Sirocco and the Kingdom of the Winds (2023)
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကာတွန်းကားလေးကတော့ ပြင်သစ်ကာတွန်းကားလေးဖြစ်ပြီး Stuttgart Festival for Animated Film 2024 ပွဲတော်မှာ ဆုရရှိထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။
ပြင်သစ်ဒါရိုက်တာဖြစ်သူ Benoît Chieux ဖန်တီးပုံဖော်ထားတဲ့လက်ရာဖြစ်ပြီးတော့ ဂျပန်အန်နီမေးရှင်းကားတစ်ကားဖြစ်တဲ့ Yellow Submarine ကို မှီငြမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။Box officeအနေနဲ့လည်း $902,063ရရှိထားတဲ့ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ကာမန်နဲ့ ဂျူလိယက်တို့ ညီအစ်မနှစ်ယောက်ဟာ အမေဖြစ်သူ အလုပ်မအားတဲ့အချိန်မျိုးဆိုရင် အမေ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တီအာညက်စ်ဆီမှာ သွားပြီးတော့ နေရပါတယ်။ အာညက်စ်ကတော့ စာရေးဆရာမဖြစ်ပြီးတော့ ကာမန်တို့ညီအစ်မနှစ်ယောက်ကိုလည်း အရမ်းချစ်ပါတယ

Corpse Bride (2005)
ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး….မြူးကြွတဲ့တေးသီချင်းလေးများ…Romanceဆန်တဲ့ပြကွက်လေးများနဲ့ ….အချစ်တိုရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Moviesကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလိုခေါ်တဲ့ ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စုပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa..
မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖိုရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတိုနှစ်ယောက်ကို လက်ထပ်ပေးဖို အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ

My Sweet Monster (2022)
ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။
အသေးစားဆိုက်ကလေးေတွကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။ ဆိုလိုတာက အတည်မဂျင်းပါဘူး။ ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။

