Blood Vessel (2023)
Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။
ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ....
Crd

❤1
ညီမဖြစ်သူအတွက် ပြန်လက်စားချေမယ့်အစ်မ
No Mercy [2019]
ခုတစ်လော Sweet Home နဲ့တအားဟော့နေတဲ့ မီးသတ်သမလေးရဲ့၂၀၁၉တုန်းကကားလေးကိုပြန်တင်ပေးလိုက်ပါတယ်မင်းသမီးရဲ့ဖိုက်တင်ခန်းတွေကို ရင်တစ်လှပ်လှပ်နဲ့ကြည့်ရမှာပါ။
ရုပ်လေးနဲ့ အက်ရှင်တွေနဲ့တင်ပြည့်စုံရုံမကပဲ
ဇာတ်လမ်းကလည်း မျက်ရည်တစ်စမ်းစမ်းနဲ့ကြည့်ရမှာပါ။
ဘယ်ကျောင်းသူမှ ဒီဇာတ်ကားထဲက ကောင်မလေးလောက်ဇာတ်မနာနိုင်ပါဘူးသရုပ်ဆောင်ကောင်းချက်က တစ်ကယ်ဖြစ်နေသလိုပါပဲ...
အစ်မလုပ်သူက ညီမပျောက်လို့ရှာရင်းနဲ့မှ အနိုင် ကျင့်ခံရတာတွေ မုဒိန်းကျင့်ခံရတာတွေ တစ်ယောက် တည်းမဟုတ် တစ်ရပ်ကွက်လုံးကပတ်ကျင့်ကြတာအဲ့လိုမျိုးရင်နာစရာတွေကို တစ်ခုချင်းစီသိလာရတဲ့အစ်မတစ်ယောက်ရဲ့ ကလဲ့စားချေချက်တွေကတော့...
အားရစရာဖြစ်မှာပါအများကြီးမပြောတော့ပါဘူးကြည့်လိုက်ရလို့ နောင်တမရစေမယ့်ကားမို့ အချိန်လေးနည်းနည်းပေးပြီးကြည့်လိုက်ကြပါဦးနော်...
ညီမရှာပုံတော် ဖွင့်ရင်းအယောက် ၁၀၀ နဲ့ ၁ ယောက်ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အင်ဟေးရဲ့ဂျွန်ဝစ်ရဲ့ညီမလားလို့ ထင်မှတ်မှားရလောက်တဲ့လျင်မြန်ဖြတ်လတ်လွန်းတဲ့ တိုက်ကွက်တွေကိုလည်းအားရပါးရ ကြည့်ရှုရမှာပါ။

Yuva (2024)
အက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်
အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့
ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက်
အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့
အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲ
ဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေက
တခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ...
တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကို
သူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီး
ယူဗာနဲ့ နယ်ခံကျောင်းသားတွေ...ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီး
နယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်...
ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာ
ဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်...

Shinjuku incident (2009)
ဂျက်ကီချမ်းရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်းကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်

Collision (2017)
====================
ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် Collision ဆိုတဲ့ဇာတ်ကားလေးထဲမှာ ..သရုပ်ဆောင်တွေအနေနဲ့ ထယ်ဟွာအဖြစ် အီဆွန်းဂျွန်း၊ ဂျောင်ဆူအဖြစ် အီအိဂျွန်တိုက ပါဝင်ထားတဲ့ Crime, Thriller ဇာတ်လမ်းအမျိုးစားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ငွေမည်းရနိုင်မယ့်အချက်လက်ကို ရလာတဲ့ထယ်ဟွာကညီဖြစ်သူတွေနဲ့အတူ အစီစဉ်ကို စတင်အကောင်ထည်ဖော်ပါတော့တယ် ..
အဲဒီအချိန်မှာပဲ သူတို့ရှိရာအိမ်ကိုရောက်လာတဲ့ သူငယ်ချင်းအုပ်စုနဲ့ဆုံပြီးကိစ္စတွေက ထင်သလိုဖြစ်မလာဘဲလူသေဆုံးမှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ..ထယ်ဟွာတို့ငွေမည်းတွေကို ဘယ်လိုနည်းနဲ့ရအောင်ယူသွားမလဲ၊ဒီကိစ္စတွေရဲ့နောက်ကွယ်ကလူက ဘယ်သူဖြစ်နေမလဲ၊ဘယ်သူကလူဆိုး ဘယ်သူကလူကောင်းဖြစ်နေမလဲဆိုတာကိုတော့ Collision ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ရင်း အတူတူအဖြေရှာလိုက်ကြပါစို့နော် ..

