UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
Dominique (2024)

ဒီကားလေးမှာဆိုရင်တော့ သူ့ရဲ့ချစ်သူကိုရဲတွေရဲ့လက်ထဲမှာ အသတ်ခံလိုက်ရပြီးတော့
မတရားမှုနဲ့ သတင်းဖုံးခံခဲ့လိုက်ရပါတယ်

လာဘ်စားရဲတွေရဲ့ လက်ချက်ကြောင့်ပဲ မိသားစုတစ်စုကိုကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်

အဲ့မိသားစုကိုလုံခြုံ‌ဖို့အတွက် သူတစ်ညအချိန်ရပါတယ်

အဲ့အချိန်အတွင်းမှာပဲ ဘယ်လိုတွေကြုံတွေရမလဲ

အဲ့နောက်မှာတော့ ဘယ်လိုမျိုးစိတ်လှုပ်ရှားဖွယ်တွေ

ဘယ်လိုစွန့်စားမလည်းဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးထားတဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
Review and Translated By U
Encoded By N.A.S
👍1
Venom: The Last Dance (2024)

မြန်မာစာတန်းထိုး

အက်ဒီ ဘရော့ တစ်ယောက် No way Home ကြောင့် အခြား universe ကိုရောက်သွားရာကနေ မိမိ universe ကိုပြန်ရောက်သွားတဲ့ အခါမှာတော့ ရာဇဝတ်သားအနေနဲ့ Fbi agent လက်ထဲကနေ ပြေးနေရပါတယ် ။

တစ်ဖက်မှာ ဇီဝမျိုးစိတ် တွေရဲ့ ဖန်းတီးရှင်ဖြစ်သူ နူးလ် ဟာ သူ အကျဉ်းကျရာကနေ လွတ်မြောက်ဖို့အတွက် ဗီနွန် ဆီက Cortex ဆိုတဲ့သော့ကို ယူဖို့ ဂြိုလ်သားတွေကို ကမ္ဘာပေါ် စေလွှတ်လိုက်ပါတယ် ။

ထိုအချိန်မှာ Fbi လက်ထဲကနေ ထွက်ပြေးနေရတဲ့ အက်ဒီဘရော့ နဲ့ ဗီနွန် တို့နှစ်ယောက် ကမ္ဘာမြေပေါ် ကျူးကျော်လာတဲ့ ဂြိုလ်သားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြရမလဲ ။
👍1
ဒီတစ်ခါစီးရီးလေးကတော့ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom H​anks ရဲ့ A League of Their Own ဆိုတဲ့ Sport/ Comedy ရုပ်ရှင်ဇာတ်ကားကြီးအတိုင်း ဒုတိယကမ္ဘာစစ်တွင်းက အမေရိကန်အမျိုးသမီးဘေ့စ်ဘောလိဂ် စတင်ခဲ့ရာကာလကို ကျောရိုးတည်ပြီး Reboot သဘောမျိုးပြန်လည်ဖန်တီးထားတဲ့ စီးရီးတစ်ခုပေါ့။



ဇာတ်လမ်းအကျဥ်းကိုပြောရရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက အားကစားအသီးသီးမှာ နိုင်ငံတော်အဆင့် အမျိုးသမီးသီးသန့်လိဂ်ရယ်လို့ ခေတ်မစားသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း နာမည်ကြီးအားကစားဖြစ်တဲ့ ​ဘေ့စ်ဘောအတွက်အမျိုးသမီးလိဂ်ဆိုတာမရှိခဲ့ပဲ လိဂ်ရဲ့တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားလိဂ်မှာ စစ်ပွဲကာလတွင်းအကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအရရော ရပ်တည်မှုအရပါယိုင်နဲ့လာတဲ့အတွက် ပရိသတ်တွေအတွက်အသစ်အဆန်းဖြစ်အောင် နိုင်ငံအနှံ့ကဝါသနာရှင် အမျိုးသမီးတွေကို ဇကာတင်ရွေးချယ်ပြီးလိဂ်တစ်ခုဖြစ်အောင်စတင်အသက်သွင်းခဲ့ပါတော့တယ်။ ပြောစရာရှိတာကတော့ သာမန်အားကစားဇာတ်လမ်းတစ်ခုဆိုတာထက် အဲဒီခေတ်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုတွေက ဘယ်လောက်ထိအကျည်းတန်ခဲ့တယ်ဆိုတာကို သိသိသာသာမီးမောင်းထိုးပြသွားတာပါပဲ။



