UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
Titanic (1997)

1997 ခုနှစ်က ထွက်ရှိထားပြီး သူခေတ်သူအခါ အတော်လေး အောင်မြင်‌ကျော်ကြားခဲ့တဲ့အပြင် လူတိုင်းရင်ဖက်ထဲမှာလည်း နေရာတစ်ခုယူနိုင်တဲ့အထိ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အချစ်ရုပ်ရှင်ကို ပြောပြချင်ပါတယ်။မင်းသားကြီး Leonardo DiCaprio နှင့် မင်းသမီး Kate Winslet တို့က အံ့၀င်ဂွင်ကျ သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဇာတ်နိမ့်အမျိုးထဲက ကောင်လေးတစ်ယောက် နှင့် အထက်တန်းစား မိသားစုက ကောင်မ‌လေးတို့ရဲ့ တိုက်တန်းနစ် ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ‌သင်္ဘော ပေါ်က ၀မ်းနည်းဖွယ်ရာ အဆုံးသတ်နဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တော်တော်များများလည်း ကြည့်ဖူးထားကြတော့ ဇာတ်ညွှန်းကတော့ ဒါထက်ပိုပြီး ပြောပြမနေတော့ပါဘူး။နောက်ထပ် ဒီရုပ်ရှင်ထဲက စိတ်၀င်စားလေးတွေအနေနဲ့ မပါမဖြစ် Titanic သင်္ဘောကြီးဘဲဖြစ်ပါတယ်။သူ့ခတ်သူ့အခါမှာတော့ အကြီးဆုံး နှင့် Luxury အဆန်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာပေါ့။နောက်ထပ်ကတော့ အဲ့အချိန်က အမျိူသမီးတွေကို နိမ့်ချတဲ့ အတွေးခေါ်တွေ လွှမ်းမိုးနေပါတယ်။အမျိုးသမီးတွေဟာ လင်ယူသားမွေး အဆင့်လောက်ဘဲ ရှိပြီး အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမရရှိခဲ့ကြပါဘူး။
Beauty and The Beast (2017)

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး

မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။

ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။

အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။

အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။

Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး

Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?
Cinderella ဇာတ်အိမ်ကိုမှ Horror
ဆန်ဆန်ကြည့်ရှုရမဲ့

Cinderella (2021)မြန်မာစာတန်းထိုး

ဒီနေ့ပဲထွက်ရှိလာတဲ့ IMDb 8.3 ရထားတဲ့ တမီးလ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။တကယ်ဆို ကျွန်တော်တို့ဟာ စင်ဒရဲလားတို့ စနှိုးဝိုက်တို့နဲ့ပက်သက်ရင် အရမ်း fairy tales ဆန်ချင်ခဲ့ကြလို့ fairy tales တွေနဲ့ပဲညားခဲ့ရတယ်မလား။ တကယ့် စင်ဒရဲလား၊ စနိုးဝိုက်ဇာတ်လမ်းတွေဟာ တကယ့်အပြင်လောကမှာ ကျွန်တော်တို့သိတဲ့ဇာတ်လမ်းလေးတွေထဲကလိုဟုတ်နိုင်ပါ့မလားပေါ့လေ။
တကယ့်ကမ္ဘာ့လောကကြီးဟာ တွေးကြည့်ရင်တွေးကြည့်သလောက် အရမ်းရက်စက်ကြမ်းကြိုက်တယ်မလား။ ဒီတော့ ဒီတမီးလ်စင်ဒရဲကားလေးကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ရိုက်ထားတယ်ဆိုတာတော့လုံးဝအာမခံပါတယ်ခင်ဗျာ။ဒီတော့တစ်ချို့ဘောလိဝုဒ်ကားကောင်းတွေနဲ့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်စင်ဒရဲလားကားလေးကိုလည်း ရှုစားရင်ခုန်ပေးလှည့်ပါဦး
1
အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။
ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။

Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့
နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။
Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ
သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။

Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ
လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့
ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို ....
ဒီဇာတ်ကားလေးကတော့ ၂၀၁၉ ခုနစ်ထွက် အက်ရှင် ဒရမ်မာ ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့…..
ရှောင်မုံးရဲ့ မိဘနှစ်ပါးလုံးက ဘူမိဗေဒပညာရှင်တွေပါ တန်ဟောင်းမီးတောင်ကို ကွင်းဆင်းလေ့လာကြရင်း
မီးတောင်ရုတ်တရက် ထပေါက်တာကြောင့် ရှောင်မုံးရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှောင်မုန်း
အရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီး
မီးတောင်တွေအကြောင်း အသေးစိတ်လေ့လာနိုင်မယ့် ဒီဂျစ်တယ် ဇူးစနစ်ကို တီထွင်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဂျက်ဟားရစ်က တန်ဟောင်းမီးတောင်ပေါ်မှာ ကမ္ဘာ့ပထမဆုံး
အပန်းဖြေစခန်းကြီးကို ခမ်းခမ်းနားနား တည်ဆောက်နေတာ အဆင့်တစ်ပြီးသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့လှည့်
ခရီးသည်တွေကလည်း အထူးအဆန်းမို့လို့ အုံးအုံးကြွပ်ကြွပ် လာရောက်လည်ပတ်နေကြပါတယ်။ တစ်နေ့မှာတော့
မီးတောင်မူမမှန်တာကို ရှောင်မုံးက ခံစားမိပြီး သူ့ကိုပိတ်ဖို့ သတိပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။
ရှောင်မုံးရဲ့ဖခင်ပါမောက္ခကြီးကလည်း သမီးဇောနဲ့ အဲဒီမီးတောင်ရှိရာ လိုက်လာခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ….
ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။
Universal Soldier: Day of Reckoning (2012)

ဂျွန်ဟာ အတတိမေ့ ကိုမာ ရောဂါကိုခံစား နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက
တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ်

ဂျွန်တို့ မိသားစု ဘာလို့ ဒီလို အတိုက်ခိုက်ခံခဲ့ရတာလဲ
ဂျွန်ကကော အရင်က ဘာတွေများ လုပ်ခဲ့တာလဲ

ဂျွန်က ကော သူ့ရဲ့ အတိတ်ဖြစ်ရပ်တွေကိုဖော်ထုတ်ပြီး
မိန်းမ နဲ့ သမီး အတွက် ကလဲ့စားချေနိုင်မှာလားဆိုတာကိုတော့ .....
Baang (2023)
==============
IMDb 7.7/10
အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော တောင်ပိုင်း Dark comedy,
အက်ရှင်ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်း...
အာရပ်ဗ်.. ဘူရှန်နဲ့ ဆူနေးလ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းသုံးယောက်။
တစ်နေ့မှာ အာရပ်ဗ်ရဲ့ ညီလေး အာရုရှ်ကိုပါခေါ်ပြီး သုံးယောက်သား ကားတစ်စီးနဲ့ နိုက်အောက်ထွက်
ပတ်ကဲရင်း ဒယ်ဒီနဲ့ လီယိုနာဆိုတဲ့ ဂိုဏ်းစတားသားအဖနဲ့ ဘုမသိဘမသိဘဲ ငြိသွားကြတဲ့အခါမှာတော့...။
ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းကို pov တစ်ခုပြီးတစ်ခု သွားထားပြီး မြင်နေကျမဟုတ်တဲ့ပုံမျိုးနဲ့ တင်ဆက်ထားပါတယ်။
လီယိုနာအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးလေး ရှန်ဗီကလည်း တော်တော်လေး မျက်စိပဒါသဖြစ်တာမလို့
ပေါ့ပေါ့ပါးပါး အက်ရှင်ဟာသတွေရှာနေသူတွေအတွက် perfect ဖြစ်မယ့်ရုပ်ရှင်လေးပါပဲ...။

#Credit
Revolver (2005)

Revolver (2005)
*
ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး
Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်
ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။
တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့
ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။
မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား
ဂျေဆင် စတက်သန်ပါ...။
ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်
အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ
၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။
ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ
ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။
တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်း
လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။
ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်
သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ
ကုန်ဆုံးပြီး....
Memoir of a Snail (2024)

Australian animator နဲ့ filmmaker Adam Elliot ရဲ့2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။

ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်
👍3
၂၀၁၆ က ထွက်ခဲ့တဲ့ မိုအားနာဟာ ၈ နှစ်ကြာပြီးနောက် အခု သူ့ဘိုးဘေးတွေရဲ့ ခေါ်သံနဲ့အတူပြန်လာခဲ့ပါပြီ။ မိုအားနာက တစ်နေ့မှာ ဘိုးဘေးတစ်ယောက်ကနေ “နာလို”ဆိုတဲ့နတ်ဆိုးက တန်ခိုးကြီးတဲ့ မိုလ်တူဖော်တူကျွန်းကို ပင်လယ်ရေအောက် မြုပ်ချလိုက်ပြီး လူသားတွေကိုကြီးစိုးချင်နေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အခါ ကျွန်းရဲ့ အဓိကလမ်းရှာဖွေသူဖြစ်တဲ့ မိုအားနာအနေနဲ့ ကျွန်းကိုကယ်တင်မယ့် စွန့်စားခန်းကို ရွက်လွှင့်ရပါတော့တယ်။ ဒီခရီးမှာတော့ သူတစ်ယောက်တည်း မဟုတ်တော့ဘဲ လိုတို၊ မိုနီ ၊ အဘိုးကေကေတို့အပြင် မာဝီ့ရိက္ခာစာလေးတွေဖြစ်တဲ့ ရိုးရာမပျက် ကြက်နဲ့ဝက် လေးတွေပါပါလာပါပြီ။ ရေအောက်ကျနေတဲ့ကျွန်းကို ပြန်ဆွဲတင်ဖို့ သွားတဲ့ခရီးမှာ ကြုံတွေ့ရမယ့် ပြဿနာတွေက နတ်ဆိုးတစ်ကောင်တည်းမဟုတ်ဘဲ နောက်ကွယ်ကကြိုးကိုင်သူတွေကိုပါ ကျော်ဖြတ်ရပုံတွေကို သီချင်းအသစ်တွေ ဇာတ်ကောင်အသစ်တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်မြင်ရမှာမို့ အချိန်ပေးရတန်စေမှာသေချာပါတယ်။
👍2
အထက်တန်းကျောင်းနဲ့ သရဲဇာတ်လမ်းဆိုတာက ဘယ်လိုမှခွဲခြားလို
မရတဲ့ အရာတစ်ခုလိုပါပဲ။ အထက်တန်းကျောင်းတိုင်းမှာ ဇာတ်လမ်း
တစ်ပုဒ်ဆိုတာရှိကြတာပါပဲ။ တကယ်ရှိလား မရှိဘူးဆိုတာတော့ ကျွန်
တော်တိုတွေ မသိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်တို သရဲ
ဇာတ်လမ်းတွေ နားထောင်ပြီးတော့ ကြောက်ခဲ့ကြတာပေါ့။
အခု Paramount+ ကနေ ထွက်လာတဲ့ School Spirits ဆိုတဲ့ ဇာတ်လမ်း
တွဲဟာဆိုရင်လည်း အဲလိုမျိုးပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ အထက်တန်း
ကျောင်းသားတွေဟာ ကျောင်းကနေ မထွက်နိုင်ဘဲ သောင်တင်နေကြတာ
မျိုးကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါပေမယ့် Horror ပုံစံမျိုးဆိုတာ
ထက် Mystery, Crime Solving ပုံစံမျိုးပါ။ Rotten Tomatoes 81%,
IMDb Rating 7.6 ရရှိထားပါတယ်။
Thunivu (2023)
Genre: Action, Adventure, Thriller
IMDB:6.7/10

အခုတစ်ခါတော့ တမီးလ်မင်းသားကြီး
အဂျစ်ကူးမားကဲ့ နာမည်ကြီး အက်ရှင်ခပ်ကြမ်းကြမ်းကားလေးကိုတင်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့

လူဆိုးဂိုဏ်းတစ်ခုဟာ ဘဏ်တစ်ခုကိုဓားပြတိုက်ဖို့ ရဲတွေ၊ဘဏ်အတွင်းပိုင်းကလူတွေနဲ့ ပေါင်းပြီး ၀င်စီးကြပါတော့တယ်။
ဘဏ်ဓားပြတွေဟာ အကုန်လုံးကိုထိန်းချုပ်ပြီး ပျော်နေကြတုန်းမှာ
မထင်မှတ်ထားတဲ့ အန္တရယ်တစ်ခုပေါ်လာပါတယ်။ အဂျစ်ကူးမားပါ။
သူက ရဲဘက်ကလည်းမဟုတ်၊စစ်တပ်ဘက်ကလည်းမဟုတ်ဘဲ ဘဏ်ဓားပြတွေကို တိုက်ခိုက်ပါတယ်။
သူခိုးဆီက သူခိုးကပြန်ခိုးသလို
ဓားပြတွေဆီက တစ်ကိုယ်တော် ဓားပြပြန်တိုက်တာပါ။
ဘဏ်ကြီးကို သူတစ်ယောက်တည်းနဲ့ဓားပြတိုက်တဲ့အခါမှာတော့ ....
Money Heist ကဲ့သို့ ဘဏ်ဓားပြကားလို
လှည့်ကွက်တွေ၊ မြှုပ်ကွက်တွေနဲ့အတူကြည့်ရှုရမှာပါ။
ဘဏ်ဖောက်ကား ကြိုက်သူတွေအတွက်
လက်မလွှတ်သင့်တဲ့ ကားလေးလို့ပဲ ညွှန်းလိုက်ပါရစေ
Super Lopez(2018)

ရှားပါးကားလေးကိုတင်ဆက်ပေးပါမယ်
စပိန် စူပါဟီးရိုးဟာသကားလေးပါ

မင်းသားက ဂြိုဟ်သားတစ်ယောက်ဖြစ်ပြီး
ပျက်စီးနေတဲ့ဂြိုဟ်ကနေ အာကာသယာဉ်နဲ့ ကမ္ဘာကိုရောက်လာတာဖြစ်ပါတယ်

