲ့ပြီး ရုံတင်ပြီး ၄ ရက်နဲ့တင် ဘတ် သန်း ၅၀ အထိ ရရှိခဲ့တဲ့ Jeff Satur နဲ့ Engfa တိုရဲ့ နာမည်ကြီးရုံတင်ဇာတ်ကားကြီး
တန်းတူညီမျှ လက်ထပ်ခွင့်ဥပဒေမရှိသေးတဲ့အတွက် လက်မထပ်နိုင်သေးတဲ့ Gay Couple ဆက်နဲ့ထုန်ခမ်...ထုန်ခမ်က ဆက်ပေါက်နှံထားရတဲ့ ဒူးရင်းခြံအတွက် ဒိုးတူဘောင်ဖက်နဲ့ ရုန်းကန်ရင်း ဒူးရင်းခြံနဲ့အိမ်လေးကို ပြန်ရွေးပြီး ချစ်သူနှစ်ယောက် မိသားစုဘဝလေးတည်ဆောက်ဖို ကြိုးစားနေကြချိန်မှာပဲ မထင်မှတ်ဘဲ ဆက်ဆုံးပါးသွားခဲ့ရပါတယ်...နစ်ယောက်အတူရုန်းကန်ကြိုးစားရင်း ရွေးထားရတဲ့ ဒူးရင်းခြံနဲ့အိမ်ဟာ ဆက်ဆုံးပါးပြီးနောက်မှာ ဥပဒေအရ အလိုလိုနေရင်း ဆက်ရဲ့မိခင်ဖြစ်သူကပဲ ရရှိသွားခဲ့ပါတယ် ဆက်ရဲ့မိခင်ဖြစ်သူရဲ့ မွေးစားသမီး မိုနဲ့ မောင်ဖြစ်သူ ဂျင်ဂါတိုကပါ အမွေကိစ္စထဲ ပတ်သတ်ယှက်နွယ်လာကြတဲ့အခါခြံနဲ့အိမ်အတွက် အမွေပြိုင်ဆိုင်မှုတင်းမာနေကြချိန် ထုန်ခမ်ကလည်း ချစ်ရသူနဲ့အတူကြိုးစားခဲ့တဲ့ အမှတ်တရတွေအများကြီးရှိတဲ့ ခြံနဲ့အိမ်ကို ပြန်ယူဖို နည်းမျိုးစုံနဲ့ ကြိုးစားရတဲ့အခါမှာတော့...
My Friend is a Cute Shark (2025)

စိတ်ကူးယဉ်သိပ္ပံကား ဆန်းဆန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေကိုအကျိုးပြုနိုင်ဖို့ ပါမောက္ခကြီးတစ်ယောက်က မျိူးရိုးဗီဇပေါင်းစပ်နည်းကိုသုတေသနာလုပ်နေခဲ့ပါတယ်။ ငါးမန်းရဲ့မျိုးရိုးဗီဇနဲ့ ရေဘဝဲရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ကြည့်ပြီး လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်တာမအောင်မြင်ဘူးလို့ထင်ခဲ့ပေမယ့် အောင်မြင်ပြီးတော့ သုတေသနခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးရိုးဗီဇဆန်း ရေဘဝဲငါးမန်းတစ်ကောင်ကလမ်းပေါ်ရောက်သွားပြီး ငါးရောင်းတဲ့သားအဖ၂ယောက်ဆီကိုရောက်သွားခဲ့ပါတယ်။ မျိုးရိုးဗီဇစမ်းဖြစ်တဲ့အတွက် ကြီးထွားနှုန်းကအရမ်းကိုမြန်ပြီးတော့ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာငါးသည်ရဲ့သမီးလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ကလေးရဲ့အဖေနဲ့ ပါမောက္ခတို့လူတွေကလဲ ရေဘဝဲငါးမန်းကိုလိုက်ရှာကြပါတယ်။ သုတေသနအတွက်အရမ်းကြီးတဲ့ဒီထူးဆန်းသတ္တဝါကိုအရှင်လိုချင်ပေမယ့် သူ့ရဲ့အရွယ်အစားနဲ့ထိခိုက်စွမ်းရည်ကြောင့်..
Rating – 9.1/10
 
