UPDATE - အညွှန်းသီးသန့်
7.2K subscribers
12 links
Download Telegram
The Beekeeper (2024)

ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။
ဇာတ်လမ်းအကျဉ်း
ဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို သူငယ်ချင်းအကူအညီတောင် မပါပါဘူး။
Midnight Peepshow [2022]
( IMDb 4.7/10, RT 100% )ဂရေဟမ်က စီးပွားရေးရင်းနှီးမြှုပ်နှံရေးသမား…
သူ လုပ်တာက တက်သစ်စ စီးပွားရေးကုမ္ပဏိတွေမှာ လိုက်ရင်းနှီးပြီးတော့ စီးပွားရှာတာပဲ…
ဇာတ်လမ်းအစမှာ ဂရေဟမ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်ရင်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်…
လုခံရမှန်း တန်းသိတော့ ပိုက်ဆံအိတ်ထဲက သူ့မိန်းမဓာတ်ပုံလေးကိုသာ ပြန်ပေးဖို့ သူတောင်းဆိုရှာတယ်…
နောက်တော့ ဘားသွား အရက်သောက်… အဲ့နောက်မှာ ဟီရိုအင်း ဝယ် ဆေးချပြီးတော့ လန်ဒန်မြို့ထဲ ပတ်တယ်…
ဒီလိုနဲ့ တစ်နေရာမှာ ပိုက်ဆံပေးပြီး ချောင်းကြည့်ပေါက်ကနေ
အဖော်အချွတ်မယ်တွေကို ကြည့်ရတဲ့ Peepshow တစ်ခုကို သူရောက်သွားပါတယ်…
ဂရေဟမ်က အစကတော့ အဖော်အချွတ်မယ်လေး တစ်ယောက်ကို ကြည့်နေပါတယ်…
နောက်မှတော့ မှော်ဆန်စွာပဲ မြင်ကွင်းတွေက ပြောင်းလဲသွားပါတော့တယ်…
ဘာတွေလဲဆိုတော့ ဂရေဟမ် ရင်းနှီးမြှုပ်နှံထားတဲ့ Black Rabbit ဆိုတဲ့ ကုမ္ပဏီဟာ
လက်တွေ့လောကက လိင်အသားပေး ကြမ်းကြမ်းရမ်းရမ်း သတ်ဖြတ်မှုတွေကို Live လွှင့်ပြတုန်းက ဟာတွေပဲဖြစ်နေပါတယ်…
ဒီလိုနဲ့ ဂရေဟမ် သိပ်ချစ်သိပ်မြတ်နိုးရတဲ့ ဇနီးလေးဟာလည်း ဒီ ဝက်ဘ်ဆိုဒ်ရဲ့ သားကောင်ဖြစ်နေမှန်း မြင်လာရပါတော့တယ်…
ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရှုစားကြရမှာပါ….
18+ ကြမ်းကြမ်းတမ်းတမ်းတွေ သတ်ဖြတ်ဆက်ဆံခန်းတွေ ပါတာကိုတော့ ကြိုတင်သတိပေးလိုက်ရပါတယ်နော်
Escape Plan (1)2013

၂၀၁၃ က ထွက်ထားတာဆိုပေမယ့်
ကျနော်တောင် အခုမှ ကြည့်ဖြစ်တာမို့
ကျနော်လိုပဲ မကြည့်ဖြစ်သေးတဲ့ သူငယ်ချင်းတွေကြည့်ရအောင် မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်

ဇာတ်လမ်းကတော့ ထောင်၁၄ ခုကို ဖောက်လာခဲ့တဲ့ကြေးစားထောင်
ဖောက်သမား Ray Breslin အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး
Stallone ဟာကမ္ဘာအကြမ်းဖက်သမား
စရင်း၀င် တွေကို ထိန်းသိမ်တဲ့ထောင်ကို ရောက်သွားပါတယ်

ထောင်ရဲ့ အခြေနေကတော့ Sona
ထက်အများကြီးကို ဆိုးပါတယ်
အကျဉ်းသားတိုင်း အချိန်မရွေး
သေအောင် သတ်နိုင်တဲ့ လုံထိန်းတွေရဲ့
ရက်စက်ကြမ်းတမ်းမှု အကျဉ်းသားတွေကလည်း သေရဲ သတ်ရဲ လောက်အောင် စိတ်ရိုင်းတွေ ကြီးစိုးရာထောင်