When I Turned Nine (2004)
====================
ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးက (၂၀၀၄) ခုနှစ်၊ (၁၂) ကြိမ်မြောက် Chunsa Film Art Awards မှာBest Film, Best Director, Best Screenplay နဲ့ Best Child Actor/Actress ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တဲ့ When I turned nine ဆိုတဲ့ movie လေးပဲ ဖြစ်ပါတယ် ..သရုပ်ဆောင်တွေအနေနဲ့ ဘဲ့ယောမင်းအဖြစ် ဂင်ဆော့၊ဂျန်ဝူရင်း အဖြစ် The Red Sleeve, The Law Cafe တိုမှ ပရိသတ်တို အချစ်တော် မင်းသမီးလေး အီဆယ်ယောင်းတို ပါဝင်ထားပြီးဒီကားလေးမှာတော့ အီဆယ်ယောင်းကို ချစ်စရာ(၉)နှစ်သမီးလေးအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်

Pushpa : The Rise (2021)
ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။
အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။
နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။
သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို
ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်
ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။
အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို
မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက
CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး
အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ
သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။

Ted (2012) 👈
ဒီကားကိုမသိတဲ့လူမရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာတော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက် Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။Seth MacFarlane ဆိုတာFamily Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာက Family Guy မှာပါတဲ့ Peter Griffin Stewie Brian Quagmire တို့နေရာမှာ သူတစ်ယောက်တည်းအသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အားလုံးစောင့်နေတဲ့ စီးရီးအသစ်တစ်ခုလာပါပြီ။ မာဗယ်အဗန်ဂျာ ဟော့ခ်အိုင်းပါပဲ။
စုစုပေါင်း ၆ ပိုင်း ရှိပြီး အခုအပတ် ၂ ပိုင်း နောက်အပတ်စဉ် တစ်ပိုင်းဆီ တင်ဆက်သွားမှာပါ။
720p ရော 1080p ရော ရပါမယ်။ လူဝင်အရမ်းများပြီး ဝဘ်ဆိုက်လေးနေလို့
error ပြရင် ခဏခဏ refresh လုပ်ပေးရင်ရပါတယ်။
ဒီဇာတ်လမ်းကတော့ Endgame အပြီးကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။
ဟော့ခ်အိုင်းတစ်ယောက် မိသားစုနဲ့ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်အနားယူနေချိန်၊
နယူးယောက်မြို့ရဲ့ လေလံပွဲကြီးတစ်ခုမှာ နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေတဲ့၊
ဒုစရိုက်ဂိုဏ်းတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ရိုနင်ရဲ့ ဝတ်စုံနဲ့ ဓားကိုလေလံဆွဲနေချိန်မှ
ာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပြီး လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်အထွေးတွေ ဖြစ်လာတဲ့အခါ
ဟော့ခ်အိုင်းတစ်ယောက် မျိုးဆက်သစ် လေးသည်တော်လေးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။

