UPDATE - အညွှန်းသီးသန့်
9.33K subscribers
4 photos
22 links
Download Telegram
Intimacy (2022)
============

IMDb Rating – 6.8/10
Money Heist မင်းသမီးတစ်ယောက်ဖြစ်တဲ့ Itziar Ituño ရဲ့ Crime ,
Drama Netflix စီးရီးလေးထွက်လာပါတယ်။

မြို့တော်၀န်ဖြစ်ဖို့ ရာခိုင်နှုန်းများနေခဲ့ မာလင်ဇူဘီရီဟာ အိမ်ထောင်ကွဲ
ထားပေမယ့်၊ အမှီခိုကင်းတဲ့ သမီတစ်ယောက်အမေ အဖြစ်နဲ့ ရပ်တည်
နေတဲ့သူပါ။‌ ဒါ‌ပေမယ့် သူနဲ့ အမျိုးသားတစ်ယောက် ကမ်းခြေမှာ တစ်ည
တာပျော်ပါးခဲ့တဲ့ Sex Tape ထွက်လာပြီးနောက်ပိုင်းမှာပဲ လူထုအမြင်တွေ
ပါတီရဲ့အမြင်တွေ အကုန်ပြောင်းလဲသွားပြီး၊ အနှစ်နှစ်ကာလ တည်ဆောက်
ခဲ့တဲ့ အောင်မြင်မှုတွေဟာ ညတွင်းချင်းပဲ လွင့်စင်ပျောက်ကွယ်ကုန်ပါတယ်။

သူမရဲ့ ဘ၀ကိုဘယ်လိုပြန်လည်တည်ဆောက်ရင်း အဖက်ဆည်သွားမလဲ
ကြည့်ရမှာဖြစ်ပါတယ်။ ဒီလို Sex tape တွေ leak ဖြစ်လာရင် ရှက်ရမယ့်
သူဟာ နစ်နာသူ victim မဟုတ်ကြောင်းကို မီးမောင်းထိုးပြထားတဲ့ Netflix
ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။
IMDb 7.5/10
=================================

ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား….

သိပ်ကိုဖြစ်နိုင်တာပေါ့ ……

ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့…..

ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့
နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်

ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို
တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။

သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ
မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ…..။
တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ
သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။
နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို
မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။

ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင်
ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။
ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။

ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ
ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ
စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။

ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ကြည့်ဖူးရင်

စပိန်ကားတွေက ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်ကွက် အလှည့်အပြောင်း
ခပ်များများ ချပြတတ်တယ်ဆိုတာ သိလောက်မှာပါ။

ဒီစီးရီးလေးကလည်း Season 1 မှာ အပိုင်း ၁၀ပိုင်းပါဝင်ပြီး
ကိုလမ်ဘီယာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး အရှုပ်တော်ပုံကြားမှာ
ဆေးခြောက်စျေးကွက်ရဲ့ ပြဿနာတွေကို ရိုက်ကူးထားတဲ့အတွက်
လက်မလွတ်တမ်းစောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
3
IMDb – 6.5/10_Rotten – 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ….ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။ကဲ…. ဆရာနဲ့ တပည့်….ဘယ်လို ဆက်ဖြစ်ကြမလဲ…..အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။
1
Returning SeriesDisney Intertwined (Entrelazados Season1 ) (2021)

Disney က ၂၀၂၁ ခုနှစ်က ပြသခဲ့တဲ့ Fantasy/musical/drama အမျိုးအစား စပိန်စီးရီးလေးက ပါ IMDB 6.8/10, Rotten Tomatoes 92 % ရရှိထားတဲ့ ဒီစပိန်စီးရီးလေးမှာ လူငယ်သရုပ်ဆောင်လေးတွေရဲ့ ငယ်ရွယ် ဆန်းသစ်မှုတွေကို သီချင်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း Season 1 မှာတုန်းက မှော်လက်ပတ်ကိုအမှတ်မထင်ရရှိသွားပြီး အယ်လေဂရာတစ်ယောက် အမေဖြစ်သူရဲ့ငယ်ရွယ်စဉ် ၁၉၉၄ခုနှစ်ကို အချိန်ခရီးသွားခဲ့ရာက သိချင်တာတွေကို သိခဲ့ရပြီးနောက်မှာတော့ အမေနဲ့ အဘွားနဲ့ သုံးယောက်သား ဆက်ဆံရေးပြန်လည် ကောင်းမွန်သွားခဲ့ပါတယ်။

