UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
Alone (2007) မြန်မာစာတန်းထိုး

ဖင် နဲ့ ဖလွိုင်ဆိုတာ မွေးကတည်းကခန္ဓာကိုယ်ချင်းဆက်နေတဲ့ အမြွှာညီအစ်မနှစ်ယောက်။ သူတို့နှစ်ယောက်ဟာ အချင်းချင်းချစ်ကြပြီးအဆင်ပြေပြေနေလာခဲ့ကြတာ ဝီးဆိုတဲ့ကောင်လေးနဲ့မတွေ့ခင်အထိ။ ဝီး ချစ်တာက ဖင်မ်ဖြစ်ပြီး ဖလွိုင်ကဝီးကိုချစ်နေတဲ့အခါ၊

ရင်ချင်းဆက်အမြွှာနှစ်ယောက်ကြားမှာ ပဋိပက္ခတွေစဖြစ်လာပါတော့တယ်။ ဒါကြောင့် ဖင်မ်ဟာခွဲစိတ်ပြီး ဖလွိုင်တဲ့ကိုယ်ချင်းဆက်နေတဲ့ဘဝကနေ သူမဘာသာတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေချင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာဘဲ ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် ဖလွိုင် ဆုံးပါးသွားခဲ့ပြီး ဖင်မ်တစ်ယောက်သာအသက်ရှင်ကျန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဖင်မ်နဲ့ဝီးဟာ တောင်ကိုရီးယားကိုပြောင်းရွှေ့အချေချပြီးနေထိုင်ခဲ့ကြပါတယ်။ သို့သော်လည်း ထိုင်းကိုပြန်လာဖို့အကြောင်းဖန်လာတာကတော့ ဖင်မ်ရဲ့အမေလေဖြတ်ပြီးဆေးရုံတင်ထားရတာကြောင့်ပါ။

ထိုင်းကိုပြန်ရောက်ပြီး အရင်အိမ်မှာပြန်နေတဲ့အခါ ဖလွိုင်ရဲ့အရိပ်အ​ယောင် အငွေ့အသက်တွေကိုမြင်လာရပြီး ခြောက်ခြားစရာအဖြစ်အပျက်တွေတစ်ခုပြီးတစ်ခု ဖင်မ်ကြုံရပါတော့တယ်။

ဖလွိုင်တစ်ယောက် မကျွတ်မလွတ်ဘဲ ဘာမကျေနပ်ချက်တွေရှိနေတာလဲ။
Battle Royale (2000) မြန်မာစာတန်းထိုး

ဒီကားအကြောင်းကိုမပြောခင် Pubg ဆိုတဲ့ Game ကို အားလုံးသိကြမယ်ထင်ပါတယ်၊ Pubg ကို ရေးဆွဲခဲ့တဲ့ သူက ဒီကားကိုကြည့်ခဲ့ပြီး ဂိမ်းအဖြစ်ပြန်အသက်သွင်းဖို့ အကြံရခဲ့တယ်လို့ဆိုထားပါတယ်

ဂျပန်နိုင်ငံဟာ လူဦးရေတွေထူထပ်လျက်ရှိပြီး အလုပ်အကိုင်လဲရှားပါးနေပါပြီ၊ အထက်လူကြီးတွေရဲ့ မစီမံနိုင်တဲ့အပေါ် ကျောင်းသားလူငယ်တွေကလဲအစိုးရကို သပိတ်မှောက်ကြပါတယ် ။

ဒီမှာတင် အစိုးရအဖွဲ့ကကျောင်းသင်ခန်းစာအသစ်တစ်ခုတိုးပေးလ်ုက်ပါတယ်၊ BR act လို့ခေါ်တဲ့ ဒီသင်ခန်းစာဟာ ကျောင်းသားတွေကိုကျွန်းတစ်ကျွန်းပေါ်ပို့ အချိန်၃ရက်အတွင်း ရှင်သန်သူတစ်ယောက်ထဲကျန်တဲ့အထိအချင်းချင်းသတ်ဖြတ်စေပါတယ်

နှစ်စဉ် နိုင်ငံတစ်ဝှမ်းလုံးက ၈တန်းကျောင်းသားတွေထဲကအတန်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး ကျင်းပလေ့ရှိတဲ့ BR actသင်ရိုးကိုနာနာဟာရာတို့အတန်းက ကံထူးပြီးသင်ရတဲ့အခါမှာတော့။
Forgotten (2017)

ပြီးပြည့်စုံတဲ့ ဂျင်ဆော့ရဲ့မိသားစုမှာ အဖေရယ် အမေရယ် သိပ်တော်လွန်းတဲ့အကိုရယ်နဲ့အသက် ၂၁ နှစ်အရွယ် ဂျင်ဆော့ရဲ့ဘဝဟာအရမ်းကိုပျော်ဖိုကောင်းနေခဲ့ပါတယ်..

