UPDATE - အညွှန်းသီးသန့်
6.66K subscribers
12 links
Download Telegram
Arcane(2021) Complete
နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကို

ပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့

ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်…

ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ…

ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်…

အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်…

ဒါကတော့ အခုတင်ဆက်ပေးမယ့် ‘Arcane’ ဆိုတဲ့ စီးရီးပါ… LOL အခြေတည်ရာကမ္ဘာကတော့

Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့

universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်… ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..

နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ…

ဒီ universe ကြီးကို ဟိုးအရင်တည်းက ချန်ပီယံ မိတ်ဆက် cinematic trailer… short video တွေ စသဖြင့် နည်းမျိုးစုံနဲ့

မိတ်ဆက်ခဲ့ပြီး အခုမှသာ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်… ဒီတော့ ပရိသတ်ကြီးအနေနဲ့

ဒီဇာတ်လမ်းဇာတ်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်တော့မှာပါ… အခု စတင်ထွက်ရှိလာတဲ့

Arcane ဇာတ်လမ်းတွဲကတော့ LOL ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်…

မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး Vi နဲ့ ဒုတိယဟာလေကွင်းလို့တောင် တင်စားရမယ့် ရူးကြောင်ကြောင်

Jinx တို့ရဲ့ဇာတ်လမ်းဟာ ဘာကြောင့် ဘယ်လိုတွေ ဖြစ်လာသလဲဆိုတာကို ဒီ Arcane ဆိုတဲ့ဇာတ်လမ်းကြီးထဲမှာ ကြည့်ရှူခံစားကြပါဦး…

သူတို့နှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး တခြားချန်ပီယံတွေရဲ့အကြောင်းကိုလည်း သိရမှာဦးမှာမို့ သေချာလေးကြည့်ဖို့တော့ လိုမယ်နော်…
SeriesSecret Invasion (2023)

Synopsis of Secret Invasion (2023)
Secret Invasion (2023) Completed Mini Series

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။



~ ဇာတ်လမ်းအကျဉ်း ~



နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ MCU မဆန်ဆုံး MCU ရှိုးတစ်ခုမို့လို့ စိတ်ချလက်ချကြည့်လိုက်ကြပါဦး။
Twisted Metal – Season (01)
====================
IMDb Rating – 7.8/10

Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။
Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb
rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း
တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင်
လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက်
ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့
Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။
တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို
ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး
အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ်
စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက
ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း
ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ
တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။
(သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)
" ဆန်းကြယ်ဂြိုလ်သားလေး မိုးဇက် "
Mozart From Space 2022

ဒီဇာတ်ကားလေးကတော့ မျက်နှာချင်းဆိုင်လိုမရတဲ့
သားအဖနှစ်ယောက်ကြားထဲက အကြောင်းလေးပဲဖြစ်ပါတယ်။
နက္ခတ္တဗေဒကို အလွန်ရူးသွပ်တဲ့ သားဖြစ်သူရန့်ရှောင်ထျန်းကို
အဖေလုပ်သူက စန္ဒယားပညာရှင်ဖြစ်စေချင်တယ်။

အဲဒီအတွက်ကြောင့်ပဲ သားအဖနှစ်ယောက်ဟာ
နေ့တိုင်းကို ရန်ဖြစ်စကားများနေကြပါတယ်။
တစ်ရက်မှာတော့ ဆန်းကြယ်တဲ့ ဂြိုလ်သားလေးမိုးဇက်ဟာ
ရုတ်တရက် သူတိုအရှေ့ကို ပေါ်ပေါက်လာခဲ့တယ်။
အဲဒီအချိန်ကစပြီးတော့ မိုးဇက်ဟာ ရန့်ရှောင်ထျန်းကို
သူ့အဖေနှင့် တိုက်ပွဲဝင်ရန် အကူညီပေးခဲ့တယ်။

ရန့်ရှောင်ထျန်း မထင်မှတ်ထားမိတာက မိုးဇက် ကမ္ဘာမြေကို
ရောက်လာရတာက တခြားတာဝန်တစ်ခုလုပ်ဖို ရောက်လာခဲ့တာပဲ။
အဲဒီတာဝန်က ဘာလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦး။
Liberation (aka) Before It Ends (2023)