Shehar Lakhot (2023)
ဘောလီးဝုဒ်တို့ထုံးစံအတိုင်း ဇာတ်အိမ်မခိုင်မာမှာ
သရုပ်ဆောင်မကောင်းမှာတော့ ပူစရာမလိုပါဘူး
အပိုင်းတစ်ကစ ဇာတ်သိမ်းထိလျှိုကွက် မြှပ်ကွက်ပေါင်းများစွာ
သပွတ်အူကြီးကို ပြေသွားအောင် ကိုယ်တိုင်ကြည့်ရှုခံစားကြရမှာပါပဲ
ဒေ့ဗ်က လာခိုးသ်မြို့ဇာတိပါ အမှုတစ်ခုနဲ့ထောင်ကျပြီးတော့ ခုတော့ဇာတိမြို့ရဲ့အဝေးမှာ
လူမိုက်လိုလိုဘာလိုလို အလုပ်လုပ်နေတာပါ သူ့ဆရာက အလုပ်ကိစ္စတစ်ခုနဲ့ လာခိုးသ်မြို့ကို
ပြန်လွှတ်လိုက်တဲ့အခါမှာတော့ ဒေ့ဗ်ရဲ့ မိသားစုဟောင်းတွေ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်ဆံရဖို့ဖြစ်လာပြီး
သူ့အတိတ်ကကိစ္စတွေက ဘာတွေဖြစ်ခဲ့တာလဲ အခုရောဘာတွေဆက်ဖြစ်မှာလဲဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုခံစားရမှာပါပဲ…..
အရှုပ်တွေများပြီး ရှင်းအောင် ဇာတ်အိမ်ဇာတ်ကွက်ကောင်းကောင်းနဲ့ ဖြေပြထားတာမို့ ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ပါပီ

👍1
ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။
သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး Ye Soo-jung, လီချန်းဒုံလက်စွဲဖြစ်ခဲ့တဲ့ မင်းသမီး Moon So-ri, Bloodhounds တို့၊ Love Is for Suckers တို့ထဲ မင်းသား Choi Si-won, လက်ရှိနာမည်ကြီးနေတဲ့ Destined With You ထဲက Ha Jun, Sweet Home တို့၊ The Divine Move တို့ထဲ သိပ်လှတဲ့မမ Lee Si-young, Ghost Doctor ထဲက မင်းသမီး Uee, Reply 1988 ထဲက Lee Dong-hwi တို့အပြင် Kim Bo-ra, Shin Eun-soo, Lee David တို့ပါ ပါပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ မစိမ်းတဲ့လူတွေတော့ ဒီလူတော်တော်များများကို သိကြမှာပါ။ မျက်နှာမစိမ်းတဲ့သရုပ်ဆောင်တွေနဲ့ Concept ကောင်းကောင်း ဇာတ်လမ်းတွေပေါင်းစပ်ထားတဲ့ ရှားပါးတဲ့ သိပ္ပံစိတ်ကူးယဉ်ကေဒရာမာစီးရီးကောင်းမို့ လက်လွတ်ခံရင်လည်း သင့်ထိုက်နဲ့ သင့်ကံပါပဲ။

Ted 2 (2015) 👈
Ted 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။ Seth MacFarlane ရဲ့ထုံးစံအတိုင်း “Random” ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

BattleBox (2023)
၁၉၄၁ ခုနှစ်မှာ ဟောင်ကောင်က ဗြိတိသျှအင်ပါယာရဲ့အရှေ့ဘက်ခံတပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ရုတ်တရက် ဂျပန်တပ်တွေရဲ့ တိုက်ခိုက်မှုနဲ့အတူ လဲပြိုကျနေတဲ့ မြို့ကြီးနောက်ခံကနေ ဇာတ်လမ်း သုံးခု ထွက်ပေါ်လာပါတော့တယ်။ ပထမဆုံးတစ်ခုက တစ်ယောက်ကနန်းတွင်းသူ*(courtesan) အဖြစ် အလုပ်လုပ်ပြီး နောက်တစ်ယောက်မှာတော့ Battlebox လို့သိကြတဲ့ ဗြိတိသျှစစ်ဌာနချုပ်ထဲရောက်ရှိသွားပြီး သူလျှိုစစ်ဆင်ရေးမှာပါသွားပါတဲ့ တရုတ်ညီအစ်မနှစ်ယောက်ပဲဖြစ်ပါတယ်။ ဒုတိယဇာတ်ကြောင်းတစ်ခုကတော့ Rajput စစ်သားတစ်စု၊ ဂျပန်တို့ရဲ့ခြုံခိုတိုက်ခိုက်ရာမှာ ပိတ်မိပြီး ဘယ်လိုမျိုး သတ္တိရှိစွာနဲ့ တခြားသူတွေကိုကယ်တင်သွားမလဲဆိုတာပါပဲ။
နောက်ဆုံးဇာတ်ကြောင်းကတော့ အသေခံတိုက်ပွဲဝင်မလား ဒါမှမဟုတ် လက်နက်ချပြီး ဗြိတိသျှကိုလိုနီကို အရှက်စေမလား၊ ဝေခွဲရခက်စေတဲ့ ဆုံးဖြတ်ချက်တို့နဲ့ ရုန်းကန်နေရတဲ့ ဗိုလ်ချုပ် Maltby နဲ့အရာရှိတွေရဲ့ တိုက်ပွဲစိန်ခေါ်သံတွေကိုဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

