UPDATE - အညွှန်းသီးသန့်
7.2K subscribers
12 links
Download Telegram
The Legend of Tarzan (2016)

ကျွန်တော်တိုရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို သူတိုကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ….ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့ စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း…….
Boy Kills World (2024)
***
ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။

တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။

ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီး

ရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်

တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။

မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgård

ပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီး

Action တွေကလည်း The Raid ကို မှီနေတယ်။

ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာ

သတိပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်း

*

ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကို

ချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်း

မြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာ

လုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကို

ဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်

ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံး

ဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာ

တောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီး

လက်စားချေဖို့ မြို့တက်လာပါတယ်။

ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီး

အသားကုန် ချကြတာ အဆုံးအထိပါပဲ။ အက်ရှင် ဟာသ

ကောင်းကောင်းကြည့်ချင်ရင် သေချာပေါက်ကြည့်ဖြစ်အောင်သာ

ကြည့်ပါ။
Civil War (2024)
==========

A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။

ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။
A Nightmare On Elm Street (1984)

ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။

မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)
Army Of The Dead (2021)
-------------------------

IMDB (7.5/10)


ဇာတ်လမ်းအကျဉ်းကတော့ လက်စ်ဗီးဂတ်စ်မြို့မှာ ဇွန်ဘီတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်၊ ဒါကြောင့် တစ်မြို့လုံးကို LockDowm ပိတ်ချထားလိုက်ရပါတယ်

နောက်ထပ် ၄ ရက်အကြာမှာပေါ့၊ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့ အဖွဲ့ကို ဒေါ်လာ သန်း ၅၀ နဲ့  အလုပ်လာအပ်ပါတယ်

ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ ဇွန်ဘီတွေနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့
The Duchess (2008)

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော
Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်
ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်
မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့
လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်
ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့
အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။
ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို
ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ
၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့
ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။
Red Right Hand (2024) ဇာတ်ကားသစ်

ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။

ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။

ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)
Paune 9 (2023)
==============
ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင်
အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ်
ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က
ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်
ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့်
ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်
ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက "လူ့အသား" လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ ...
Atlas (2024)

ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။
ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။
နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ သိပ္ပံကားကြိုက်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်အမျိုးအစားပါပဲ။
Death Note (1+2)

ဒီ‌ကားလေးကို အားလုံးလည်းသိကြမှာပါအရမ်းလည်း နာမည်ကြီးပါတယ်။Anime ကို Live Action ပြန်ရိုက်ထားတာပါ၊Animeမှာကျတော့ Lကို အနည်းငယ်နှိမ်ထားတာတွေ့ရတယ်ဗျ၊Kiraကိုပဲ အသားပေးထားတာပေါ့၊ Live Action မှာတော့ သူတို့နှစ်ယောက်က တကယ်ကို လက်ရည်တူပြီး ဘယ်သူကပိုသာလို့သာမှန်း မသိအောင်ပဲ၊တကယ် ကြည့်နေရင်းနဲ့ တကယ်ကိုမိုက်တာ ဉာဏ်ချင်းယှဉ်တိုက်တဲ့ကစားပွဲ လန်ထွက်နေတာပဲ။
WandaVision 2021 Season 1
ကဲ Avengers တွေထဲက Wanda နဲ့ Vision အတွဲလေးရဲ့ စီးရီး လာပါပြီ။
စီးရီးကိုတော့ sit-com ဟာသ ပုံစံနဲ့ အစပြုထားပါတယ်။
ဝန်ဒါနဲ့ ဗီရှင်တို့ဟာ ပျော်ရွှင်စွာ လက်ထပ်ထားတဲ့ စုံတွဲအဖြစ် တည်ရှိနေကြပါတယ်။
သူတို့တွေ ဘယ်လိုလက်ထပ်ခဲ့တယ် ဘာမှာရောက်နေတယ်
ဘယ်ကလာတယ်ဆိုတာကို သူတို့ကိုယ်တိုင်တောင် မမှတ်မိတော့ပါဘူး။
သန်းနို့စ် မသေခင်ကလား သေအပြီးလား ဝန်ဒါ soul stone ထဲမှာ ရောက်နေတာလား
အခြား အပြိုင်စကြဝဠာလား အခြား reality လား ဆိုတာ မသိနိုင်သေးပါဘူး။
အပိုင်းအစကတော့ ရယ်စရာတွေ ပျော်စရာတွေနဲ့ပဲ အစပြုထားပါတယ်။
လျို့ဝှက်ချက်တွေကိုတော့ စောင့်ကြည့်ကြတာပေါ့ဗျာ။
Peacemaker (2022)