၃ ပုဒ်ကို ပေါင်းထားတာပါ။ ပထမတစ်ပုဒ်က The Adventure of the Dancing Men (အကသမားများရဲ့ စွန့်စားခန်း) ဝတ္ထုတိုပါ အရုပ်စာတွေနဲ့ ဝှက်စာလုပ်ပြီး ဆက်သွယ်တဲ့အကြောင်းပါ။ နောက်တစ်ပုဒ်က The Valley of Fear (ကြောက်မက်ဖွယ် ချိုင့်ဝှမ်း) ဝတ္ထုရှည်ပါ ဝှက်စာတွေရယ် ပရော်ဖက်ဆာ မော်ရီယာတီ အကြောင်းတွေရယ်ပါဝင်ပါတယ်။ နောက်ဆုံးတစ်ပုဒ်ကတော့ The Sign of Four (လေးဂဏန်း နမိတ်ပုံ) ဝတ္ထုတိုပါ အမြင့်တော့တက်ပြီး လူသတ်အနိုင်တဲ့ လူသတ်သမားအကြောင်းပါ။ အဲဒီ ၃ ပုဒ်ကိုပေါင်းပြီး ဇာတ်လမ်းအသစ်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်ကြတာပါ။ ဦးစံရှားမှာတော့ The Valley of Fear (ကြောက်မက်ဖွယ် ချိုင့်ဝှမ်း) ဝတ္ထုကို အာဇာနည်အသင်း အမှု (မူကွဲ ဇတ်ဇတ်ကြဲဂိုဏ်း အမှု)၊ The Sign of Four (လေးဂဏန်း နမိတ်ပုံ) ဝတ္ထုကို လေးပွင့်ဆိုင် (မူကွဲ – လေးဦးသားလက်ချက်၊ တစ်ကျွန်းပြန်တစ်ဦး) ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။
အပိုင်း ၃ The Great Game (ကစားပွဲကြီး) ကလည်း အတူတူပါပဲ ဝတ္ထုနှစ်ပုဒ်ပေါင်းထားတာပါ။ The Adventure of the Bruce-Partington Plans (ဘရုစ် ပတ်တင်တန် အစီအစဉ်၏ စွန့်စားခန်း) ဝတ္ထုထဲက အစိုးရလျှို့ဝှက်စာချုပ် ပျောက်ဆုံးမှုရယ် The Five Orange Pips (လိမ္မော်စေ့ ငါးစေ့) ဝတ္ထုထဲက အကြောင်းအရာတစ်ချို့ရယ်ပေါင်းပြီး ဇာတ်လမ်းအသစ်တစ်ပုဒ် ပြန်ဖန်တီးလိုက်တာပါ။ ဦးစံရှားမှာတော့ Adventure of the Bruce-Partington Plans (ဘရုစ် ပတ်တင်တန် အစီအစဉ်၏ စွန့်စားခန်း) ကို အစိုးရစာချုပ်ပျောက်ဆုံးမှု၊ The Five Orange Pips (လိမ္မော်စေ့ ငါးစေ့) ကို ဩဇာစေ့ သုံးစေ့ (မူကွဲ – ကြက်သွေးရောင် ရှပ်အသင်း) ဆိုပြီးတွေ့ရပါတယ်။
Season 2
အပိုင်း ၁ A Scandal in Belgravia (ဘယ်ဂါဗီယား အရှုပ်တော်ပုံ) ကတော့ A Scandal in Bohemia (ဘိုဟီးမီးယား အရှုပ်တော်ပုံ) ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ ဦးစံရှားမှာဆိုရင်တော့ မဟာရာဇာတစ်ဦးအမှု ဆိုပြီး တွေ့ရပါတယ်။
အပိုင်း ၂ The Hounds of Baskerville (ဘက်စကာ ချိုင့်ဝှမ်းမှ ခွေးကြီး) ကတော့ ရှားလော့ဟုမ်းရဲ့ အကျော်ကြားဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Hounds of Baskerville ကိုပဲ မူလနာမည်အတိုင်း ပြန်ရိုက်ကူးထားတာပါ။ မူလနာမည်ကို သုံးထားပေမယ့် မူလဇာတ်လမ်း ကျောရိုးလောက်ပဲယူပြီး ဇာတ်လမ်း အသစ်ပြန်ဆင်ထားတဲ့ အတွက် တစ်မျိုးဆန်းလို့နေပါတယ်။ ဦးစံရှားမှာတော့ ပွေလီအင်းခွေးကြီးဆိုပြီး တွေ့ရပါတယ်။
အပိုင်း ၃ The Reichenbach Fall (ရိုက်ကင်းဘက် ကျဆုံးခြင်း) ကတော့ ရှားလော့ဟုမ်းရဲ့ သေဆုံးခြင်းပါဝင်တဲ့ The Final Problem (နောက်ဆုံး ပုစ္ဆာ) ကိုပြန်ရိုက်ကူးထားတာပါ။ The Reichenbach Fall ဆိုတဲ့ နာမည်ကလည်း The Final Problem ဝတ္ထုထဲက ရှားလော့ဟုမ်းနဲ့ မော်ရီယာတီ ခုန်ချသွားတဲ့ ရိုက်ကင်းဘတ် ရေတံခွန်ကြီး ရဲ့နာမည်ကို ယူထားတာြဖစ်ပါတယ်။ ဦးစံရှားမှာတော့ The Final Problem ဝတ္ထုကို ဦးစံရှား လူဆိုးများလက်သို့ သက်ဆင်းရခြင်း (မူကွဲ ရှိန်းမကားရွာ လူသတ်မှု၊ ကြိုးကြာကန်ရွာ လူသတ်မှု) ဆိုပြီး တွေ့ရပါတယ်။ ရှိန်းမကားရွာကတော့ မုံရွာနားမှာရှိပါတယ် လမ်းကြုံရင် ဝင်လည်လို့ရပါတယ် သာယာတဲ့ နေရာတစ်ခုပါ ဓာတ်ပုံရိုက်လို့ အရမ်းမိုက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကြိုးကြာကန်ရွာကတော့ ပဲခူးနားမှာလို့ ယူဆရပါတယ် တကယ် ရှိလာကတော့ မသိပါဘူး။
Season 3
အပိုင်း ၁ The Empty Hearse (နိဗ္ဗာန်ယာဉ် အလွတ်) ကတော့ မူလက ရှားလော့ဟုမ်းရဲ့ ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် စာရေးဆရာ ကိုနွိုင်ဒွိုင်းရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The Lost Special ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ရှားလော့ဟုမ်း ဝတ္ထုထဲက တစ်ပုဒ်ဖြစ်တဲ့ The Empty House ကို မှီငြမ်းထားတာဖြစ်ပါတယ်။ ဦးစံရှားမှာတော့ The Lost Special ကို မတွေ့ရပေမယ့် The Empty House ကို ဦးစံရှားအား လုပ်ကြံခြင်း ဆိုပြီးတွေ့ရပါတယ်။
အပိုင်း ၂ The Sign of Three (သုံးဦးသား နမိတ်ပုံ) ကတော့ မူလရှားလော့ဟုမ်း ဇာတ်လမ်းတွေမှာ မတွေ့ရတာကြောင့် အခုမှ အသစ်ပြန်ရေးတဲ့ ဇာတ်လမ်းအသစ် ဖြစ်နိုင်ပါတယ်။ (ကျနော် လေ့လာမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ် မူရင်းရှားလော့ဟုမ်း ဇာတ်လမ်းကိုသိရင် ပြောပြခဲ့ပါ) နာမည်ကတော့ The Sign of Four ကိုမှီငြမ်းထားတာဖြစ်ပေမယ့် ဇာတ်လမ်းကတော့ ဘာမှ မသက်ဆိုင်ပါဘူး။ မူလရှားလော့ဟုမ်း ဝတ္ထုကို မသိတဲ့အတွက် ဦးစံရှားဝတ္ထုများမှာလည်း ရှာမတွေ့ပါဘူး။
အပိုင်း ၃ His Last Vow (သူ့၏နောက်ဆုံး သစ္စာ) ကတော့ The Adventure of Charles Augustus Milverton (ချားလ် ဩဂတ်စတတ် မီလ်ဘာတွန် အမှု) ကိုမှီငြမ်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီး The Man with the Twisted Lip (နှုတ်ခမ်းပဲတစ်ဦး အမှု) ကအကြောင်းအရာ နည်းနည်းထည့်ထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ His Last Vow ဇာတ်လမ်းကနာမည်ကို ယူသုံးထားပေမယ့် ဇာတ်လမ်းကိုတော့ မယူထားပါဘူး။ ဦးစံရှားမှာတော့ The Adventure of Charles Augustus Milverton (ချားလ် ဩဂတ်စတတ် မီလ်ဘာတွန် အမှု) ကို ဉာဏ်သမား မောင်မောင်ဦး၊ The Man with the Twisted Lip (နှုတ်ခမ်းပဲ့တစ်ဦး အမှု) ကို ခြေကျိုးငကြိုင် ဆိုပြီးတွေ့ရပါတယ်။