တစ်နေ့အကိုဖြစ်သူရုတ်တရက် ပြန်ပေးစွဲခံလိုက်ရပြီး ၁၉ရက်ကြာပြီးမှ အိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်...

အဲ့နောက်မှာသူ့ရဲ့အကိုဟာ ထူခြားတဲ့အပြုအမှုတွေအများကြီးလုပ်လာပြီး သူ့အကိုမဟုတ်ကြောင်းသိရှိသွားတဲ့အခါ...သူ့ရဲ့မိဘတွေဟာလည်း သူ့ရဲ့မိသားစုအစစ်အမှန်မဟုတ်ကြောင်းသိရှိသွားတဲ့အခါ...

ဇာတ်လမ်းအချိုးအကွေ့များစွာနဲ့ရိုက်ကူးထားတဲ့ဒီ dramaလေးဟာ ၁၉၉၇ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆိုက်ကပ်ကြောင့် ကိုရီးယားနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဖြစ်ခဲ့ပြီး

လူ၂ဦးရဲ့ ကိုယ့်မိသားစုကိုသာကယ်တင်ဖိုကြိုးစားမှုကြောင့် မိသားစု၂ခုလုံးဆိုးကျိုးခံစားခဲ့ရပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အရမ်းကိုကောင်းမွန်တဲ့ပညာပေးဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်
စာဂျပိုးမလေးရဲ့အချစ်ကိုအရယူဖို့လောင်းကြေးထပ်သောအခါ

➪➪➪➪➪➪➪➪➪➪➪➪➪➪

Just the Way You Are (2015)

ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ကောင်လေးနဲ့ ကောင်မလေးတို့ အလောင်းအစားတစ်ခုကြောင့်ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် …ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ …အားပေးကြပါဦးနော်
ကဲအမျိုးတို့ရေ …
ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ …
ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ …
Just the way you are တဲ့ ….
 
ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့
ကောင်လေးနဲ့ ကောင်မလေးတို့ အလောင်းအစားတစ်ခုကြောင့်
ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် …
ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ …
အားပေးကြပါဦးနော်
The Wailing (2016)

___

IMDB (7.5/10)

တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာတည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်..ထိုရွာလေးနာမည်ကတော့ Goksung တဲ့

ထိုမြို့လေးဟာ အတော်အတန်သင့် သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့..တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ်ချောင်းအင်းအိုင်လေးတွေလည်းရှိတော့ ပိုအေးချမ်းတာပေါ့

ဒါပေမယ့် ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက် ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်

မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ..မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီး သူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ

သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့ မိသားစုဝင် လူသတ်သမားတစ်ယောက်..အလားတူဖြစ်ရပ်မျိုးတွေဟာ သူတို့ရွာမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတော့တယ်
Unwelcome 2022

