Dauren's Wedding (၂၀၂၄)
ဇာတ်လမ်းအညွှန်းအနေနဲ့
မှတ်တမ်းရုပ်ရှင် လက်ထောက်ဒါရိုက်တာဖြစ်တဲ့ ဆွန်းဂျူဟာ
ကိုယ်ပိုင်အနုပညာလက်ရာကို အမြဲဖန်တီးချင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး
တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးနဲ့ ကာဇက်လူမျိုးတို့ရဲ့ မင်္ဂလာပွဲကို
လက်ထောက်အဖြစ် ရိုက်ကူးပေးဖို့အတွက် ကာဇက်စတန်နိုင်ငံကို သွားဖို့ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒေသခံဒါရိုက်တာဖြစ်တဲ့ ယူရာတစ်ယောက် ကားအက်စီးဒန့်ဖြစ်သွားတဲ့အတွက်
ဆွန်းဂျူနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမား ယောင်းထယ်တို့ဟာ မင်္ဂလာပွဲကို
မှတ်တမ်းတင်ဖို့ လွတ်သွားကြပါတော့တယ်။
ဒီလိုနဲ့ ဆွန်းဂျူဟာ မှတ်တမ်းရုပ်ရှင်ကို အပြီးသတ်အောင်လုပ်ဖို့အတွက်
ယူရာ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆာထီရွာလေးမှာ ကာဇက်လူမျိုးမိန်းကလေးတစ်ယောက်နဲ့
ဟန်ဆောင်လက်ထပ်ပြီး မင်္ဂလာပွဲမှတ်တမ်းရိုက်ကူးဖို့ ကြံစည်လိုက်တဲ့အခါမှာတော့.....
တကယ်ပဲ သူတို့လိုချင်တဲ့ မှတ်တမ်းရုပ်ရှင်ကို အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားပါ့မလား
ဆွန်းဂျူနဲ့ ကာဇက်မိန်းကလေးကရော ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို
အေးအေးငြိမ့်ငြိမ့်လေးနဲ့ လှပစိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးထဲမှာတော့ အရန်သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ
ပါဝင်ဖူးတဲ့ မင်းသား Lee Ju-seung နဲ့အတူ ကာဇက်စတန်မင်းသမီးချောချောလေး
Adina Bazhan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

lets go karaoke (2024)
ဒီဇာတ်ကားလေးကတော့ Kyoji Narita က ထိပ်တန်း yakuza အဖွဲဝင်တစ်ဦးဖြစ်ပါတယ်။သူက နှစ်တိုင်း ကာရာအိုကေ ပြိုင်ပွဲတွေကို ဦးစီးလုပ်ကိုင်နေတဲ့သူပါ။ မိုးရွာတဲ့တစ်နေ့ လမ်းပေါ်မှာ လမ်းလျှောက်ထွက်ရင်း သီချင်းဆိုသံကိုကြားရပြီး အသံကြားရာဆီသို လျှောက်သွားလိုက်ရာကနေ အငယ်တန်း အထက်တန်းကျောင်းသူ Satomi Oka နဲ့ တွေ့ဆုံပြီး ကာရာအိုကေပြိုင်ပွဲဝင်ဖိုဖိတ်ခေါ်လိုက်ပြီး အသံစမ်းဖို ကာရာအိုကေ ဆိုင်ကိုသွားကြတယ်။ Kyoji Narita က သူရဲ့သီချင်းဆိုသံကိုကြည့်ပြီး စိတ်ပျက်သွားတာကြောင့် ဒီနှစ်အတွင်းလုပ်မဲ့ ကာရာအိုကေ ပြိုင်ပွဲမှာထည့်ပေးမဲ့အစီအစဥ်ကို ဖျက်လိုက်ဖိုစဥ်းစားတယ်။ ဒါပေမဲ့စကားကျွံထားမိတာက တစ်ကြောင်း ငယ်သူငယ်ချင်းဖြစ်နေတာက တစ်ကြောင်းဆိုတော့ သီချင်းဆိုမတတ်တဲ့သူငယ်ချင်းကို ဘယ်လိုတွေပြုပြင်ပေးပြီး ကာရာအိုကေပြိုင်ပွဲကို ဝင်ပြီး ပြိုင်ခိုင်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုလိုက်ကြရအောင