IMDB: 7.0/10

ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်း
Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။
တော်၀င်မှုခင်းအရှုပ်တော်ပုံ (端溪奇案)Crisis of Duan Xi 2024 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း
စည်ပင်သာယာ၀ဖြိုးပြီး စီးပွားရေးတွေတိုးတက်တဲ့ စုန့်ခေတ်မှာ လှည့်စားမှုတွေနဲ့ အဂတိလိုက်လာဘ်စားမှုတွေ ရှိနေခဲ့ပါတယ် အရာရှိမင်းများသာအသုံးပြရသည့် မင်ကျောက်ကို ကိုယ်ရေးကိုယ်တာအတွက် အလွဲသုံးစားလုပ်ကာ အသုံးပြုနေသည်ဟုသတင်းရသည့်အတွက် အမျိုးသမီးအရာရှိ ဖန်းထင်ယွင်အား သွမ့်ရှီးမြိုကို သွားရောက်စုံစမ်းဖို ဘုရင်အမိန့်ပေးခဲ့ပါတယ်နှင်းတွေ ပတ်လည်၀န်းရံပြီး ရှုခင်းသာယာလှပလွန်းတဲ့ သွမ့်ရှီးမြိုကို ဖန်းထင်ယွင်ရောက်ရှိသွားချိန်မှာ နတ်မင်းငါးပါးအသက်နှုတ်ခြင်းဆိုသည့် အမှုတစ်ခု ဖြစ်ပွားနေခဲ့ပါတယ် လိုနဲ့ ဖန်းထင်ယွမ်လည်း ဒီထူးဆန်းတဲ့အမှုမှာပါ၀င်သွားပြီး တရားခံကိုဖော်ထုတ်ဖို သဲလွန်စလိုက်ရှာပါတော့တယ်အမှုစစ်ဆေးရင်းနဲ့ ပြည်သူတွေကို အုပ်စိုးနေတဲ့ ခရိုင်မှူး ၊တက်ကြွပြီး တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ လူငယ်လေး ၊သိုင်းလောကမှာ သွားလာနေတဲ့သူရဲကောင်း ၊မြိုနယ်ထဲမှာ ကင်းလှည့်နေတဲ့ လူဆိုးထိန်း အစရှိသူတွေ တစ်ယောက်‌ပြီးတစ်ယောက် ဒီအမှုထဲမှာ ပါ၀င်လာကြတဲ့အခါ .....
The Plot (2024)

ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်
သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး
ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့် အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..

ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီး
မတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...
ဥပမာ ယာဉ်မတော်တဆမှု ဓာလိုက်သေဆုံးမှု အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု စသည့် မတော်တဆမှုပေါင်းများစွာပေါ့...

ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလို အလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့ အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာ သူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...

ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့
ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့....
Coma (2019)

==========

IMDb Rating – 6.4/10

#Unicode

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကား‌ကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက်

Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating 6.4/10 ရထားပြီ ကြည့်ရှုသူအများစုကြိုက်

နှစ်သက်လို့ နာမည်ရနေတဲ့ ကားလေးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းလေး Review လုပ်ပေးရရင် ခန္ဓာကိုယ်က အက်စီးဒင့်တစ်ခုခုကြောင့် သတိမေ့နေတဲ့အချိန်မျိုးမှာ

စိတ်ကဘယ်ကိုရောက်နေကြလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ လူကမေ့မျောနေတဲ့

အချိန်မှာ စိတ်က နောက်ထပ်ကမ္ဘာတစ်ခုမှာ ရှင်သန်နေကြတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ အဲဒီ့ Coma ဆိုတဲ့ကမ္ဘာက

လက်ရှိကမ္ဘာလိုမဟုတ်ဘဲ အရာဝတ္ထုတွေကို လူတွေရဲ့စိတ်ကူးတွေနဲ့ ဖန်တီးလို့ရတဲ့ကမ္ဘာမျိုးပါ။ အဲ့ကမ္ဘာဟာ လက်တွေ့ကမ္ဘာ

ကဲ့သလိုမဟုတ်ဘဲ ရှုပ်ထွေးမှုပေါင်းများစွာအပြင် အ ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ တစ်ခါမှမကြုံဖူးတဲ့အရာတွေ

အန္တရာယ်တွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကဲဒါဆိုရင် အဲ့ဒီ Coma ကမ္ဘာကြီးကရော ဘယ်လိုမျိုးဖြစ်လာတာလဲ…..