❤2
Season 4
Season 4 မစခင်မှာ ရှားလော့ဟုမ်းကို ခေတ်သစ်ပုံစံနဲ့မဟုတ်ပဲ မူလခေတ်ဟောင်း ၁၈၉၅ ခုနှစ် ရှားလော့ဟုမ်းအဖြစ် မြင်တွေ့ရတဲ့ The Abominable Bride (စက်ဆုပ်ဖွယ် သတို့သမီး) ကို အထူးအပိုင်းအနေနဲ့ ပြသခဲ့ပါတယ်။ ရှားလော့ကို ၂၁ ရာစု ခေတ်သစ် ရှားလော့ဟုမ်းအဖြစ် မကျေနပ်နိုင်တဲ့ ပရိသတ်တွေအတွက် ၁၉ ရာစု ရှားလော့ဟုမ်းကို မိတ်ဆက်ပေးတဲ့ သဘောနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ The Abominable Bride မှာ ဘန်းနတစ်ကို ရှားလော့ဟုမ်းအဖြစ် ရာနှုန်းပြည့်နီးပါးတူအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့နာမည် The Abominable Bride (စက်ဆုပ်ဖွယ် သတို့သမီး) ကတော့ The Adventure of the Musgrave Ritual ဝတ္ထုထဲက “Ricoletti of the club foot and his abominable wife” ဆိုတဲ့ စကားစုကို ယူပြီးပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ The Adventure of the Blue Carbuncle (မိုးပြာကျောက် အမှု) နဲ့ The Final Problem (နောက်ဆုံး ပုစ္ဆာ) ထဲကအကြောင်းအရာတွေကို ရောပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဦီးစံရှားမှာတော့ The Adventure of the Musgrave Ritual ကို သိုက်သမားတစ်ဦး အမှု၊ The Adventure of the Blue Carbuncle (မိုးပြာကျောက် အမှု) ကို မူလဇာတ်လမ်းအတိုင်း မတွေ့ရှိရပေမယ့် ဘုရင်ခံကတော် ပတ္တမြားပျောက်မှု ဆိုပြီး မှီငြမ်းမူကွဲကို တွေ့ပါတယ်။
အပိုင်း ၁ The Six Thatchers (သက်ချာ အရုပ် ၆ ခု) ကတော့ နပိုလီယံ အရုပ်တွေကို ရိုက်ခွဲတဲ့ အကြောင်းပါတဲ့ The Adventure of the Six Napoleons (နပိုလီယံ အရုပ် ၆ ခု) ဝတ္ထုကို မှီငြမ်းထားပြီး ခွေးနဲ့ အနံ့ခံပြီး အမှုလိုက်တဲ့ အကြောင်းကို The Adventure of the Engineer’s Thumb (အင်ဂျင်နီယာတစ်ဦး၏ လက်မ) နဲ့ မေရီ ဘဝနောက်ကြောင်း တစ်ချို့ကို The Adventure of the Yellow Face (မျက်နှာဝါကြီး) ဝတ္ထုထဲက အကြောင်းအရာ တစ်ချို့ယူပြီး ထည့်သွင်းထားပါတယ်။ ဦးစံရှားမှာတော့ The Adventure of the Six Napoleons (နပိုလီယံ အရုပ် ၆ ခု) ကို တွံတေးအိုး ၆ လုံး အမှု၊ The Adventure of the Engineer’s Thumb (လက်ပြတ် အင်ဂျင်နီယာ) ကို လက်ပြတ် အင်ဂျင်နီယာတစ်ဦး အမှု၊ The Adventure of the Yellow Face (မျက်နှာဝါကြီး) ကို ထူးဆန်းသော အိမ်ငှား အမှု ဆိုပြီးတွေ့ရပါတယ်။
အပိုင်း ၂ The Lying Detective (လိမ်လည်သူ စုံထောက်ကြီး) ကတော့ The Adventure of the Dying Detective (အသေခံစုံထောက်ခြင်း) ဆိုတဲ့ ဝတ္ထုကို မှီငြိမ်းထားတာဖြစ်ပါတယ်။ ဦးစံရှားမှာတော့ ဒီဝတ္ထုကို မြန်မာပြန်ထားတာ မတွေ့ရပါဘူး။ အနည်းငယ် ဆင်တူတဲ့ ဝတ္ထုတစ်ချို့ရှိနေပေမယ့် Dying Detective ကို မှီငြမ်းတာ မဟုတ်ဘူးလိုပဲယူဆနိုင်ပါတယ်။
နောက်ဆုံးအပိုင်း ဖြစ်တဲ့ The Final Problem (နောက်ဆုံး ပုစ္ဆာ) ကတော့ မူလ The Final Problem နာမည်ကိုသာ ယူသုံးထားပြီး ဇာတ်လမ်း အကြောင်းအရာတွေကတော့ The Adventure of the Musgrave Ritual (ထူးဆန်းသည့် သိုက်စာ)၊ The Adventure of the Three Garridebs (ဂါးရက် သုံးဦး)၊ The Adventure of the Gloria Scott (ဂလိုရီယာ စကော့) ဝတ္ထုတွေထဲက အကြောင်းအရာတွေကို ရောပြီ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဦးစံရှားမှာတော့ The Adventure of the Three Garridebs (ဂါးရက် သုံးဦး) ကို အာဠာဝက မောင်လူကလေး အမှု၊ The Adventure of the Gloria Scott (ဂလိုရီယာ စကော့) ကိုတော့ ထူဆန်းသော အိုးခြမ်းပဲ့ အမှု ဆိုပြီး တွေ့ရပါတယ်။
စာရေးဆရာ ဆာ အာသာ ကိုနွိုင်ဒွိုင်းဟာ ရှားလော့ဟုမ်း ဝတ္ထုရှည် ၄ ပုဒ်၊ ဝတ္ထုတို့ ၅၂ ပုဒ် စုစုပေါင်း ၅၆ ပုဒ် ရေးသားခဲ့ပြီး တစ်ခြား စုံထောက်ဝတ္ထုတွေကိုလည်း ရေးသားခဲ့ပါတယ်။ ဆရာကြီး ရွှေဥဒေါင်းကတော့ ဦးစံရှားအနေနဲ့ မူကွဲများအပါအဝင် ၈၇ ပုဒ်ထိရှိခဲ့ပါတယ်။