IMDb Rating – 7.3/10

Suicide Squad 2 မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ ပိစ်မိတ်ကာရဲ့ စီးရီးအသစ်ထွက်ပါပြီ။
သရုပ်ဆောင်ကလည်း တွေ့တဲ့အတိုင်း ဂျွန်စီနာ ပါပဲ။ ပိစ်မိတ်ကာဆိုတဲ့ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတဲ့
နာမည်နဲ့လိုက်အောင် ခရစ်စ် ဟာ ငြိမ်းချမ်းရေးကို အရမ်းတန်ဖိုးထားသူတစ်ယောက်ပါ။ ငြိမ်းချမ်းရေး
ရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်
အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။ဒီစီးရီးကတော့
Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။
ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့
အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။

PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။
Moon Knight (2022)

IMDb Rating – 9.0/10

အားလုံးပဲစောင့်မျှော်နေတဲ့ Marvel ရဲ့ စီးရီးအသစ်တစ်ခုဖြစ်တဲ့
Moon Knight ကတော့ ထွက်ရှိလာပါပြီ။ ဒီစီးရီးကို အပတ်စဥ◌်
ဗုဒ္ဓဟူးနေ့တိုင်း Disney + ကနေပြသသွားမှာဖြစ်ပြီး cm ကနေ
အပတ်စဥ◌်တင်ဆက်ပေးသွားပါမည်။

IMDB မှာလည်း 9.0 နဲ့ အတော်လေး အခြေနေကောင်းနေတဲ့
Marvel ရဲ့ Standalone superhero series အဖြစ် Moonknight
ထွက်ရှိလာပါပြီ ။ Dune, Starwars တို့ကြည့်ဖူးသူတွေနဲ့မစိမ်းမယ့်
Oscar Issac က အဓိကပါဝင်ထားပြီး X-men ကားတစ်ကားမှာလည်း
Apocalypse အဖြစ်သရုပ်ဆောင်ခဲ့ဖူးသူပါ။

စရိုက်အမျိုးမျိုးပြောင်းလဲတဲ့ဝေဒနာဖြစ်နေတဲ့ စတီဗင်ဂရန့်ဟာ ရွှေရောင်
နွားချေးပိုးရုပ်လေးတစ်ခုလက်ထဲရောက်လာပြီးနောက် နဂိုကတည်းရှုပ်ထွေး
ခက်ခဲနေတဲ့ဘဝဟာ ပိုရှူပ်ထွေးလာပါတော့တယ်။ အဲ့ဒီအရုပ်လေးကြောင့်
Comic တွေအရ Khonshu ဆိုတဲ့ အီဂျစ် လနတ်ဘုရားတစ်ပါး၀င်ပူးခံရပါတယ်။
သူ့ရဲ့စွမ်းအားတွေက လပြည့်ညမှာ ပိုမိုအစွမ်းထက်လာပြီး အိမ်မက်တွေကနေ
အနာဂတ်ကို ကြိုမြင်နိုင်တာ ၊ အသက်ဓာတ်ကိုစုပ်ယူတာတွေပါ လုပ်နိုင်ပါတယ်။
Venom နဲ့ Eddie brook တို့ ခန္တာကိုယ်လုသလို Moonknight တဖြစ်လဲ
စတီဗင်ဂရန့်ဟာ ရရှိလာတဲ့စွမ်းအားနောက်ကွယ်က အခက်အခဲတွေကို ဘယ်လို
ရင်ဆိုင်‌ဖြေ ရှင်းသွားမလဲကြည့်ရမှာပါ။
Loki (2021) – (2023)
ကဲ ဒစ်စနေးရဲ့ လိုကီ လာပါပြီ။ မာဗယ်စီးရီးအသစ် ၃ ခုမြောက်ပါပဲ။ ဝန်ဒါဗီရှင် နဲ့ ဖယ်လ်ကွန်တုန်းကလည်းအားလုံးကျေနပ်ကြမယ်ထင်ပါတယ်။ ဒါကတော့ သူတို့တွေထက် ပိုပြီးမျှော်ရတဲ့ စီးရီးပေါ့ဗျာ။ လိုကီဟာ Endgame မှာတက်ဆာရက်နဲ့အတူ လွတ်မြောက်သွားတာကို အားလုံးအသိပါ။ အခုကတော့လွတ်မြောက်သွားတဲ့လိုကီကို TVA ဆိုတဲ့ စကြဝဠာရဲ့ အချိန်စီးကြောင်းတွေကို စောင့်ရှောက်သူတွေက ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်ပြီးအချိန်စီးကြောင်းကို ပြန်တည့်မတ်ဖို့ ကြိုးစားခဲ့ပေမယ့် လှည့်စားခြင်းနတ်ဘုရားဆိုတဲ့အတိုင်း TVA ထဲမှာပါပြဿနာတွေ ပေါင်းစုံ ဖြစ်လာတဲ့အခါ….
Warrior Nun Season 2