Toofan (2024)
အသစ်ထွက်ရှိလာတဲ့ Rating 8/10 Action, Thriller ဘင်္ဂလားဒေ့ရှ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ရှန်တိုက သရုပ်ဆောင်အရမ်းဖြစ်ချင်တဲ့ မင်းသားရူးတစ်ယောက်ပါ။ ကျရာ ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ပေမယ့်လည်း မအောင်မြင်ခဲ့တဲ့အခါ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာ နိုင်ငံကို လက်ဝါးကြီးအုပ်စိုးပြီးမကောင်းမှုအကုန်လုပ်တဲ့ တူဖန်နဲ့ ရှန်တိုဟာ ရုပ်ချင်းဆင်တဲ့အတွက် တူဖန်ဟာ သူ့ဘဝဇာတ်ကြောင်းရိုက်ဖို့အတွက် ရှန်တိုကို ကမ်းလှမ်းလာပါတော့တယ်။ဘယ်လိုပဲ သရုပ်ဆောင်ရပါစေ မင်းသားဖြစ်ရင်ပြီးရော ဆိုတဲ့ ရှန်တိုဟာ ကမ်းလှမ်းချက်ကို လက်ခံပြီးတဲ့အချိန်မှာတော့ သူ့ဘဝဟာ အရှုပ်အထွေးပေါင်းစုံနဲ့ ရင်ဆိုင်လာရပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း အလှည့်အပြောင်းမျိုးစုံနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ဒီ action ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။
Review By Eugene
Translated By Eugene & U
Encoded By N.A.S

The Killer's Game (2024)
ထိပ်တန်းလုပ်ကြံရေးသမား ဂျိုးဟာ မကြာခဏခေါင်းကိုက်ဝေဒနာခံစားနေရလို့ ဆေးရုံစစ်ဆေးမှုခံယူလိုက်တဲ့အခါ ကုသနည်းမရှိတဲ့ဦးနှောက်ရောဂါတစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ်။ သက်တမ်းကလည်း ၃ လပဲကျန်တော့မယ်ဆိုတော့ လူကြမ်းကြီးရဲ့ဆုံးဖြတ်ချက်က လူမမာလိုနေပြီး သေဖို့အချိန်မစောင့်တော့ဘဲ လုပ်ကြံရေးသမားငှါးပြီး သူ့ကိုသတ်ခိုင်းဖို့စာချုပ်ချုပ်လိုက်ပါတယ်။
ဒါပေမဲ့ ကံကြမ္မာက ၃၆၀ ဒီဂရီလည်ပြီးပြောင်းလဲသွားချိန် သူ့မှာ ဘာရောဂါမှမရှိမှန်း သိလိုက်ရတော့ စာချုပ်ကိုပြန်ဖျက်ဖို့ပြောပေမဲ့ အရမ်းနောက်ကျသွားပြီ။ လုပ်ကြံရေးသမားတွေ အဖွဲ့လိုက်သူ့နောက်လိုက်လာကြတော့ လူကြမ်းကြီး တစ်ကိုယ်တော်ပွဲကြမ်းတော့မယ့် KILLER’S GAME .#crd

The Instigators (2024)
ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသ အက်ရှင်ကား အသစ်စက်စက်ကြီးကို ကြည့်ချင်နေကြမယ် ထင်လို့တင်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်း
မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကို ရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်
အဲဒီနှစ်ယောက်မှာ တစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။
အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေ တန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ
ရဲတွေ တစ်အုပ်ကြီးနောက်က လိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင် တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီနေရမှာပါ 👍👍👍