စီးရီးတွဲကြည့်ရတာသဘောကျနှစ်သက်သူတွေအတွက် IMDb Rating မှာ 7.6 အထိရရှိထားတဲ့
ဇာတ်လမ်းတွဲတခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..Sleepy Hollow ကို 2013 ခုနှစ်ကနေ
စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးအခုဆို season 3 အထိ ရောက်ရှိနေပြီဖြစ်ပါတယ်..........
Supernatural ဇာတ်လမ်းတွဲတွေလိုမျိုးကြိုက်နှစ်သက်တဲ့သူတွေအတွက် အကြိုက်တွေ့မှာဖြစ်ပြီးကျွန်တော်တို့ Channel Myanmar ကလည်း စတင်တင်ဆက်လိုက်ပြီဖြစ်ကြောင်းသတင်းပါးရင်းနဲ့ အညွှန်းလေးတွေအရင်ဖတ်ပြီးဇာတ်လမ်းကို
ခံစားကြည့်လိုက်ရအောင်
အစ်ကာဘာခရိန်း - အင်္ဂလိန်နိုင်ငံအောက်စ်ဖို့စ် တက္ကသိုလ်ရဲ့ပေါမောက္ခတစ်ဦးဖြစ်ပြီးတော့ တိုင်းပြည်
အခြေအနေအရ ဗြိတိသျှတပ်ထဲကိုစစ်မှုထမ်းဖို့ဝင်ခဲ့ပါတယ်..သို့ပေမယ့်လည်း ဗြိတိသျှ တွေရဲ့ကိုလိုနီ
စနစ်ကိုရွံမုန်းလာပြီး အမေရိကန် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ် ဂျော့ဝါရှင်တန်ရဲ့
နောက်လိုက်အဖြစ်အသွင်ကူးပြောင်းခဲ့ပါတယ်
ကက်ထရီနာ- ဗိုလ်ချုပ် ဂျော့ဝါရှင်တန် ရဲ့ တပ်ရင်း ၃၇ မှာ သူနာပြုလုပ်ရင်းနဲ့ အစ်က်ကာဘာခရိန်းနဲ့
တွေ့ဆုံပြီးလက်ထပ်ခဲ့ပါတယ်
အက်ဘီမေးလ်...ငယ်စဉ်ကမိဘမဲ့တစ်ယောက်အဖြစ်..စောင့်ရှောက်ရေးအသင်းတခုမှာညီမဖြစ်သူနဲ့အတူ
ကြီးပြင်းပြီးတစ်နေ့ကျောင်းကအပြန် တောအုပ်ထဲမှာ နတ်ဆိုးတစ်ကောင်ကိုတွေ့ပြီးညီမ ၂ယောက်လုံး
မေ့လဲသွားခဲ့တယ်...အဲ့နောက်ပိုင်းမှာတော့ သူမဘ၀ဟာ ဆိုးသွမ်းပေတေပြီး ဆေးစွဲနေတဲ့လူငယ်တစ်
ယောက်အဖြစ်ကနေ တစ်နေ့ရဲမှူးကြီးကော်ဘင် နဲ့တွေ့ဆုံပြီး ဘ၀ရဲ့အလှည့်အပြောင်းအဖြစ်
ဥပဒေဘက်တော်သား ရဲမေဖြစ်လာခဲ့ပါတယ်
အော်ဂတ်စ်ကော်ဘင် - ဖြောင့်မတ်တဲ့ဂုဏ်သတင်းတွေနဲ့ကျော်ကြားတဲ့ဝါရင့်ရဲမှူးကြီးတစ်ယောက်ဖြစ်ပါ
တယ်..သူဟာလက်သည်မပေါ်ပဲ ပိတ်သိမ်းလိုက်ရတဲ့မှုခင်းတွေကို စုံစမ်းဖို့စိတ်အားထက်သန်နေတဲ့သူ
တစ်ယောက်ပါ....ဒါပေမယ့်ပိတ်သိမ်းလိုက်ရတဲ့အမှုတွေရဲ့လက်သည်ကိုသူသိလိုက်ရတဲ့အခါမှာတော့
ဇာတ်လမ်းအကျဉ်း
--------------------
ဗိုလ်ချုပ် ဂျော့ဝါရှင်တန်ဟာ အစ်က်ကာဘာခရိန်းကို လျို့ဝှက်တာဝန်တစ်ခုကိုပေးအပ်ခဲ့ပါတယ်
အဲ့တာဝန်က ဟဒ်ဆန် မြစ်ဝှမ်းဒေသအတွင်း ဗြိတိသျှကိုလိုနီ တပ်မတော်ကိုချုံခိုတိုက်ခိုက်ပြီး
ဗြိတိသျှ တပ်မတော် အတွင်း နတ်ဆိုးကြေးစားစစ်သည်တွေကိုအသုံးချတယ်ဆိုတဲ့သတင်းကိုစုံစမ်းဖို့
ဖြစ်ပါတယ်..အဲ့ပွဲမှာ ပဲ သူဟာတိုက်ခိုက်ရင်းနဲ့ မြင်းစီးသမား သေမင်း ဆိုတဲ့ မကောင်းဆိုးဝါးနတ်ဆိုး
ကြောင့် ဒဏ်ရာအကြီးအကျယ်ရကာ သေလုမြောပါးဖြစ်ပြီး သတိမေ့မြောသွားခဲ့ပါတယ်..
သူပြန်သတိရလာတဲ့အချိန်မှာတော့ သူ့ရဲ့ပတ်ဝန်ကျင်တွေအားလုံးပြောင်းလဲနေပြီး
သက္ကရာဇ် ၂၀၁၃ ကိုရောက်လို့နေပါတယ်..သူဟာ မိမိရဲ့ဖြစ်ရပ်ကိုပြန်လည်သုံးသပ်နေရင်းကနေ
နတ်ဆိုးတွေနဲ့စစ်ခင်းပြီး ကမ္ဘာပျက်မယ့်အရေးကို ကာကွယ်မယ့်အကြောင်းဖန်လာပါတော့တယ်