Coma ကမ္ဘာထဲရောက်လာတဲ့ လူတွေကရော ပြန်နိုးလာကြရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုပေးကြပါဦး။
The Descent (2005)

Horror ကားအများစုဟာ Rating နည်းကြပါတယ်။The Descent ကတော့ IMDb 7.2 ရရှိထားတာကြောင့်Horror ကားတစ်ကားအနေနဲ့ Rating မြင့်တယ်လို ဆိုနိုင်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။The Descent ရဲ့အဓိပ္ပါယ်က ” ဆင်းသက်ခြင်း ” ဖြစ်ပေမယ့်” သက်ဆင်းခြင်း ” လိုပြောမှ ပိုမှန်မယ် ထင်မိပါတယ်။အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ။စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့လှိဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ်။ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှဂူထဲမှာ သူတိုချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ်။အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့….
Jump Scare(သွေးလန့်လိုခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့်သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်ထင်ပါတယ်။
𝐓𝐡𝐞 𝐋𝐞𝐠𝐞𝐧𝐝 𝐨𝐟 𝐇𝐞𝐢 (𝟐𝟎𝟏𝟗)

IMDB (7.3/10)

လူသားတွေဟာ တောတောင်တွေကို တစ်ဖြေးဖြေးနယ်ချဲ့ရင်းလူနေအိမ်တွေဆောက် စက်ရုံတွေဆောက်ပြီးတောထဲက တိရိစ္ဆာန်လေးတွေပါ နေစရာရှားပါးလာပါတယ်။

အဲ့ဒီထဲမှာ ရှောင်ဟိုင် ဆိုတဲ့ အနက်ရောင် ကြောင်လေးတစ်ကောင်လဲပါပါတယ်… ရှောင်ဟိုင် ဟာ တောထဲ မှာ နေစရာမရှိတဲ့နောက် လူတွေရဲ့လမ်းကြို လမ်းကြားတွေမှာ သွားရောက်နေထိုင်ပေမဲ့

ရက်စက်တဲ့ လူတွေက ဒီကြောင်လေးတစ်ကောင်ကိုတောင်လိုက်ပြီး ဖမ်းဆီးနှောက်ယှက်ကြပါတယ်…

အဲ့ဒီမှာပဲ ဖုန်ချီ ဆိုတဲ့ ကောင်လေး ဟာ ရှောင်ဟိုင်ကိုကယ်တင်ပြီး နေထိုင်စရာ နေရာလေး တစ်ခုပေးခဲ့တယ် ရှောင်ဟိုင် ရော ဖုန်ချီ ရောဟာ မွန်းစတားတွေ ဖြစ်ပြီး

ပုံမှန်အချိန်မှာ အကောင်လေးတွေ အဖြစ် ရှိပြီးစွမ်းအားရှိတဲ့ အကောင်တွေ အဖြစ်လဲ ပြောင်းလဲနိုင်ပါတယ်

ဒီလို မွန်းစတားတွေကို ဖမ်းဆီးနေတဲ့ အထက်က ဂိုဏ်းတစ်ခုလဲရှိတယ်သူတို့က လူသားနဲ့ မွန်းစတားတွေ ကြားက အခြေအနေကိုထိန်းသိမ်းတဲ့အဖွဲ့ဖြစ်ပြီး

ထိပ်တန်း က အကြမ်းစား ဖမ်းဆီးသူကတော့ ဝူရှန် ပါဒီလိုအေးချမ်းနေတဲ့ ဖုန်ချီ တို့ ရှောင်ဟိုင် တို့ ဘ၀ ထဲကိုမုန်တိုင်းဆန်မယ့် ဝူရှန် ဝင်ရောက်လာခဲ့သော အခါမှာတော့..