ပရိသတ်အကြိုက်တွေ့ခဲ့ကြတဲ့ လက်နက်ကိုင်ပြီး ကြမ်းကြတဲ့ သီလရှင်လေးများအဖွဲ့ Warrior Nun တို့
Season 2 တစ်ကျော့ပြန်လာပြီပဲ ဖြစ်ပါတယ်။

အေဗာက မေရီ ပျောက်သွားတဲ့ ကိစ္စတွေရယ်၊ အေဒရီယယ် လွတ်သွားတဲ့ ကိစ္စတွေရယ်၊
သူလုပ်မိတဲ့အမှားတွေ ကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့ပါတယ်။ ဘားတစ်ခုမှာ
အလုပ်သမားအဖြစ် ရုပ်ဖျက်နေရင်း အေဒရီယယ်ကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်နေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အေဒရီယယ်ဟာ နောက်လိုက်အပေါင်းအပါများစွာ ရရှိလာပြီး ဂိုဏ်းတစ်ခုကို
ထူထောင်လိုက်ပါတယ်။ အေဒရီယယ်က တမန်တော်လို့ ယုံကြည်သူတွေ အလွန်များပြားလာသလို သူက
ပိုပြီး အစွမ်းထက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဗာတီကန် တိုက်ခိုက်မှုဟာ တမန်တော် ပေါ်လာတာနဲ့
ဆက်စပ်နေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ပျံ့နေခဲ့ပါတယ်။
အေဗာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊
အေဒရီယယ်ကိုရော ရင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ အများကြီး ညွှန်းမနေတော့ဘဲ
ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး
The Spiderwick Chronicles (2024)