Rating ကောင်းတွေ၊ ရုပ်ရှင်ဝေဖန်သုံးသပ်သူတွေရဲ့ မှတ်ချက်ကောင်းတွေလည်း အများကြီးရရှိထားတဲ့ စီးရီးလေးတစ်ခုဖြစ်တာကြောင့် ဘေ့စ်ဘောအားကစားအကြောင်းကို နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ကြည့်ရတာ ရသရောဗဟုသုတပါ ရရှိစေမယ့်စီးရီးလေးတစ်ခုဖြစ်တာကြောင့် CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။
2👍2
Speak No Evil (2024)

ဒီရုပ်ရှင်ကတော့ ၂၀၂၂ တုန်းက ထွက်ခဲ့တဲ့ Speak No Evil ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။

မူရင်းကားတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့ အခန်းတစ်ခန်းပါပါတယ်။

စိတ္တဇ စုံတွဲကို သားကောင်လင်မယားက မေးတဲ့အခန်းပေါ့။

"မင်းတို့ ဘာလို့ ဒီလိုရက်စက်ရတာလဲ"

"မင်းတို့ လုပ်ခွင့်ပေးနေလို့ပဲ"

ဒီရုပ်ရှင်မှာတော့ အဲဒီအခန်းမှာတင် အားမလိုအားမရနဲ့ ဇာတ်မသိမ်းဘဲ

သားကောင်မိသားစုက အသက်ရှင်ရေးအတွက်ပြန်တိုက်ခိုက်တဲ့ ဇာတ်ကွက်တွေ ထည့်ထားပြီး

ဆိုက်ကိုဟော်ရာ thriller အဖြစ် ပြောင်းလဲထားတာပါ။

ရုံတင်တုန်းကလည်း အားပေးမှုများခဲ့ပြီး IMDb မှာလည်း 7.1 အထိ ရထားတာမို့

ကောင်းကောင်းအရသာခံကြည့်လို့ရမဲ့ ဟော်ရာ ကားကောင်းတစ်ကားပါပဲ။

ဒါရိုက်တာက James Watkins ဖြစ်ပြီး အဓိက ဗီလိန်နေရာမှာ X-Men Charles မင်းသားကြီး

James McAvoy ပါဝင်သရုပ်ဆောင်ထားပါတယ်။

#crd_org_owner
Irati (2023)
====
IMDb (6.2/10)

ဒီကားကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇတ်ကားပဲဖြစ်ပါတယ်...

အောက်လမ်းမှော်ပညာနဲ့ ခရစ်ယာန်တွေရဲ့ကြားကတင်းမာမှုတွေကိုရိုက်ပြထားတာဖြစ်ပါတယ်...

ဒဏ္ဠာရီလာသတ္တဝါတွေ , မိစ္ဆာတွေနဲ့လူတွေနဲ့ဆက်ဆံမှုကိုလည်းတွေ့နိုင်ပါတယ်...

ဇာတ်လမ်းအစမှာ စစ်တိုက်ခါနီး ခရစ်ယာန်သူကြီးတစ်ယောက်က မကောင်းဆိုးဝါးမနဲ့ အပေးအယူလုပ်ခဲ့ပါတယ်

သူ့အဖေကိုမကောင်းဆိုးဝါးနဲ့ ပူးပေါင်းတဲ့သူမှန်းသိလို့ သူ့သားဖြစ်တဲ့ အန်ကိုကို သူကြီးမတင်မြှောက်ချင်တော့ပါဘူး

အန်ကိုဟာသူ့သိခ္ခါကိုဆယ်ဖို့အတွက် သူ့အဖေရဲ့ နာမည်ဆိုးတွေကိုချေဖြတ်ဖို့ မကောင်းဆိုးဝါးမဆီကို ထွက်ခဲ့ရပါတော့တယ်