အဲဒီမှာ ဘဏ်ဖောက်ထွင်းဝိဇ္ဇာကြီး အဖြစ် အကျဉ်းကျနေတဲ့
Rottmayer အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Arnold Schwarzenegger တွေ့ကြပါတယ်

ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ပြီးခံစား
ကြည့်ပါ
The Final Girls (2015)

ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့
မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။
မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။
မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။

နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့…
သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို
သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

#Credit
Kids vs. Aliens (2022)

Horror, Sci-Fi

IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန်သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့်Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။
Kill Boksoon ( 2023 )

လူသတ်ရတာက ကလေးပြုစုပျိုးထောင်ရတာထက် ပိုလွယ်တယ်ဆိုတဲ့ Gil Bok Soon...

သူမဟာ 100% အောင်မြင်မှုနှုန်းနဲ့ ရက်စက်တဲ့ စာချုပ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်ရဲ့အမေပါ။

Gil Bok Soon ဟာ M.K.Ent က Cha Min Kyu ရဲ့ လေ့ကျင့်ခံထားရတဲ့ killer တစ်ယောက်ဖြစ်ပြီး Cha Min Kyu ဆိုသူဟာ တစ်ချိန်ကျရင် သူမဆီကနေ အရာအားလုံးကို လုယူသွားနိုင်တဲ့ အန္တရာယ်ရှိတဲ့လူမှန်းတဖြည်းဖြည်းသိလာခဲ့ရပြီးနောက်

ကြေးစားလူသတ်သမား အလုပ်ကနေ အနားယူပြီး သမီးဖြစ်သူကိုပဲ အချိန်ပေးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း

တစ်သက်လုံး ကျင်လည်လာခဲ့တဲ့ ဘဝကနေ ရုန်းထွက်ဖို့ဆိုတာ ထင်သလိုမလွယ်ကူတဲ့အရာမှန်းသိလာခဲ့ရတဲ့အခါ...

March 31, Netfix ကနေပြသမှာဖြစ်ပြီး strong female lead နဲ့ အက်ရှင် movie အမိုက်စားကို စောင့်မျှော်နေကြသူများအတွက်တော့ အကောင်းဆုံးရွေးချယ်မှုလေးဖြစ်စေမှာပါ။
Dhoom (2004)

Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။

ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။
Alvin And The Chipmunks : Chipwrecked (2011)

ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါ Ian လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသင်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvin ဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။ အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့ သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပါပြီ။

Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့ Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့တယ်။ မခေသူလေးကလည်း ” Alvin တဲ့ကွ ထိန်းလို့မရစေရဘူး ” ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ
မခေသူလေးကလည်း ” Alvin တဲ့ကွ ထိန်းလို့မရစေရဘူး ” ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရော ကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် …. ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်း နောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvin တို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း Dave နဲ့ အတူ သင်္ဘောပေါ်ကပြုတ်ကျပြီး ဇနကဇာတ်ကို ဖရီးကရလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ….. ပင်လယ်ထဲအထိ ကြိုးစားပမ်းစား လိုက်ရှာပြီးလို့ မိသားစုတွေ ပြန်ဆုံမိတဲ့အချိန်မှာမှ မထင်မှတ်ထားတဲ့ ဗီလိန်က ထွက်ပေါ်လာခဲ့ပါတော့တယ်။
Stephanie (2017)

Horror / Supernatural ပရိတ်သတ်ကြီးအတွက် ၂၀၁၇ က ထွက်ရှိထားတဲ့ Stephanie ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်... Sinister, The Purge နဲ့ Insidious ထုတ်လုပ်သူတွေက ထုတ်လုပ်ထားပြီး IMDB 5.6 ရရှိထားပါတယ်

အိမ်ကြီးတစ်အိမ်ထဲမှာ ကလေးမလေးတစ်ယောက် အရုပ်ကလေးတစ်ရုပ်နဲ့ စကားတွေပြောလိုက်နဲ့ တစ်ယောက်တည်းနေနေပါတယ်... သူ့မိသားစုဝင်တွေ ဘယ်ရောက်သွားကြတာလဲ...

