UPDATE - အညွှန်းသီးသန့်
9.35K subscribers
4 photos
22 links
Download Telegram
The Nevers (2021) [ Season 1 /1-6/စ-ဆုံး ]
_

သိပ္ပံစိတ်ကူးယဉ် အက်ရှင်စီးရီးတိုလေးတစ်ခု
ညွှန်းပေးလိုက်ပါတယ်။

အပိုင်း (၆) ပိုင်းပဲ ပါပြီး IMDb 7.6 အထိ
ရရှိထားတဲ့ စီးရီးကောင်းတခုဖြစ်ပါတယ်။

_

ဝိတိုရိယခေတ်လို့ ခေါ်တဲ့ 1837 နဲ့ 1901 ခုနှစ်ကြားက
လန်ဒန်မြို့မှာ အခြေတည်ထားပါတယ်...မြို့ပေါ်ကနေ ထူးဆန်းတဲ့ အရာကြီးတစ်ခု ဖြတ်ပျံသွားပြီး အဲဒီအရာ
ပေါ်ကနေ ကျလာတဲ့ မီးပွားလို အရာလေးတွေဟာ လူ
ပေါင်းများစွာကို ထိတွေ့မိခဲ့ပါတယ်။

အဲဒီထဲက အချို့အမျိုးသမီးတွေဟာ စွမ်းအင်ကိုယ်စီ ထူးထူးဆန်းဆန်းရလာခဲ့တာပါပဲ...ဒီလိုစွမ်းအားတွေရှိနေတဲ့ အမျိုးသမီးတွေကို ရှေးကာလတွေမှာ ပိုပြီးကြောက်ရွံကြ
ပြီး နှိမ်ချကြတာမဆန်းပါဘူး။

ဒီရုပ်ရှင်က ခေါင်းဆောင်မင်းသမီးတွေ အဓိကပါဝင်တာ
ဖြစ်ပါတယ်...အဲဒီ စွမ်းအင်တွေရနေတဲ့ အမျိုးသမီးတွေ
ကို စုစည်းပြီး ကာကွယ်ပေးဖို့ ဂေဟာတစ်ခုကို မင်းမျိုး
မင်းနွယ် လူချမ်းသာအပျိုကြီး (မစ္စ လဗီးနီးယားဘစ်လိုး)
ဆိုတဲ့သူက တည်ထောင်လိုက်ပါတယ်...(X-Women)
တွေလိုပေါ့။

အဲဒီဂေဟာကို ဦးစီးတဲ့ စွမ်းအားရှင်ကတော့ (မစ္စစ် အမ်မာ
လီးရားထရူး) ဆိုတဲ့ မုဆိုးမဖြစ်ပြီး သူ့အစွမ်းကတော့ အနာ
ဂတ်ကို အပိုင်းအစတွေအနေနဲ့ ဖြတ်ခနဲမြင်နိုင်တာပါပဲ။

သူ့ရဲ့လက်ထောက်အနေနဲ့ အခင်ဆုံး သူငယ်ချင်းကတော့
(မစ္စ ပန်းနန့်စ်အဒဲရ်) ဖြစ်ပြီး သူ့အစွမ်းကတော့ လျှပ်စစ်စီးကြောင်းတွေကိုမြင်နိုင်ပြီး ခေတ်ရှေ့ပြေးတဲ့ ပစ္စည်းမျိုးစုံကို တီထွင်နိုင်သူ ဖြစ်လာပါတယ်...သူတို့မိတ်ဆွေတွေကလည်း အစွမ်းကိုယ်စီနဲ့ပေါ့...

သူတို့ ရင်ဆိုင်ရတဲ့သူတွေကတော့ ဖိနှိပ်ချင်တဲ့ အစိုးရ
အပြင် သူတို့လို စွမ်းအားရှိနေတဲ့ စိတ္တဇလူသတ်သမား
(ဂျိုကာလို ကာရိုက်တာမျိုး)၊ သူတို့တွေကို ဖမ်းပြီးစမ်း
သပ်နေတဲ့ သိပ္ပံဆရာဝန်ကြီးတွေပေါ့...

ဒါ့အပြင် သူတို့ကို စွမ်းအားတွေရလာစေတဲ့ အနာဂတ်က
လာတဲ့ ဂြိုလ်သားတွေပါ ဖြစ်လာပါတယ်...