ဒါပေမယ့် အံ့ဩစရာကောင်းလောက်အောင် ၁၉၉၄ ခုနှစ်က မာကိုတစ်ယောက် မှော်လက်ပတ်ကို ရရှိပြီး အယ်လေဂရာရှိရာ ၂၀၂၁ ခုနှစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လေဂရာနဲ့ သူ့သူငယ်ချင်း ဖီးလစ်တို့ ကြံရာမရ ဖြစ်ကုန်ကြပါတော့တယ်။ မာကို့ကို လူမမြင်ဖို့အရေး ကြံစည် တွေးတောကြရင်း မာကိုက ဘယ်လိုအကြောင်းကြောင့် မှော်လက်ပတ်နဲ့ အချိန်ခရီးသွားဖို့ဖြစ်လာခဲ့လဲဆိုတာကို ရှာဖွေကြဖို့ ပြင်ဆင်ကြပါတော့တယ်။ အယ်လေဂရာက မာကို့ကို စိတ်ယိုင်နေမှန်းသိလို့ ဖီးလစ်တစ်ယောက်ကတော့ ပူပန်ခြင်းတွေ စိတ်မချခြင်းတွေနဲ့ မာကို့ကို ၁၉၉၄ခုနှစ်ကို မြန်မြန်ပြန်ပို့ဖို့ တိတ်တိတ်လေး ကြိတ်ကြံနေခဲ့တာပေါ့လေ။

ဒီလိုနဲ့ မာကို့ရဲ့ ပထမဆုံးအချိန်ခရီးသွားခြင်းက ၁၉၉၄ ခုနှစ်ကို ပြန်ရောက်မသွားဘဲ ၁၉၇၅ ခုနှစ်ကို ရောက်ရှိသွားခဲ့ရာက သူ့အရွယ်ရောက်နေတဲ့ သူ့အဖေက ဘားတစ်ခုမှာအလုပ်လုပ်နေပြီး ခိုခိုနဲ့အတူရှိနေတာကို တွေ့ခဲ့ရချိန်မှာတော့.. မာကို့ရဲ့ အချိန်ခရီးသွားမှုက ဘာလို့ ၂၀၂၁ ဆီကနေ ၁၉၇၅ခုနှစ်ကို ပြန်ရောက်သွားခဲ့တာလဲ။ ခိုခိုကရော ဘာလို့ မာကို့ရဲ့အဖေနဲ့ အတူရှိနေခဲ့တာလဲ။ လက်ပတ်ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို သူ့အချိန်ခရီးစဉ်မပြီးခင် ရှာဖွေတွေ့ရှိနိုင်သွားမှာလား။ အယ်လေဂရာ၊ ဖီးလစ်နဲ့ မာကိုတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်
👍4
Wayne 2019

IMDb – 84 % , RT Rating 100

Now we’re talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း
Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး
( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ
voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။

ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ
နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။
ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ အဖေရဲ့ကားအလန်းစားလေးပြန်ယူလာဖို့
ဖလော်ရီထိ ဒယ်လိုင်လာလေးနဲ့အတူ ခရီးနှင်လာပါတော့တယ်။ သူတို့၂ယောက်ကို ဖလော်ရီဒါထိ လမ်းခရီးအဝေးကြီးကို
၂ယောက်သားဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ဝိန်းတစ်ယောက် ဘယ်လိုတွေကြမ်းမလဲ ဆိုတာ
အားပါးတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ Comedy Action ဖြစ်လို့ ဟာသလေးတွေနှောပြီး
actionလေးတွေ dramaလေးတွေ romanticဆန်ကြတာလေးတွေကိုကြည့်ရမှာဖြစ်ပါတယ်။
Actionတွေကလည်း တော်တော်ကြီးကိုကြမ်းပြီး Comedyက cringe မဖြစ်ပဲ သူ့ဟာနဲ့သူကိုရယ်နေရပါတယ်။
ရည်းစားရှိတဲ့လူတွေကတော့ ရည်းစားလက်ကလေးကိုင်ရင်း ကြည့်ပြီး ရည်းစားမရှိတဲ့လူတွေကတော့
ဖက်ခေါင်းအုံးလေးဖက်ပြီးကြည့်ကြပေါ့လေ ။ ဇာတ်လမ်းဇာတ်ရှိန်ကလည်း
ကောင်းပြီး မပျင်းရတဲ့ series လေးမို့ ကြည့်ရှု့ဖို့တိုက်တွန်းပါတယ် ။
3😭1
 