သိပ်ချစ်ကြတဲ့လင်မယားနှစ်ယောက် ဂျေမီနဲ့မာယာတို့ဟာ သူတို့ရဲ့ပထမဆုံးကလေးကိုရဖို့မျှော်လင့်နေတဲ့အချိန် သူတို့မျှော်မှန်းထားတဲ့အတိုင်းပဲ မာယာ့မှာကိုယ်ဝန်ရှိလာပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိတာကိုသိလိုက်ရတဲ့အဲဒီညမှာပဲ လူရမ်းကားတစ်အုပ်စုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တာကို ခံလိုက်ရပါတယ်။ ကလေးလေးမွေးလာမဲ့အချိန် အဲဒီလိုခြိမ်းခြောက်မှုတွေထပ်မခံရအောင် သူတို့နှစ်ယောက် လန်ဒန်ကနေထွက်လာပြီး ဂျေမီရဲ့အဒေါ် အမွေချန်ထားခဲ့တဲ့အိမ်နဲ့ခြံမှာသွားနေဖို့ စီစဉ်လိုက်ပါတယ်။ အဲဒီအိမ်က မြို့ပြနဲ့ဝေးရာ ကျေးရွာတစ်ခုမှာရှိနေတာဖြစ်ပြီး ခြံအနောက်ဘက်မှာ သစ်တောကြီးတစ်ခုလည်းရှိပါတယ်။ ရွာသားတွေရဲ့သတိပေးချက်ကြောင့် အဲဒီတောထဲမှာ မှင်စာလိုထူးဆန်းတဲ့သတ္တဝါတွေနေထိုင်ပြီး သူတို့ကိုအကူအညီတောင်းတဲ့အခါ တန်ကြေးကြီးကြီးမားမားနဲ့ ပြန်ပေးဆပ်ရတယ်ဆိုတာကို သူတို့သိလိုက်ရပါတယ်။ ယုံတမ်းလိုဖြစ်နေတဲ့အဲဒီအကြောင်းကို သိပ်မယုံခဲ့ကြတဲ့ ဂျေမီနဲ့မာယာ မကြိုဆိုခဲ့ကြတဲ့ဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့ပြီး အဲဒီထူးဆန်းတဲ့သတ္တဝါတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို Horror ဆန်ဆန်ရိုက်ကူးထားတာပါ

#Crd
Kalashnikov: AK -47 (2020)
------------------------



ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ

အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလိုလက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ

ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ

Kalashnikov ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ

ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်

အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်

ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး
The Girl With All The Gifts (2016)

လွန်ခဲ့တဲ့နှစ် ၂၀ အချိန်တုန်းက လူသားမျိုးနွယ်ကို Fungus အနွယ်ဝင် Ophiocordycpes Unilateralis ဆိုတဲ့မှိုတစ်မျိုးကူးစက်ခဲ့ပါတယ်။ ကူးစက်ခံရသူကို "Hungries" လို့ခေါ်ပြီး သူတို့ဟာ စိတ်စွမ်းအင်ကျဆင်းနေတဲ့အပြင် ကျန်းမာတဲ့လူ့အသွေးအသားတွေကို စားသုံးကြပါတယ်။ သွေး တံတွေးကတဆင့် ရောဂါပျံ့နှံ့လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ရောဂါမရှိတဲ့လူတွေကို အစောင့်အကြပ် ထူထူထဲထဲချထားတဲ့ Beacon လိုနေရာမှာထားပါတယ်။ Beacon ရဲ့တာဝန်ရှိသူတွေက ကလေး Hungries တွေကိုစမ်းသပ်လေ့လာမယ့် စစ်အခြေစိုက်စခန်းကိုတည်ထောင်ပါတယ်။ တပ်သားများက Hungries များကိုရှာဖွေ ပို့ဆောင်စေပြီး ဒေါက်တာကဒ်ဝဲလ်က သုတေသနပြုပါတယ်။ ထို့ကြောင့် စိတ်ပညာရှင်လည်းဖြစ် ဆရာမလည်းဖြစ်တဲ့ ဂျက်စတင်နောက နှစ်မြို့ခြင်းမရှိခဲ့ပါဘူး။ ဂျက်စတင်နောက အထူးသဖြင့် မယ်လီနာဆိုတဲ့ ဉာဏ်ရည်မြင့်တဲ့ကလေးကို ချစ်ခင်ပါတယ်။ မယ်လီနာဟာ တမူထူးခြားမှန်း သူကိုယ်တိုင်မသိခဲ့ပါဘူး။ ဆေးအောင်မြင်ရန်တဖြည်းဖြည်းနီးစပ်လာတဲ့ဒေါက်တာကဒ်ဝဲက မယ်လာနီကို ပါဝင်ပစ္စည်းအဖြစ်အသုံးချလိုက်တဲ့အခါမှာတော့။
Dorm (2006) မြန်မာစာတန်းထိုး

ချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ်သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ်။ ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူးသူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက.ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ။ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ပါ။
Cowboyဇာတ်လမ်း​တွေကို သ​ဘောကျတဲ့ ပရိသတ်​တွေအတွက်

