Chupa (2023)
ချူပါဆိုတဲ့အကောင်လေးဟာ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ဖြစ်ပြီးတော့
သူ့ရဲ့မိခင်နဲ့အတူ သူတိုကိုလိုက်ဖမ်းနေတဲ့လူတွေလက်ထဲက ထွက်ပြေးလာရင်း တစ်ကောင်တည်းအိမ်နဲ့ဝေးရာကိုရောက်သွားခဲ့တာဖြစ်ပါတယ်။
ဆယ်ကျော်သက်ကောင်လေး အာလစ်စ်ကတော့ သူ့အဖေဆုံးပြီးတဲ့နောက် မက္ကဆီကိုမှာရှိတဲ့ သူ့အဘိုးဆီကို တစ်ယောက်တည်းအလည်အပတ်ထွက်လာတာပါ။
အာလစ်စ်တစ်ယောက် မက္ကဆီကိုမှာနေရင်း တစ်ရက်မှာတော့ သူ့အဘိုးရှာတွေ့လာတဲ့ချူပါကိုတွေ့ပြီး သံယောဇဉ်တွယ်သွားပါတယ်။
ဒါကြောင့်အာလစ်စ်နဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်ဟာ ချူပါကိုလူတွေမဖမ်းဆီးနိုင်မယ့် ဘေးကင်းတဲ့နေရာ၊ သူ့ရဲ့မိသားစုတွေရှိတဲ့နေရာကိုပြန်ပိုဖိုအတွက် ကြိုးပမ်းကြပါတော့တယ်။
မက္ကဆီကိုကိုမလာချင်ဘဲလာခဲ့ရတဲ့ အာလစ်စ်တစ်ယောက် စွန့်စားခန်းနဲ့တွေ့သွားတော့တာပေါ့ အာလစ်စ်နဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမတွေ ချူပါ့ကို သူ့နေရာကိုပြန်ပိုဖိုအတွက် ဘယ်လိုအားထုတ်ကြမလဲ၊
သူတိုရဲ့စွန့်စားခန်းလေးမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်။

👍1
Escape (2024)
IMDB 6.7 ထိရရှိထားတဲ့ အက်ရှင်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Escape နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Taxi Driver,Chief Detective တို့နဲ့ ပရိသတ်ကြီးရဲ့ အသည်းကျော်မင်းသားဖြစ်ခဲ့တဲ့ မင်းသား Lee Je-Hoon ခေါင်းဆောင်ပါဝင်ထားပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော Song Kang ကလည်း ပါဝင်အားဖြည့်ထားတာမလို့ သေချာပေါက်လက်မလွှတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ ဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် တောင်ပိုင်းကိုဘက်ပြောင်းလာကြတဲ့သူတွေဆိုတာ အခုချိန်ထိပါပဲ။ဒီကားလေးထဲမှာလည်း မြောက်ကိုရီးယား စစ်မဲ့ဇုန်အနားမှာ တာဝန်ကျတဲ့ တပ်ကြပ် အင်ဂယူနမ်တစ်ယောက် အချိန်အတော်ကြာတည်းက တောင်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားနေခဲ့တာပါ။သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လုပ်ချင်တာလုပ်ခွင့်မရှိတဲ့ မြောက်ပိုင်းမှာမနေချင်တာကြောင့်ပဲ တောင်ပိုင်းကိုထွက်ပြေးဖို့ စီစဉ်ခဲ့တာပါ။တစ်နေ့ လက်အောက်တပ်သားတစ်ယောက်ထွက်ပြေးဖို့ကြိုးစားရင်း သူ့ကိုပါအမှုပတ်ခဲ့ပါတယ်။အဲဒီအချိန် ငယ်သူငယ်ချင်းဖြစ်တဲ့ ဗိုလ်မှူး အီဟွန်ဆန်း ရောက်လာပြီး အသက်ဘေးကနေကယ်တင်လိုက်ပါတယ်။
ဒါပေမဲ့လည်း အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ တောင်ပိုင်းကိုထွက်ပြေးဖို့ ထပ်မံကြိုးစားတဲ့အချိန်မှာတော့ သူငယ်ချင်းဖြစ်သူရဲ့လိုက်လံတိုက်ခိုက်မှုကိုပါခံရရင်း နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Review and Translated By CL
Encoded By N.A.S