Tales of Halloween (2015)
IMDb Rating (5.5) / Rotten Tomatoes (77%)
 
Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ်
ပါတယ်။
ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။
လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ
ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။
အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။
Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ#
Sm..all Th..ings Like Th..ese (2024)

Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်
သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။
ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်
Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ
မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက
အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့
အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊
စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊
ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက
ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်
ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်
ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို
စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း
ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့
စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်
နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။
နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ
ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။
 
ဇာတ်လမ်းအကျဉ်း
***
ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့
သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း
ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား
ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က
မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ်
ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ
ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။
ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ်
မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့
သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ
နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို
ရိုက်ပြထားတာပါဖြစ်ပါတယ်။
မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ
ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။
2👍2🔥2
Welcome to Eden (2022) Season 1 ဇာတ်လမ်း အညွှန်း

=======================

လူငယ်လေး တစ်စုဟာ တစ်ရက်မှာ video clip လေးတစ်ခုကို အကြောင်းပြုပြီး
သီးသန့်ပါတီပွဲကို ဖိတ်ကြားခံရပါတယ်။

ဒါကမထူးဆန်းသေးပါဘူး။

ဒါပေမဲ့ ထူးဆန်းတာက ဖိတ်ကြားခံရတဲ့ ပါတီက
“ဧဒင်” လို့ အမည်ရတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လုပ်မှာပါ။

နောက်ပြီး ဒီပွဲကိုတက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း .
စာချုပ်နဲ့ချုပ်ပြီး သဘောတူထားရပါသေးတယ်။
စာချုပ်အရဆိုရင် ဘယ်အသိမိတ်ဆွေကိုမှ ခေါ်လို့မရသလို
ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမယူပါဘူး။
ဒါတွေကိုလိုက်နာနိုင်ရင်တော့ တက်ခွင့်ရမယ့် ပါတီကတော့ တကယ့်အမိုက်စားပါပဲ။
ခရီးစဥ်တစ်လျှောက်လုံးကိုလည်း ကုန်ကျစရိတ်အားလုံး ကျခံသွားမှာဆိုတော့ သဘောမကျမယ့်သူ ရှိမယ်မထင်ပါဘူး။

ဒါပေမဲ့ ဒီပါတီပွဲက ဘာရည်ရွယ်ချက်နဲ့ ကျွန်းပေါ်မှာမှ ရွေးပြီး လုပ်ရတာလဲ။
ဖိတ်တဲ့အခါမှာလည်း ဘာလို့ လျှို့ဝှက်သဘောတူရတာတွေရှိနေရတာလဲ။
အဖိတ်ခံရတဲ့လူငယ်တွေကလည်း နေ့စဥ်ဘဝမှာ အစွန့်ပစ်ခံ အပယ်ခံတွေကိုမှ ရွေးဖိတ်ထားတာပါ။
တစ်နည်းအားဖြင့် စိတ်ဒဏ်ရာတွေရှိနေတဲ့ လူငယ်တွေချည်း ရွေးဖိတ်တာကလည်း မေးခွန်းထုတ်စရာပါ။

တကယ်ပဲရောက်သွားတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမယ့် လူတစ်စုရှိနေတဲ့အခါ….