အစိမ်းသက်သက် မဖြစ်​လောက်သလို ဒီဘက်​ခေတ်ရဲ့ western
ကောင်းဘွိုင်seriesတွေထဲမှာ ဇာတ်အိမ်ခိုင်ပြီး ​လူကြိုက်များတဲ့
Yellowstone ဆိုတဲ့ Seriesကြီးကို စတင်​တင်ဆက်​လိုက်ပါပြီ။
Yellowstoneဆိုတဲ့နာမည်ကို CMပရိသတ်​တွေအ​နေနဲ့ အ​ရှေ့မှာ
တင်ဆက်ခဲ့ဖူးတဲ့ Prequelစီးရီးဖြစ်တဲ့1883မှာ ရင်းနှီးခဲ့ဖူးမှာပါ။
အခုစီးရီးက​တော့ အဲဒီထဲက ဒပ်တန်မိသားစုရဲ့ မျက်​မှောက်​​ခေတ်
​ကောင်းဘွိုင်ဘဝကို ကြည့်ရှုရမှာပါ။
Oscarနဲ့ Emmyဆုရှင် မင်းသားကြီး Kevin Costner က ဒပ်တန်
မိသားစုရဲ့အိမ်​ထောင်ဦးစီး ဂျွန်ဒပ်တန်အဖြစ် ပါဝင််ထားတာဖြစ်ပြီး
IMDb 8.7, RT 85%အထိ ရရှိထားပါတယ်။ ဒီစီးရီးက နိုင်ငံတကာ
ကောင်းဘွိုင်ဇာတ်ကားပရိသတ်​တွေကြား အ​တော်​ရေပန်းစားသလို
​အောင်မြင်မှုလည်း ကြီးတာမို့ လက်ရှိမှာSeason 5အထိ ​ရောက်ရှိ​
နေပါပြီ။
ဇာတ်လမ်းအကျဉ်းက​တော့ အ​မေရိကန်ရဲ့အကြီးဆုံး ​မွေးမြူ​ရေးခြံ
ဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန်
မိသားစု​အ​ကြောင်းကို အသား​ပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့
အိမ်​​​ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်း
ခြစားမှု​တွေနဲ့လက်ဝါးချင်းရိုက်​နေတဲ့ နိုင်ငံ​ရေးသမား​​တွေနဲ့ ​ဒေသခံ
သစ်လုပ်ငန်းရှင်​တွေ ကန်ထရိုက်လုပ်ငန်းရှင်​​တွေ၊ မြို့ပြတိုးချဲ့​ရေး
အ​ကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှု​တွေ၊ နယ်​မြေချင်းဆက်​​နေတဲ့
အင်ဒီးယန်း​တွေနဲ့ကာလရှည်မသင့်မြတ်​မှုတွေ၊ မိသားစုပဋိပက္ခ​တွေ
ကြားထဲက ခြံကြီးကို မဆုံးရှုံးရ​အောင် ကြိုးစားထိန်းသိမ်းပုံ​တွေကို
ကြည့်ရှူရမှာပါ။
ဒီစီးရီးဟာ ​ကောင်းဘွိုင်ဇာတ်တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ​ရေးနဲ့
စီးပွား​ရေး၊ ဥပ​ဒေ​ရေးရာ အားပြိုင်မှု​တွေ၊ ​တစ်ဘက်နဲ့တစ်ဘက်ရဲ့
​ခေါင်းတုံး​ပေါ် ထိပ်ကွက်မှု​တွေ၊ လျင်သူစား​ကြေး ဉာဏ်ရည်ချင်း
အားပြိုင်မှု​၊ လက်ရုံးချင်းအားပြိုင်မှု စသဖြင့် ရသမျိုးစုံပေးနိုင်တဲ့
စီးရီးဖြစ်ပြီး ဇာတ်လမ်းတင်ဆက်ပုံကလည်း အ​တော်ကြမ်းတာမို့
​ကောင်းဘွိုင်series ကြိုက်သူ​တွေအတွက် တ​မျှော်​မျှော်ဖြစ်​စေမဲ့
Seriesပဲဖြစ်ပါတယ်။
3
Chicken Run (2000)

Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကိုတစ်​ခေါက်ပြန်ကြည့်မိတယ်ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲဇတ်လမ်းပုံစံက တွီဒီလို့ ​ခေါ်တဲ့​မွေးမြူ​ရေး ကြက်ခြံက ငရဲခံ​နေရတဲ့ဥ ဥ​ပေးရတဲ့ ကြက်မ​တွေ အ​ကြောင်း​ပေါ့