👍2
====================
အခုတစ်ခါတော့ ၂၀၁၈ ခုနှစ်ထွက်ထားတဲ့ Early Man ဆိုတဲ့ကျောက်ခေတ်ကာလကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးကို ဒါရိုက်တာ Nick Park ကရိုက်ကူးခဲ့တာဖြစ်ပြီးAardman Animation က နေထုတ်လုပ်ဖြန့်ချီထားတာဖြစ်ပါတယ်
ဒီကားလေးက ကျောက်ခေတ်ကာလကနေကြေးခေတ်ပြောင်းတဲ့ကာလမှာကျောက်ခေတ်မှာ အေးဆေးနေခြင်တဲ့ ကျောက်ခေတ်လူသားလေး Dug ကသူ့အိမ်ကို အနှောက်အယှက်ပေးဖျက်ဆီး မယ့် လူဆိုးကြီး Nooth ရဲ့ရန်ကနေကာကွယ်တာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်

The Mitchell vs the mechanics (2021)
animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လိုလည်းကောင်းတယ်၊ သီချင်းတွေလည်းကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာ
နည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုးစသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်းတစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာအလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို ကြိုးစားရတာကို တွေ့မြင်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ littleneo ပဲဖြစ်ပါတယ်။)

DC’s Stargirl Season (1,2)
Christmas အကြို ညတစ်ညမှာ JSA (Justice Society of America)
အဖွဲ့နဲ့ Injustice Society တို့ အပြင်းအထန် တိုက်ခိုက်ကြရင်း JSA တစ်ဖွဲ့လုံး
မျိုးကန်းသွားခဲ့ပါတယ်။ အဲဒီမှာ ဒဏ်ရာရပြီး သေခါနီးဖြစ်နေတဲ့ Starman က
သူ့ရဲ့sidekickဖြစ်တဲ့ Pat ကို Comis Staff ကြီး ပေးခဲ့လိုက်တယ်။ ထိုက်တန်တဲ့
သူတစ်ယောက်ကို ပေးအပ်ခိုင်းပြီး JSA ကို ဆက်လက်ရှင်သန်အောင်ထားဖို့
မှာခဲ့တော့တယ်။
၁၀ နှစ်ကြာပြီးတဲ့နောက်မှာ Pat ရဲ့ မယားပါသမီး Courtney Whitmore က
Staff ကို မတော်တဆတွေ့သွားတွေ့သွားတဲ့အချိန်မှာ Stargirl Origin အတွက်
အခြေခိုင်တဲ့ episode တစ်ခုဖြစ်လာပါတော့တယ်။ VFX တွေကလည်း တော်
တော်လေး လန်းပါတယ်။ မင်းသမီးလေးလည်း အတူတူပါပဲ။ DC Fan တွေအတွက်
ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့်seriesတစ်ခုပါ။