#Credit
 Kingdom of the Planet of the Apes 2024

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့
သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ
ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့
လေးကားမြောက်ပါ။
ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။
Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ
ကြည့်ရှုနိုင်ပါတယ်။
1. Rise of the Planet of the Apes 2011
2. Dawn of the Planet of the Apes 2014
3. War for the Planet of the Apes 2017
4. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင်
ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့
Website မှာ တင်ပေးထားပါသေးတယ်။
Planet of the Apes (1968) …
Beneath the Planet of the Apes (1970) …
Escape From the Planet of the Apes (1971) …
Conquest of the Planet of the Apes (1972) …
Battle for the Planet of the Apes (1973) …
ဇာတ်လမ်းအကျဉ်း
ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက်
နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး
အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။
သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို
ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး
အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့
နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး
သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး
လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန်
လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ
မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။
 
 
One Cent Thief ( 2022 )
ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ
အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့
ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့်
ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး
အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့
မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။

ကောလိပ်ကျောင်းသားဘ၀မှာကတည်းက
ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန်
ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။
ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ
ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ်
လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။

ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင်
ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက်
သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။
ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့
ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက်
ပိုက်ဆံလိုလာခဲ့ပါတယ်။

ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ
အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။
အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ
အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ
ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။
Domino Day (2024) 1080p

ဗြိတိန်တီဗီစီးရီး Domino Day ဟာ Fantasy ၊ Drama
အမျိုးအစားစုန်းကားဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ
ထွက်ရှိထားပြီး မတူညီတဲ့စိတ်ဝင်စားစရာ ဇာတ်ကောင်တွေရဲ့
ပေါင်းစပ်မှုနဲ့အတူ ကြည့်မိတာနဲ့စုန်းပြုစားခံလိုက်ရသလို
ကြိုက်သွားမှာအသေအချာပါပဲ။
ဒိုမီနိုဒေးဆိုတဲ့စုန်းမလေးဟာ သူကိုယ်တိုင်တောင်ဘာကြောင့်မှန်း
မသိဘဲ တခြားစုန်းတွေထက်စွမ်းအားပိုကြီးနေတဲ့ သင်းကွဲစုန်း
တစ်ယောက်ဖြစ်ပါတယ်။ နက်နဲတဲ့လျှို့ဝှက်ချက်တွေနဲ့ဒိုမီနိုဟာ
မန်ချက်စတာမြို့အတွင်းမှာ ဖုန်းအပလီကေးရှင်းတစ်ခုကတစ်ဆင့်
ယောက်ျားတွေနဲ့ချိန်းတွေ့ပြီး အဲဒီယောက်ျားတွေရဲ့အားအင်တွေကို
စုပ်ယူတဲ့နည်းနဲ့ ရှင်သန်နေထိုင်လျက်ရှိတာကို တစ်ရက်မှာတော့
စုန်းသိုက်တစ်ခုက ခြေရာခံမိသွားခဲ့ပါတယ်။ ကတ်ဦးဆောင်တဲ့
စုန်းသိုက်ဟာ ဒိုမီနိုက လူတွေကိုအန္တရာယ်ပေးမှာစိုးတာကြောင့်
ဒိုမီနိုမသိအောင် လိုက်လံခြေရာခံစုံစမ်းနေခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဒိုမီနိုဟာ လီယွန်ဆိုတဲ့လူသားကောင်လေး
တစ်ယောက်ကို တကယ်ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒိုမီနိုအနေနဲ့
သူ့ကိုယ်ထဲကလျှံထွက်နေတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားမှာလား…
သူ့နောက်လိုက်နေတဲ့စုန်းတစ်သိုက်နဲ့ရော ဘယ်လိုရင်ဆိုင်တွေ့မလဲ
ဆိုတာတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။
Dora (2017)
---------------------------

IMDB (5.7/10)

ဒီကားလေးကတော့ IMDb မှာ rating 5.3 ရထားတဲ့ Action, Horror, Thriller ကားလေးပါ

အဖေတစ်ခု သမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်၊ သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့
ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်