အဲ့ဒီကြက်ခြံက​နေ ထွက်​ပြေးဖို့အမြဲကြံ​နေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့သူ့ရဲ့ သူငယ်ချင်း တစ်စု​ပေါ့ဂျင်ဂျာက​တော့ လွတ်​​​မြောက်နယ်​မြေရှိမယ်လို့အမြဲယုံကြည်​နေသူ တစ်ဦး​ပေါ့သူ့စိတ်ကူးကို သူငယ်ချင်း​တွေက အမြဲအ​​ကောင်အထည်​ဖော်​ပေးရတယ်ထွက်​ပြေးဖို့နည်းလမ်း​တွေ ဆွဲကြတယ်

ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ်ပိုင်ရှင် လင်မယားဟာ ကြက်​တွေကို မ​ဝရေစာ​​ကျွေး​မွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံးလိုချင်ကြပါ​သေးတယ်အပတ်တိုင်း ကြက်ခြံကို ဝင်စစ်​လေ့ ရှိပြီးတစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ကြက်မ အတွက်​တော့ နားရက်ရသွားတာပါပဲ
Chicken Run: Dawn Of The Nugget (2023)

ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။ နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။

Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။
👍2
Aqua Teen Forever: Plantasm (2022)

Aqua Teen Hunger Force ဆိုတဲ့ Animation စီးရီးက မစ်ရှိုတ်ရယ်၊ အသားလုံးရယ်၊ အာလူးချောင်းကြော်ရယ်ဆိုတဲ့ အဓိက ဇာတ်ကောင် ၃ ကောင်ပါဝင်ထားပြီး ဂြိုဟ်သားတွေ၊ အပင်ကောင်တွေ၊ လူတွေလည်း ပါတဲ့အပြင် ကြည့်နေတဲ့လူကို ထထဆဲတဲ့ 8 bit Mooninite နှစ်ကောင်လည်းပါဝင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ ကလေးတွေမကြည့်သင့်တဲ့အခန်းတွေ ဆက်တိုက်ပါပါတယ်။ အသက်ပြည့်ပြီးသားလူကြီးတွေပဲကြည့်သင့်တယ်ဆိုပေမဲ့လည်း သာမန်ရိုးရိုးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ…

နာမည်ကျော် Rick and Morty စီးရီးတွဲတွေကိုထုတ်ခဲ့တဲ့ Adult Swim ကပဲ ထုတ်ထားတဲ့အတွက် အဲဒီစတူဒီယိုရဲ့ Trademark လိုကိုဖြစ်နေတဲ့ ထူးထူးဆန်းဆန်းတွေ၊ မဖြစ်နိုင်တာတွေ၊ ဇာတ်ကားကြည့်နေတဲ့လူကို ဝင်ဝင်နှောင့်တတ်တဲ့ကောင်တွေနဲ့ဆိုတော့ ပျင်းတော့မပျင်းရပါဘူး… ထူးထူးခြားခြားဇာတ်လမ်းတွေ၊ အရင်လိုနဲ့မတူပဲကွဲထွက်နေတာမျိုးတွေကိုကြည့်ချင်တာဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ…
The Blind War (2022)
*

အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။

အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။

ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ...

သမီးဖြစ်သူကို လိုက်ကယ်တဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးကို ကြည့်ရှုကြရမှာပါ။
Secret Headquarters (2022)

Paramount ကထုတ်တဲ့စူပါဟီးရိုးကားပါ။Charlie နဲ့သူမိသားစုတို့ဟာပျော်ပွဲစားထွက်ရင်း သူတို့အနားကိုလေယာဉ်ပျက်ကျလို့ Charlie အဖေ Jack ဟာသွားကူညီပါတယ်။အဲဒီမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့အရာနဲ့ထိတွေ့ပြီး Charlie တို့မိသားစုရဲ့ကံကြမ္မာကလည်း လုံး၀ပြောင်းလဲသွာရပါတော့တယ်။