Transformers One (2024)
Transformers Universe ထဲက OPTIMUS PRIME နဲ့ MEGATRON ဇာတ်ကောင် ၂ ဦးတို့ရဲ့ ဇာတ်လမ်းအစကို သိရမယ့် Transformers One
စွန့်စားလိုစိတ်အမြဲအပြည့်နဲ့ အော်ရိုင်ရွန်ပက်စ်ဟာ သူတို့ဂြိုလ်မှာ ဟိုးတုန်းတည်းကပျောက်ကွယ်သွားတဲ့ ပရိုင်းမ်တွေနဲ့ အင်နာဂျွန်တွေကို အမြဲရှာဖွေနေသူပါ၊ သူနဲ့ကောင်းတူဆိုးဖက် အတူတွဲနေရသူကတော့ D-16 ပါ ။ သူတို့နေတဲ့ ဆိုက်ဘာထရွန်ဂြိုလ်ကို နောက်ဆုံးလက်ကျန်ပရိုင်းမ်ဖြစ်တဲ့ ဆန်တီနယ်ပရိုင်းမ်က အုပ်ချုပ်ထားပြီး ဂြိုလ်သူဂြိုလ်သားတွေရဲ့ ကယ်တင်ရှင်လို့သတ်မှတ်ခံထားရသူပေါ့။ စူးစမ်းလေ့ရှိတဲ့ ပက်စ်တစ်ယောက် စည်းဘောင်တွေကျော်ပြီး မသိသင့်တဲ့လျှို့ဝှက်ချက်တွေသိသွားတဲ့အခါ…. သူတို့သိထားတဲ့သမိုင်းက အမှားတွေဖြစ်နေတော့ နောက်ကွယ်ကကြိုးကိုင်သူကဘယ်သူလဲ၊ မှားနေတဲ့သမိုင်းကိုအမှန်ပြင်ပြီး လွတ်လပ်မှုကိုဘယ်လိုရယူမလဲဆိုတာ…. စလယ်ဆုံးဟာကွက်မရှိ ပြီးလို့ပြီးမှန်းတောင်မသိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမို့ ကြည့်ရတန်ပါလိမ့်မယ်။#crd

Shark Night (2011)
Genre-Thriller, Horror
Shark Night 2011 ဇာတ်ကားကတော့ imdb rating 4.0 ကို ရရှိထားတဲ့ thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၂ Chainsaw Award အတွက် တင်သွင်းခံရတဲ့ movie ဖြစ်တာကြောင့် horror movie စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ David R. Ellis က ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်က အနုပညာသရုပ်ဆောင်ပေါင်း ၂၀ ခန့်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်း သားတစ်စုက ပိတ်ရက်ကို အေးအေးဆေးဆေးဖြတ်သန်းဖို့ဆိုပြီး ရေကန်တွေရှိတဲ့ ကျောင်းရဲ့ အဝေးနေရာကို အပျော်ထွက်လာကြရင်း ငါးမန်း ၊ မိကျောင်း စီးရီးတွေရဲ့ ပုံစံအတိုင်း ငါးမန်းတွေရဲ့ ဒုက္ခပေးမှုကို ဘယ်လို ရင်ဆိုင်ကြရတာပါ။ ဇာတ်လမ်းကို တင်ဆက်ပုံမှာ သရုပ်ဆောင်အများအပြားဟာ တစ်ယောက်ချင်းစီက အံ့သြမင်သက်ရမှုတစ်ခုချင်းစီကို ဖန်တီးတဲ့ပုံစံဖြစ်လို့ တစ်ထေရာကြီးပဲ..ဆိုတာမျိုးတော့ မဖြစ်ပါဘူး။ ဒီလို စိတ်လှုပ်ရှားစရာ တွေမှ အကြိုက်တွေ့ကြသူတွေအတွက်တော့ အေးအေးဆေးဆေးနဲ့ ကြည့်ရှုရဖို့ သင့်လျော်ပါတယ်။ Horror ပရိတ်သတ်တွေကြည့်ရှုဖို့အတွက်ပါပဲ လို့ ညွှန်းဆိုလိုက်ပါတယ်ဗျာ

American Nightmare (2024)
ဒီတစ်ခါတော့ IMDB 7.6/10 နဲ့ RT 95% ရရှိထားတဲ့
မှုခင်း Documentary ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးက ဖြစ်ရပ်မှန်တွေကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး
တကယ့်အပြင်မှာ ဖြစ်ခဲ့ကြတဲ့ သူတွေကပဲ ပြန်လည် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အာရွန်ကွင်းနဲ့ ဒနီးစ်ဟက်စ်ကင်စ်တို့
ရည်းစား နှစ် နေအိမ်မှာ အိပ်နေတဲ့ ညအချိန်မှာ အိမ်တွင်းကို
လူတွေ ဖောက်ထွင်း ဝင်ရောက်လာပါတယ်။
ဖောက်ထွင်းဝင်ရောက်လာပြီး အာရွန်ရဲ့ ရည်းစား ဒနီးစ်ကို
ပြန်ပေးဆွဲ ဖမ်းခေါ်သွားပြီး အာရွန်ကို အိမ်မှာပဲ ကြိုးတုပ်ထားခဲ့ပါတယ်။
ဒီအခြေအနေကနေ လွတ်လာပြီး အားကိုးတကြီးနဲ့ ရဲတိုင်ခဲ့တဲ့
အာရွန်တစ်ယောက်ကို ရဲတွေက မယုံကြည်ဘဲ သူကိုယ်တိုင်က
ဒနီးစ်ကို သတ်လိုက်တယ်လို့ ထင်သွားကြတဲ့အခါမှာ
ဘယ်လိုရုန်းကန်ရမလဲ ဒနီးစ်ကရော ဘာတွေဖြစ်သွားမလဲ
ဘယ်လိုကယ်တင်သွားရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့
ကြည့်ရှုရမှာဖြစ်ပြီး တကယ်ဖြစ်ခဲ့သူတွေရဲ့ ပြန်လည် မျှဝေမှုတွေကို
သူတို့နဲ့ အတူတူ ခံစားမှု စုံလင်စွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