ဒီစီးရီးကို ဘာသာပြန်သူအနေနဲ့ အတော်ကို ကြိုက်ပါတယ်။
ပုံမှန် ဇာတ်လမ်းနဲ့ သရုပ်ဆောင်တွေကို ကြိုက်တာအပြင် ဘောနပ်စ်အနေနဲ့ ဗြိတိန်စကားပြောနဲ့ လေယူလေသိမ်းတွေ
ပါလို့ ပိုသဘောကျပါတယ်။

မင်းသမီးက (အန်းဟဲသားဝေး) နဲ့ ဆင်နေလို့ သဘောကျ
ပါတယ်...ဝိတိုရိယခေတ် လေဒီလေးတွေရဲ့ ခါးစီးတွေနဲ့
ဂါဝန်ရှည်လေးတွေနဲ့ ချစ်စရာကောင်းတာလေးကို သဘော
ကျပါတယ်။

တိုက်ခိုက်ခန်းတွေက အရမ်းကြမ်းတော့ ဂါဝန်တွေ ကျွတ်လိုက် ပြဲလိုက် မလုံ့တလုံဖြစ်လိုက်ကိုလည်း သဘောကျပါတယ်။

သတိပေးချင်တာကတော့ မိသားစုနဲ့ ကြည့်မယ်ဆိုကြည့်
လို့ရပေမယ့် အိပ်ရာခန်းလေးတွေ (၃-၄) ခန်းလောက် ပါ
တာမို့ ရီမုလေး ကိုင်ထားပြီးကြည့်သင့်ကြောင်း အကြံပေး
ရင်း ဒီစီးရီးကောင်းလေးကို ချစ်ပရိတ်သတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ပါ
3👍1
Ms. Marvel (2022)

Season 01

complete

=======================

ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။

Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။

ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစုတစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက်ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူးယဉ်နေတတ်သူဖြစ်ပါတယ်။

သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။

သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိ
ဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။
👍1
Jade (2024)

ဂျိတ်နဲ့သူ့အကိုဘရန်တို့ဟာ ငယ်ငယ်ကတည်းမိဘတွေကွယ်လွန်ခဲ့ပြီး အဖွဲ့စည်းတစ်ခုတည်းဝင်ခဲ့တယ် မစ်ရှင်တွေလုပ်ရင် ဂျိတ်ဟာသူ့အကို ဘရန်ကိုမတော်တဆတိုက်ခိုက်မိခဲ့တယ် အဲ့ကတည်းကဂျိတ်ကအဖွဲ့ထဲထွက်ခဲ့ပြီး သေနတ်ဘယ်တော့မှမကိုင်တော့ပါဘူး
ဒါမဲ့တစ်နေ့မှာတော့သူ့သူငယ်ချင်းလိုဂန်ကသူ့ဆီ စတစ်ပြားပါတဲ့ အမဲရောင်ဘူးလေးတစ်ဘူးပေးခဲ့ပါတယ် အဲ့အချိန်ကစပြီး သူ့နောက်ကိုဂိုဏ်းတွေကလိုက်ခဲ့ကြပြီး သူထွက်ပြေးနေခဲ့ပါတယ် သူလွတ်မြောက်မလားဖမ်းရမလားဆိုတော့ ကြည်ှရှူခံစားကြည့်လိုက်ကြပါရှင်
 
#crd_org_owner
The Great Ice Siege ( 2024 )

တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအ
ယောင်ဆောင်လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။

တစ်နေ့မှာတော့ မြို့လေးကိုလက်
ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုကလူသတ်
သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။

ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီးအင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီးဉာဏ်
များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့ကမဆုတ်
မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ
👍2
'နိုင်ငံရေးဆိုတာ ​ပြဿနာရှာခြင်းအနုပညာဖြစ်တယ်''

''နေရာတိုင်းမှာ ပြဿနာရှာမယ်၊ ရောဂါအမည်မှားတပ်ပြီး... တလွဲဆေးကုပေးသလိုပဲ ..တလွဲတွေဖြေရှင်းကြမယ်''

Jua-npis Gon-zález: The Peo-ple's Pre-sident (2024)

IMDb - 6.2/10
Genre - Comedy

ပြီးပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေး၊ ဒုက္ခဆိုတာဘာလဲ နားတောင်မလည်၊ သုံးဖြုန်းရမ်းကားပျက်စီးလာတဲ့ ဘဝင်ရူးဂျွန်ပစ်ဂွန်ဇားလက်