Special effects နဲ့ audience winner ဆုတွေရထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်...
Venus (2022)
***
သွေးသံတရဲရဲကြမ်းကြမ်းတမ်းတမ်း Horror ကားတွေကိုမှကြိုက်တဲ့
လူတွေအတွက် Venus ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb မှာ Rating 5.5 ရရှိထားပြီးသူ့အနေအထားနဲ့ သူတော့ကြည့်လို့
ကောင်းတယ်လို့ပြောလို့ရပါတယ်။
နာမည်ကြီး Horror ကားတွေကြည့်ရတာ အကုန်ကုန်ပြီးတော့
ကြည့်စရာရှာနေရတယ်ဆိုရင် ဒီကားလေးကိုတော့စမ်းကြည့်ကြည့်လိုက်ကြပါ။
ဇာတ်လမ်းအစမှာတော့ လူစီယာလို့ခေါ်တဲ့ကလပ်မှာကပြဖျော်ဖြေရတဲ့
ကောင်မလေးတစ်ယောက်က ကလပ်ကနေမူးယစ်ဆေးတွေခိုးပြီး
ထွက်ပြေးလာခဲ့တာကိုတွေ့ရမှာပါ။အဲ့ဒီဆေးတွေကြောင့် သူ့အလုပ်ရှင်တွေက
သူ့နောက်ကိုလိုက်လာတဲ့အတွက် ကြံရာမရတဲ့အဆုံးသူ့ အစ်မတိုက်ခန်းဆီ
သွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ သူ့အစ်မပျောက်နေပြီး
ပြန်မလာတဲ့အပြင် သူ့ကိုလိုက်ရှာနေတဲ့လူတွေရဲ့ရန်ကို ကြောက်တဲ့အတွက်
အဲ့ဒီတိုက်ခန်းမှာပဲ ဆက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခန်းကသူ့ကို
လိုက်ဖမ်းနေတဲ့ လူတွေထက်အများကြီး ပိုကြီးမားတဲ့ပြဿနာဆိုတာကို
လူစီယာတစ်ယောက်.....
Kate (2021)

IMDB:6.8
Genres: Action, Thriller

ကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ
လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ
ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက်
ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့
သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း
အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။
အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့
အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ
ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား…???
အဆိပ်ခတ်လုပ်ကြံမှုရဲ့နောက်ကွယ်မှာ ဘာအကြောင်းအရာတွေများ ရှိနေဦးမလဲ……??
ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။

ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်းကြိုပြီး သတိပေးထားချင်ပါတယ်။
MouseHunt (1997)

ဒီတစ်ခါကတော့ကတော့ စိတ်သက်သာရာရစေမယ့် ရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပါတယ်။အတော်လေးလည်းကြည့်လိုကောင်းသလို ဘဝအမောတွေကိုလည်း ပြေပျောက်စေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

မိသားစုနှင့်လည်းကြည့်လိုရတဲ့ ဟာသကားကောင်းတစ်ကားမလို ကြည့်လိုက်ကြပါလို တိုက်တွန်းပါရစေ။

ဇာတ်ညွှန်းအာနီ နဲ့ လားစ်တို ဟာ ညီအစ်ကိုတွေဖြစ်ပါတယ်။ အာနီ ဟာစားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး လားစ်ကတော့ သူ့အဖေနဲ့ အတူတူ ချည်မျှင်စက်ရုံတစ်ခုကို အတူတူလုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူတိုနှစ်ယောက်ရဲ့အဖေဆုံးသွားတော့ အမွှေအနေနဲ့ ကံကောင်းစေတဲ့ ချည်မျှင်လေးတစ်ချောင်းရယ်၊ချည်မျှင်စက်ရုံတစ်ခုရယ် အပေါင်ခံထားတဲ့အိမ်ကြီးတစ်လုံးရယ်ကို အမွေချန်ထားခဲ့ပါတယ်
Never Let Go (2024)

Horror ကား ကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မဲ့ တစိမ့်စိမ့်နဲ့ ကျောချမ်းအောင်ကြည့်ရမဲ့ကားလေးပါ

