UPDATE - အညွှန်းသီးသန့်
9.34K subscribers
4 photos
22 links
Download Telegram
This Game’s Called Murder (2021) အသစ်စက်စက်
_

IMDB 4.7/10

ဒီကားလေးက လူသတ်ကားလေးတစ်ကားဖြစ်ပါတယ်..ဒါပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ ပြောရင်ကောင်းမလား စိတ်ဝင်စားဖို့ကောင်းတယ်ပဲ ပြောရင်ကောင်းမလား

ဒီကားလေးက စိတ်ဝင်စားဖို့လည်းကောင်းသလို သူ့ရဲ့ လူသတ်မှုတွေက တစ်နည်းတစ်ဖုံ ရက်စက်လို့နေပါတယ်

ဇာတ်လမ်းကတော့ ဖန်စီဇာတ်လမ်းလေးပါ..ကမ္ဘာ့နာမည်အကြီးဆုံးဖိနပ်အရောင်းကုမ္ပဏီကနေ လူတွေရဲ့ သတင်းအချက်အလက်တွေစုဆောင်းပြီး ပြန်လည်ရောင်းချပါတယ်

ဒါပေမယ့် ကုမ္ပဏီပိုင်ရှင် အဖေလုပ်သူရဲ့ သမီးက ပေတေဆိုးသွမ်းပြီး လုပ်ချင်ရာလုပ်တယ်၊..အဲဒီလိုပဲ မယားဖြစ်သူကလည်း ဘာသာရေးအစွန်းရောက်ပြီး ဂေါက်တောက်တောက်လိုဖြစ်နေရှာတယ်

အဲဒီမှာပဲ မိသားစုအရှုပ်တော်ပုံကနေ ရွှေချောင်းခိုးသယ်တဲ့ကိစ္စအထိဖြစ်လာပြီး လူသတ်ဂိမ်းကစားတဲ့ အခြေအနေဖြစ်လာခဲ့တယ်

သူတို့က လူသတ်တော့မယ်ဆိုရင် ဂိမ်းကစားရအောင်လို့ အမြဲပြော​လေ့ရှိတယ်..ကြောင်တောင်တောင်နိုင်တဲ့နည်းနဲ့ လူသတ်နေကြပါပဲ

အဲဒါကြောင့် ဒီရက်ပိုင်းပျင်းနေလို့ရှိရင်တော့ ဒီကားလေး ဖွင့်ထားပြီး အပျော်သဘောအနေနဲ့တော့ ကြည့်လို့ကောင်းပါတယ်
Rogue One: A Star Wars Story (2016)

Rogue One: A Star Wars Story - Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။
A Creature Was Stirring (2023)
====================

မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ

Louisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်

အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....

ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
Rat Race (2001)

IMDb - 6.4/10
Genre - Comedy, Adventures

တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီး တစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲ
Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။
ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။
ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။
အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။
အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။
ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။
ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။

Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက်
သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ…

ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊
ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ရုပ်လုံးပေါ်လာစေမဲ့ အလောင်းအစားတစ်ခု—

ကဲ အရှုပ်အထွေးတွေကနေ လွတ်မြောက်ချင်စိတ်ပြင်းပြနေတဲ့အက်ဘီတစ်ယောက် bad boyလေးကိုမှ တမ်းတမ်းစွဲမိလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ။
လူမသိစေချင်တဲ့အတိတ်က တစ်ဖန်ပြန်လည်ဒုက္ခပေးလာချိန်မှာ အက်ဘီတစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုရင်းအဖြေရှာလိုက်ရအောင်ပါ။

Serious love storyမဟုတ်ဘဲ ပေါ့ပေါးပါးပါး teen romanceလေးကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ စိတ်အပန်းဖြေစရာရုပ်ရှင်‌တစ်ကားအဖြစ် Recommendပေးပါတယ်နော်။
👍1
Sarip.....odhaa Saniv.....aaram (2024)ဇာတ်ကားသစ်ကြီးရှယ်ကြမ်း
"စနေကောင်"

IMDB 7.6
တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့
တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို
အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်

ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး
ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ
"ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက
ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်

ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း
စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး
စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ

ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ
သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး
သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

#Credit
Juan of the Dead (2011)


Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့
ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့
comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။
ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုး
တစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲ
နေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့
သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်း
တေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။
တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက်
ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့
အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။
အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လို
အကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေ
ကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။
ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကို...
The King (2019)

ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာ ဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။
အသစ်စက်စက် ထွက်ရှိထားတဲ့ Netflix series Painkiller နဲ့
မိတ်ဆက်ပေးပါဦးမယ်။
2012 တုန်းက နာမည်ကြီးရုပ်ရှင် Battleship ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဖြစ်ရပ်မှန်ဆိုတာထက် လက်တွေ့သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
Painkiller ဆိုတဲ့ ဒီဇာတ်ကားက 21 ရာစုနှစ်ရဲ့ ကျန်းမာရေးကပ်ရောဂါတွေ ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက်
ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကို
ဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ဒီဆေးကို နာကျင်မှုအမျိုးမျိုးအတွက် စိတ်ချလက်ချသုံးနိုင်ပြီး အာနိသင်အကြာကြီး
အစွမ်းပြတယ်လို့ ကြော်ငြာပြီး ရောင်းချတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် မပြောတော့ပါဘူး။ ပြီးတော့ Cruel Summer ကို နောက်ထပ် အကြိုက်တွေ့တဲ့အချက်က မင်းသမီးတွေကို ဇွတ်ဇာတ်နာအောင် လုပ်ပြမထားပါဘူး သဘောလောက်ပဲ ပြထားပြီး ဇာတ်လမ်းကို အရှိန်မကျအောင် ဆွဲခေါ်သွားပါတယ်။ လူ့အဖွဲ့အစည်းကဘာဖြစ်တယ် ညာဖြစ်တယ် သားသမီးတွေနဲ့ မိဘတွေကြားမှာ ဘယ်လိုဘယ်ညာ အဲဒီလိုမက်ဆေ့တွေကို အော်ပရေတာတွေက မက်ဆေ့ပေးသလို မက်ဆေ့တွေ တစ်ပြုံတစ်ခေါင်းကြီး မပေးတာလည်း ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြောချင်ပါတယ်။ လူတွေကလူတွေပဲမဟုတ်လား…
 
ဒီဇာတ်လမ်းမှာတော့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ပုံမှန်ဆယ်ကျော်သက်ပြဿနာထက်ပိုတဲ့ ပြဿနာတွေ ကြုံတွေ့ရတဲ့အကြောင်းကို တစ်ပိုင်းပြီးသွားတိုင်း တစ်ခန်းပြီးသွားတိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်ရင်း စိတ်ခုန်ရင်း အရင်ကအတိုင်း ကြည့်ရမှာပါ။
 
(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)
A Perfect Story (2023) A Netflix Mini Series

~ IMDb - 7.6/10, Rotten Tomatoes - 88% ~


"A Perfect Story" ဆိုတဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်း ဒါမှမဟုတ် စိတ်ကူးယဉ်ချစ်ပုံပြင်ဆိုတာ လက်တွေ့မှာ မရှိပါဘူး၊ အရမ်းရှားတယ်ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီ စီးရီးထဲမှာတော့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးကို လက်တွေ့ကျတဲ့ရှုထောင့်တွေကနေ ခံစားရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းကိုတော့ မာဂေါ့နဲ့ ဒေးဗစ်ဆိုတဲ့ လူနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ မာဂေါ့နဲ့ ဒေးဗစ်တို့ နှစ်ယောက်က ဘဝပေးအခြေအနေအရမ်း ခြားနားတယ်ပဲပြောရမှာပေါ့။ တစ်ယောက်က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်အင်ပါယာကြီးကို အမွေဆက်ခံရတဲ့သူ၊ တစ်ယောက်က ဘဝခရီးဆက်ဖို့အတွက် အလုပ်သုံးခုလုပ်နေရသူပေါ့။ ဒါပေမဲ့ နှစ်ယောက်ရဲ့ အချစ်ရေးက ဇာတာချင်းတူနေခဲ့ပါတယ်။ နှစ်ယောက်လုံး အခြေနေအကြောင်းကြောင်းကြောင့် ကိုယ့် Ex တွေနဲ့ လမ်းခွဲခဲ့ကြရပါတယ်။ ဖြစ်ချင်တော့ နှစ်ယောက်သားက မထင်မှတ်တဲ့ကိစ္စ၊ မထင်မှတ်ထားတဲ့နေရာမှာ တွေ့ခဲ့ကြပါတယ်...
King Eagle (1971)