Over the Top [1987]
အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။
Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။
~ ဇာတ်လမ်းအကျဥ်း ~လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။
နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။
မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။
ကုန်ကားပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။
ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ…
မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ…
#Credit

👍2🤔1
Night Fishing (2024)
***
မင်းသားကြီး Son Suk-Ku ရဲ့ short film လေးတစ်ကားကို
CM ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားရဲ့ ထူးခြားချက်ကတော့ ကားတစ်စီးထဲကနေ ကြည့်နေရသလို
ခံစားရစေမဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါပဲ။
- ဇာတ်လမ်းအကျဉ်း -
ဘယ်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြစ်ကမ်းစပ်မှ
ာအမျိုးသားတစ်ယောက်က ညလုံးပေါက် တဲထိုးစောင့်နေပြီး
သူ့ရဲ့ကားထဲမှာလည်း ထူးဆန်းတဲ့ ရေဒီယိုအချက်ပေးသံတွေ
ဆက်တိုက်ထွက်ပေါ်နေပါတယ်။
အဲဒီနောက်မှာ သူဟာ လျှပ်စစ်ကားအားသွင်းရုံတစ်ရုံဆီ ဦးတည်သွားပြီး
ငါးမျှားမစ်ရှင်ကို စတင်ပါတော့တယ်။
အဲဒီမှာ သူဖမ်းဆီးရမဲ့အရာက ဘာများဖြစ်မလဲ။
ဘယ်လိုဖမ်းဆီးသွားမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။
သရေစာမုန့်စားသလို အချိန်တိုအတွင်း နှစ်ခြိုက်စွာနဲ့ ခံစားကြည့်ရှုလို့ရမဲ့
snack movie လေးမို့ ကြည့်ရှုပေးကြပါဦး။

Decoded ( 2024 )
ကုဒ်ဖျက်သူ
===============
ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်…
အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို ရုံကျင်းကျန်းက အထူးတပ်ဖွဲ အမှတ်၇၀၁ မှာ လျိုဝှက် မစ်ရှင်ဆောင်ရွက်ဖို ကြောင်းဖန်လာပါတယ်….လျိုဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က
ကြိုးစားအားထုတ်သူကိုတော့ မသိခဲ့ကြတာ ယနေ့တိုင်ပါပဲ…
ရုံကျန်းကျင်းက ငါဘယ်သူဆိုတာထက် ငါ့လုပ်ရပ်က ဘာဆိုတာ အရေးကြီးကြောင်း ပြသခဲ့တဲ့ ယုံကြည်ချက်နဲ့ အသက်ရှင်ခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ဦးပါ…

Respati (2024)
သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။
Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကို
သရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့
ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။
သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူ
အိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန်
သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။
အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက်
သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာ
သူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်း
ထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။
Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။

Papillon 2017
ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်ကPapillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Papillon and Bancoကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။
အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်