တောအုပ်ကြီးထဲက သစ်သားအိမ်လေးမှာ အမေရယ် သားနှစ်ယောက်ရယ်ပဲ နေလာကြတာ နှစ်တွေကြာလှပါပြီ
အပြင်မှာ မိစ္ဆာတွေရှိတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ အပြင်လောကကို အဆက်အသွယ်မလုပ်ဘဲ တောအုပ်ထဲမှာ ဖားတွေ အပင်တွေ သစ်ခေါက်တွေ ရှာဖွေစားသောက်ရင်း ရှင်သန်ခဲ့ကြပါတယ်
အိမ်အပြင်ကနေထွက်ရင် လိုက်နာရမဲ့ တစ်ခုတည်းသောစည်းကမ်းက ခါးမှာကြိုးချည်ထားပြီး သွားရမှာဖြစ်ပြီး အဲ့ကြိုးကို ဘယ်တော့မှ လွှတ်မချဖို့ပါပဲ ကြိုးမပါရင် မိစ္ဆာတွေက လူကိုဝင်ပူးလိမ့်မယ်လို့ မှာထားခဲ့တာဖြစ်ပါတယ်
အမွှာညီအစ်ကိုနှစ်ယောက်မှာ တစ်ယောက်က အမေ့စကားကို အမြဲနားထောင်တတ်ပြီး တစ်ယောက်ကတော့ မိစ္ဆာတွေရှိတာ တကယ်အယုံအကြည်မရှိဘဲ အပြင်လောကကို ရှာဖွေချင်စိတ်ရှိပါတယ်

ဒီကားလေးမှာ သူတို့အမေပြောနေတဲ့မိစ္ဆာက တကယ်ရှိတာလား အပြင်လောကမှာရော လူတွေရှိနေရဲ့လား ကြိုးလွှတ်ချလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှူသွားရမှာဖြစ်ပါတယ်
Review and Translated By Khun
Encoded By N.A.S
👍1
IMDb rating: 7.2/10
Rotten Tomatoes: 80%
Genre : Drama
Cast : Damian Lewis, Guy Pearce, Lily Thomas, Roger Hollis