ဘာနေနေကိုယ့်အတွက်အကျိူးရှိရင်ပြီးရော လက်ဖျားငွေသီးရင်ပြီးရောဆိုပြီး အာဏာရူးစိတ်ဓာတ်နဲ့ ​မဲကိုငွေနဲ့ဝယ်ပြီးတော့ ကိုလံဘီယာနိုင်ငံရဲ့သမ္မတဖြစ်လာ

တကယ်တမ်းကျ နိုင်ငံရေးဆိုတာသူထင်သလောက်မလွယ်။

''နိုင်ငံရေးမှာကိုယ်ကျင့်သိက္ခာဆိုတာမရှိဘူး'' ခေါင်းကြီးပိုင်းလူတစ်စုကတင် အကွက်ရွှေ့ပြီးကစားနေတဲ့ပွဲ။

အတိုက်အခံတွေ လူထုမကျေနပ်ချက်တွေ အတို့အထောင်အထိုးအနှက်တွေနဲ့တိုက်ဆိုင်မှုဆိုတာမရှိတဲ့နိုင်ငံရေး...

အာဏာရဖို့အတွက်ဆို မိသားစုဝင်အချင်းချင်းတောင်ညှာတာမှုမရှိတဲ့နိုင်ငံရေး၊ ဒါတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘဝင်ရူးဂျွန်ပက်ဘလိုတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲ
Lig-ht Lig-ht Lig-ht aka Va-loa val-oa va-loa (2023)

IMDb - 7.1/10
Genre - Romance, Drama

လူတွေရဲ့ သတိမဲ့မှုကြောင့်အပူလွန်ကဲပြီး
ရိန်းကအဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ရတယ်၊ ဒီရလဒ်အနေနဲ့ကတော့ အမှုန်တိမ်တိုက်ကြီးဖြစ်တည်ရွေ့လျားခဲ့ပြီး ရေဒီယိုသတ္တိကြွတွေနဲ့ လူတွေကိုထိခိုက်စေလာလို့ ပြောင်းကြရွေ့ကြအချိန် ဒီလိုအရွှေ့အပြောင်းထဲ မီမီဆိုတဲ့ကလေးမလည်းအပါပေါ့။ မြို့ငယ်လေးကိုကျောင်းပြောင်းလာခဲ့တဲ့သူမ အရာရာကအသစ်အဆန်းဖြစ်လို့ ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲပေါ့။ ဒီလိုနဲ့သူတွေ့ဆုံခဲ့ရတာက မာရီယာ မာရီယာ့ကိုအိမ်က သူငယ်ချင်းရစေချင်ခဲ့တာပါ။ အမြဲတမ်းတစ်ယောက်တည်းရပ်တည်လာတဲ့သူမအတွက် မီမီ့ကိုရခဲ့တော့ စာလည်းအတူလုပ် အတူစားအတူအိပ်ရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်လေးတွေတိုးလာတာပေါ့။ လှပတဲ့နွေဦးမှာ ထွက်ပေါ်လာမဲ့ သူတို့၂ဦးရဲ့အလှပဆုံးသော အမှတ်တရတွေကိုခံစားကြည့်ရှုလိုက်ပါဦး
Before Someone Gets Hurt
======================

သရဲရှာဖွေရေးခေါင်းစဉ်နဲ့ အင်တာနက်ပေါ် အထိုက်အလျောက် နာမည်ရထားတဲ့ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့.....

စနောက်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ.....

တစ်နေ့ သူတို့သရဲရှာဖွေရေးအဖွဲ့ ရိုက်ကူးရေးလုပ်မဲ့ နေရာကအရင်နေရာတွေနဲ့ မတူတဲ့ အိမ်တစ်အိမ်ဖြစ်ခဲ့ပါတယ်။ဒီအိမ်မှာပဲ လူသတ်မှုပေါင်း အများအပြားဖြစ်ခဲ့ပါတယ်။သေဆုံးတဲ့လူတွေကလဲ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ သေဆုံးခဲ့ကြတာပါ။

သူတို့အဖွဲ့ဟာ အရင်ကထက် နာမည်ပိုရချင်တာနဲ့ ဒီအိမ်ကို စွန့်စားရွေးချယ်ခဲ့ကြတယ်။သူတို့ အဲ့အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့.....