👍1
Fantasy Island – Season (01),(02)
=======================
IMDb Rating – 6.2/10
အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇
ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့
တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့
Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/
Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့
Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး
ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့
အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ
တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်
အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့်
ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း
ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး
အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့
ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့
နောက်ဆုံးအနေနဲ့ ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။
အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့
ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ဘယ်လို
ပြောင်းလဲပေးလိုက်မလဲ။ နောက်အပိုင်းတွေမှာရော ဘယ်လိုလူ
တွေက ဘယ်လိုအကြောင်းကိစ္စတွေနဲ့ရောက်လာကြပြီး ဘယ်လို
လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်
လက်ကြည့်ရှု့ အားပေးကြပါဦး။

❤2👍1
Kleo (2022)
===========
IMDb Rating – 7.5/10
Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red
Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း
တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92%
ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး
ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား
တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့
ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့
အစဉ်အလာရှိပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက်
လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း
ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း
လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက်
ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန်
ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ၁၉၉၀ ပြည့်ချိန် ဘာလင်တံတိုင်း
ကြီး ပြိုကျသွားပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီတို့ ပြန်လည်ပေါင်းစည်းချိန်
မှာ ကလီယိုတစ်ယောက် ထောင်ကနေ လွတ်လာပါတယ်။ ကလီယိုလည်း
ထောင်ကနေ လွတ်လွတ်ချင်းပဲ သူ့ကို ထောင်ကျအောင် လုပ်ခဲ့တဲ့ သူတွေကိုလက်
စားလက်ချေဖို့ လုပ်တာကိုစိတ်ဝင်တစားကြည့်ရှူရမှာပါ။

Elves (2021)
မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ လူသူအရောက်အပေါက်နည်းတဲ့
အာမန်ဆိုကျွန်းပေါ်ကို ခရစ်စမတ်ပိတ်ရက်ပျော်ပွဲစားလာကြတဲ့ မိသားစုလေးဟာ
အေးဆေးဖြတ်သန်းချင်လို့ ကျွန်းပေါ်ကိုလာပါတယ်ဆိုမှ
ခရီးအစမှာတင်ပျားအုံတုတ်ထိုးမိလို့ ဒုက္ခနဲ့လှလှ ပေါင်းဖက်သွားလေရဲ့။
442
ခြံစည်းရိုးနဲ့တောင်ကာရံထားရတဲ့ဖြစ်ရပ်ဆန်းကြယ်သတ္တဝါတွေ။
ဆယ်ကျော်သက်လေးတွေရဲ့ထုံးစံအတိုင်း
ကောင်မလေးရဲ့ တစ်ဇွတ်ထိုးဆန်မှုကြောင့် ပိုပိုဆိုးလာတဲ့ကိစ္စတွေ။
ဒေသခံကျွန်းသားတွေရဲ့ကိုးကွယ်ယုံကြည်မှုတွေ။
အလည်အပတ်လာတဲ့မိသားစုရဲ့မသိလိုက်တဲ့အမှားကြောင့် ပေးဆပ်လိုက်ရတဲ့တန်ဖိုး။
အသီးမစားအသားစား နွားတစ်ကောင်ကိုတောင်ယဇ်ပူဇော်ပေးရတဲ့မကောင်းဆိုးဝါးနတ်သူငယ်တွေ။
ကြမ်းကြုတ်လှတဲ့ဒီနတ်သူငယ်တွေကြားမှာ ဘယ်လိုရုန်းကန်ရှင်သန်မလဲ။
ဒီလိုဒီလိုကိစ္စတွေကြား ဘယ်လိုဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်ရမယ့် Horror series လေးပါ။
စဆုံး ၆ ပိုင်းပဲ ရှိမှာမို့ စိတ်အေးလက်အေးနဲ့ ကြည့်လို့ရတဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။

ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။
တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ထုံးစံအတိုင်း အတ္တနဲ့ လွမ်းမိုးခဲ့တဲ့အတွက် အက်ဂါတစ်ယောက် နောက်တစ်နေ့မှာ ကျောင်းသွားရင်း ကျောင်းကို မရောက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတော့တယ်။ ဒီအချိန်မှာ ဗင်းဆင့်ခဗျာ အရူးမီးဝိုင်းဖြစ်ပြီး သားဖြစ်သူ အက်ဂါကို အသည်းအသန်လိုက်ရှာကာ သားဖြစ်သူဆွဲခဲ့တဲ့ သတ္တဝါကြီး အဲရစ်ကိုပါ မျက်စိထဲ ထင်ယောင်ထင်မှား မြင်လာပါတော့တယ်။
ဒီတော့ ဗင်းဆင့်အနေနဲ့ သားလေးဖြစ်သူ အက်ဂါကို ပြန်ရှာတွေ့ပါမလား၊ သူ့ရဲ့ အတ္တကိုရော ပြန်လည်သုံးသပ်နိုင်ပြီး ပြုပြင်နိုင်ပါမလားဆိုတာကို အတုယူဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Forgotten Experiment (2023)
ဇာတ်လမ်းကတော့ တီထွင်သူ စီးပွားရေးသမား အီသန်ဘလိတ်ခ်ရယ် သူ့ညီ ဂျေးကော့ဘ် ဘလိခ်ရယ် အခြားသိပ္ပံပညာရှင်တွေက စွမ်းအင်အသစ်နဲ့လေယာဉ်ကို စမ်းသပ်ရင်းနဲ့ ကျွန်းပေါ်ရောက်သွားကြတယ်
ကျွန်းအသစ်ကို လေ့လာနေတုန်းမှာပဲ ပဟေဠိဆန်တဲ့ မြူတွေက အတိတ် အနာဂတ် ပစ္စုပ္ပန် အကုန်လုံးကို ရောထွေး ပုံဖော်နေတာကို သိလိုက်ကြရတယ် အနာဂတ်မှာဖြစ်မယ့် စစ်ပွဲကို ကာကွယ်ဖို့လုပ်တာရယ် ညီကိုနှစ်ယောက်ကြားက လောဘကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေရယ်ကို စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ်...
@Pargan_cell📨