ဧဒင်ဟာ လောကနိဗ္ဗာန်လား ….. ဒါမှမဟုတ် ငရဲဘုံလား ?
ဧဒင်ကိုရောက်သွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး

Mystery, Thriller, Adventure ဇာတ်လမ်းမျိုးကို နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွတ်သင့်တဲ့ စီးရီးလေးပါ။
👍1
Jurnal Risa (2023)
Jurnal Risa (TV Series)(2023)
————————————-
IMDb-7.8/10

Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။
Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။

ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။
မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။
ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။
အသံနဲ့ခြောက်လား ခြောက်ရဲ့။

အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့
အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ
သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။

သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့
သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့
ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့
မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊
ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော
ရင်ဆိုင်နိုင်ကြမှာလားဆိုတာ…။

(*တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ*)
Flow (2024)

ဒီကားလေးထဲမှာဆိုရင်‌တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါလှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ်အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့ မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီးအခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါFlow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်
Mars Needs Moms (2011)

Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှု‌အတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။
Ready, Jet, Go! Space Camp: The Movie (2023)

ဒီဇာတ်ကားလေး ကတော့ ကလေးကြိုက် Animation ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး သားသား၊ မီးမီးတွေကြိုက်မယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဂျက်ပရိုပေါ့ရှင်းဆိုတာကတော့ ကမ္ဘာပေါ်ကမဟုတ်ပါဘူး။သူက ဘော်ထရွန်(၇) ဆိုတဲ့ ဂြိုလ်မှာနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ မြင့်မြတ်သော ဂလတ်တိုရဲ့ စွန့်စားခန်းများကို အရမ်းသဘောကျတဲ့လူဖြစ်ပြီး ဗီဒီယိုလေးတွေရိုက်ပြီး ပို့လေ့ရှိပါတယ်။

ဒီလိုနဲ့ သူဟာ ဂလတ်တိုရဲ့ နံပတ် ၁ ပရိတ်သတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဟာလလည်းလူကြိုက်များခဲ့ပါတယ်။စတယ်လ်လာရဲ့နံပတ် ၁ နေရာကို လုယူလိုက်တာပဲဖြစ်ပါတယ်။ဒါကိုစတယ်လ်လာက မကျေနပ်လို့ ဂျက်တ်ကိုလိုက်ရှာပါတော့တယ်။
မလေးရှားသည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲ The House on Autumn Hill (ပြန်လမ်းမဲ့မှော်စံအိမ်)

ဇမီးဟာ ပျောက်သွားတဲ့ သူ့ညီလေးကို ဆောင်းဦးတောင်ကုန်းမှာ လိုက်ရှာရင်းနဲ့ လမ်းပျောက်သွားပြီး တခြားသူစိမ်းခုနစ်ယောက်နဲ့အတူ စံအိမ်ဟောင်းကြီးမှာ သတိပြန်ရလာပါတယ်။ နောက်တော့ စံအိမ်ကြီးထဲမှာ အဖွားတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီအဖွားက သူတို့ကို အပြင်ဘက်မှာရှိတဲ့ တောထဲကနေ ဟိန်းဟောက်နေတဲ့ အကြီးအကဲဆိုသူကို ဒေါသထွက်အောင်မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲသွားမလဲဆိုတာကိုတော့ ဒီမလေးရှားသည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှုလိုက်ပါနော်။
👍1
Gnomeo & Juliet (2012)

Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ်သူတိကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြမိသားစုတွေကလည်းလမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ်တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလားဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား
ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့…
Sherlock Gnomes (2018)

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် …2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ …ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်…လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့
ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်…
Ferdinand [2017]

ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။

ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။

ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကိုအလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။
👍1
Bad Buddy (2021)

ကမ္ဘာ‌ကျော် ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို
မသိတဲ့လူမရှိသလောက်ရှိကြလိမ့်မှာပါ။

အဲဇာတ်လမ်းကိုမှ Yaoiအဖြစ်
ပြန်လည်ခံစားရမယ်ဆိုရင်ရော?