Review
- လင်းယုန်ဘုရင်လို့ သိုင်းလောကမှာ လူသိများတဲ့ တစ်ကိုယ်တော်သိုင်းသူရဲကောင်း ကျင်ဖေး(Ti Lung)တစ်ယောက် ထျန်ရိထုန်ဂိုဏ်းရဲ့ ပြဿနာထဲ ဝင်မပါချင်ပဲ ပါလာခဲ့ရပြန်ပြီ၊ ထျန်ရိထုန်ဂိုဏ်းချုပ် သေဆုံးမှုနဲ့အတူ ဂိုဏ်းဝင်အကြီးအကဲ(၈)ယောက်ရဲ့ ပဋိပက္ခတွေထဲ ဘယ်လိုပါဝင်ဖြေရှင်းမလဲဆိုတာကတော့...
Anna (2019)

အခုကားလေးကတော့ အန်နာဆိုတဲ့
ရုရှားမလေး တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်

အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာ
ရပါတယ်
တစ်ရက်မှာတော့ ပါတီတစ်ခုမှ
သူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့
ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်

ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ

သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ
သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကို
ဒီကားမှာကြည့်ရှုရမှာပါ

အမေရိကန်နဲ့ရုရှားနိုင်ငံကြီး၂ ခုကြား က နှစ်ဖက်ချွန်သူလျိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို ဒီကားမှာ ပုံဖော်ရိုက်ကူးထားပါတယ်

စပိုင်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့
ကားတစ်ကားပါပဲ
👍1
The Sixth Secret (2022)
================

ဆုပေါင်း ၁၄ ဆုအထိရရှိထားတဲ့ Comedy/Horror/Mystery အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဒါရိုက်တာ Mart Sander ရဲ့လက်ရာကောင်းတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဇာတ်ကားရဲ့ နာမည်အတိုင်း လျှို့ဝှက်ချက် ခြောက်ခုကို တဖြည်းဖြည်းနဲ့ဖော်ထုတ်သွားတာမျိုးပေါ့

ဇာတ်အိမ်ကလေးကတော့ ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီး ချိတ်ဆက်စကားပြောပေးတဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ မဒမ်အော်လော့ဖ်စကီ ဟာ အမြဲတမ်း လူ ၁၂ ယောက်ပါဖို့ သတ်မှတ်ထားတဲ့စားပွဲပေါ်မှာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို သိချင်တဲ့ လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီးတော့ တမလွန်က ဝိညာဉ်တွေနဲ့ ဆက်သွယ်ပေးတာပေါ့။

ဒါပေမယ့် တစ်နေ့မှာတော့ အဲလို စုဝေးပွဲမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဇာတ်လမ်းကြီးတစ်ခုလုံးကို အစကနေ အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ပြသပေးသွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Officer Black Belt (2024)

Netflix ကနေ အသစ်စက်စက်ထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့ Officer Black Belt နဲ့ တင်ဆက်ပေးချင်ပါတယ်။ခေါင်းဆောင်မင်းသားကတော့ The Heirs,Alienoid တို့မှာပါဝင်ထားပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသား Kim Woo-Bin ပဲဖြစ်ပါတယ်။

Lee Jung-Do ဆိုတဲ့လူငယ်လေးက ကိုယ်ခံပညာဖြစ်တဲ့ တိုက်ကွမ်ဒို ဂျူဒို စတဲ့ပညာရပ်တွေတက်ကျွမ်းသလို စိတ်သဘောထားကောင်းတဲ့သူဖြစ်လို့ အကူအညီလိုအပ်နေရင် နှစ်ခါပြန်မစဉ်းစားဘဲ ကူညီပေးတတ်တဲ့သူပါ။တစ်နေ့ ရာဇဝတ်သားတစ်ယောက်ရဲ့တိုက်ခိုက်မှုကိုခံနေရတဲ့ ရဲအရာရှိကိုကူညီပေးရင်း ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ဖြစ်လာပါတယ်။ရာဇဝတ်မှုကြီးကြီးမားမားကျူးလွန်တဲ့သူတွေဆိုရင် ရဲတပ်ဖွဲ့ကနေ စောင့်ကြည့်ရေးအရာရှိနဲ့ ကိုယ်ခံပညာကျွမ်းတဲ့တိုက်ခိုက်ရေးအရာရှိဆိုပြီးနှစ်ဦးနဲ့ ၂၄နာရီအပြည့်စောင့်ကြည့်ကြတာပါ။