❤1
The Thousand Faces of Dunjia (2017)
မြန်မာစာတန်းထိုး
✔️လျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသော မိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ်
✔️အဖွဲ့စခန်းချရာ နေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ၃ ယောက်အသက်မသေပဲပြန်လည်ရောက်ရှိလာခဲ့ပါတယ်
✔️သူတို့ကိုကာကွယ်ရင်း သောင်ရိချန်ကတော့ဒုက္ခိတဘဝကိုလုံးလုံးရောက်သွားပါတော့တယ်
✔️အဖွဲ့ခေါင်းဆောင်သစ်ကိုရှာဖွေနေတဲ့အစ်ကို ၂ ကလဲ ခေါင်းဆောင်အသစ်ရဲ့ အမှတ်အသားသင်္ကေတပါတဲ့ အတိတ်မေ့နေတဲ့ ရူးတူးတူးကောင်မလေးကို အဖွဲ့ဆီခေါ်လာခဲ့ပါတယ်
ကောင်မလေးကိုခေါင်းဆောင်အသစ်ဆိုတာကိုမယုံတယုံနဲ့ သူတို့အဖွဲ့လော့ရန်မြို့ကိုခရီးဆက်ခဲ့ကြပါတယ်

Munjya (2024)
အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး တော့ တဖက်သက် ကြိုက်နေတဲ့ မိန်းက လေးကို ရဖို့ အောက်လမ်းပညာကို သုံးမိတဲ့ အခါ
ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့
ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက
မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ _
၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့
အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။
ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။
ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ
ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။
အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့
ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက်
အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။
ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး....

❤2
ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . .
ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့ခေါ်တဲ့ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း
အပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံနေရတယ်။ တစ်နေ့ ဂျူလီက ပုံပြင်ပြောပြဖို့ ရေးခဲ့ပါဆိုပြီး
အိမ်စာပေးလိုက်တယ်။ တခြားကလေးတွေက သာမန် နတ်သမီးပုံပြင်တွေ ပြောပေမယ့် အဲ့ကောင်လေးကတော့
မတူထူးဆန်းနေတယ်။“ဝက်ဝံ၃ကောင်ဟာ တောင်ပေါ်က အေးစက်တဲ့ ဂူမှာနေတယ်
ဝက်ဝံကြီးရယ် ဝက်ဝံလေးရယ် ဝက်ဝံပေါက်လေးရယ်ပေါ့
ဝက်ဝံကြီးက အားလုံးကို စောင့်ရှောက်ရတာပေါ့
တစ်နေ့ဝက်ဝံလေးပြန်လာတော့ ဝက်ဝံကြီးနဲ့ ဝက်ဝံပေါက်လေးက ထူးဆန်းနေတယ်
ဝက်ဝံကြီးက နေမကောင်းဖြစ်နေပြီး စားစရာ အသားလည်းမရှိတော့ဘူး”လူးကတ်ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီးနောက် အိမ်တွင်းအကြမ်းဖက်ခံနေရတယ် အထင်နဲ့ စိုးရိမ်ပြီး ကိစ္စတွေကို
စုံစမ်းဖော်ထုတ်ရင်း လူသားတွေရဲ့ ပုံမှန် ပြသာနာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆို
တာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Oleander ဖြစ်ပါတယ်။

Postman To Heaven (2009)
====================
ဒီကနေ့ 2009 ထဲကနေထပ်တင်ပေးမယ့်Koreaကားလေးကတော့ မင်းသမီးချော Han Hyo Joo ပါတဲ့ Postman to heaven ဆိုတဲ့ကားလေးပါ ကားလေးကအေးအေးလေးဆိုပေမယ့် romantic ဖြစ်ပြီး မိုးအေးအေးနဲ့ကြည့်လိုကောင်းတာပါနော်
သေလွန်ပြီးကောင်းကင်ဘုံရောက်သွားမယ့်လူတွေဆီ ကျန်ရစ်သူတွေက ပိုသမျှစာတွေကို မင်းသားနဲ့မင်းသမီးက ပိုပေးဟန်ဆောင်ကြတဲ့ကားလေးပါ နောက်ဆုံးပိုင်းမှာလည်း supriseလေးတစ်ခုပါတဲ့ကားလေးပါ ။

In the Heart of the Sea (2015)🔰🔰
--------------------------------
IMDB (6.9/10)
ဒီကားဟာ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ
ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်
နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်
ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သင်္ဘောကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်
အက်ဆက်သင်္ဘောနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်
အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်