The Spiderwick Chronicles လိုပြောလိုက်ရင်

ငယ်ငယ်က အားလုံးနီးပါးကြည့်ဖူးခဲ့ကြမဲ့ စာအုပ်ကြီး

တစ်အုပ် နဲ့ မောင်နှသုံးယောက်ရဲ့ မှော်သတ္တဝါတွေကြားက

စွန့်စားခန်း ရုပ်ရှင်ကို ပြေးမြင်မိကြမှာပါ။ အဲဒီရုပ်ရှင်က

The Spiderwick Chronicles (မြန်မာအမည်-

အံ့ဖွယ်မှတ်တမ်းများ)ဆိုတဲ့ စာအုပ်ကိုရုပ်ရှင်အဖြစ်

ပုံဖော်ထားတာဖြစ်ပါတယ်။

အခု series လေးက အဲဒီရုပ်ရှင်ရဲ့ Reboot series တစ်ခုပါပဲ။

Reboot ဖြစ်တဲ့အလျှောက် ယခင်ရုပ်ရှင်နဲ့ မတူတာတွေ

အများကြီးရှိပြီး စာအုပ်ကိုပိုမို မှီငြမ်းထားတာတွေ့ရပါတယ်။



ဇာတ်လမ်းအကျဉ်း

***

ဂျဲရတ်ဟာ oppositional defiance disorder (ODD)ဆိုတဲ့

ဒေါသမထိန်းနိုင်၊ အလိုမကျ၊ ပြောတာနဲ့ဆန့်ကျင်ဘက်

လုပ်တတ်တဲ့ စိတ်‌ရောဂါအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့

မြီးကောင်ပေါက်လူငယ်တစ်ယောက်ပါ။ သူ့မှာ အစ်မ မယ်လိုရီနဲ့

အမြွှာအစ်ကိုဆိုင်မွန်တိုရှိပါတယ်။ အမြွှာဆိုင်မွန်ကတော့

ဂျဲရတ်နဲ့ဆန့်ကျင်ဘက် လိမ္မာနာခံပြီး အေးအေးဆေးဆေး

နေတတ်သူပါ။ အစ်မမယ်လိုရီကတော့ Fencing ကစား

သမားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုအမေဟာ ဂျဲရတ်ရဲ့

စိတ်ကျန်းမာရေးကိုကုသပေးဖို နဂိုနေထိုင်ရာ New York ကနေ

သူတိုရဲ့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာ Hensonမြိုကိုပြောင်းရွေ့

လာခဲ့ကြပါတယ်။ ဒီလိုနဲ့ဂျဲရတ်ဟာ သူတိုရဲ့အဘေး

Arthur Spiderwick မှတ်တမ်းပြုစုသွားတဲ့ မှော်သတ္တဝါတွေ

အကြောင်းစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။ စာအုပ်ရဲ့

အရေးကြီးတဲ့ စာမျက်နှာတွေဟာလည်းဟန်ဆန်မြိုနေရာ

အနှံအပြားမှာ ပြန့်ကြဲကွယ်ဝှက်နေပြီး တစ်ဖက်မှာလည်း

မော်ဂရတ်ဆိုတဲ့ ဘီလူးတစ်ကောင်ကလည်း ဒီမှတ်တမ်းစာအုပ်ကို

မကောင်းတဲ့နေရာမှာအသုံးချဖိုအတွက် လိုက်ရှာလိုနေပါတယ်။

ဂျဲရတ်တိုမောင်နှမသုံးယောက် ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲ..

မော်ဂရတ်ကိုရော တားနိုင်ကြမှာလား..

ရုပ်ရှင်နဲ့မတူတဲ့ ဘယ်လို လှည့်ကွက်အကြီးကြီးတွေပါနေမလဲ

ဆိုတာကိုတော့ စီးရီးထဲမှာပဲ ဆက်လက်ခံစားလိုက်ကြပါဦးရှင်။
Under Paris (2024)

၂၀၂၄ နွေရာသီအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့စိန်းမြစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့ သုံးမျိုးစုံအားကစားချန်ပီယံရှစ်ပြိုင်ပွဲကြီးကိုကျင်းပတော့မယ့်

အချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ဆိုဖီယာနဲ့ငယ်ရွယ်တဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွ
လှုပ်ရှားသူမီကာတို့ဟာ စိန်းမြစ်ထဲမှာ ငါးမန်းကြီးတစ်ကောင်
ရောက်နေတာကို သိရှိလိုက်ရပါတယ်။

အစောပိုင်းမှာ ငါးမန်းကြီးတစ်ကောင်တည်းလို့ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မြစ်ထဲမှာ အဲဒီငါးမန်းကြီးက သားပေါက်ထားတဲ့ငါးမန်းတွေအများကြီးရှိနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ ပါရီမြို့တော်ဝန်ကတော့ မြစ်ထဲမှာငါးမန်းရှိမှန်းသိလျက်နဲ့ မြစ်ထဲကအားကစားပွဲကိုမဖျက်သိမ်းဘဲ ဆက်လက်ကျင်းပ သွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဆိုဖီယာတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ စိန်းမြစ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့
အာဒီးလ်နဲ့ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ငါးမန်းတွေကြောင့်
လူအစုလိုက်အပြုံလိုက်သေဆုံးမှုမဖြစ်အောင် ကြိုးစားကြရပါတော့တယ်....
Arcane(2021) Complete
နာမည်ကျော် PC ဂိမ်းကြီးတစ်ခုဖြစ်တဲ့ League of Legends ဂိမ်းကြီးကို

