UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
Bunraku (2010)
***

ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်

ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်

သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ

လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း

တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း

ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား

အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ

အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို

ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။

တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား

တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ

မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်

အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။

သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်

နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ

ပဲဖြစ်ပါတယ်။
Kon-Tiki(2012)
==========

IMDB - 7.2/10

ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ "မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ" တဲ့။ ဒီမှာတင်...
THE PLAYER [2021] / စ / ဆုံး

ဇာတ်လမ်းတွဲအညွှန်း

အောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ

သူတို့အောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသအောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ

သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအမ်ားအားက်ရသလို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား

ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို.

ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်

ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ
ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ
တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ
အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါ

တရားခံက ဘယ်သူလဲကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား
လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့

လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မွာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ

P.S 18+ အခန်းတွေလည်းပါပြီး မျိုးစုံလောင်ရမဲ့ ကားဖြစ်တဲ့အလျောက် မိသားစုဝင်များနှင့်အတူ မကြည့်သင့်ပါကြောင်း >_<လို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား

ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို.

ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်

ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ
ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ
တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ
အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါ

တရားခံက ဘယ်သူလဲကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား
လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့

လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မွာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ

P.S 18+ အခန်းတွေလည်းပါပြီး မျိုးစုံလောင်ရမဲ့ ကားဖြစ်တဲ့အလျောက် မိသားစုဝင်များနှင့်အတူ မကြည့်သင့်ပါကြောင်း
👍1
Carnival Row 2019 Season-1
1 to 8 စဆုံး
ဒဏ္ဍာရီဆန်တဲ့ သတ္တဝါတွေ ရဲ့ နယ်မြေကို လူသား တွေက အခြေချ နေထိုင်ဖို့ ကျူးကျော်ဝင်ရောက်လာတဲ့ အခါမှာတော့ လူသားတွေနဲ့ ဒဏ္ဍာရီသတ္တဝါ တွေ
( creatures: faeries (“Pix”), fauns (“Pucks”), trolls (“Trows”),centaurs, werewolves (“Morroks”))က အတူယှဉ်တွဲ နေထိုင်ဖို့ ရုန်းကန် ရပါတယ်။

အဲ့ သတ္တဝါတွေကို လွတ်လပ်စွာနေထိုင်ဖို့
ချစ်ကြိုက်ဖို့ ပျံသန်းဖို့ ကို တားမြစ်ထားပါတယ်
ဒါမဲ့ အမှောင်ကမ္ဘာထဲမှာတော့ ရှင်သန်နေထိုင်နိုင်ပါတယ်။ ငြိမ်းချမ်းနေတဲ့ Row ကို ခြိမ်းခြောက်နေတဲ့ ကွင်းဆက်လူသတ်သမား ကို စုံစမ်းဖော်ထုတ်ကြပါတယ်။

Philo(ဖိုင်လို) နဲ့ Vignette(ဗင်ညက်) တို့ဟာဆိုရင် Tirnanoc(တဲနေးနော့) မှာ စစ်ပွဲမှာ တာဝန်ထမ်းဆောင် နေတုန်း ချစ်ကြိုက်ခဲ့ကြပါသေးတယ်……
အဲ့အခါမှာ လူသားစုံထောက် Philo(ဖိုင်လို) နဲ့ နတ်သမီးတပိုင်း Vignette(ဗင်ညက်) တို့ဟာ မပြေလည် တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါမှာတော့….

IMBD 8.1 ထိရရှိထားလို့ လက်မလွှတ် သင့်တဲ့ စီးရီးလေးတစ်ခုပါ…..
1
Perfume: The Story of a Murderer (2006)
စမွေးဖွားလာကတည်းက ငါးစိမ်းတန်း ညစ်ပတ်စုတ်ပြတ် အနံ့ဆိုးရွားတဲ့ငါးစျေးတန်းမှာ အမှိုက်ပုံထဲ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်
ဒါပေမယ့် သူ့မှာ ပါလာတဲ့ ပါရမီကတော့ အင်မတန် အနံ့ခံစွမ်းအားကောင်းတာရယ်အနံ့တွေကို ခွဲခြားနိုင်ခြင်း ရှိမှုပါပဲ…
သူ့မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းသိပ်မရှိပါဘူး လိုချင်တာကိုပဲ သိတဲ စိတ်ပဲရှိပါတယ်သူ့ကို သနားလို့ အလုပ်ခေါ်ခိုင်းတဲ့ မွှေးနံ့သာများ ဖော်စပ်တဲ့ ဆရာတစ်ယောက်ဆီ
ရောက်ရှိပြီး နောက် ကိုယ်ပိုင်ရေမွှေးတစ်ခု ထွင်ချင်လာပါတယ်…ဒါပေမယ့် သူထွင်ချင်တာကတော့ အပျိုစစ်စစ်များ ရဲ့ ကိုယ်သင်းမွှေးရနံဖြစ်ပြီး
ထိုမွှေးရနံတွေ ရဖို့ မိန်းကလေးတွေကို ပေါင်းတင်အဆီထုတ်ပြီး ဖော်စပ်ရတာပါဒီလိုနဲ့ မြို့တော်မှာ အပျိုလေးတွေ ကိုယ်တုံးလုံးနဲ့ အသတ်ခံရတာ များများလာလို့
လိုက်လံ ဖမ်းစီးပြီး ရေမွှေးဖော်စပ်တဲ့ ကောင်လေးကို ဖမ်းမိသွားတဲ့ အခါမှာတော့….
The Hunt [2016]

မိုင်းတွင်းဟောင်းကြီးရှိတဲ့ တောင်ပေါ်မှာ မြေပြိုကျမှုတွေဖြစ်ခဲ့တယ် ။

အဲ့လိုဖြစ်ပြီးနောက်မှာ ရွှေတုံးကြီး ပေါ်လာခဲ့တယ်။

ရွှေတုံးမှန်းသိသွားတဲ့အခါ စုံထောက်ဘတ်ဒုံဂွန်းက လောဘတက်ပြီးသူ့ရဲ့ အမဲလိုက်အဖွဲ့နဲ့တူတူ အပိုင်သိမ်းဖို့ လုပ်ကြတော့တယ်။

သူတို့ ရွှေခိုးဖို့လုပ်နေတုန်း မြေပိုင်ရှင် အဘွားရောက်လာပြီး ငြင်းခုန်ရန်ဖြစ်ကြတယ်။

အဲ့ကနေ မြေပိုင်ရှင်အဘွား ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ်။

ဒါကိုတောင်ပေါ်မှာ တောလိုက်တဲ့ မုဆိုး မွန်းဂီဆောင်းနဲ့အဘွားကြီးရဲ့ မြေးတို့ မြင်သွားတဲ့ အခါ…….

ဘာတွေဆက်ဖြစ်မှာလဲဆိုတာ
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်။

#Credit
Gunner (2024)

ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင် Morgan Freeman

ပါဝင်ပြီး မင်းသား Luke Hemsworth က အဓိက ဇာတ်ဆောင်

Lee Gunner အဖြစ်ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အက်ရှင်ရုပ်ရှင်

တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း


Lee Gunner က ဂုဏ်ပြုဆုတံဆိပ်ရ အမေရိကန်အထူးတပ်ဖွဲ့

စစ်ပြန်တစ်ဦးပါ။ သူက စစ်ပွဲတွေထဲမှာပဲအချိန်ကုန်နေခဲ့တာကြောင့်

မိသားစုနဲ့ ဝေးကွာခဲ့တယ်။ သူအိမ်ကိုပြန်လာတဲ့အခါမှာတော့

သူ့သားတွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ပြီး အေးစက်

နေခဲ့သလို ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းခဲ့ရပါပြီ။

တစ်ဖက်မှာတော့ ထောင်ကျနေတဲ့မူးယစ်ရာဇာ Kendrick Lyker နဲ့

သားဖြစ်သူ Dobbs တို့ဦးဆောင်တဲ့ မူးယစ်ဂိုဏ်းက Gunner တို့ရဲ့

နယ်တဝိုက်မှာ ကြီးစိုးနေခဲ့တယ်။

စစ်ပွဲကနေ ပြန်လာပြီး ကလေးတွေနဲ့ ရင်းနှီးမှုယူဖို့ တောထဲကို

Camping ထွက်လာတဲ့ Lee Gunner တို့အဖွဲ့ဟာ တောထဲကို
ရောက်တဲ့အခါ မထင်မှတ်ပဲ မူးယစ်ဂိုဏ်းရဲ့ဆေးချက်ခန်းတစ်ခုနဲ့
တည့်တည့်တိုးမိပါတော့တယ်။
ပစ်ခတ်မှုတွေကြားမှာ ကလေးနှစ်ယောက်ဟာ မူးယစ်ဂိုဏ်းလက်ထဲ
ရောက်သွားပြီးတော့ အဖေဖြစ်သူ Lee Gunner က သူ့ကလေးတွေကို
ဘယ်လိုပြန်ကယ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှူစားကြရမှာပါ။
👍1
Handsome Guys (2024)

ဇာတ်လမ်းအညွှန်း

-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့…ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ ကားလေးဖြစ်ပါတယ်
The Union (2024)

မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ်
လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။
ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီ
တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။
မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကို
ပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။
တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကို
ရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။
ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့
ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့်
တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန်
ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကို
ရောင်းစားဖို့ ခိုးသွားလို့ပါပဲ။
ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်း
ရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင်
အချက်အလက်တွေကို ပြန်လုရတဲ့အခါ....
Touch Guy Sniper ( 2024 )

IMDB: 5.7/10

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့…
အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့…ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ
ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့..
အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့..
အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ…
ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့…

ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ
ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို
မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့်
သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်…ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက
အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ
တစ်ဖက်ရန်သူအင်အားလည်း အတော်လေး
အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့…
အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့…
တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော
အောင်မြင်နိုင်ပါတော့မလား
အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ..
ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်
👍1
The Knight of Shadows: Between Yin and Yang ( 2019 )

ဇာတ်လမ်းအကျဉ်းလေးကတော့
ဖူစုန်းလင် ( Jackie Chan ) ဟာ ဆိုးတဲ့မကောင်းဆိုးဝါးတွေကို
ဖမ်းဆီးနိမ်နင်းတဲ့သူတစ်ဦး..ကျင်းဟွားဆိုတဲ့မြို့လေးမှာ
မိန်းကလေးတွေဟာထူးဆန်းစွာပျောက်ဆုံးလို့နေပါတယ်
ဒါကိုစုံစမ်းတဲ့စုံထောက်လေး ရန်ဖေး.တစ်ယောက်
ဖူစုန်းလင်နဲ့တွေ့တဲ့အခါမှာ ပူးပေါင်းပြီးတော့
ဒီအမှုကိုဖေါ်ထုတ်ဖို့ကြိုးစားပါတော့တယ်
ဖူစုန်းလင်မှာလည်း အကျင့်လေးတစ်ခုရှိတယ်
ဆိုးတဲ့မကောင်းဆိုးဝါးတွေကို ဖမ်းဆီးနိမ်နင်းလေ့ရှိပေမယ့်
ကောင်းတဲ့မကောင်းဆိုးဝါးလေးတွေကို တော့
သူ့အနားမှာမွေးမြူထားလေ့ရှိပါတယ်
ဒီစုံစမ်းမှုမှာ မကောင်းဆိုးဝါးတစ်သိုက် နဲ့ ဖူစုန်းလင်
ပြီးတော့ စုံထောက်ရန်ဖေးတို့ဘယ်လိုအခက်အခဲ
ဘယ်လိုမကောင်းဆိုးဝါးတွေနဲ့ကြုံရမလဲဆိုတာကိုတော့….
ဆက်လက်စောင့်ကြည့်ခံစားပါ
👍2
နာမည်ကြီးဗီဒီယိုဂိမ်းကို Live Action အခြေခံပြန်ရိုက်ထားတဲ့