Barons (2022) Complete Limited Series
ဒီတစ်ခါ မိတ်ဆက်ပေးမယ့် စီးရီးလေးကတော့ ၁၉၇၀ နှစ်ပိုင်း သြစတြေးလျနိုင်ငံ လှိုင်းစီးဝတ်စုံလောကမှာ ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ဘေလာဘွန်းနဲ့ ကွစ်ဆေးဗားကို ကျောရိုးယူရိုက်ထားတဲ့ သြစတြေးလျ ဒရာမာစီးရီးကောင်းလေး Barons ပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
တရော့နဲ့ စနတ်ပါဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လှိုင်းစီးဝတ်စုံကုမ္ပဏီတစ်ခုကို အတူတူလုပ်ကိုင်နေရင်း တွေးခေါ်ပုံ ရှေ့ဆက်လျောက်မယ့်အစီအစဥ်တွေမတူတော့တဲ့အတွက် လမ်းခွဲလိုက်ကြတဲ့အခါ အချစ်ဆုံးသူငယ်ချင်းတွေကြား ဖြစ်လာမယ့် ကတောက်ကဆတွေ လူငယ်ကားပီပီ အချစ်ရေးဇာတ်ရှုပ်တွေ ကျရှုံးမှုတွေ အောင်မြင်မှုတွေကို ရသပေါင်းများစွာနဲ့ ကြည့်ရှုရပါလိမ့်မယ်။

Home For Rent (2023)
----------------------------
(ဇတ်ကားသစ်ကြီး)
ဒီတစ်ခါမိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ ကျွန်တော်တိုရဲ့အိမ်နီးချင်းထိုင်းနိုင်ငံထွက်ရှိလာတဲ့ Horrorအမျိုးအစား ဇာတ်ကားလေးပါ ဇာတ်လမ်းကတော့ နင်၊ အင်နဲ့ကေဝင်ဆိုတဲ့ သာယာပျော်ရွှင်ဖွယ်မိသားစုလေးက ငွေရေးကြေးရေးကြပ်တည်းလာမှုကြောင့် သူတိုပိုင်ဆိုင်ရာ အိမ်လေးကိုအိမ်ငှားတင်ဖိုလုပ်ပါ တော့တယ် အဲ့လိုနဲ့သူတိုဆီကို ရာထရီဆိုတဲ့အဘွားအိုကြီးတစ်ယောက်က အိမ်ငှားဖိုရောက်ရှိလာပါတယ်
နင် တိုလည်းရာထရီကိုအိမ်ငှားတင်လိုက်တာပေါ့ ဒိလိုနဲမကြာခင်မှာ နင်တိုဆီမှာထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုကြုံတွေ့လာရပါတယ် ဒိလိုတွေဖြစ်လာတာဘာကြောင့်လဲ သူတိုဆီအိမ်လာငှားနေတဲ့ရာထရီကကော အဲ့ဒါတွေနဲ့ဘာတွေပတ်သတ်နေလဲ အဲ့ဒါသူ့လက်ချက်လား အဲ့ဒါအပြင်ကိုမှ ရာထရီတိုအိမ်ပြောင်းလာမှ နင်ရဲ့ခင်ပွန်းဖြစ်သူ ကေဝင်ကလည်းအမူအရာထူးဆန်းလာပါတော့တယ် အဲ့ဒါတွေကကော ဘာကြောင့်များလဲဆိုတာကို စိတ်ဝင်စားဖွယ်လှည့်ကွက်တွေနဲ့ကြည့်ရှုရမှာပါ

Night Swim 2024
ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။
သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။
ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။
ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆိုတော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး မမြင်သင့် မမြင်အပ်တဲ့ အရာတွေမြင် မမြင်သင့် မမြင်အပ်တဲ့အသံတွေကို ကြားလာရတယ်။
ဒီလိုကနေမှ ရေးဝေါ်လာဟာ သူ့ပုံစံအတိုင်း သူ ဟုတ်မနေတော့တဲ့နောက် အိဗ်ဟာ ဒီကိစ္စကို အဖြေရှာဖို့ကြိုးစားခဲ့တယ်။သူဘာတွေသိလိုက်ရလဲတော့
ဒီရုပ်ရှင်မှာကျွန်တော်တို့မြင်ရလိမ့်မယ်။