ပရန်နဲ့ ဖတ်တို့ဟာ အိမ်နီးချင်းတွေ ဆိုပေမယ့်
“မတည့် အနားရှိ”ဆိုသလိုမျိုး
မိဘတွေရဲ့ ရန်စကနေ
သားသမီးတွေအထိ မတည့်ကြတဲ့ မိသားစုနှစ်စုပါ။

သူ့ထက် ငါ.. အရာရာ သာလိုဇောနဲ့
အမြဲတမ်း ယှဉ်ပြိုင်နေတတ်တဲ့
ပရန်နဲ့ ဖတ်တို့နှစ်ယောက်
နှလုံးသားအရေးမှာလည်း ယှဉ်ပြိုင်လာကြတဲ့အခါ…

ရန်သူနဲ့ချစ်သူကြားမှာ
စည်းပါးပါးလေးပဲ ခြားတယ်ဆိုသလိုမျိုး
တစ်ယောက်အပေါ် တစ်ယောက်
ခံစားချက်တွေ ပိုလာကြတဲ့
ပရန်တို့နှစ်ယောက်ရဲ့အချစ်ရေးက

ပြိုင်ပွဲဆိုတဲ့အလျောက်
အနိုင် အရှုံး သတ်မှတ်ပြီး အဆုံးသတ်ကြရမယ့်အပြင်

မိသားစုရန်စတွေရော ပတ်ဝန်းကျင်အမြင်တွေနဲ့ပါ
ရင်ဆိုင်ကြရမယ့် အခြေအနေမှာ ပရန်တို့နှစ်ယောက်

ရပ်တန့်လိုက်ကြလိမ့်မှာလား။ ရှေ့ဆက်တိုးလိမ့်မှာလား။

ဒါမှမဟုတ်….
ရိုမီယိုတို့ရဲ့ဇာတ်လမ်းလေး
ကြေကွဲစရာ အဆုံးသတ် ဖြစ်လာလိမ့်မလား ဆိုတာကိုတော့
1👍1
Lady Voyeur (2023)
===============

ရပ်ကွက်ထဲမှာ မှန်ပြောင်းတစ်လက်နဲ့ ဘယ်အိမ်က ဘာဖြစ်နေလဲ
ဆိုတာကို လိုက်ကြည့်နေတတ်တဲ့ ရပ်ကွက်စီစီတီဗွီတချို့ကို မြင်ဖူး
ကြတယ်ဟုတ်။ ဒီထဲက မင်းသမီးကတော့ ရပ်ကွက်ရေးရာကို လိုက်
ကြည့်တာ မဟုတ်ဘဲနဲ့ သူများအတွဲတွေ ဟိုဒင်းဟိုဟာပြုကြတာကိုမှန်ပြောင်းနဲ့ လိုက်ချောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါတဲ့။

သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းက ညငှက်မလေးတစ်
ယောက်ဆီမှာ နေ့တိုင်းလာပျော်ပါးကြတဲ့ ယောက်ျားတွေရဲ့ စွမ်းရည်
တွေကို ကြည့်ပြီး ခရမ်းသီးအားကိုးလုပ်နေတတ်တာပေါ့လေ။ ဒါပေမဲ့
ဒီဇာတ်လမ်းကို သာမန်ကာလျှံကာတော့ တွက်လိုက်လို့မရဘူးဗျ။ သူ(မ)
ရဲ့ ဝန်ခံချက်အရ သူဟာ ယောက်ျားနှစ်ယောက်ကို ပျက်စီးစေခဲ့ပြီး
တစ်ယောက်ကို သေဆုံးစေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။

ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ၊ မထင်မှတ်ထားတဲ့
လူသေမှုတွေနဲ့ ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ခုအသွင်ကို ပြောင်းလဲ
သွားဦးမှာမို့ ချိုချဉ်ဖန်ခါးအရသာ အစုံအလင်ကို ခံစားချင်သူတွေအဖို့
အကြိုက်တွေ့စရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့လာပါလိမ့်မယ်။
👍3
The Blue Planet (2001)

ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီး

ကမ္ဘာပေါ်မှာ ရှိသမျှ ရေအားလုံးရဲ့ ၉၆ ဒဿမ ၅ ရာခိုင်နှုန်းကတော့

ပင်လယ်ရေပဲဖြစ်ပါတယ်။



လူ့ခန္ဓာကိုယ်ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေဖြစ်ပြီး



ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်၊ ဒီလို လူ့ခန္ဓာကိုယ်အတွက်



ရေဟာ အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်း ရေဟာ



အရေးကြီးတဲ့ ဒြပ်စင်တစ်ခုပါပဲ။



ဒီလိုအရေးကြီးတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းကမ်းတကျ



အသုံးပြုတတ်ဖို့က ကျွန်တော်တို့တွေရဲ့ တာဝန်တစ်ခုပါပဲ။





ဒီ documentary series မှာတော့ ပင်လယ်သမုဒ္ဒရာအတွင်းမှာ



နေထိုင်ကျက်စားကြတဲ့ အဏ္ဏဝါသတ္တဝါတွေအကြောင်းကို



ကျယ်ပြန့်စွာ ရိုက်ကူးထားပါတယ်။



ကဲ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သတ္တဝါပေါင်းများစွာက



ဘယ်လိုပုံစံမျိုးနဲ့ ကျင်လည်ကျက်စားနေကြမလဲ၊ သူတို့ရဲ့



အစာစက်ကွင်းတွေ ထူးခြားချက်တွေကို



ကျွန်တော််တို့ အတူတူကြည့်ရှုခံစားရင်း အဏ္ဏဝါလောကထဲ



အလည်သွားကြရအောင်ပါ…
👍51
Raised by Wolves Season 1+2 (2020-2022)


HBO ရဲ့ စီးရီး အသစ်တစ်ခု လာပါပြီ။ HBO စီးရီးအများစုက ကောင်းတတ်တယ် ဒါကိုလည်းမျှော်နေတာ ကြာပါပြီ။ ထွက်လာတော့လည်း တကယ်ကောင်းတာမို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။
သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်ပြီး အနာဂါတ်မှာ အခြေတည်ထားပါတယ်။ ခုနှစ ၂၁၅၀ ဝန်းကျင်မှာ ဖန်ဆင်းရှင်ကိုယုံကြည်သူတွေနဲ့ ဘာသာမဲ့တွေ စစ်ပွဲကြီး ဖြစ်ပြီး ကမ္ဘာပျက်သွားခဲ့ပါတယ်။ ယုံကြည်သူတွေဘက်ကတော့ အနိုင်ရခဲ့တာပေါ့။ အဲဒီ ကိုးကွယ်သူတွေကတော့ သမ္မာကျမ်းစာထဲက နောဧရဲ့ လှေကြီးဖြစ်တဲ့ Ark ဆိုတဲ့နာမည်နဲ့ ယာဉ်ကြီးတွေ တည်ဆောက်ပြီး အာကာသထဲကို လွတ်မြောက်သွားခဲ့ပါတယ်။ သီးသန့်ရွေးချယ်ထားတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာသစ်ကို ရှာဖွေဖို့ပါပဲ။ စစ်ရှုံးခဲ့တဲ့ ဘာသာမဲ့တွေဘက်ကလည်း စက်ရုပ် ၂ ရုပ် ထွက်ပြေးလွတ်မြောက်လာပြီး သူတို့နဲ့အတူ သန္ဓေသားလောင်း ၈ ခု ပါလာခဲ့ပါတယ်။ ဂြိုလ်တစ်ခုမှာ အခြေချပြီး အဲဒီကလေးတွေကို စက်ရုပ်အမက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာသာမဲ့ လူ့အဖွဲ့အစည်း အသစ်တစ်ခု ပြန်လည်တည်ထောင်ဖို့ပါပဲ။ အဲဒီနောက်မှာတော့ နယ်မြေရှာရင်း ရောက်လာတဲ့ ကိုးကွယ်သူတွေနဲ့ စက်ရုပ်စုံတွဲနဲ့ ရင်ဆိုင်ရတဲ့အခါ….
သတ်ဖြတ်ခန်းတွေ တိုက်ခိုက်ခန်းတွေက သွေးသံရဲရဲတွေပါတာမို့ ကလေးငယ်တွေကို ပြလို့တော့ မသင့်တော်ပါဘူး။
2👍1
As the Crow Flies (2022) Complete
2022 ဇွန်လ ၃ရက်နေ့ မှ ထုတ်လွှင့်ခဲ့တဲ့ netflix မှာထုတ်လွှင့်နေတဲ့
တူရကီ စီးရီးအသစ်ဆက်ဆက်လေး လာပါပြီ
စီးရီးလေးကတော့ ဒရာမာ အမျိုးအစားကားလေးဖြစ်ပြီး
အပိုင်း ၈ ပိုင်းထွက်ရှိထားပြီးဖြစ်ပါတယ်။