Borderlands 2024

ဂြိုလ်များစွာရှိတဲ့ကြယ်တာရာတစ်လျှောက်မှာ
“ပန်ဒိုရာ” လို့ခေါ်တဲ့ စရိုက်တွေစုနေတဲ့ဂြိုလ်ပျက်ကြီးရှိသတဲ့၊ အဲဒီဂြိုလ်ကို ပြန်လည်ကယ်တင်နိုင်ဖို့ လျှို့ဝှက်ခန်းကိုရှာပြီး “ အီရီဒီယံ” လူမျိုးရဲ့ သမီးဖြစ်သူမှသာ သော့ကိုဖွင့်နိုင်မယ်တဲ့။ အဲဒီအခန်းထဲမှာ လူသားမျိုးနွယ်ထက်အများကြီးသာတဲ့နည်းပညာတွေရှိတော့ လောဘသမားတွေရဲ့ပစ်မှတ်ဖြစ်ရပြန်ရော။
အဲဒီမှာ တီနာကိုလာရှာတဲ့ လီလစ် နဲ့ ရိုလန်၊ ခရစ်ဂ်တို့အဖွဲ့ ဂြိုလ်ပျက်ကြီးထဲမှာ ဒုစရိုက်သမားနဲ့ လောဘသမားတွေကြား ပန်းတိုင်ရောက်အောင်သွားမယ့် ခရီးကြမ်းကို ဒီဇာတ်ကားလေးမှာ ဆက်လက်ခံစားလို့ရပါပြီရှင်။
Transcendence(2014)

IMDb - 6.4/10
Genre - Sci-fi, Thriller

Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်….PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး…နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်…နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့။ သူတို့ကတော့“Revolutionary Independence From Technology” (R.I.F.T.)ပါ။ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်....အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…
👍1
Krampus (2015)

ခရစ္စမတ်နေ့အတွက် ဟော်ရာကားလေးပါ။ ခရစ္စမတ်နေ့မှာ ပျော်ရွှင်နေကြတဲ့သူတွေဟာ ဆန်တာကလော့စ်ကို မျှော်နေကြတယ်ဆိုရင် ခရစ္စမတ်နေ့မှာ စိတ်ပျက်ဒေါသထွက်နေတဲ့သူတွေအတွက် ဘယ်သူများ အလည်ရောက်လာမလဲ အနားယူရင်ကြောက်နိုင်ကြပါစေဗျာ။
Black Dog 2024 ဇာတ်ကားသစ်
ခွေးနက်လေးနဲ့ ကျွန်တော်
==================

နာမည်ကြီးမင်းသား Eddie Peng ရဲ့ ဒီကားလေးကတော့ ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။

လူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့ကတော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။

အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။
ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။

ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့
သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ?
1
Antboy (2013)

Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရအဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာ ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီးစူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။

သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီးဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်
👍1
Antboy : Revenge of the Red Fury (2014)

Antboy : Revenge of the red fury ဟာ 2014 မှာထွက်ရှိထားတဲ့ဒုတိယမြောက် Antboy ကားလေးဖြစ်ပါတယ်။