ဘာလိုသူ့ကိုတစ်ယောက်တည်း ထားခဲ့ကြတာလဲ တီဗွီမှာလာနေတဲ့ ရုတ်ရုတ်သဲသဲသတင်းတွေကရော သူ့ကို လာလာဖမ်းတယ်ဆိုတဲ့ အကောင်ကြီးကတော့
စိတ်ကူးယဉ်သက်သက်လား... ဒါမှမဟုတ်…ဒါရိုက်တာ Akiva Goldsman က ရိုက်ကူးထားပြီး Stephanie အနေနဲ့သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင် Shree Crooks ဟာ အပိုအလိုမရှိသရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ reviews တွေလည်းရရှိထားပါတယ်
Escape Plan:The Extractors (3)2019


ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone
ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်

အရင်ထွက်ရှိထားပြီးဖြစ်တဲ့
Escape Plan 2013 နဲ့
Escape Plan 2: Hades 2018 တွေ
ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား
Escape Plan: The Extractors 2019 ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ်

ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး
စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကိုကယ်တင်မလဲဆိုတာကိုကြည့်ရှုကြရမှာဖြစ်ပါတယ်
Nobody’s Daughter Haewon(2013)


ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုးဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာစိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲ
Clifford the Big Red Dog [2021]

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ။

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ၊

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာအံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊
ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါ

သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအချော်လေးတွေ၊ ဟာသတွေအပြင် ချစ်စရာကောင်းတဲ့ ခွေးလေးရဲ့အပြုအမူတွေကြည့်ပြီး ကြည်နူးရမှာပါ

စိတ်ပင်ပန်းစရာတွေများနေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူတွေနဲ့တူတူစိတ်အပန်းပြေအောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကားလေးပဲ ဖြစ်ပါတယ်
Shanghai Fortress (2019) China

IMDb 4.3/10
Action Sci-Fi

အာကာသ ကျောက်စိုင်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးဒုက္ခရောက်ရတဲ့အချိန်မှာ လူသားတွေ တိုက်ပွဲရင်ဆိုင်တဲ့ပုံကိုရိုက်ပြထားတဲ့ ကားလေးပါ…ဒီကျူးကျော်သူ ဂြိုလ်သားတွေကိုလူသားတွေ ဘယ်လိုတိုက်မယ်…ဒီစစ်ပွဲတွေကြားထဲမှာဘယ်လိုဇာတ်လမ်းတွေ ရှိနေဦးမယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ…အက်ရှင်ကြိုက်သူ၊ sci-fi ချစ်သူတွေလည်းအကြိုက်တွေ့မယ့်ကားလေးမို့ လက်မလွှတ်သင့်ဘူးနော်
Exhuma (2024) HD

EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ

စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့
ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင်
ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ
စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက
Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်..
နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့
(Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်….
ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ
သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ….
ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ
ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး….
Ash and Bone (2022)

ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller အမျိုးအစားဖြစ်ပြီး Horror ကြိုက်တွေ ကြိုက်နှစ်သက်တဲ့သူတွေအဖို့ အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်စီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူ့အဖေ လူးကပ်ရဲ့ နောက်မိန်းမဖြစ်သူ ဆာရာနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အတွက်လူးကပ်စ်က သူတို့ကို မိသားစုအချင်းချင်း ပိုအဆင်ပြေရင်းနှီးသွားအောင် မြို့နဲ့ဝေးရာ သူ့ရဲ့ဇာတိမြို့လေးကို ခေါ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းညမှာပဲ ကတ်စီနဲ့ ဆာရာတို့စကားများခဲ့ကြပြီး ကတ်စီက ကားတစ်စီးနဲ့ အရက်ဆိုင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီဆိုင်မှာ တာ့ကာနဲ့အန်နာတို့နဲ့ရင်းနှီးသွားပြီး စကားပြောကြရင်းနဲ့ ကတ်စီဟာ မစ်ကင်နလီစ်အိမ်ကြီးရဲ့အကြောင်းကို စိတ်ဝင်စားသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေအဲဒီအိမ်ထဲကို ခိုးဝင်ကြရင်းနဲ့ မမျှော်လင့်ပဲ အိမ်ရှင်တွေပြန်ရောက်လာတဲ့အခါ သူတို့ကို လိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။

ကတ်စီနဲ့ သူ့ရဲ့သူငယ်ချင်းတွေ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်မှာလား။ ရှေ့ဆက်ပြီး ဘာတွေဖြစ်မှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
The Book Of Mythical Beasts

ဒီဇာတ်ကားကတော့ april 2020မှာထွက်ထားတဲ့လူနဲ့နတ်ဆိုးတိုက်ခိုက်မှုကိုမြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ..