Fly Me to the Moon (2024)
IMDb Rating (6.8) / Rotten Tomatoes (65%)
ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။
ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။
လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။
အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ
တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။
အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း
ကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။
ကယ်လီကတော့ အရမ်းတော်တဲ့ အရောင်းမြှင့်တင်ရေးသမား၊ ကြော်ငြာအေဂျင်စီပိုင်ရှင်ပါ။
သူ့ကို အမေရိကန်အစိုးရ ထိပ်တန်းအေးဂျင့်တစ်ယော်က လပေါ်ခရီးစဉ်ကိစ္စကို တစ်ကမ္ဘာလုံး စိတ်ဝင်စားအောင် ဝါဒဖြန့်ဖို့ ကြော်ငြာပေးဖို့ အကူအညီတောင်းလာပါတယ်။
အလုပ်ကလွဲပြီး ကျန်တာ ဂရုမစိုက်တဲ့ ဘုကလန့် ကိုးလ် နဲ့ ကြော်ငြာတွေအတွက် မျိုးစုံဟန်ဆောင်စေချင်တဲ့ ကယ်လီတို့ ထိပ်တိုက်တွေ့ကြပါတော့တယ်။
နောက်ဆုံးမှာတော့ လပေါ်ကို ဆင်းတဲ့အဖြစ်အပျက်ကို အောင်မြင်သည်ဖြစ်စေ ကျဆုံးသည်ဖြစ်စေ
တိုက်ရိုက်ထုတ်လွှင့်စေချင်တဲ့ ကိုးလ် နဲ့ မအောင်မြင်မှာစိုးလို့ ရိုက်ကွင်းအတု အသင့်ဖန်တီးထားမဲ့ အစီအစဉ် တိုက်ရိုက်တွေ့ကြတဲ့အခါ
နောက်ဆုံးရလဒ်က ဘာဖြစ်လာမလဲ ကြည့်ရမှာပါ။ ဒီနှစ်ထဲမှာ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းထဲမှာ ပါပါတယ်။

MaXXXine (2024) ❤️❤️
ဇာတ်လမ်းအကျဉ်း
မက်ဆင်းဟာ ပုလဲလက်ကနေ လွတ်လာပြီး အပြာသရုပ်ဆောင်ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေပါပြီ။
နာမည်ကျော် ဟော်ရာရုပ်ရှင်မှာ ပါဝင်ဖို့ အရွေးခံပြီးမှ အတိတ်က အမှုတွေအကြောင်း
အကုန်သိတဲ့ လူတစ်ယောက်ကလိုက်လာပြီး ရည်ရွယ်ချက် တစ်ခုနဲ့ နှောင့်ယှက်လာပါတယ်။
ဘဝမှာ လိုချင်တာရဖို့ ဘာမဆိုလုပ်ရတဲ့ မက်ဆင်းတစ်ယောက်
အတိတ်က ရန်သူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲဆိုတာ ဒီရုပ်ရှင်မှာ တွေ့ရပါလိမ့်မယ်။
ထုံးစံအတိုင်း မလုံ့တလုံ၊ သွေးသံရဲရဲ တွေပဲမို့ ၁၈+ သတ်မှတ်ထားတာကိုတော့ သတိပြုကြပါ။

Everything Is Illuminated(2005)
အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ်
ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။
စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး
ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊
အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။
ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး
သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။
အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့
အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။
ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင်
လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။
ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့
ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။

Peacemaker (2022)
IMDb Rating – 7.3/10
Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။
သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့
နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး
ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်
အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့
Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။
ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့
အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။
PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။