ပရိသတ်တော်တော်များများ သိကြမှာပါ… ဒီဂိမ်းဟာ MOBA ဂိမ်းတစ်ခုဖြစ်ပြီးတော့

ကမ္ဘာတစ်ဝှမ်းဆော့ကစားသူပေါင်းသန်းချီရှိနေတဲ့ Playerbase အများဆုံးဂိမ်းလည်း ဖြစ်ပါတယ်…

ထူးခြားတာကတော့ ဒီဂိမ်းကိုပိုင်တဲ့ Riot ကုမ္ပဏီက Fan service ပေးရမှာ အင်မတန်ကို နာမည်ကြီးတာပါ…

ဂိမ်းထုတ်လုပ်ရုံတင်မကပဲ ဂိမ်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေ ရှိုးတွေ အလှူပွဲတွေအပြင် Kpop band လို အဆိုတော်အဖွဲ့တွေပါ ဖွဲ့ထားတာပဲဖြစ်ပါတယ်…

အခုတော့ နောက်တစ်ဆင့်အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေဘက်ပါ ခြေဦးလှည့်လာပြန်ပါတယ်…

ဒါကတော့ အခုတင်ဆက်ပေးမယ့် ‘Arcane’ ဆိုတဲ့ စီးရီးပါ… LOL အခြေတည်ရာကမ္ဘာကတော့

Runeterra ဆိုတဲ့ ကမ္ဘာကြီးဖြစ်ပြီး နောက်ခံသမိုင်းဇာတ်ကြောင်းတွေ ဇာတ်လမ်းတွေနဲ့ အင်မတန်ကျယ်ပြန့်တဲ့

universe ကြီးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်… ဂိမ်းထဲမှာပါဝင်တဲ့ ချန်ပီယံတွေရဲ့ ဘဝဇာတ်ကြောင်း..

နေရာဒေသတွေရဲ့ သမိုင်း..စတာတွေဟာ LOL ဆော့ကစားရာ Players တွေအတွက် သီးသန့်ကမ္ဘာတစ်ခုဖြစ်နေပြီး စိတ်ဝင်စားစရာလည်း အပြည့်နဲ့ပါ…

ဒီ universe ကြီးကို ဟိုးအရင်တည်းက ချန်ပီယံ မိတ်ဆက် cinematic trailer… short video တွေ စသဖြင့် နည်းမျိုးစုံနဲ့

မိတ်ဆက်ခဲ့ပြီး အခုမှသာ ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်… ဒီတော့ ပရိသတ်ကြီးအနေနဲ့

ဒီဇာတ်လမ်းဇာတ်ကြောင်းတွေကို အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်တော့မှာပါ… အခု စတင်ထွက်ရှိလာတဲ့

Arcane ဇာတ်လမ်းတွဲကတော့ LOL ရဲ့ ချန်ပီယံ နှစ်ယောက်ဖြစ်တဲ့ Vi နဲ့ Jinx တို့ရဲ့ ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်…

မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး Vi နဲ့ ဒုတိယဟာလေကွင်းလို့တောင် တင်စားရမယ့် ရူးကြောင်ကြောင်

Jinx တို့ရဲ့ဇာတ်လမ်းဟာ ဘာကြောင့် ဘယ်လိုတွေ ဖြစ်လာသလဲဆိုတာကို ဒီ Arcane ဆိုတဲ့ဇာတ်လမ်းကြီးထဲမှာ ကြည့်ရှူခံစားကြပါဦး…

သူတို့နှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး တခြားချန်ပီယံတွေရဲ့အကြောင်းကိုလည်း သိရမှာဦးမှာမို့ သေချာလေးကြည့်ဖို့တော့ လိုမယ်နော်…
SeriesSecret Invasion (2023)