IMDb 5.2 ရရှိထားပြီးတော့ Family/Adventure အမျိုးအစားလေးဖြစ်ပါတယ်။Rotten tomatoes ကလည်း 52% ရှိတာမို့ ကြည့်ပျော်တဲ့ ဇာတ်ကားလေးပါ။antboy 2 မှာ အမွှာနှစ်ယောက်က ဗီလိန်အနေနဲ့ပါဝင်ထားတာပါ။ ပီလီကို မုန်းတီးကြတဲ့ အမွှာနှစ်ယောက်ဟာ ရက်ဖျူရီနဲ့ပေါင်းပြီးဘယ်လို တိုက်လိုက်ကြမလဲ၊ Antboy ကရော သူတို့ကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။
Jackpot (2024)
============
နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့
သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက်
တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel
သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့
awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက်
ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ
ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။
ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးက
လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။
အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး
ကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ LPA အဖွဲ့ကိုရောက်သွားပါတယ်။
ဆိုတော့ သူတို့ကရော ကာကွယ်ပေးနိုင်မှာလား ဘယ်လိုတွေကာကွယ်ပေးမှာလဲ
ကေတီရော သူ့ဆုငွေကိုထိန်းသိမ်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားရင်
ဇာတ်လမ်းလေးကို ဒေါင်းလုဒ်ကြည့်ရှုဖို့ ပြောချင်ပါတယ်ဗျ။
Handphone (2009)
====================

ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ…ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ…

ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
The Falcon and the Winter Soldier (2021)

IMDb - 8.1/10
Genre - Action

Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဝန်ဒါဗီရှင်တုန်းကလိုပဲ အားရစရာပါပဲ။ မာဗယ်ရဲ့ စူပါဟီးရိုး စီးရီးတွေဟာ အားသာချက်ကြီးတစ်ခု ရှိပါတယ်။ ဒါကတော့ မူရင်း ရုပ်ရှင် စတိုရီလိုင်းနဲ့ တိုက်ရိုက်အပြည့်ချိတ် ဆက်ခွင့်ရှိပြီး မူပိုင်ခွင့် ပြဿနာ ဘာမှမရှိတာပါပဲ။ ဒီတော့ ဇာတ်လမ်းကိုအကန့်အသတ်မရှိ အချိတ်အဆက်မိမိပြသနိုင်မှာပါ။ ဒီစီးရီးကတော့ ဆမ် နဲ့ ဆောင်းစစ်သည်တို့ စွန့်စားခန်းဖွင့်မယ်အကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကနဲ့ အရင်းနှီးဆုံး ဟီးရီုးနှစ်ယောက် ကပ္ပတိန် မရှိတဲ့နောက်ပိုင်း ဘယ်လိုဆက်ပြီး ရင်ဆိုင်ကြမလဲဆိုတာ ဒီ mini-series မှာ ဆက်လက်ကြည့်ရှူကြပါ၊
Debris (2021)

IMDB - 6.5/10
Genre - Sci-di

Supernatural တို့ X-File တို့လိုမျိုး အဓိကဇာတ်ကောင်
နှစ်ယောက်က ထူးခြားဆန်းကြယ်တဲ့အမှုတွေကို စိတ်ဝင်စားစရာ ရင်တမမနဲ့ ဖြေရှင်းတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီ စီးရီးလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ သူကတော့ နတ်ဆိုး မိစ္ဆာ သူရဲအကောင်ပလောင်တွေလို မဟုတ်ဘဲ အာကာသယာဉ်ပျံ အပိုင်းအစကြောင့် ထူးခြားတဲ့စွမ်းအားတွေနဲ့ လူတွေ ဒုက္ခရောက်ကြပုံတွေ လောဘတွေ ပြဿနာတွေ အမှုတွေကို တင်ဆက်ပြသပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်က ပညာရှင်တွေက ဂြိုလ်သားယာဉ်ပျံတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်တုန်းက တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လမှာတော့ အဲဒီယာဉ်ပျံက အပိုင်းအစအနတွေဟာ ကမ္ဘာမြေပေါ် ပြုတ်ကျလာပါတယ်။ အဲဒါကို Debris တွေလို့ ခေါ်ပြီး ခေါင်းစီးနာမည်က ဒါကို ပေးထားတာ ဖြစ်ပါတယ်။ သူက သာမန်ပြုတ်ကျလာရင်တော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ ဒါက နေရာအနှံ့အပြား ပြုတ်ကျလာတဲ့အပြင် တစ်ခုချင်းစီတွေက...
👍2