Because I Hate Korea (2024)
မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။
အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့
နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။
အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။
ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင်
၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။
လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့
သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။
တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကို
စွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်း
သူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့
ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။

Jupiters Legacy (2021)
=================

Edited – IMDb Rating – 6.9/10
Netflix ရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ သတ်ဖြတ်တာတွေကြမ်းတယ်၊ ဖောင်းဒိုင်းနည်းနည်းပါတယ်၊
အသားကုန်ဆဲတယ် ကလေးတွေပြဖို့နည်းနည်းခက်ပါမယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် comic တစ်ခုကို
ယူထားတာပါပဲ။ ယူနီယံဆိုတဲ့ စူပါဟီးရိုးအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ စွမ်းအားတွေကတော့ စုံပလုံသုံနေတာပါပဲ။
ခေါင်းဆောင်ကတော့ ထုံးစံအတိုင်း စူပါမန်းနဲ့ စွမ်းအားချင်းတူပါတယ်။ သူ့မိန်းမ၊ သမီး၊ သား၊ အစ်ကို၊ အကုန်လုံး
စွမ်းအားကိုယ်စီနဲ့ပါ။ စူပါဗီလိန်တွေပါတယ်။ သမိုင်းအရှုပ်အရှင်းတွေပါတယ်။ ဒီခေတ်မှာ စူပါဟီးရိုး နဲ့ လူဆိုးဆိုတာ
အဖြူအမည်း မသဲကွဲတော့သလို ဘယ်လို ဖြေရှင်းရမယ်ဆိုတာတွေကလည်း သိပ်မရိုးရှင်းတော့ပါဘူး။ The Boys
လိုပဲ နည်းနည်းမှောင်ပြီးနက်မယ့် စီးရီးအမျိုးအစားပါပဲ။ အားပေးလိုက်ကြပါဦး။
ဒီ စီးရီးဟာ(၈)ပိုင်း တစ်ပြိုင်တည်းထွက်ရှိထားပြီး cm မှ ဆက်တိုက်တင်ဆက်ပေးသွားမှာမို့ အားခဲကြည့်ရှုပေးကြပါဦး။

👍2❤1
Venom 3(2024)
စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့
ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့
ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။
သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။
သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး
အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီ
ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ်
ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။
ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့
ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ
ဒီမှာ တွေ့ရပါလိမ့်မယ်။

Marvel Superhero စီးရီးတစ်ခု တင်ပေးလိုက်ပါတယ်။
Iron Fist ဟာ Marvel Universe ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေထဲက တစ်ယောက်ပါ။
ဒီစီးရီးဟာ တီဗီစီးရီး ပရိတ်သတ်တွေအတွက်တော့
ကောင်းမွန်တာမို့ Ration 7.3 အထိ ပေးထားကြပေမယ့် Comic ဖန်တွေကတော့ အားရမှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီစီးရီးဟာ Iron Fist ဖြစ်လာတဲ့ ဒန်နီရန်းဟာ သူ့ရဲ လေ့ကျင့်မှုကို
မပြည့်စုံသေးခင် စွမ်းအားအပြည့်မသုံးနိုင်သေးခင် စွန့်စားခန်းတွေ စတင်တဲ့
ဇာတ်လမ်းဖြစ်နေလို့ပါ။ Comic မှ Iron Fist ဟာ SHIELD အဖွဲ့ရဲ့ တိုက်ယာဉ်ကို
လက်သီးတစ်ချက်တည်းနဲ့ ထိုးချနိုင်ပြီး၊ Spider man,Wolverine,Captain America နဲ့ Colossus တို့ကို
တပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်းရှိပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး
ရမ်အင်တာပရိုက်ရဲ့ ပိုင်ရှင် လင်မယားနဲ့ သူတို့ရဲ့ သားငယ်လေး ဒန်နီရန်းဟာ
လေယာဉ်ပျက်ကျပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီကို ခွန်းလွန်ဆိုတဲ့
လျို့ဝှက်ကျောင်းတော်ကြီးက ဘုန်းတော်ကြီးတွေက ကယ်တင်သွားပြီး
သိုင်းပညာမျိုးစုံသင်ကြားပေးခဲ့ပါတယ်။ အဲဒီအဖြစ်တွေ ဖြစ်ပြီး ၁၅ နှစ်အကြာမှာ
ဒန်နီရန်းဆိုတဲ့သူဟာ နယူးယောက်မှာ ခြေဗလာနဲ့ ပြန်ပေါ်လာပြီး ကုမ္မဏီကို ပြန်လာခဲ့ပါတယ်။
သူ့အဖေရဲ့ကုမ္မဏီကိုတော့ သူ့ငယ်သူငယ်ချင်းမောင်နှမ ၂ ယောက်ကို
အုပ်ချုပ်နေပြီး သူ့ကို ဒန်နီ ဆိုတာ ဘယ်သူမှ မယုံကြတော့ပါဘူး။
Iron Fist ဟာ သူရဲ့မူလဘဝကို ပြန်ရဖို့ ကြိုးစားရင်း သူ့အဖေ ထားခဲ့တဲ့
ကုမ္မဏီဟာ လျို့ဝှက်ဒုစရိုက်ဂိုဏ်း Hand ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတာကို
သိသွားတဲ့အခါ၊ တပြိုင်တည်းမှာ Hand အဖွဲမှ မဒမ်ဂေါင် (Daredevil Series တွင် ပါဝင်ခဲ့ပြီးဖြစ်)
ဟာလည်း ဒန်နီဟာ Hand ရဲ့ သမိုင်းပေးရန်သူ Iron Fist ဆိုတာသိသွားချိန်မှာတော့…..။
Netflix ဟာ Marvel Defenders စီးရီး ( Daredevil, Jessica Jones, Luke Cage,Iron Fist) ကို
မထုတ်ခင်မှာ ဟီးရိုး ၄ ယောက်လုံးကို မိတ်ဆက်ပေးခဲ့ပြီး Punisher နဲ့ Elektra တို့ကို ပွဲထုတ်ပြီးသွားခဲ့ပြီ။
ထွက်ပြီးခဲ့တဲ့ စီးရီးတွေကို ကွှန်တော့် အကြိုက်အတိုင်း စဉ်ရမယ်ဆိုရင်တော့ DD က အကောင်းဆုံးဖြစ်ပြီး၊
Luke Cage နဲ့ Iron Fist နောက်မှာမှ Jessica Jones လုပ်ပါလိမ့်မယ်။
ဒါပေမယ့် တီဗီစီးရီးမင်းသမီးတွေ အားလုံးထဲမှာတော့
ယခု IronFist စီးရီးမင်းသမီး Jessica Henwick ကို အကြိုက်ဆုံးပါပဲ။
အဲဒီတော့ စူပါဟီးရိုးဖန်များ Iron Fist စီးရီးကို ကြည့်ရင်း
Marvel Defenders တွေကို စောင့်မျှော်ကြပါစို့။