နောက်ပိုင်းမှာ သူ့ရဲ့ စူပါ ပါဝါတွေကို သတိထားမိပြီး မတရားမှုတွေကို
ဘယ်လို အလွဲတွေနဲ့တိုက်ခိုက်သွားမလဲဆိုတာ.....
Black Magic Baby (2024) Original title: Kuman thong

ဇာတ်လမ်းအကျဉ်း
ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။

ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး

သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။

တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့

ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်
Colossal 2016

ဇာတ်လမ်းအကျဉ်းလေးကတော့
ဂလော်ရီယာ ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်..ဇာတိမြို့မှာ ငယ်သူငယ်ချင်း အော်စကာနဲ့ ပြန်ဆုံခဲ့ပါတယ်

အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ

ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ..ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့ နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်

မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်

ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်..ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲမကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်
Arthur Christmas (2011)

ခရစ်စမတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ကိုကြည့်ဖူးထားသင့်ပါတယ်နော်..

တနှစ်သော ခရစ်စမတ်မှာ လက်ဆောင်ပို့ပေးဖို့ တစ်ဘူးကျန်နေခဲ့တာကို နေမထွက်ခင် အမြန်ကမ္ဘာပတ်သွားပို့ကြမှာ ဖြစ်ပါတယ်...
Smallfoot (2018)

Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတိုအတွက် လျိုဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။

ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတိုတွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လိုခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို Stonekeeper လိုခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလိုဖြစ်ပါတယ်။
Scooby Doo: Spooky Games (2012)

ဒီတစ်ခါမှာတော့ ရှက်ဂီနဲ့ စကူဘီဟာ သူတို့ ဆန်းကျယ်မှုတွေကို လိုက်စုံစမ်းရင်းအသက်လုပြေးနေတာကို အနီးနားမှာရှိတဲ့ ကမ္ဘာ့အားကစားပြိုင်ပွဲ စီစဉ်သူက မြင်သွားပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်အဲဒီလိုနဲ့ ရှက်ဂီက အပြေး အားကစားသမား စကူဘီက ရှက်ဂီရဲ့ နည်းပြအဖြစ်နဲ့ တလွဲတွေ လုပ်နေတာကို ကြည့်ရဦးမှာပါအဲဒီအပြင် အားကစားပြိုင်ပွဲကျင်းပတဲ့ နေရာမှာရှိတဲ့ နှစ် ထောင်ချီနေတဲ့ ရုပ်တုကြီး အသက်ဝင်လာပြီး ဒီအားကစားပွဲကို ဖျက်ဆီးတဲ့ အခါမှာ ဘာတွေဖြစ်သွားမလဲmystery inc ကရော ဒီကိစ္စကို ဖြေရှင်းပေးသွားနိုင်မှာလားဆိုတာကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်
12 Strong

2018-Action/Drama/History
2h 10

စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။
တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့

သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။
ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။
Shers.........haah [2021]

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ IMDb (8.8)အထိရထားပြီး အခုလတ်တလောလူကြိုက်များလူပြောများနေတဲ့ (Shershaah) ဆိုတဲ့ အိန္ဒိယစစ်ကားကောင်းလေးပါ

အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ၁၉၉၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကာဂီစစ်ပွဲမှာ တိုင်းပြည်အတွက်အသက်ပေးရင်းကျဆုံးသွားတဲ့ ကပ္ပတိန် (Vikram Batra) အကြောင်းဖြစ်ရပ်မှန်ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်

သူ့ရဲ့စွမ်းဆောင်နိုင်မှုကြောင့် နိုင်ငံနှစ်ခုကြားကတိုက်ပွဲကိုအဆုံးသတ်သွားစေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့သူရဲကောင်းဆိုလည်း မမှားပါဘူး

(၁၉၇၄) ခုနှစ် ပါလန်ပူဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပြီး ကိုယ်မှန်တယ်ထင်ရင်ဘာမဆိုပြောရဲလုပ်ရဲတဲ့ ဗီကရန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်

သူ့ရဲ့ငယ်စဉ်ကတည်းကမက်ခဲ့တဲ့ အိပ်မက်ကတော့ ကြီးလာရင်စစ်သားကြီးဖြစ်အောင်လုပ်ပြီး တိုင်းပြည်ကိုကာကွယ်ချင်တာပါတဲ့

မိဘနှစ်ပါးစလုံးကျောင်းဆရာ ဆရာမတွေဖြစ်ကြပေမယ့် ဗီကရန်ကတော့ တိုက်ရခိုက်ရတဲ့ရဲစွမ်းသတ္တိရှိတဲ့စစ်သားကြီးပဲဖြစ်ချင်ခဲ့တာပါ
Ad Astra ( 2019 )

ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကိုယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