#Unicode
လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းကြီးတွေ အကြောင်း ဇာတ်လမ်းဆင်ထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။  စုစုပေါင်း ၉ ပိုင်း ရှိပါတယ်။
နေ့စဉ်တင်ဆင်ပေးသွားမှာပါ။ ဒီစီးရီးကတော့ ပိကီ ဘလိုင်ဒါ တို့ ဂေါ့ဖားသားတို့လို သွေးအေးအေး ရက်စက်တဲ့ စတိုင်မျိုး
မဟုတ်ပါဘူး။ ဒါရိုက်တာကိုက Raid ရုပ်ရှင်ကို ရိုက်ခဲ့တဲ့သူဖြစ်လို့ အက်ရှင် အသားပေးပါတယ်။ Raid ရဲ့ အများနဲ့ တစ်ယောက်
ရက်ရက်စက်စက်တွေ ချတဲ့ အငွေ့အသက်မျိုးတွေ ပါပါတယ်။ စတန့်နည်းပြတွေကလည်း Bourne ရုပ်ရှင်တွေလို အက်ရှင်
အကြမ်းတွေမှာ ပါခဲ့တဲ့လူတွေပါပဲ။
ဇာတ်လမ်းအကျဉ်း …
———————-
လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းအားလုံးဟာ ဝဲလေ့ မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကြရပါတယ်။ တစ်နေ့မှာတော့
ဝဲလေ့မိသားစုရဲ့ ခေါင်းဆောင် ဖင်း ဝဲလေ့ လုပ်ကြံခံရပြီး သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူ ရှောင်ဝဲလေ့က နန်းတက်လာ
ပါတော့တယ်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက အခွင့်အရေးယူ သွေးတိုးစမ်းကြချိန်၊ ရှောင်ကလည်း သူ့အဖေကို သတ်သွားတဲ့သူကို
အသည်းအသန်လိုက်ရှာချိန်မှာ ဂိုဏ်းတွေရဲ့ ကြားမှာ စစ်ပွဲတွေ ဖြစ်လာပါတော့တယ်။ အပိုင်းတိုင်း ဝုန်းဒုန်းကြဲနေတာမို့
ဒီကားက အက်ရှင် အကြမ်းတွေကို နှစ်သက်သူတွေအတွက် အရသာတွေ့မှာပါ။
👍2😁2
IMDb - 8.4/10

Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။

ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ Anime က ဇာတ်ကွက်တွေကို live action မှာ ဘယ်လို ဆန်းသစ် သွားမလဲ၊ ဘယ်လို ဖန်တီးထားမလဲ၊ ဘယ်လို မတူတဲ့ အမြင်နဲ့ ရိုက်ကူးထားလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု အားပေးလိုက်ကြပါအုံး။
👍21
အနှစ်ချုပ်: "လူသတ်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ဖို့ အင်စပက်တာမူနီရာတစ်ယောက် သူ့ဇာတိဖြစ်တဲ့ ဆရီဒါအစ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခေါက်ပြန်ရောက်တဲ့ခရီးမှာ သူဟာ ဒဏ်ရာဟောင်းတွေနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရပါတော့တယ်။ အဲဒီထဲမှာ အဖြစ်ဆိုးတစ်ခုမတိုင်ခင်ထိ မူနီရာနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တဲ့ ယူဆွတ်ဖ်တစ်ယောက်လည်း အပါအဝင်ပါပဲ။
The Revenant (2015) မြန်မာစာတန်းထိုး

အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေအပါအဝင် ရုပ်ရှင်လောကရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ

အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်

ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားတာပါ

ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူ ယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည်တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ

မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ

မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ
1
Fury (2014)

IMDb (8.1/10)

၁၉၄၅ ခုနှစ်၊ ဧပြီလ။ 
ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။

အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ 
နာဇီ ဂျာမနီနိုင်ငံအား
အမေရိကန်မှ
နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ
ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကားကို
ဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှုတွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Huntress (2024)

Huntress (2024) အ​မေရိကန် စစ်တပ် ​ဆေးတပ်ဖွဲ့ အုပ်စုငယ်တစ်ခု က တပ်ခွဲက​နေ ​ပြောင်း​ရွေ့ရင် ​နောက်ကျကျန်​နေခဲ့ပါတယ်။ သူတို့က နီးစပ်ရာ တပ်ခွဲရှိရာကို မြန်မြန် သွား​နေကြရင်း လမ်းမှာ ဂျာမန်​ကောင်မ​လေးငယ်​လေးတစ်​ယောက်နဲ့ ​တွေ့ကြတဲ့အခါ မထင်မှတ်ထားတာ​တွေ ဖြစ်လာပါ​တော့တယ်။ စစ်ပွဲကာလအတွင်းက အ​ခြေအ​နေ လူ​တွေရဲ့စိတ်​တွေ ဖိအား​တွေ ခံစားချက်​တွေကိုကြည့်ရှု ရမှာပါ...
👍1