❤1
Mask Girl(2023)
Mask Girl(2023)
****
အပိုင်း(၁ မှ ၇) စ/ဆုံး
(18+ ဆန်ဆန်အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်မယ်ဆိုရင်
အနည်းငယ်သတိပြုစေလိုပါတယ်.._
Mask Girl (Streaming television series) ကို Mae Mi ဆိုတဲ့ Webtoon
ကို အခြေခံပြီးတော့ ဒါရိုက်တာ Kim Yong-hoon မှ ရိုက်ကူးထားတာ ဖြစ်တယ် Starring တွေအနေနဲ့
Go Hyun-jung, Aha Jae-hong, Yoon Hye-ran တို့ ပါဝင်ကြတယ်
Kim Mo-Mi က ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုမရှိတဲ့
သာမန် ရုံးဝန်ထမ်းလေးတစ်ယောက်ဖြစ်တယ် သူငယ်စဉ်ကတည်းက တောက်ပတဲ့
မီးရောင်အောက်က စတိတ်စင်ပေါ်မှာ ဖျော်ဖြေချင်တဲ့
စိတ်ကူးအိပ်မက်လေးတစ်ခု ရှိခဲ့တယ် အသက်ကြီးလာတဲ့အခါမှ ရုပ်ကတော့ တဖြည်းဖြည်း ဆိုးလာပေမဲ့
သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကိုတော့ ဂုဏ်ယူနေခဲ့တယ်
အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါမှာ မျက်နှာဖုံးကို တပ်ပြီး သူ့ကိုယ်သူ
Mask Girl အဖြစ် live တွေ လွှင့်ခဲ့တယ် ….ပရိတ်သတ်တွေအများကြီးရခဲ့သလို
သူမရဲ့ live လွှင့်ချက်တွေကလည်း လက်ရှိမှာ အတော်ရေပန်းစားတယ်…
ပြီးတော့ မျက်နှာဖုံးနောက်ကွယ်က သူ့ရဲ့မျက်နှာကိုမြင်ဖူးချင်တဲ့သူတွေ
စိတ်ဝင်စားတဲ့သူတွေကလည်းဒုနဲ့ဒေးပါပဲ..
အဲ့ဒီနောက်မှာတော့ သူ့ဘဝကို လွှမ်းခြုံသွားမယ့် ကံကြမ္မာဆိုးကြီးတစ်ခု ပေါ်လာခဲ့တယ်…
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..

Limitless with Chris Hemsworth (2022)
=============================
IMDb Rating – 8.1/10
ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့
MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့
ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထား
လောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့
အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင်
ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူး
ဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။
သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှု
ဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှု
ပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။
ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံ
တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစား
စိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။
စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့
အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရ
သူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှု
အကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေ
ပေးသွားမှာမျိုးပါ။
သူနဲ့အတူတူ သူ့ရဲ့ညီအစ်ကိုရင်းချာတွေဖြစ်တဲ့ မင်းသား Liam Hemsworth
နဲ့ Luke Hemsworth တို့အပြင် သူ့ရဲ့ စိတ်ရောဂါဝေဒနာကို ကုစားပေး
နေတဲ့ စိတ်ကျန်းမာရေးပညာရှင် Dr.Modupe နဲ့ Dr.Peter တို့ကပါ ပါဝင်
ရိုက်ကူးပေးထားပါတယ်။

Aakhri Sach (2023)
IMDb 7.9
ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး
ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်
ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့
“Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ
ဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး
ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်
မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က
ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်
ဇာတ်လမ်းအညွှန်း…
မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း
မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ
ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက
သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှ
မပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့
သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့
မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့
ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့
တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်