❤2👍1
Tuesday Terror Extreme (2024)
အင်္ဂါညအိပ်မက်ဆိုးများ
Horror Date Nightလေးလိုချင်သူတွေအတွက် ရွေးချယ်စရာစီးရီးကောင်းတစ်ခုဖြစ်လာမယ့် ယနေ့netflixအသစ်ထွက် Angkhan Khlumpong The series ရဲ့ ဒုအတွဲဖြစ်တဲ့ Tuesday Night terror
ဒီဇာတ်လမ်းလေးကတော့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ကြည့်ရှုသူတွေက ကိုယ်ကြုံခဲ့ရတဲ့ အံ့ဖွယ်သရဲအဖြစ်အပျက်တွေကို လာပြီးမျှဝေတဲ့ထဲက တချို့ကိုရွေးထုတ်ပြီး Anthology seriesပုံစံနဲ့ ဇာတ်လမ်းတစ်ခုစီကို တင်ဆက်သွားမှာပါ။
ရှေ့seasonမှာလိုပဲ ဒီအတွဲ ၂ မှာလည်း အပိုင်း (၈) ပိုင်း ဇာတ်လမ်း (၈) ခုကို ရှုစားရမှာဖြစ်ပြီး ရှေ့seasonနဲ့မတူတာတော့ ဒီseasonက Netflix ထုတ်ဖြစ်ပြီး ၈ ပိုင်းလုံးတစ်ခါတည်းထွက်ရှိလာမှာပါ။
အရှေ့အတွဲတုန်းကလည်း လူကြိုက်များခဲ့တဲ့အပြင် ဖြစ်ရပ်မှန်ဆိုတဲ့အတွေးကလည်း ကျောချမ်းစေမှာဖြစ်လို့ အလုပ်ပင်ပန်းသမျှကို horrorနဲ့ဖြေချင်သူတွေ ရှုစားလိုက်ရအောင်နော်..

❤1👍1
SwampThing ဆိုတဲ့ DC comic ထဲက ဇာတ်ကောင်ကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။
ဒီ series တစ်ခုလုံးကို produce လုပ်တဲ့အထဲမှာ The Conjuring Universe ရဲ့ ဖခင်ကြီး
James Wan လည်း ပါဝင်နေပါတယ်။
ဒါ့ကြောင့် Jump Scare တွေ တစ်ပုံတစ်ပင်ကြီး ခံစားရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Abby Crane နေရာမှာလည်း
Teen Wolf ထဲက မင်းသမီးချော Crystal Reed ပါဝင်သရုပ်ဆောင်ထားပါတယ်၊
ဇာတ်လမ်းအကျဉ်းကတော့ Marais ဆိုတဲ့ မြို့လေးရဲ့ ညတစ်ည စိမ့်တောထဲမှာ
မသင်္ကာစရာ လှေသမားတစ်အုပ်ဟာ ရေအိုင်ထဲ ပစ္စည်းတစ်ခုခုချဖို့ လုပ်နေခဲ့တယ်။
အဲဒီမှာပဲ သစ်ပင်အမြစ်တွေလို ထူးဆန်းတဲ့အရာတစ်ခု
သူတို့ကို စတင်တိုက်ခိုက်ပြီး သတ်ဖြတ်လိုက်တော့တယ်။
အဲဒီနောက်နေ့မှာပဲ စာသင်ခန်းအတွင်း ကလေးတစ်ယောက် ရောဂါပိုးကူးစက်ခံရပါတော့တယ်။
ဘာရောဂါပိုးမှန်း ဆရာဝန်တွေ အဖြေရှာမရတဲ့အချိန် CDC လို့ခေါ်တဲ့
Center of Diseas Control အဖွဲ့က
ဒေါက်တာမလေး အက်ဘီကရိန်းကို တာဝန်ပေးလိုက်ပါတော့တယ်။
တိုက်ဆိုင်စွာနဲ့ပဲ အဲဒီမြို့လေးက ဒေါက်တာမလေးရဲ့ ဇာတိမြို့ဖြစ်နေပါတယ်။
မြို့ကို ပြန်ရောက်တဲ့အချိန် ဒီကပ်ဆိုးအမှုက ပိုပိုပြီး ထူးဆန်းလာခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ ထပ်ညွှန်းရရင် ဒီseries က superhero horror series ဖြစ်တဲ့အတွက်
လုံးဝ Deep တာ Dark တာ ကြိုက်တဲ့ ပရိသတ်တွေ လုံးဝ အကြိုက်တွေ့မှာပါ။

The Legend Of Tarzan (2017)
ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာလူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ
အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်
ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို နည်းမျိုးစုံရှာဖွေနေပါပြီ
ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို သူတိုကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ
ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို ကြိုးစားလာပါတော့တယ်