ကုံးချိန်မင်းအုပ်စိုးစဉ်ကာလမှာ နတ်ဆိုးတွေကိုနှိမ်နင်းတဲ့ကျောက်တုံးဟာမိုးကောင်းကင်က ကျလာတဲ့နတ်မီးကြောင့်ပျက်စီးသွားရပါတယ်...

အဲ့အချိန်မှာ နတ်ဆိုးပေါင်းစုံထွက်လာပြီး ပြည်သူတွေကို
သတ်ဖြတ်တိုက်ခိုက်ပါတော့တယ်…

အဲ့အချိန်မှာ ဟွားမန်ထိန်ဆိုတဲ့နတ်ဆိုးမတစ်ပါးဟာဒီအခွင့်အရေးကိုအသုံးချပြီး လူတွေကိုထိခိုက်အောင်မလုပ်တတ်တဲ့နတ်ဆိုးကောင်းတွေကို နတ်ဆိုးအဖြစ်ပြောင်းလဲပြီးလူတွေကိုသတ်ဖြတ်ခိုင်းကာ လောက ကိုအုပ်စိုးဖို့ကြံပါတယ်..

ဒီလိုနဲ့ ဒီနတ်ဆိုးမကိုဖမ်းဆီးဖို့ နတ်ဆိုးနှိမ်နင်းသူတွေစုမိတဲ့အခါ..နတ်ဆိုးမကိုနှိမ်နင်းနိုင်ပါ့မလား…
love will tear apart

၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့
သူမကမနက်ဖြန်လက်ထပ်တော့မယ်…….. ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ…..မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး…ငါမင်းကိုချစ်ခဲ့မိလို့ ဘယ်တော့မှနောင်တမရဘူး….. လွီချင်းယန်ဟာ
လင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာတစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်….. သူတို့တွေ အပြန်အလှန်အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်…..သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်…..တခြားအရာတွေထက် ကောင်လေးဘေးမှာ ရှိနေဖို့သာလိုအပ်ပြီးအမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ… သူမကိုပြီးပြည့်စုံအောင်ထားနိုင်မှလက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား
Where Is The Friend's House (1987)

ပါရှန်းစကားပြော အီရန်ခေတ်ဟောင်းရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းနာမည်အတိုင်းပဲ သူငယ်ချင်းအိမ်ကိုလိုက်ရှာတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းကို ပုံဖော်ထားပါတယ်။

နာမည်ကျော် ပါရှန်းကဗျာဆရာ ဆိုရော့ဘ်ဆယ်ဖယ်ဟာရီရဲ့ ကဗျာလေးကနေ ကောက်နှုတ်ပြီး တင်ဆက်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ သူ့ခေတ်သူ့အခါက ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ အဲဒီခေတ်ကလူတွေရဲ့ အတွေးအခေါ်တွေကို ရိုးရိုးလေးနဲ့ လှလှပပ ရိုက်ကူးတင်ဆက်သွားတာပါ။ ဆက်ဖက်ရန်နိုပ်ပါ
Manon of the Spring (1986)

ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။

တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။
မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။
J Baby (2024)

စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါ

ဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်

ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း
ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်
သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ
သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့
အမေက​ရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော
ဘယ်လိုဖြစ်လာမှာလဲ ​ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါ
Detective Chinatown (2015)

အားလုံးသိကြတဲ့အတိုင်းစုံထောက်ကားလေးပါပဲတရုတ်တန်းက စုံထောက်ဆိုတဲ့ဇာတ်ကားလေးပါ
အမေရိကန်မှာရှိတဲ့ chinatown မှာနေတဲ တန်ရန် က အမှုတစ်ခုကိုစုံစမ်းဖိုအတွက် ချင်းဖောင်ကို ခေါ်လိုက်တယ်အဲ့ဒီအမှုအတွက်ဆုကြေးကဒေါ်လာငါးသန်းဆိုတော့သူတိူနှစ်ယောက်အမှုကိုဘယ် လိုတွေဖြေရှင်းကြမလဲ သူတိုအမှုကိုဖြေရှင်းပြီးတော့ဆုကြေးဒေါ်လာငါးသန်းရသွားမလား စိတ်ဝင်စားစရာတွေကို ဟာသလေးရောပြီးတော့တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် လက်မလွတ်ပဲကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်