တစ်နေတော့ သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ်

အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်၊ ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့
From Hell (2001)
----------------------------
IMDB (6.8/10)

ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့

စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ်

တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်းတစ်ခုဖြစ်ခဲ့ပါတယ် အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ရှိနေပြီး ပြည့်တန်ဆာတွေကို သတ်ပြီးရင် လိင်အင်္ဂါကို လှီးယူသွားတက်ပါတယ်

ရဲတွေလဲ အတော် ခေါင်းစားနေပါပြီ ဒီအမှု ကို ဖြေရှင်းနိုင်မယ့်သူကလဲ တစ်ယောက်ပဲ ရှိပါတယ် သူကတော့ အက်ဗာလိုင်း ပေါ့ ဇတ်လမ်းက စကြည့်ကတည်းကနေ အဆုံးထိ အင်မတန် စိတ်၀င်စားဖို့ကောင်းပါတယ်

အင်္ဂလန်ဘုရင်မကြီး နဲ့ တော်၀င်မျိုးဆက်တွေ အပါအ၀င် မြန်မာပြည်မှာနာမည်ကြီးတဲ့ ပလျှူးခေါင်းဖြတ်ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဖရီးမေဆင်လို ဂိုဏ်းတွေပါ ပါ၀င်လာခဲ့ပါတယ်
Ghost Painter (2020)

ဇာတ်လမ်းအကျဉ်းကတော့
တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါကအလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ.တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီးအင်တာဗျူးတာကို တင်ဆက်ပေးတဲ့ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ.တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကိုအဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်ကfake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲreality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့်ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲမြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါမြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်းအလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲကောင်းတာကြောင့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုဖြစ်ကြောင်းညွှန်ရင်း ကြည့်ဖို့ တိုက်တွန်းပါရစေ.
Shinobi: Heart Under Blade (2005)

Genre - Action / Drama
နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံး၀ မတည့်ကြပါဘူးတောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်…
စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲအုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်..ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်…
ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ်ပြန်လည်ရင်ဆိုင်ရတော့မှာပါ…
Final Summer (2023)

Silver Lake နွေရာသီစခန်းမှာ အဖြစ်ဆိုးတစ်ခု ကြုံခဲ့ရပြီးနောက် ညနေခင်မှာဝန်ထမ်းလူငယ်တစ်စုက ပိတ်ရက်အတွက် ပြင်ဆင်နေကြပါတယ်။
ဒီလိုနဲ့ ကိုယ့်တာ၀န်ကိုယ် လုပ်နေကျရင်း မှောင်ရီပျိုးစအချိန်မှာ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မိုက်ခ်တစ်ယောက် ပျောက်ဆုံးနေတာကို သိလိုက်ကြရတဲ့အချိန်မှာတော့ စခန်းထဲမှာ မိုက်ခ်ကိုရှာဖွေဖို့အတွက် စတင်ကြရ‌ပါတော့တယ်။

သူတို့တွေအားလုံး သတိမထားမိလိုက်တာကတော့ သစ်တောထဲက ခေါင်းစွပ်‌စွပ်ထားပြီး ပုဆိန်တစ်လက်ကိုင်ထားတဲ့ လူသတ်သမားတစ်ယောက် စောင့်ဆိုင်းနေတယ်ဆိုတာကိုပါပဲ။

ဒီလိုနဲ့ အမည်မသိ ပုဆိန်နဲ့လူသတ်သမားရဲ့လက်ထဲကနေ ဘယ်သူတွေကလွတ်မြောက်မလဲ၊ ပုဆိန်နဲ့လူသတ်သမားကရောဘယ်သူလဲဆိုတာကတော့...
သည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်တဲ့အတွက် အညွှန်းကတော့ ဒီလောက်လေးပဲ ပြောထားပါရစေ.....
It Shall Not Be Named (2023)

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ It shall not be named ဆိုတဲ့ ဇာတ်ကားလေးပဲ​​ဖြစ်ပါတယ်။