👍3❤1
Intimacy (2022)
============
IMDb Rating – 6.8/10
Money Heist မင်းသမီးတစ်ယောက်ဖြစ်တဲ့ Itziar Ituño ရဲ့ Crime ,
Drama Netflix စီးရီးလေးထွက်လာပါတယ်။
မြို့တော်၀န်ဖြစ်ဖို့ ရာခိုင်နှုန်းများနေခဲ့ မာလင်ဇူဘီရီဟာ အိမ်ထောင်ကွဲ
ထားပေမယ့်၊ အမှီခိုကင်းတဲ့ သမီတစ်ယောက်အမေ အဖြစ်နဲ့ ရပ်တည်
နေတဲ့သူပါ။ ဒါပေမယ့် သူနဲ့ အမျိုးသားတစ်ယောက် ကမ်းခြေမှာ တစ်ည
တာပျော်ပါးခဲ့တဲ့ Sex Tape ထွက်လာပြီးနောက်ပိုင်းမှာပဲ လူထုအမြင်တွေ
ပါတီရဲ့အမြင်တွေ အကုန်ပြောင်းလဲသွားပြီး၊ အနှစ်နှစ်ကာလ တည်ဆောက်
ခဲ့တဲ့ အောင်မြင်မှုတွေဟာ ညတွင်းချင်းပဲ လွင့်စင်ပျောက်ကွယ်ကုန်ပါတယ်။
သူမရဲ့ ဘ၀ကိုဘယ်လိုပြန်လည်တည်ဆောက်ရင်း အဖက်ဆည်သွားမလဲ
ကြည့်ရမှာဖြစ်ပါတယ်။ ဒီလို Sex tape တွေ leak ဖြစ်လာရင် ရှက်ရမယ့်
သူဟာ နစ်နာသူ victim မဟုတ်ကြောင်းကို မီးမောင်းထိုးပြထားတဲ့ Netflix
ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။

IMDb 7.5/10
=================================
ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား….
သိပ်ကိုဖြစ်နိုင်တာပေါ့ ……
ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့…..
ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့
နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်
ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို
တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။
သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ
မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ…..။
တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ
သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။
နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို
မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။
ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင်
ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။
ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။
ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ
ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ
စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။
ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ကြည့်ဖူးရင်
စပိန်ကားတွေက ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်ကွက် အလှည့်အပြောင်း
ခပ်များများ ချပြတတ်တယ်ဆိုတာ သိလောက်မှာပါ။
ဒီစီးရီးလေးကလည်း Season 1 မှာ အပိုင်း ၁၀ပိုင်းပါဝင်ပြီး
ကိုလမ်ဘီယာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး အရှုပ်တော်ပုံကြားမှာ
ဆေးခြောက်စျေးကွက်ရဲ့ ပြဿနာတွေကို ရိုက်ကူးထားတဲ့အတွက်
လက်မလွတ်တမ်းစောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

❤3
IMDb – 6.5/10_Rotten – 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ….ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။ကဲ…. ဆရာနဲ့ တပည့်….ဘယ်လို ဆက်ဖြစ်ကြမလဲ…..အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။

❤1