Hounds of War (2024)
အမေရိကန်နိုင်ငံရဲ့ စစ်ရေးပိုင်းလူကြီးတွေဟာ နိုင်ငံရေးလံကျုပ်မှုတွေကိုလုပ်ဖို့လိုအပ်လာတဲ့အခါ ကြေးစားအဖွဲ့တွေကို တရားမဝင်တာဝန်ပေးအပ်ပြီး လံကျုပ်ခိုင်းတတ်ကြပါတယ်
ရိုင်ဒါနဲ့ သူ့ရဲ့ကြေးစားအဖွဲ့ဟာ အငြိမ်းစားမယူခင် နောက်ဆုံးအကြိမ်အနေနဲ့ လစ်ဗျားခေါင်းဆောင် ကာလစ်ကို လံကျုပ်ဖို့ တာဝန်လက်ခံခဲ့ကြပါတယ် ဒါပေမဲ့ စစ်ဆင်ရေးဟာ သူတို့ထင်ထားသလိုဖြစ်မလာခဲ့ပဲ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးပရိယာယ်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့တဲ့အခါမှာ ရိုင်ဒါအနေနဲ့ သမ္မတနဲ့ အုပ်ချုပ်သူတွေကို ဘယ်လိုတွေ လက်စားချေသွားမလဲဆိုတာ ကြည့်ရှူသွားရမှာဖြစ်ပါတယ်
#crd_org_owner

Saaho (2019)
ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။အချင်းချင်းတွေ ကွဲနေကြတယ်။ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ…ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့…..မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး
ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်း နာမည်ကြီးမင်းသားဆိုတော့ သိပ်ပြီး ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။ဝင်ငွေအရ အောင်မြင်မှု အတိုင်းအတာ တစ်ခု ရရှိခဲ့ပါတယ်။မင်းသားကြီးရဲ့ ပရိသတ်တွေ၊ ဘာဟုဗာလီပြီးကတည်းက ပျောက်နေတာမို့တောင်းဆိုထားတဲ့ သူတွေ အတွက်ရော ကျွန်တော်တို့အနေနဲ့ တာဝန်ကျေအောင် အကောင်းဆုံး ကြိုးစားပေးလိုက်ပါပြီ...

AFRAID (2024)
===================
2022 က M3GAN ဆိုတဲ့ Horror ကားကြိုက်ရင် ဒီကားလေးလည်း စမ်းကြည့်သင့်ပါတယ်နော် ယနေ့ခေတ်မှာ AI နည်းပညာတွေက အံ့မခန်း တိုးတက်လာတာ လူတိုင်းအသိပါပဲ။ ဒီလိုနည်းပညာတွေကို လူသားတွေအကျိုးအတွက်အသုံးပြုရာမှာ တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ဒီနည်းပညာတွေအပေါ်လူသားတွေ မှီခိုလွန်းတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပေးနေကြပါတယ်။
ဒီဇာတ်ကားမှာဆိုရင် အဆင့်မြင့် AI နည်းပညာတစ်ခုကြောင့် ဖြစ်လာတဲ့အရာတွေကို စိတ်ကူးယဉ်ဖန်တီး ရိုက်ကူးတင်ဆက်ထားတာပါ။အိုင်ယာ(AIA)လို အမည်ပေးထားတဲ့ ဒီအဆင့်မြင့် AI နည်းပညာဟာ Datasetတစ်ခုပေါ်မှာ သူ့ဘာသာ သင်ယူလေ့လာနိုင်တဲ့ အဆင့်ရှိပါတယ်။

PECHI (2024) "#တောကြီးမျက်မည်း"
===============================
#IMDb 8.4 ထိရထားတာဆိုတော့အတော်မိုက်မာ
အသစ်ထွက်ရှိထားတဲ့ တမီးလ် သဘာဝလွန် horror ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအစမှာ စုံတွဲနှစ်ဦးက တောထဲကို
ခရီးထွက်လာတာနဲ့ စတင်ထားပါတယ်
အုံ့မှိုင်းမှိုင်းရှိတဲ့ တောထဲမှာ ခေတ္တစခန်းချဖို့
ယောကျ်ားလုပ်သူက ထင်းသွားရှာပါတယ်
အဲဒီမှာပဲ ထူးထူးဆန်းဆန်း ခက်ရင်းခွတစ်ချောင်းကိုတွေ့ပြီး
သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်တဲ့တစ်ခါမှာ
ထူးဆန်းစွာနဲ့ စုန်းအရုပ်တစ်ရုပ်ထွက်လာပါတယ်
ကြောက်အားလန့်အားလှမ်းအော်ပေမယ့် အသံထွက်လို့မရတော့ဘဲ
နှစ်ယောက်လုံး နိဂုံးချုပ်သွားတဲ့ နောက်မှာ တစ်ခါထပ်ပြီး ...
လူငယ်တစ်စုက သစ်တောစောင့် မာရီကို ဂိုက်ငှားကာ အဲဒီတောထဲကို
သွားကြတဲ့အခါ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေ ကြုံရဦးမှာလဲ
သစ်တောထဲမှာ ဘယ်လိုစွမ်းအားတွေ ရှိနေမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး

Gamer [2009]
-----------------------
IMDB (5.7/10)
အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်
ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှု မှန်သမျှကိုကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်
အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ
သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ
အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ် ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်
ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက်ဘယ်လိုအခက်အခဲတွေကြုံရမလဲ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ

👍1
The Beast Within (2024)
Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......
ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်......သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ....
နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

A-X-L (2018)
===========
A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်
A = Attack(အတိုက်ခိုက်စွမ်းရည်) ,
X = Exploration (ရှာဖွေစွမ်းရည်) ,
L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)
ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်…
ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာ
A.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။
ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ? ဘာတွေဆက်ဖြစ်ကြမလဲ?
စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကို ဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။

IP Man [2008]
2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလိုပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ် IMDb Rate 8ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
ဘရုစ္စလီရဲ့ Mentor လည်းဖြစ်ပါတယ် အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖို့မလိုတော့ဘူးထင်ပါတယ် မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ကြည့်ပါ ဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်

Ip Man 2 [2010]
Ip Man ရုပ်ရှင်ဇာတ်ကားရဲ့ ဒုတိယမြောက်အဆက်ပဲဖြစ်ပါတယ်
ပထမ ကားမှာ ယိမန် တို့မိသားစု ဖူဆန်ကို စွန့်ခွာလာခဲ့ပြီးနောက်
ဟောင်ကောင်မှာ အခြေချ နေထိုင်ပြီး ယိမန်တစ်ယောက်မိသားစုစားဝတ်နေရေးအတွက်သိုင်းသင်တန်းကျောင်း ဖွင့်ဖို့ ကြိုးစားရာကနေဟောင်ကောင်သိုင်းလောက အဖွဲ့အစည်းနဲ့ပတ်သတ်မိပါတော့တယ်
အဲ့ဒိနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုပါ
IMDb Rate 7. 8 ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်

Ip Man 3 [2015]
Ip man trilogy ရဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်
IMDb 7.1 ရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
သာမန်သိုင်းကား အတိုက်အခိုက်တဲ့ရသတွေပေးတဲ့ကားမဟုတ်တာတော့သေချာတယ်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီးမိုက်တိုက်ဆန်ကလဲသူ့အခန်းမှာ ကျကျနနပီပီပြင်ပြင်သရုပ် ဆောင်သွားတာကလဲ ဒီကားရဲ့အမှတ်ရစရာ အ ချက်တခုပါ…
ဒုစရိုက်မှုတွေနဲ့ ခြေရှုပ်နေတဲ့ဟောင်ကောင်မြို့ရဲ့တခေတ်တချိန်မှာ-တာဝန်ယူမှုတွေနဲ့မိသားစုကိုဂရုမစိုက်သလိုဖြစ်သွားခဲ့တဲ့ ယိမန်ရဲ့အကြောင်း…
အရည်အချင်းရှိသူပြည့်ဝသူတယောက်ဟာတခြားလူကိုတိုက်ခိုက်ပြီးမှနေရာမယူတတ်ဘူးဆိုတာကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ မင်းသားဒန်နီယမ်း…
သူနောက်ဆုံးပြောသွားခဲ့တဲ့ မင်းနားမှာရှိတဲ့မင်းချစ်တဲ့လူတွေလောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုတဲ့စကားဟာ လဲမှတ်သားစရာပါ
သာမန်လန်ချားဆွဲဘဝကနေ နံမည်ကျော် တယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ Cheung Tin Chi. ဟာလဲ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာမြင်ရမှာပါ
မလွတ်တမ်းကြည့်သင့်တယ်လို့ဆိုတာထက် ကြည့်ရမယ်လို့ပဲညွှန်းပါရစေ...