ဒီကားလေးထဲမှာ ခရစ်စ်နဲ့ကတ်ဆိုတဲ့ ချစ်သူနှစ်ဦးရှိကြပါတယ်။ တရက်မှာ ကတ်က အပိုဝင်ငွေလေးရအောင်ဆိုပြီး အခန်းဖော်တစ်ယောက်ရှာပြီး သူ့အိမ်ကအခန်းတစ်ခန်းကိုငှားပါတော့တယ်။
အဲ့အခန်းဖော်ရောက်လာပြီးကတည်းက ကတ်တစ်ယောက် နာမ်လောကနဲ့ဆိုင်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာရတာပါ။

သူ့ရည်းစားခရစ်စ်ကိုလည်း အခန်းဖော်သစ် ဂျက်စီနဲ့ အထင်လွဲ သဝန်တိုပြီး ဂျက်စီကိုအကောင်းမမြင်ဖြစ်လာပါတယ်။ နောက်ပြီးခြောက်ခြားစရာတွေလည်းကြုံတွေ့နေရလို့ ကတ်နဲ့ခရစ်စ်တို့နှစ်ယောက်က ဂျက်စီရဲ့အခန်းကိုခိုးဝင်ပြီး ရှာဖွေတဲ့အခါမှာ ဂါထာမန္တန်နဲ့စုန်းအတတ်ပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်။
ဂျက်စီရဲ့သရုပ်မှန်ကဘာလဲ ခရစ်စ်နဲ့ကရော တကယ်ပဲဖောက်ပြန်နေခဲ့သလား ကတ်ကရောဘယ်လိုခြောက်ခြားစရာတွေကြုံတွေ့ရဦးမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးကြပါဦး......
King of Devil's Island (2010)

အဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်‌ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။

ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိ‌တ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။
အော်စကာတို့ ညီအစ်ကိုနှစ်ယောက်က အဖွားဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်။ သူတို့ရဲ့အမေဖြစ်သူကတော့ အချိန်ခရီးသွားခြင်းကိုလေ့လာရင်းနဲ့ ပျောက်ချင်းမလှ ပျောက်သွားပြီး အတိတ် ဒါမှမဟုတ် အနာဂတ်ကိုရောက်ရှိသွားတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်လို့ အော်စကာကယုံကြည်ထားပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်က အမေဖြစ်သူလေ့လာနေတဲ့ အချိန်ခရီးသွားတဲ့ တွင်းပေါက်တစ်ခုကိုရှာတွေ့သွားပြီး ဒီတွင်းပေါက်ထဲကိုခုန်ချပြီး အချိန်ခရီးသွားလိုက်တဲ့နောက်မှာတော့…အော်စကာနဲ့တီယိုဟာ လက်ရှိအချိန်ကာလာကနေ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်တဲ့ အနာဂတ်မှာပြန်ဆုံသွားတဲ့အခါမှာတော့ တစ်ယောက်ကတော့ လူကြီးဖြစ်သွားပြီးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အချိန်ခရီးသွားလာခဲ့တဲ့ အချိန်ကာလက ကလေးအရွယ်လေးပဲရှိနေပါသေးတယ်။ဒီလိုနဲ့ ပုံမှန်အချိန်ကာလကို ပြန်ပို့ပေးဖို့အတွက် အသက်အရွယ်ရော ခေတ်ပါ ကွာသွားပြီဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက် အချိန်စီးကြောင်းတလျှောက် ခရီးသွားကြဖို့ရာ နည်းလမ်းတွေကိုရှာဖွေရင်း အချိန်ခရီးသွားကြရင်း အမေဖြစ်သူကိုပါ ရှာတွေ့သွားမလားဆိုတာကိုတော့ စိတ်၀င်တစားနဲ့ ဆက်လက်ကြည့်ရှုရမှာပါ။IMDb 6.4 ပဲရှိပေမဲ့ သရုပ်ဆောင်ရော plot twist တွေပါ ကောင်းတဲ့ရုပ်ရှင်လေးဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုဖို့ တန်ကြောင်း အကြံပေးလိုက်ပါတယ်။