Synopsis of Secret Invasion (2023)
Secret Invasion (2023) Completed Mini Series

ဒစ္စနေးရဲ့ စူပါဟီးရိုး စီးရီးအသစ်လာပါပြီ။ မာဗယ်ရုပ်ရှင်တွေရဲ့ Timeline အတိုင်းသွားတာဖြစ်ပြီး နောက်ကြောင်းပြန်တာမဟုတ်ဘဲ လက်ရှိ Update Timeline ပဲ ဖြစ်ပါတယ်။ She-Hulk အပြီး ကာလပါပဲ။ အဓိကဇာတ်ကောင်အနေနဲ့ နစ်ဖြူရီကြီးပါဝင်ပြီး GoT ရဲ့ နဂါးမေမေလည်း MCU မှာ စခရောဂြိုလ်သား ဂိုင်ရာအဖြစ်နဲ့ ပါဝင်လာပါပြီ။ ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် ပြသသွားမှာပဲ ဖြစ်ပါတယ်။



~ ဇာတ်လမ်းအကျဉ်း ~



နစ်ဖြူရီနဲ့ ကယ်ရိုးဒန်ဗာ ကပ္ပတိန်မာဗယ်တို့ဟာ စခရောတွေကို အိမ်အဖြစ် ဂြိုဟ်အသစ်တစ်လုံးရှာပေးမယ်လို့ ကတိပေးခဲ့ကြပေမဲ့ စခရောတွေထဲက အချို့က ကမ္ဘာကြီးကိုပဲ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်။ ဒါကိုတားဆီးဖို့ နစ်ဖြူရီ၊ အေးဂျင့်ဟေးလ်တို့က စခရော ခေါင်းဆောင်ဟောင်း တေးလို့စ်နဲ့ ပူးပေါင်းပြီး စခရောသူပုန်အုပ်စုကို တိုက်ခိုက်ကြပုံကိုတွေ့ရမှာပါ။ MCU မဆန်ဆုံး MCU ရှိုးတစ်ခုမို့လို့ စိတ်ချလက်ချကြည့်လိုက်ကြပါဦး။
Twisted Metal – Season (01)
====================
IMDb Rating – 7.8/10

Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။
Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb
rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း
တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင်
လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက်
ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့
Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။
တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို
ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး
အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ်
စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက
ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း
ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ
တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။
(သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)
" ဆန်းကြယ်ဂြိုလ်သားလေး မိုးဇက် "
Mozart From Space 2022

ဒီဇာတ်ကားလေးကတော့ မျက်နှာချင်းဆိုင်လိုမရတဲ့
သားအဖနှစ်ယောက်ကြားထဲက အကြောင်းလေးပဲဖြစ်ပါတယ်။
နက္ခတ္တဗေဒကို အလွန်ရူးသွပ်တဲ့ သားဖြစ်သူရန့်ရှောင်ထျန်းကို
အဖေလုပ်သူက စန္ဒယားပညာရှင်ဖြစ်စေချင်တယ်။

အဲဒီအတွက်ကြောင့်ပဲ သားအဖနှစ်ယောက်ဟာ
နေ့တိုင်းကို ရန်ဖြစ်စကားများနေကြပါတယ်။
တစ်ရက်မှာတော့ ဆန်းကြယ်တဲ့ ဂြိုလ်သားလေးမိုးဇက်ဟာ
ရုတ်တရက် သူတိုအရှေ့ကို ပေါ်ပေါက်လာခဲ့တယ်။
အဲဒီအချိန်ကစပြီးတော့ မိုးဇက်ဟာ ရန့်ရှောင်ထျန်းကို
သူ့အဖေနှင့် တိုက်ပွဲဝင်ရန် အကူညီပေးခဲ့တယ်။

ရန့်ရှောင်ထျန်း မထင်မှတ်ထားမိတာက မိုးဇက် ကမ္ဘာမြေကို
ရောက်လာရတာက တခြားတာဝန်တစ်ခုလုပ်ဖို ရောက်လာခဲ့တာပဲ။
အဲဒီတာဝန်က ဘာလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦး။