UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
နာမည်ကြီးဗီဒီယိုဂိမ်းကို Live Action အခြေခံပြန်ရိုက်ထားတဲ့

Borderlands 2024

ဂြိုလ်များစွာရှိတဲ့ကြယ်တာရာတစ်လျှောက်မှာ
“ပန်ဒိုရာ” လို့ခေါ်တဲ့ စရိုက်တွေစုနေတဲ့ဂြိုလ်ပျက်ကြီးရှိသတဲ့၊ အဲဒီဂြိုလ်ကို ပြန်လည်ကယ်တင်နိုင်ဖို့ လျှို့ဝှက်ခန်းကိုရှာပြီး “ အီရီဒီယံ” လူမျိုးရဲ့ သမီးဖြစ်သူမှသာ သော့ကိုဖွင့်နိုင်မယ်တဲ့။ အဲဒီအခန်းထဲမှာ လူသားမျိုးနွယ်ထက်အများကြီးသာတဲ့နည်းပညာတွေရှိတော့ လောဘသမားတွေရဲ့ပစ်မှတ်ဖြစ်ရပြန်ရော။
အဲဒီမှာ တီနာကိုလာရှာတဲ့ လီလစ် နဲ့ ရိုလန်၊ ခရစ်ဂ်တို့အဖွဲ့ ဂြိုလ်ပျက်ကြီးထဲမှာ ဒုစရိုက်သမားနဲ့ လောဘသမားတွေကြား ပန်းတိုင်ရောက်အောင်သွားမယ့် ခရီးကြမ်းကို ဒီဇာတ်ကားလေးမှာ ဆက်လက်ခံစားလို့ရပါပြီရှင်။
Transcendence(2014)

IMDb - 6.4/10
Genre - Sci-fi, Thriller

Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်….PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး…နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်…နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့။ သူတို့ကတော့“Revolutionary Independence From Technology” (R.I.F.T.)ပါ။ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်....အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…
👍1
Krampus (2015)

ခရစ္စမတ်နေ့အတွက် ဟော်ရာကားလေးပါ။ ခရစ္စမတ်နေ့မှာ ပျော်ရွှင်နေကြတဲ့သူတွေဟာ ဆန်တာကလော့စ်ကို မျှော်နေကြတယ်ဆိုရင် ခရစ္စမတ်နေ့မှာ စိတ်ပျက်ဒေါသထွက်နေတဲ့သူတွေအတွက် ဘယ်သူများ အလည်ရောက်လာမလဲ အနားယူရင်ကြောက်နိုင်ကြပါစေဗျာ။
Black Dog 2024 ဇာတ်ကားသစ်
ခွေးနက်လေးနဲ့ ကျွန်တော်
==================

နာမည်ကြီးမင်းသား Eddie Peng ရဲ့ ဒီကားလေးကတော့ ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။

လူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့ကတော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။

အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။
ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။

ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့
သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ?
1
Antboy (2013)

Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာ ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီးစူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။

သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီးဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်
👍1
Antboy : Revenge of the Red Fury (2014)

Antboy : Revenge of the red fury ဟာ 2014 မှာထွက်ရှိထားတဲ့ဒုတိယမြောက် Antboy ကားလေးဖြစ်ပါတယ်။

IMDb 5.2 ရရှိထားပြီးတော့ Family/Adventure အမျိုးအစားလေးဖြစ်ပါတယ်။Rotten tomatoes ကလည်း 52% ရှိတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။antboy 2 မှာ အမွှာနှစ်ယောက်က ဗီလိန်အနေနဲ့ပါဝင်ထားတာပါ။ ပီလီကို မုန်းတီးကြတဲ့ အမွှာနှစ်ယောက်ဟာ ရက်ဖျူရီနဲ့ပေါင်းပြီးဘယ်လို တိုက်လိုက်ကြမလဲ၊ Antboy ကရော သူတို့ကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။
Jackpot (2024)
============
နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့
သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက်
တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel
သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့
awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက်
ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ
ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။
ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးက
လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။
အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး
ကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ LPA အဖွဲ့ကိုရောက်သွားပါတယ်။
ဆိုတော့ သူတို့ကရော ကာကွယ်ပေးနိုင်မှာလား ဘယ်လိုတွေကာကွယ်ပေးမှာလဲ
ကေတီရော သူ့ဆုငွေကိုထိန်းသိမ်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားရင်
ဇာတ်လမ်းလေးကို ဒေါင်းလုဒ်ကြည့်ရှုဖို့ ပြောချင်ပါတယ်ဗျ။
Handphone (2009)
====================

ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ…ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ…

ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
The Falcon and the Winter Soldier (2021)