” မုဆိုး နဲ့ သားကောင် ဖြစ်တဲ့ တောဘုရင် ခြင်္သေ့ ကြီးနဲ့ သူ့ရဲ့ သားကောင် ငှက်ငယ် ကျီးကန်း လေး ”
လာလေ ကီရန်ကတော့ နာမည်ကြီး ဂျာနယ်လစ်တစ်ယောက်
တစ်နည်းအားဖြင့်ပြောရရင် ထိပ်ဆုံးမှာ အောင်မြင်မှုရနေတဲ့ တောဘုရင် ခြင်္သေ့ကြီးပေါ့
အက်စ်လီကတော့ ငယ်ငယ်ထဲက လာလေကို ကြည့်ပြီး
သူ့လို အောင်မြင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ဖြစ်ချင်တဲ့ လူငယ်လေး
ကျီးကန်းလေး ပျံသန်းသလို ရည်မှန်းချက်ကို ကြိုးစားပျံသန်းနေတဲ့ သူတစ်ယောက်
တစ်ဆင့်ချင်းစီတက်ပြီး ရည်မှန်းချက်ရောက်ဖို့ ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်း
ရရာနည်းလမ်းကို သုံးကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ငှက်ငယ်လေး အက်စ်လီ
ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ လာလေတစ်ယောက်
ကျရောက်လာတော့မယ့် အန္တရာယ်တွေကို သတိမပြုမိ​ဘဲ နေလာရာကနေ ငှက်ငယ်လေးဖြစ်တဲ့ အက်စ်လီရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတဲ့အခါ …..
အသက်အရွယ်ချင်းကွာခြားသလို အတွေ့အကြုံ အတွေးအခေါ်ခြင်းလဲ ကွာခြားနေတဲ့ သူတို့နှစ်ယောက်မှာ …..
ဘယ်သူကများအနိုင်ရသွားမလဲ ….



အက်စ်လီကရော ဘယ်လိုနည်းတွေနဲ့ သူ့ရဲ့ ကမ္ဘာအသစ်ကို တည်ဆောက်သွားမလဲ
သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သတင်းတင်ဆက်သူအဖြစ်ကိုရော ရောက်နိုင်ပါ့မလား
တစ်ဝက်မှာတင် ရှုံးနိမ့်ပြီး ထွက်သွားရမလား ….
အမြင့်ကို ရောက်တဲ့သူတစ်ယောက်ဟာ သွေးရော ချွေးရော
မျက်ရည်တွေပါ ကြိုးစားရင်းနှီးခဲ့ရတာကို မမြင်ဘဲ ဖြတ်လမ်းနည်းကိုသုံးပြီး အမြင့်တက်ချင်တဲ့ လူတွေရဲ့ စိတ်သဘောသဘာ၀ …
လူတစ်ယောက်ရဲ့ဘ၀ခရီးက ချမ်းသာမှု အောင်မြင်မှုတွေဟာ တသမတ်တည်းမရှိဘ​ဲ အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပုံ ….
အရာရာကို အလွယ်လိုက်ချင်တဲ့ အက်စ်လီတစ်ယောက် ဒီလိုသဘောတရားတွေကို နားမလည်ဘဲ ဖြတ်လမ်းလိုက်မိတဲ့အခါမှာ
သူ့ရဲ့ ကြိုးစားမှုတွေ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ….
လာလေကရော ထိပ်ဆုံးနေရာကို တသမတ်တည်း ထိန်းထားနိုင်ပါ့မလား ….
အက်စ်လီကရော လာလေ့နေရာကို ယူဖို့ ဘယ်လောက်ထိ လုပ်သွားမလဲ ….
ဒီစီရီးလေးဟာ လူ့လောကကြီးရဲ့ အတ္တ မာန လောဘတွေကို ထိထိမိမိ
ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးဖော်ပြတင်ဆက်ပေးထားတဲ့ ပညာပေး
စီးရီးကောင်းလေးမလို့ အားလုံးပဲ ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါရစေ
👍2