ဒီတစ်ခါကတော့ based on true story သမားတွေ politics

ကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမျိုးပါ

Dec 8 2022 ကမှ ပူပူနွေနွေးထွက်ထားတာပါ

နာမည်မြင်ပြီး among us ကိုသတိရသွားကြတယ်မလား

ဇာတ်လမ်းလေးကို တစ်ချက်ကြည့်လိုက်ရအောင်

ခဏတာသူငယ်ချင်းမျိုးတောင်မဟုတ်ဘဲ လူကြီးပိုင်းရောက်မှ

ခင်ပြီး ၂၃ နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့သူက သစ္စာ

ဖောက်သွားမယ်ဆိုရင် လူကြီးမင်းတို့ဘယ်လိုခံစားရမလဲ

အချစ်ဆုံးသူငယ်ချင်းကို စစ်အေးကာလအတွင်းမှာ အကြီးဆုံး

ရာဇဝတ်မှု နိုင်တော်သစ္စာဖောက်မှုကို ကျူးလွန်သွားတဲ့ကောင်ဆိုပြီး

တစ်နိုင်ငံလုံးက မြေလှန်ရှာနေကြတယ်ဆိုရင်ရော

နီကိုလတ်စ်အယ်လီယော့ရဲ့ခံစားချက်ကတော့ အဲဒီအတိုင်းပါပဲ

အယ်လီယော့က MI5 ကအရာရှ်ိနင်ငံ့လျှို့ဝှက်ချက်တွေ ထိန်းသိမ်းရတဲ့

ထဲမှာပါတယ် ကင်မ်ဖေလ်ဘီက ဗြိတိန်ထောက်လှမ်းရေးအရာရှိ

ဒါပေမယ့် ရုရှားတွေရဲ့သူလျှို ပြောရရင်တော့ double agent ပေါ့ဗျာ

နှစ်ယောက်သားက ၂၃ နှစ်လုံးလုံး အရမ်းခင်လာပေမယ့် ကင်မ်ဖေလ်ဘီ

သစ္စာဖောက်မယ်ဆိုတာကို အယ်လီယော့ခမျာ မသိရှာပါဘူး

အလုပ်လည်းပြုတ်ပြီး စစ်ကြောရေးမမည်သာတဲ့ စစ်ဆေးရေးတွေ

အ‌မေးခံရတော့လည်း အယ်လီယော့ကတော့ သူ့ဘော်ဒါကြီး

ကင်မ်ဖေလ်ဘီကို ယုံကြည်နေဆဲပါပဲ

၂၃ နှစ်ဆိုတာ နည်းတဲ့ သံယောဇဉ်မလို့လားကွယ် ကင်မ်ဘက်ကရော

တကယ်လုပ်ရက်နိုင်မှာမလို့လား ဒါပေမယ့် တကယ်ကြီး နိုင်ငံကို

သစ္စာဖောက်ပြီး ဆိုဗီယက်ဘက်ပြေးသွားတဲ့သူတွေလည်းရှိနေ..

နောက်အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဘာသာရေးသမားဂျိမ်းစ်ကလည်း

ကင်မ်ကို ခါးခါးသီးသီးမုန်းသွားတော့ အယ်လီယော့တစ်ယောက်

ယုံကြည်နေဖို့ ဖြစ်နိုင်ပါဦးမလား..

ကင်မ်ဖေလ်ဘီကရော တကယ်ပဲရုရှားတွေဘက်ပါသွားတာလား

ဗြိတိသျှဘက်မှာရှိနေတုန်းလား ခေါင်းစားရင်း တဝဲလည်လည်ဖြစ်ကျန်ရစ်စေမှာပါ

ခြောက်ပိုင်းပဲပါပေမယ့် စစ်အေးခေတ်ရဲ့ လှည့်ကွက်တွေ သစ္စာဖောက်မှုတွေကို

ရှယ်မြင်ရမှာမလို့ ကြည့်ရတာ တန်ရပါစေမယ်ဗျာ..
မလေးရှား အမျိုးသမီး ဘတ်စကတ်ဘောအသင်းအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ခွန်အားရစရာ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

၁၉၉၇ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၁ ခု ယူနိုင်ထားတဲ့ မလေးရှား အမျိုးသမီးဘတ်စကတ်ဘောအသင်းဟာ ရွှေတံဆိပ်နဲ့ ဝေးကွာခဲ့တာ ဆီးဂိမ်းနှစ်ခုရှိသွားခဲ့ပါပြီ။သူတို့တွေဟာ ၂၀၁၃ မြန်မာဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ပြန်ရဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမဲ့ ရွှေတံဆိပ်နဲ့ ဆက်လက်ဝေးကွာနေဆဲပါပဲ
REC (2007)

အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတိုဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတိုဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတိုနဲ့အတူ အန်ဂျလာတိုဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖိုဖြစ်လာခဲ့ပါတယ်။

ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
1
1988 မှာထွက်ရှိထားပြီး best makeup oscar ဆုနဲ့ best horror film ဆုကိုရရှိခဲ့တဲ့ Beetlejuice ဇာတ်ကားဟာ အခု 2024 မှာလည်း မတူညီတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ။ဇာတ်လမ်းအစကိုတော့ အက်စ်ထရစ် ရဲ့မိသားစုဝင်အဘိုးဖြစ်သူ သေဆုံးပြီး ဈာပနပွဲကို သူတို့ရဲ့မွေးရပ်မြို့လေးဖြစ်တဲ့ Winter River မြို့လေးမှာ သွားလုပ်တာကနေ အစချီပေးထားပါတယ်။အဘိုးဖြစ်သူ ဝယ်ခဲ့တဲ့အိမ်က သာမန်အိမ်တလုံးမဟုတ်ပဲ beetlejuice ဆိုတဲ့ တစ္ဆေခြောက်လှန့်တဲ့အိမ်ကြီးဖြစ်ပြီး အဲ့ဒီတစ္ဆေက‌လည်း အက်စ်ထရစ်ရဲ့ အမေဖြစ်သူ လေဒီယာကို စွဲလမ်းနေတာလည်းဖြစ်ပါတယ်။ဈာပနပွဲကြောင့် လေဒီယာ မွေးရပ်မြေကအိမ်ကိုပြန်ရောက်လာတဲ့အခါ အက်စ်ထရစ်တို့ မိသားစုနဲ့ beetlejuice တစ္ဆေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။Wednesday မင်းသမီး Jenna Ortega ပါဝင်သရုပ်ဆောင်ထားပြီး ပေါ့ပေါ့ပါးပါး comedy, horror ကားလေးနဲ့ အားလပ်ချိန်လေးကိုကုန်ဆုံးချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
Sleepy Hollow (1999)

ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။
ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။
ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကားမှာဆက်ပြီး ကြည့်လိုက်ကြပါ။
1👍1
Harom Hara (2024)

ရက်ဒီညီအစ်ကိုများနဲ့ သူ့ဂိုဏ်းအဖွဲ့ဝင်များဟာ ကျေးရွာသူရွာသားတွေအပေါ် အနိုင်ကျင့်ရက်စက်စွာပြုမူပြီး ရွာထဲမှာ သူတို့အဖွဲ့ကို လွန်ဆန်နိုင်သူလည်း တစ်ယောက်မှ ရှိမနေပါဘူး

တစ်နေ့မှာ ကောလိပ်ကျောင်းတစ်ခုက ဓာတ်ခွဲခန်းလက်ထောက် တစ်ယောက်ဖြစ်တဲ့ စူပရာမန်နီယမ် ဟာ ရက်ဒီအဖွဲ့နဲ့ ပြသနာတစ်ခုဖြစ်ပွားမိရာမှ အလုပ်ထုတ်ခံခဲ့ရပါတယ်
အလုပ်လက်မဲ့အဖြစ်နဲ့ ဖခင်ဖြစ်သူဆီပြန်တဲ့ အခါမှာလည်း ဖခင်ဖြစ်သူမှာ အကြွေးပေါင်းများစွာ ယူထားကြောင်းသိလိုက်ရတယ် အလုပ်လက်မဲ့ စူပရာမန်နီယမ် တစ်ယောက် ဖခင်ဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးနိုင်ဖို့အတွက် တရားမဝင်လက်နက်ရောင်းဝယ်ရေးလောကကို ဝင်လာခဲ့ပါတယ်
တရားမဝင်လောကထဲကို ဝင်ရောက်လာပြီး နောက်ပိုင်းမှာ စူပရာမန်နီယမ် တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲ ရက်ဒီအဖွဲ့နဲ့ရန်ပွဲကရော ဒီအတိုင်းအဆုံးသတ်သွားမှာလား ရွာသူရွာသားတွေကိုရော ဘယ်လို အကူအညီတွေပေးမှာလဲ နောက်ဆုံးမှာရော သူ့ဖခင်ရဲ့အကြွေးတွေကိုကျေအောင် ဆပ်ပေးနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်

အိန္ဒိယအက်ရှင် ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိတ်သက်တွေအတွက်ကတော့ လုံးဝကိုမှ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်
Review and Translated By Aye Myat Myat Thu
Encoded By N.A.S
👍2
Deadloch (2023)
=========
Comedy, Crime
IMDB 6.6/10
ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်
Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ်
တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်….
နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ်
ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ်
ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ
ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်…
ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်…
နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့်
ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်
A Little Chaos (2014)

IMDb - 6.5/10
Genre - Romance, Drama

ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေအထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်
Top Gun (1986)

ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။

Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။

ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။

တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ၁၉၈၄ ခုနှစ်မှာ သူ့အိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရတာကြောင့် စိတ်ဝေဒနာခံစားခဲ့ရသလို တခြားရောဂါတွေကိုလဲ ကုသခဲ့ရတာကြောင့် ပုံတချို့မှာ အိုစာတဲ့ပုံတွေ ပေါက်နေတာပါ။အခုတော့ သူမဟာ ဒီဝေဒနာဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီး သာမန်မိန်းခလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်တဲ့ပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။
👍2
Lorelei: The Witch of the Pacific Ocean (2005)

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်

ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ

ဘယ်သူက စဉ်းစားမိမှာလဲ..ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့

ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်

ဒါပေမယ့် အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး..ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ

ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်..ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ

I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး I-500 တွေကတော့ စာရွက်ပေါ်မှာပဲ ရှိခဲ့ပါတယ်
Hard Hit (2021)


အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက်
ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီး
Cast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့
Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတိုက ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ
တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပိုဖိုလုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်
အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ
အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး
အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ်
ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတိုလည်း အတူရှိနေခဲ့ပါတယ်
ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