IMDb - 8.1/10
Genre - Action

Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဝန်ဒါဗီရှင်တုန်းကလိုပဲ အားရစရာပါပဲ။ မာဗယ်ရဲ့ စူပါဟီးရိုး စီးရီးတွေဟာ အားသာချက်ကြီးတစ်ခု ရှိပါတယ်။ ဒါကတော့ မူရင်း ရုပ်ရှင် စတိုရီလိုင်းနဲ့ တိုက်ရိုက်အပြည့်ချိတ် ဆက်ခွင့်ရှိပြီး မူပိုင်ခွင့် ပြဿနာ ဘာမှမရှိတာပါပဲ။ ဒီတော့ ဇာတ်လမ်းကိုအကန့်အသတ်မရှိ အချိတ်အဆက်မိမိပြသနိုင်မှာပါ။ ဒီစီးရီးကတော့ ဆမ် နဲ့ ဆောင်းစစ်သည်တို့ စွန့်စားခန်းဖွင့်မယ်အကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကနဲ့ အရင်းနှီးဆုံး ဟီးရီုးနှစ်ယောက် ကပ္ပတိန် မရှိတဲ့နောက်ပိုင်း ဘယ်လိုဆက်ပြီး ရင်ဆိုင်ကြမလဲဆိုတာ ဒီ mini-series မှာ ဆက်လက်ကြည့်ရှူကြပါ၊
Debris (2021)

IMDB - 6.5/10
Genre - Sci-di

Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်
နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာ ရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ သူကတော့ နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲ အာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့ လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေ အမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေက ဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းက တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ်။ အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်က ဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက...
👍2
Avatar: The Last Airbender (2024)

Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ။ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါ။ ရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။ အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ။ Avatar တစ်ယောက် သေဆုံးသွားရင် နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ်။ မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူး။ နှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်…
👍41
A Sibila (2023)
===================

ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ Sibila ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ်တူဂီကားပဲဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးဖြစ်ပြီး၂၀ရာစုအလယ်ပိုင်း ပေါ်တူဂီမြောက်ပိုင်း ကျေးလက်ဒေသကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Sibila ဆိုတဲ့အမျိုးသမီးရဲ့ ငယ်စဉ်ဘ၀ကနေ စတင်ထားပါတယ်။ အိမ်မှာအချစ်မခံရတဲ့ ဒီမိန်းကလေးဟာ အမည်မသိရောဂါတစ်ခုကြောင့် တစ်နှစ်လောက်အိပ်ရာထဲလဲပြီးနောက်မှာတော့ အကြားအမြင်ရသလိုလို နမိတ်ဖတ်သူလိုလိုနဲ့ အားလုံးရဲ့အာရုံစိုက်မှုတွေရအောင် ဖန်တီးလာပါတယ်
The Tomorrow Job (2023)

သိပ္ပံဇာတ်ကား စိတ်ကူးယဥ်ဇာတ်ကား အချိန်ခရီးသွားဇာတ်ကားများကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် The Tomorrow Jobဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ

ဇာတ်ကားကတော့ ဇာတ်ကားနာမည်အတိုင်း မနက်ဖြန်အလုပ်ပေါ့ ခင်ဗျားတိုလိုအမေခိုင်းရင်မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ဟာတော့မဟုတ်ဘူးပေါ့ သူက မနက်ဖြန်ကိုအချိန်ခရီးသွားပြီး လုပ်ဆောင်ရတာမိုလို မနက်ဖြန်အလုပ်ဆိုပြီး နာမည်ပေးထားတာပေါ့

ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် လီဆိုတဲ့ အချိန်ခရီးသွားလေးက အချိန်တွေကူးပြောင်းပြီး မာတင်နဲ့ဖင်းဆိုတဲ့သူ့သူငယ်ချင်းနှစ်ယောက်နဲ့တူတူ အချက်အလက်တွေခိုးရင်း မကောင်းမှုပြုကာ အသက်မွေးဝမ်းကြောင်းပြုနေရပါတယ်

အဲ့အချိန်အခါမှာကလည်း သူတိုကိုနောက်ကွယ်ကနေ Zလိုခေါ်တဲ့အချိန်ကူးပြောင်းစေတဲ့ဆေးတွေကိုထောက်ပံ့နေတဲ့အဖွဲအစည်းကြီးတစ်ခုလည်းရှိနေပါတယ် ဒါပေမယ့်အချိန်တွေကြာလာတော့ အဖွဲအစည်းကသူတိုကိုထောက်ပံ့နေတာသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကိုသိလာတဲ့အခါမှာတော့ ဇာတ်ကားက တော့ အချိန်ခရီးသွားဇာတ်ကားဆိုတော့ လှည့်ကွက်တွေအများအပြားနဲ့ အမိုက်စားရိုက်ကွက်တွေကြောင့်ကြည့်ပျော်စေမှာပါ
Bloody Daddy (2023)
****
IMDb-8/10
Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့
မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။
Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ‌ငွေစက္ကူတုတွေ
ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ်
ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။
ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ
အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ
ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊
မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။
အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို...
Mojave Diamonds (2023)

IMDB -5.3/10

ဒီတစ်ခါတော့ Crime /Action ကားလေးတင်ဆက်ပေးချင်ပါတယ် မေဆင်ညီအစ်ကို သုံးယောက်မှာသိုးမည်းလိုဖြစ်နေတဲ့ ရွိင်းမေဆင်ဟာ အဝေးပြေးကုန်ကားမောင်းရင်း ၀ါသနာအရ underground လက်ဝှေ့ပွဲတွေမှာလည်း ကြေးစားဝင်ထိုးတတ်ပါတယ်။

တစ်နေ့ လက်ဝှေ့ပွဲမှာသူရှုးတော့ သူဌေးဖြစ်သူက မိသားစုအသက်နဲ့ခြိမ်းခြောက်ပြီး သန်းငါးဆယ်တန်ဖိုးရှိစိန်တွေကို မှောင်ခိုကူးဖိုသူ့ကိုကားမောင်းပေးရမယ်လိုအကြပ်ကိုင်ပါတယ်။

တစ်ကိုယ်တည်းသမားမို အစ်ကိုကြီးဖြစ်သူရဲ့ မိသားစုနဲ့အကြပ်ကိုင်ခံရတာကြောင့် မဖြစ်မနေလုပ်ပေးရတဲ့အချိန်ကားကလမ်းမှာဖြတ်ပြီး လုယက်ခံလိုက်ရတဲ့အခါ ရှုစားကြပါဦး
Delta (2022)

Drama

ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။
Color Of Victory (2024)

IMDB -6.0/10

အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ် 👍👍👍
👍1
Fast And Furious Presents: Hobbs And Shaw ( 2019 )


Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။
အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ
သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။
နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို
ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။
အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို
သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။
အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ
စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့……ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်
👍1
Rong...geng Kema...tian [2024] အကမယ်
သဲထိတ်ရင်ဖိုဇာတ်ကားသစ်

IMDb-6.9/10

ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်

ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်….။

အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက်အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှအားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။

တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက်
မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို
ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊
ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ်
အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်….။

မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။
အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက……။
Blanquita (2023)

IMDb – 6.3

ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။

ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမား‌တွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူ‌ထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Credit CM
Pride and Prejudice and Zombies

ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Cinderella (2015)ထဲက
မင်းသမီးချော Lily James နဲ့ Maleficent ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ခဲ့တဲ့
မင်းသား Sam Riley တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွန်ဘီကားလေးပဲဖြစ်ပါတယ်။
 
ဒီဇွန်ဘီကားဟာ 19 ရာစုမှာအ‌ခြေတည်ထားပြီး ထူးဆန်းတဲ့ ဇွန်ဘီပလိပ်ရောဂါကြောင့်
အင်္ဂလန်နိုင်ငံဟာ စစ်တလင်းဖြစ်ခဲ့ရပုံကိုပြသထားပါတယ်။ ဒီဇာတ်ကားထဲက
ဇွန်ဘီတွေက သာမာန်ဇွန်ဘီကားတွေထဲကလို တွေ့ကရာအကုန်လိုက်ကိုက်နေတာမျိုးမဟုတ်ပဲ
သူတို့မှာလည်း ဦးနှောက်ရှိတဲ့အတွက် ဉာဏ်ပြေးကြပါတယ်။ ဝူးရှူးဝါးတွေမလုပ်ပဲ
လူ့ ဦးနှောက်စားရဖို့အတွက် ထောင်ခြောက်လည်းဆင်တတ်သလို လူတွေကြားထဲလည်း
သွားလာတတ်ကြပါသေးတယ်။ ဒီလိုဉာဏ်ကောင်းတာကြောင့်ပဲ ဇွန်ဘီတွေက
တ‌ဖြေးဖြေးနဲ့အင်အားကောင်းလာတာမို့ လူသားမျိုးနွယ်တွေအတွက် ခြိမ်း‌ခြောက်မှု
ကြီးတစ်ရပ်ဖြစ်လာပါတော့တယ်။ ဒီလိုတွေကြားထဲမှာမှ လူသဘောလူ့သဘာဝ
လူမှုရေး ချစ်ရေးကြိုက်ရေး နိုင်ငံရေး ဒါမျိုးတွေကိုရောထည့်ပေါင်းစပ်ထားတဲ့
ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇွန်ဘီကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့
အမြင်တစ်မျိုးထူးခြားနေမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ညွှန်းလိုက်ပါရစေ။
👍1