သူတို့အတွက် နောက်ကျသွားခဲ့ပါပြီ.....

ကံဆိုးစွာနဲ့ ဒီအဖွဲ့ဟာ အဲ့အိမ်မှာ ပိတ်မိခဲ့ကြတယ်။

သူတို့ဘယ်လို ကြောက်စရာတွေနဲ့ တွေ့ပြီး ဘယ်သူတွေ လွတ်မြောက်နိုင်မလဲဆိုတာကတော့.....
IMDB -7.1/10

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်
ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာ
မောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။

ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်
နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။

ကိတ်တစ်ယောက်လေဆင်နှာ
မောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုး
စားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။

သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦ
The Beast Within (2024)

Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......

ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်......သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ....

နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
La Ciénaga (The Swamp)
တစ်ခေါက်မှာတော့ အာဂျင်တီးနားရုပ်ရှင်ဝေဖန်ရေးအသင်း ဆုပေးပွဲမှာ ဆုပေါင်း ၁၆ဆုနဲ့ စကာတင် ၈ ခုဝင်ခဲ့တဲ့ စပိန်စကားပြော အာဂျင်တီးနား Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူလောင်အိုက်စပ်တဲ့ နွေရာသီရဲ့ အပူကို ခံစားနေရတဲ့ မိသားစုနှစ်ခု..မယ်ချာနဲ့ တာလီတို့က ဝမ်းကွဲညီအစ်မတွေဖြစ်ပြီး မယ်ချာ့ရဲ့ အိမ်မှာ ရေကူးကန်ရှိတာမို့ တာလီ့ရဲ့ သားသမီးတွေက နွေကျောင်းပိတ်ရက်မှာ မယ်ချာတို့အိမ်ကို ရေဆော့ကစားဖို့ လာရောက်ခဲ့ကြပါတယ်။
ဒီလိုနဲ့ နှစ်မိသားစုနှစ်ခုရဲ့ ဆယ်ကျော်သက်ကလေးတွေအကြား၊ မယ်ချာနဲ့ တာလီကြား ၊ မယ်ချာတို့အိမ်က အိမ်ဖော်မလေးနဲ့ မယ်ချာ့သမီးငယ်လေးရဲ့အကြား၊ မယ်ချာတို့ လင်မယားနဲ့ တာလီတို့လင်မယားအကြား အရှုပ်တော်ပုံတွေက ဘယ်လိုတွေပေါ်ပေါက်လာမလဲဆိုတာကိုတော့..ဘာအကြောင်းကြောင့် ဆုပေါင်း ၁၆ ဆု ရရှိခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစား အကဲဖြတ်ကြည့်လိုက်ကြပါဦးနော်။
1👍1
Infested (2023)
=============
ကယ်လတ်ဘ်က ကြုံရာကျပမ်းလုပ်စားနေတဲ့လူငယ်တစ်ယောက်
ဖြစ်ပြီး သူတို့လိုလူဆင်းရဲတွေ စုပေါင်းနေထိုင်ကြတဲ့ တိုက်ခန်းတွဲ
ကြီးတစ်ခုမှာနေပါတယ်။ ဆင်းရဲသားအများစုနေထိုင်ရာဖြစ်တဲ့အ
တိုင်း လူ့အလွှာရဲ့တေလေကြမ်းပိုးတွေ ဆေးသမားတွေ သူခိုးတွေ
ကျက်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။

ကယ်လတ်ဘ်ရဲ့ဝါသနာကတော့ တွားသွားသတ္တဝါတွေ မွေးမြူခြင်း
ဖြစ်ပြီး သူ့အခန်းထဲမှာ နည်းအမျိုးမျိုးနဲ့စုဆောင်းထားတဲ့ သတ္တဝါ
တွေရှိပါတယ်။တစ်နေ့မှာတော့ ရှားပါးမျိုးစိတ်  အဆိပ်ပြင်း ပင့်ကူ
တစ်ကောင်ကိုခေါ်လာမိရာကနေ အဲ့ဒီပင့်ကူက လွတ်ထွက်ပီး အ
ဆောက်အအုံကြီးတစ်ခုလုံးမှာ ဥတွေပွား၊အကောင်တွေပေါက်၊
အဆမတန်ကြီးထွားလာပြီးအားလုံးကိုဒုက္ခပေးပါတော့တယ်။
အဲ့ဒီကောင်တွေရန်ကနေ လွတ်အောင်ရုန်းထွက်ဖို့ ကယ်လတ်ဘ်နဲ့
သူ့သူငယ်ချင်းတစ်စု၊ တိုက်ခန်းနေလူထုရဲ့စွန့်စားခန်းတွေကို အသဲ
တယားယားရင်တဖိုဖိုကြည့်ရှုရမယ့် တန်းမြင့်
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