Lee Jung-Do တစ်ယောက်လည်း ဒဏ်ရာရသွားတဲ့ ရဲအရာရှိနေရာမှာ ခေတ္တအရာရှိအဖြစ်ဝင်လုပ်ရင်း ဘယ်လိုရာဇဝတ်သားတွေနဲ့ ရင်ဆိုင်လာရမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
Review and Translated By CL
Encoded By N.A.S
coyote's deadly action (2023)

Action / War

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့

တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံ

ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။

ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာ

ကို

ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါ

အရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင်

ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေ

လိုက်လံကာကွယ်ပေးနေတာပေါ့။

ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရ

ဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ

မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့

အသက်စတေးသွားခဲ့ရပါတယ်။

ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့

အဆက်သွယ်လုပ်ဖို့ရန်အတွက်

ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လှယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာ

ကြမလဲ။

ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေ ပတ်သက်ဆက်နွယ်နေကြမလဲ။
Boyka: Undisputed (2016)

မင်းသားကြီး Scott Adkins အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Boyka: Undisputed ရုပ်ရှင်ကားဟာ အက်ရှင် ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Boyka ဟာ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပြိုင်ဖက်ကို အလဲထို-းရာမှ မတော်တဆ သ-တ်မိသလိုဖြစ်သွားခဲ့ပါတယ်။

သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာရဲ့ ဖိအားပေးခြင်းကို ခံနေခဲ့ရပြီး

ပြိုင်ဖက်ရဲ့ ဇနီးဖြစ်သူကိုလည်း ပြသနာများအလည်မှာ တွေ့မြင်ခဲ့ရပါတယ်။

ထိုအခါမှာ သူမအတွက် ကြိုးဝိုင်းထဲက ချန်ပီယံအဖြစ် ပြန်လည်ထို-း သ-တ်ခဲ့ပြီး

မဖြစ်နိုင်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်

#Credit
Vivegam (2017)

အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ်
Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါPlot twistကလည်းသိပ်မထူးဆန်းပါဘူးအိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါ
တမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ်သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါအေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့……
Zombie Reddy [2021]

  Action, Comedy, Horror
   IMDb 7.3/10

မာရီယိုဆိုတဲ့ ဂိမ်းဒီဇိုင်နာလေးတစ်ယောက် သူ့ဂိမ်းအောင်မြင်တော့မယ့်ဆဲဆဲမှာ ပြသာတစ်ခုဖြစ်လို့ ဖြေရှင်းဖို့ သူ့သူငယ်ချင်း‌ရဲ့ ရွာကို သွားခဲ့ပါတယ်

အဲ့ဒီရွာက ရာဇ၀တ်မှုတွေနဲ့ ကျော်ဇောခဲ့ပေမယ့် အဲ့ဒီထက်ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်တစ်ခုပျံ့နေခဲ့ပါတယ်

ဗိုင်းရပ်စ်ကူးစက်ခဲ့ရပြီး လူတွေ ဇွန်ဘီးတွေအဖြစ်
ပြောင်းလဲသွားတဲ့အခါ ဘာဆက်ဖြစ်ကြမလဲ

ဒီကြောက်စရာကောင်းတဲ့ရောဂါကို ဘယ်လိုအနိုင်ယူလိုက်ကြလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။
I Am Legend (2007)

IMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။
ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။
👍1
The Last King of Scotland (2006)

ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ဇာတ်လမ်းဆင်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ..

နီကိုးလတ်စ်က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။

သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။
အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်က သမ္မတလုပ်နေတာပါ။
အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်.....

နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။
1