The Adam Project မှာ နာမည်ရလာတဲ့ ကလေးသရုပ်ဆောင်လေး Walker Scobell အပြင် နာမည်ကျော်မင်းသားကြီး Owen Wilson တို့ပါ၀င်ထားပါတယ်။ဒါ့အပြင် ပါရမီရှိတဲ့ တခြားကလေးသရုပ်ဆောင်တွေလည်း အားဖြည့်ထားပါတယ်။Superhero ရုပ်ရှင်ဆိုတဲ့အတိုင်း superpower တွေနဲ့ Fight scene တွေကအဆင့်မြင့်ပြီး အဖေဖြစ်သူနဲ့သားကြားက Dynamic ကိုလည်းစိတ်ဝင်စားဖွယ်ရာတင်ဆက်ထားပါတယ်။မိသားစုလိုက်ကြည့်ရင်လည်း မပျင်းရမယ့်ဇာတ်ကားမျိူးပါ။
Angels Fallen (2020)
——————————-
IMDb Rating 6.1/10 ထိရရွိထားတဲ့
၂၀၂၀ ထွက် Horror ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့….
သမ္မာကျမ်းစာအရ ကမ္ဘာပေါ်မှာ နတ်ဆိုးတွေရှိပါတယ်…ဂတ်ဘရီရယ် မိုက်ကယ် တိုင်နဲ့ ဟန်နာတိုဟာ နတ်ဆိုးတွေကိုနှင်တဲ့ မုဆိုးတွေပါ ဒါပေမယ့်
အခုချိန်မှာတော့ အဲ့မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး အသီးသီး သူ့အလုပ်နဲ့သူ ဖြစ်နေကြပါပြီ….တစ်နေ့မှာတော့ သမ္မာကျမ်းစာထဲကအတိုင်း
ကမ္ဘာပျက်ကပ်ကိုသယ်ဆောင်လာမယ့်
နတ်ဆိုးတမာန်တော်လေးယောက် ရောက်နေပြီမှန်း သိလိုက်ရတဲ့အခါ…သူတိုတွေပြန်ပေါင်းစည်းပြီး ကမ္ဘာကိုကယ်တင်နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်….
Chirutha (2007)

ဒီဇာတ်ကားကတော့ ဘိုင်ရာဘာမင်းသားရယ်လို့လူသိများတဲ့
ရန်ချရမ်းရဲ့ မင်းသားအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ကားဖြစ်ပြီး မင်းသမီးကတော့ ဘောလိဝုဒ် မင်းသမီးချောNeha Sharmaပဲ ဖြစ်ပါတယ်။
ချရမ်းဆိုတာ ငယ်စဉ်ကတည်းက ထောင်နန်းစံဘ၀ကို ရောက်ခဲ့ရသူပါ။
ဖခင်ကြီးက မတ်တူးဘိုင်ဆိုတဲ့
ဂန်းစတားကြီးသတ်တာကို ခံရပြီး ၊မိခင်က ဆေးရုံတင်ထားရတဲ့အချိန်မှာ မိခင်အတွက် ခွဲစိပ်ဖို့ငွေကြေး မတတ်နိုင်တာကြောင့် ၊ လူသတ်မှကျူးလွန်ခဲ့တဲ့
တစ်ခြား သူဌေးသားကောင်လေး
တစ်ယောက် အစား ထောင်ထဲကို ကိုယ်စား၀င်ပေးခဲ့သူပါ။
ဒါမှလည်း လူသတ်မှုကျူးလွန်တဲ့ ကောင်လေးအဖေက သူ့အမေအတွက် ဆေးရုံစရိတ် ထုတ်ပေးမှာကိုး။ထောင်ထဲမှာ နေပြီး ၁၂ နှစ်ကြာလာတော့
မင်းသမီးလေးနဲ့အမှတ်မထင် တွေ့ပြီပေါ့။
မြင်မြင်ချင်း ချစ်မိသွားသူဆိုတော့သူချစ်တဲ့ သူဌေးသမီးလေးနောက်ကို
တကောက်ကောက်လိုက်ပြီးတိတ်တခိုးကြည့်နေတတ်သူပါ
ဒီလိုနဲ့ သူ့အသက်မွေး၀မ်းကျောင်းအတွက်ဘန်ကောက်ကို ချရမ်းတစ်ယောက် ထွက်လာခဲ့ရပါတယ်။
တကယ်တော့ အသက်မွေး၀မ်းကျောင်းဖို့ဆိုတာ အပေါ်ယံအလုပ်သာ ဖြစ်ပြီး ၊ဖခင်ကို သတ်သွားခဲ့တဲ့ မတ်တူးဘိုင်ကို လာရှာတာသာ ဖြစ်ပါတယ်။
ရန်ချရမ်းရဲ့ ပွဲဦးထွက်ဇာတ်ကားဆိုပေမယ့်အတော်ကြီး ကြည့်လို့ကောင်းပါတယ်။
အသတ်အပုတ်တွေရယ်၊တစ်ခန်း
တစ်လေမှာ ထည့်ပေးတတ်တဲ့ ဟာသတွေရယ်၊မင်းသားမင်းသမီး တွေ့ဆုံကြပုံ၊သူတို့နှစ်ဦးကြားက ဆက်ဆံရေးအကြောင်းတွေကြောင့် သဘောကျစရာပါ။
Bag of Lies ဇာတ်ကားက ၂၀၂၄ ခုနှစ်ထွက် Netflix က
ရိုက်တဲ့ horror အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကို ပြောရမယ်ဆိုရင် ကင်ဆာဖြစ်ပြီး
သေခါနီး ဖြစ်နေတဲ့မိန်းမကို ကယ်တင်ဖို့အတွက်
အစွမ်းကုန် ကြိုးစားပေမဲ့ အရာမထင် ဖြစ်နေတဲ့
Matt တစ်ယောက် ရရာကောက်ရိုး လှမ်းဆွဲရာကနေ
အိမ်ကို ဘာမှန်းမသိတဲ့ အထုပ်တစ်ထုပ် ယူလာပြီး
ထူးဆန်းတဲ့ အစီအရင်တွေကို သတ်မှတ်ချက်ပေါင်း
များစွာနဲ့ ပြုလုပ်ခဲ့ပါတယ် အစီအရင်တွေကြောင့်
ဖြစ်လာမဲ့အရာတွေက အကောင်းတွေလား
အဆိုးတွေလား ၂ ခုလုံး ဒွန်တွဲပြီး ရောက်လာမှာလား
အဆုံးသတ်မှာ သူမျှော်မှန်းထားသလို သူ့မိန်းမ
ကောင်းသွားမှာလား စတာကို ရင်တထိတ်ထိတ်နဲ့
‌ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Stand by Me (2018)