The First Day of the Rest of Your Life (2008)
IMDb - 7.6/10
တက္ကစီမောင်းသူ ရောဘတ် ဒူဗယ်နဲ့ ဇနီးဖြစ်သူ မယ်ရီတို့မှာ သားကြီး အလ်ဘတ် သားလတ် ရက်ပ်နဲ့ သမီးဖြစ်သူ ဖလဲယူဆိုတဲ့ သားသမီးသုံးယောက်ရှိပါတယ်။သားသမီးတွေ ငယ်စဉ်ကနေအရွယ်ရောက်တဲ့အချိန်အထိ ပြုစုပျိုးထောင်ပုံ သားသမီးနဲ့ မိဘကြား ဖြစ်တတ်တဲ့ပြဿနာတွေ မိသားစုတစ်ခုမှာ ဖြစ်တတ်တဲ့ နာကျင်စရာတွေ ကြည်နူးစရာတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ အမျိုးစုံသော ခံစားချက်တွေကို ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်ပြီး ကြည့်ရှုပြီးသွားရင်လည်း ရင်ထဲမှာ တစ်ခုခုကျန်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဇာတ်ကားလေးမလို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ……

Song of the South (2023)
**
'Dat Rung Phuong Nam'(Song of the South)ဟာ
ဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့
နာမည်ကျော်ခဲ့ပါတယ်။
1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်း
လူကြိုက်များရေပန်းစားခဲ့ပါတယ်။
အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်
ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ...။
ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှ
အပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့
ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီး
လှလှရိုက်ကူးပြသွားပါတယ်။
ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊
မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊
ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့
တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။
ဇာတ်လမ်းအကြောင်းကို ...

The Sin (2024)
ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း-
သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က audition တစ်ခုမှာ အောင်သွားပြီးအကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက်
ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။
ကျောင်းကို ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီးစိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲမတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့....
အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက်
Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။

Buddy (2024)
အသစ်ထွက်ရှိထားတဲ့ Action/ Comedy ကားလေးနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ဇာတ်အိမ်ဆန်းပြီး ပေါ့ပေါ့ပါးပါးလေးမို့ အပန်းပြေကြည့်ရှုလို့ကောင်းမဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ပါလာဗီဟာ လေယာဉ်လမ်းပြတစ်ယောက်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်ပေးဆွဲဖမ်းဆီးခံရပြီး မေ့မြောသွားကာ သူ့ရဲ့ဝိညာဉ်ဟာ တက်ဒီဝက်ဝံရုပ်တစ်ရုပ်ထဲ ရောက်ရှိသွားပါတော့တယ်။
ဒီလိုနဲ့ ပါလာဗီတစ်ဖြစ်လဲ တက်ဒီဟာ သူအရင်ကချစ်ကျွမ်းဝင်ခဲ့ရတဲ့ အာဒစ်တရာဆီရောက်ရှိသွားပြီး နှစ်ယောက်ပူးပေါင်းစစ်ဆင်ရေးတွေဆင်ရင်း သူ့ရဲ့ခန္ဓာကိုယ်ဆီရောက်အောင် ဘယ်လိုပြန်သွားမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Review By K
Translated By K, Anna

Thadam (2019)
"ဟာကွက်"
IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်
မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး
တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် 'ယိုဂီဘာဘူ' လည်း ပါဝင်ထားပါတယ်
အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး
ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန်
ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို
လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက်...

Longlegs [2024]
===================
အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့ နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးအဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က ၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။
A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films productioncompany က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာအမျိုးအစားပါပဲ။

May The Devil Take You (2018)
လူတစ်ယောက်က နတ်ဆိုးတစ်ကောင်ကိုအနက်ရောင်သီလရှင်ဆိုတဲ့ ကိုယ်စားလှယ်တစ်ယောက်အကူညီနဲ့ ဆင့်ခေါ်ခဲ့ပြီး အပေးအယူတစ်ခု လုပ်ခဲ့ပါတယ်
ဒါပေမယ့်နတ်ဆိုးဆိုတဲ့အမျိုးက သူ့ဖက်ကတစ်ဗန်းမသာပဲအပေးအယူမလုပ်တတ်ဘူးဆိုတာ သိတဲ့သူတွေသိကြမှာပါ
ဒီလိုနဲ့လတ်စမန်ကအရမ်းအောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်လာတယ်ပြီးတော့သူ့အရင် ဇနီးမယားနဲ့ သမီးလေးကို ပစ်ပြီးနာမည်ကြီးရုပ်ရှင်မင်းသမီးဟောင်း တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်သိပ်မကြာပါဘူး ရုတ်ချည်းလက်ထဲရောက်လာတဲ့အောင်မြင်မှု ကတစ္ဆေတစ်ကောင် လာရောက်ခိုးယူသွား သလိုပဲရုတ်ချည်းဆိုသလိုဒေဝါလီခံရတဲ့ ဘဝပါရောက်သွားခဲ့တဲ့အခါ