#Credit
👍1
Asih 2 (2020)
----------------

2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက
ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။
Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့
မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို လုပ်ပါတယ်။
Dr.Sylvia တိုလင်မယားက ကလေးတစ်ယောက် ဆုံးရှုးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့်
အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လိုသတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။
သူတိုမသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။
ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က
ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။

#Credit
The Duchess (2008)

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော
Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်
ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်
မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့
လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်
ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့
အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။
ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို
ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ
၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့
ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။
1
Red Right Hand (2024) ဇာတ်ကားသစ်

ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။

ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။

ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)
Paune 9 (2023)
==============
ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင်
အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ်
ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်
ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့်
ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်
ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက "လူ့အသား" လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ ...
နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။
Bunraku (2010)
***

ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်

ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်

သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ

လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း

တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း

ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား

အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ

အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို

ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။

တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား

တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ

မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်

အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။

သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်

နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ

ပဲဖြစ်ပါတယ်။
Kon-Tiki(2012)
==========

IMDB - 7.2/10

ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ "မင်းရဲ့ သီအိုရီကို သက်သေပြချင်ရင် ဒီ တီကီဒေသခံတွေ လုပ်ခဲ့သလို ဖောင်တစ်စင်းနဲ့ ပီရူးနိုင်ငံကနေ ပိုလီနီရှားရောက်အောင်သွားပါလားကွ" တဲ့။ ဒီမှာတင်...
THE PLAYER [2021] / စ / ဆုံး

ဇာတ်လမ်းတွဲအညွှန်း

အောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ

သူတို့အောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအများအားကျရသအောင်မြင်ကြွယ်ဝမှုတွေ ၊ ခမ်းနားတောက်ပမှုတွေနဲ့ ကျော့မော့နေတဲ့ လူချမ်းသာတွေရဲ့ဘဝ

သူတိုအောင်မြင်မှုတွေရဲ့နောက်ကွယ်က လူအမ်ားအားက်ရသလို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား

ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို.

ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်

ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ
ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ
တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ
အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါ

တရားခံက ဘယ်သူလဲကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား
လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့

လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မွာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ

P.S 18+ အခန်းတွေလည်းပါပြီး မျိုးစုံလောင်ရမဲ့ ကားဖြစ်တဲ့အလျောက် မိသားစုဝင်များနှင့်အတူ မကြည့်သင့်ပါကြောင်း >_<လို အကောင်းတွေနဲ့ပဲ ပြည့်နေရဲ့လား

ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘဝဇာတ်ခုံကြီးမှာ လူတကာနဲ့ ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ဖိုအတွက် ကျရာဇာတ်ရုပ်ကနေ အတတ်နိုင်ဆုံးကနေရတဲ့ သူတို.

ကိုယ့်လက်ရှိနဲ့ အလှမ်းဝေးလွန်းလှတဲ့ဘဝကို ရယူချင်လာတဲ့ လောဘတွေကိုပိုက်ထားတဲ့ လူတစ်သိုက်

ဘယ်လိုကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေကိုထုတ်သုံးကြမလဲ
ယုံကြည်ရတဲ့သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးဖိုလည်း ဝန်မလေးတဲ့သူတွေ
တစ်ယောက်ဘဝကိုဆွဲချနိုင်ဖိုအတွက် ကိုယ့်ဘဝကိုပါ စတေးမဲ့သူတွေ
အပြန်ပြန်အလှန်လှန် သစ္စာဖောက်မှုတွေနဲ့တားဆီးမရတဲ့ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါ

တရားခံက ဘယ်သူလဲကိုယ့်ဘေးနားကလူကရော ယုံကြည်ရသူဟုတ်ရဲ့လား
လောဘနဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်ရရဲ့လားဆိုတဲ့

လူ့သဘောသဘာဝရဲ့ အယုတ်ကန်းနိုင်ဆုံး အမူအကျင့်တွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရမဲ့ Genre စုံ ထိုင်းကားကောင်းလေးဖြစ်တဲ့ The Player ကို CM မွာ အပတ်စဉ် Mon, Tue တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ

P.S 18+ အခန်းတွေလည်းပါပြီး မျိုးစုံလောင်ရမဲ့ ကားဖြစ်တဲ့အလျောက် မိသားစုဝင်များနှင့်အတူ မကြည့်သင့်ပါကြောင်း
👍1
Carnival Row 2019 Season-1
1 to 8 စဆုံး
ဒဏ္ဍာရီဆန်တဲ့ သတ္တဝါတွေ ရဲ့ နယ်မြေကို လူသား တွေက အခြေချ နေထိုင်ဖို့ ကျူးကျော်ဝင်ရောက်လာတဲ့ အခါမှာတော့ လူသားတွေနဲ့ ဒဏ္ဍာရီသတ္တဝါ တွေ
( creatures: faeries (“Pix”), fauns (“Pucks”), trolls (“Trows”),centaurs, werewolves (“Morroks”))က အတူယှဉ်တွဲ နေထိုင်ဖို့ ရုန်းကန် ရပါတယ်။

အဲ့ သတ္တဝါတွေကို လွတ်လပ်စွာနေထိုင်ဖို့
ချစ်ကြိုက်ဖို့ ပျံသန်းဖို့ ကို တားမြစ်ထားပါတယ်
ဒါမဲ့ အမှောင်ကမ္ဘာထဲမှာတော့ ရှင်သန်နေထိုင်နိုင်ပါတယ်။ ငြိမ်းချမ်းနေတဲ့ Row ကို ခြိမ်းခြောက်နေတဲ့ ကွင်းဆက်လူသတ်သမား ကို စုံစမ်းဖော်ထုတ်ကြပါတယ်။

Philo(ဖိုင်လို) နဲ့ Vignette(ဗင်ညက်) တို့ဟာဆိုရင် Tirnanoc(တဲနေးနော့) မှာ စစ်ပွဲမှာ တာဝန်ထမ်းဆောင် နေတုန်း ချစ်ကြိုက်ခဲ့ကြပါသေးတယ်……
အဲ့အခါမှာ လူသားစုံထောက် Philo(ဖိုင်လို) နဲ့ နတ်သမီးတပိုင်း Vignette(ဗင်ညက်) တို့ဟာ မပြေလည် တဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါမှာတော့….

IMBD 8.1 ထိရရှိထားလို့ လက်မလွှတ် သင့်တဲ့ စီးရီးလေးတစ်ခုပါ…..
1
Perfume: The Story of a Murderer (2006)
စမွေးဖွားလာကတည်းက ငါးစိမ်းတန်း ညစ်ပတ်စုတ်ပြတ် အနံ့ဆိုးရွားတဲ့ငါးစျေးတန်းမှာ အမှိုက်ပုံထဲ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်
ဒါပေမယ့် သူ့မှာ ပါလာတဲ့ ပါရမီကတော့ အင်မတန် အနံ့ခံစွမ်းအားကောင်းတာရယ်အနံ့တွေကို ခွဲခြားနိုင်ခြင်း ရှိမှုပါပဲ…
သူ့မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းသိပ်မရှိပါဘူး လိုချင်တာကိုပဲ သိတဲ စိတ်ပဲရှိပါတယ်သူ့ကို သနားလို့ အလုပ်ခေါ်ခိုင်းတဲ့ မွှေးနံ့သာများ ဖော်စပ်တဲ့ ဆရာတစ်ယောက်ဆီ
ရောက်ရှိပြီး နောက် ကိုယ်ပိုင်ရေမွှေးတစ်ခု ထွင်ချင်လာပါတယ်…ဒါပေမယ့် သူထွင်ချင်တာကတော့ အပျိုစစ်စစ်များ ရဲ့ ကိုယ်သင်းမွှေးရနံဖြစ်ပြီး
ထိုမွှေးရနံတွေ ရဖို့ မိန်းကလေးတွေကို ပေါင်းတင်အဆီထုတ်ပြီး ဖော်စပ်ရတာပါဒီလိုနဲ့ မြို့တော်မှာ အပျိုလေးတွေ ကိုယ်တုံးလုံးနဲ့ အသတ်ခံရတာ များများလာလို့
လိုက်လံ ဖမ်းစီးပြီး ရေမွှေးဖော်စပ်တဲ့ ကောင်လေးကို ဖမ်းမိသွားတဲ့ အခါမှာတော့….