ဒီကား​လေးမှာ​တော့ အသက်​ ၇ဝအရွယ်​ အဖိုးတ​စ်ယောက်​က ​မြေး​လေးနှစ်​​ယောက်​ကို ပင်​ပင်​ပန်းပန်း ရှာ​ဖွေ​ကျွေး​မွေး​စောင့်ရှောက်​ရင်း ​​နေထိုင်​​နေခဲ့တယ်​

ဘယ်​​လောက်​ပဲ အဖိုးချစ်​ခင်​​စောင့် ရှောက်​​နေပါ​စေ
မိဘ​မေတ္တာငတ်​​နေတဲ့ က​လေး​တွေက​တော့ အ​မေနဲ့အ​ဖေကိုသာ လွမ်းဆွတ်​​နေခဲ့ရှာပါတယ်​

အဲ့လိုနဲ့ အဖိုးဖြစ်​သူက အဆုတ်​ကင်​ဆာဖြစ်​​နေခဲ့ပြီး​တော့ က​လေး​တွေကို ဘယ်​လိုဆက်​လုပ်​ရမှန်းမသိ​တော့ပဲ
​ချွေးမဖြစ်​သူကို ရှာဖို့ကြိုးစားပါ​တော့တယ်​

အဲ့လိုနဲ့အဖိုးက သူ့​ချွေးမကို​ရော ပြန်​ရှာ​တွေ့ခဲ့လား
သူ့​ချွေးမက​ရော ဘာလို့ အာမခံ​ငွေ​တွေယူသွားခဲ့ရတာလဲ
က​လေး​တွေက​ရော အ​မေနဲ့ပြန်​​တွေ့ပါ့မလားဆိုတာ ...

တကယ့်ကိုသနားစရာ​ကောင်းတဲ့ ဖြစ်​ရပ်​မှန်​ကား​လေးလည်းဖြစ်​ပြီး လက်​​တွေ့ဘဝမှာလည်း ဖြစ်​တတ်​တဲ့အ​ကြောင်းအရာပုံစံမို့လို့ မဖြစ်​မ​နေကို ကြည့်သင့်တဲ့ ဗဟုသုတရတဲ့ကား​လေးပါ ...
မီးတုတ်နဲ့မျက်လုံးကိုထိုးပြီး ရေနွေးနဲ့လက်ပေါ်လောင်းချပြီး ခံနိုင်ရည်စမ်းသပ်တဲ့ ကွန်ဖူးသိုင်းသင်တန်းကျောင်း😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။

ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေကိုရိုက်ကူးထားပြီးချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။
တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ဝမ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး
၎င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ်သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲေ၀ အုပ်ချုပ်ကြပါတယ်။
  တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန်
သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီး
သူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်…….
စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ…..
ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီးဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့…