Blood Red Sky (2021)
Blood Red Sky ကတော့ ခုလတ်တလောထွက်ရှိထားတာဖြစ်ပြီးတော့ ဒါရိုက်တာ Peter Thorwarth ရဲ့လက်ရာ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
Nadja လို့ခေါ်တဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက် သူမရဲ့သားလေး Elias နဲ့အတူ ဆေးကုသမှုခံယူဖို့အတွက် ခရီးထွက်ခဲ့ကြပါတယ်
သူမတို့စီးလာတဲ့လေယာဉ်ကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ကြားဖြတ်သိမ်းယူခဲ့ကြပါတယ်
ခရီးသည်တွေဟာလည်း ဘာမှပြန်မခုခံနိုင်ကြတဲ့အခါမှာတော့ ဒီလေယာဉ်ပေါ်မှာပဲ ဘ၀ဆုံးရတော့မလိုဖြစ်နေပါပြီ
အဲဒီအချိန်မှာပဲ Nadja က ဒီလေယာဉ်ပေါ်မှာပဲ ဒီအကြမ်းဖက်သမားအဖွဲ့ကို ပြန်ခုခံဖို့ကြိုးစားပါတယ်
ဒီလိုဆေးကုသမှုခံယူရမယ့် အမျိုးသမီးတစ်ယောက်က သူ့မှာဘယ်လိုလူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာလဲ
သူကအကြမ်းဖက်သမားတွေကို တိုက်ခိုက်ပြီး ခရီးသည်တွေကို ကယ်နိုင်မှာလားဆိုတာတော့ ဒီကားမှာပဲ ကြည့်ရူပေးကြပါ
Horror ဇာတ်ကားဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေကို တွေ့မြင်ရမှာကတော့ အသေအချာပါပဲ

Tom and Jerry (2021) မြန်မာစာတန်းထိုး
=============== ============
မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီး
တစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။

👍1
The Portable Door (2023)
“တိုက်ဆိုင်မှု” ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့
ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ
ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး
အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ်
နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ
တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင်
ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ
မျိုးပေါ့...
ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက်
မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ
ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး
အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ
တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော…
အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter
က “တိုက်တိုက်ဆိုင်ဆိုင်” JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ
အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့
ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။
ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ
လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။
CEO Humphrey Wells က Paul ကို လျှို့ဝှက်အလုပ်တစ်ခု
အပ်ခဲ့တယ်။ အဲဒါကတော့ တံခါးတစ်ခုကို ပြန်ရှာဖို့တဲ့။ ခရီး
သွားတံခါးလို့ ခေါ်တယ်။
Paul လည်း မမြင်ရတဲ့တံခါးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့အ
ချိန်မှာ Sophieအပါအဝင် ကုမ္ပဏီရဲ့ ဝန်ထမ်းအချို့က Humphrey
ကို သတိထားဖို့ ပြောခဲ့ကြတယ်။ Humphrey က ဘာလို့ အဲ့
တံခါးကို အရမ်းလိုအပ်နေတာလဲ၊တံခါးက ဘယ်ကိုသွားတဲ့
တံခါးလဲ၊ အဲ့တံခါးနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိ
နေတာလဲ ဆိုတာကိုတော့ ထူးခြားဆန်းကြယ်မှုမျိုးစုံနဲ့ တွေ့ရှိ
ရမယ့် Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

👍2
Nene Naa (2023)
IMDb – 7.3/10
ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ
ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့
အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ
တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။
အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက
ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို
အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့
လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။
ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး
ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်
ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။

Elysium (2013)
2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်…
၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်…
သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့…
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။

Detective Forst (2024) A Netflix Series
စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ငွေရော အာဏာရောရှိနေတယ်လို့ ယူဆထားပေမဲ့ လူသတ်သမားနဲ့ပတ်သက်တဲ့သဲလွန်စဆိုလို့ တမင်ချန်ပေးခဲ့တဲ့ သဲလွန်စကလွဲ ဘာမှမတွေ့ရဘူး။
Forst က စည်းလွတ်ဘောင်လွတ် လိုက်စုံစမ်းတတ်သလို လူသတ်သမားကလည်း Forst ကို ရာထူးဆိုင်းငံ့ခံရအောင် လုပ်လိုက်တယ်လို့ ယူဆရတာကြောင့် Forst ဟာ ရဲမဟုတ်တော့ဘူး။ ဒီလိုနဲ့ ဒီအမှုကို သူနဲ့ထပ်တူစိတ်ဝင်စားနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ပေါင်းပြီး အမှုအတူတူလိုက်ကြတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းမှ သဲလွန်စသေးသေးလေးတွေသာ ပေါ်လာတတ်တဲ့ တော်တော်လေး ရင်ဖိုစရာကောင်းတဲ့ စုံထောက်ဇာတ်လမ်းတွဲဖြစ်တာကြောင့် စုံထောက်ဇာတ်တွေ ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းပါပဲ။ တောင်ခြေနှင်းဝေနေတဲ့မြို့ကလေးက ရက်ရက်စက်စက် လူသတ်မှုတွေရဲ့တရားခံကို Forst ဖော်နိုင်ပါ့မလား… တရားခံကို မိသွားရင်တောင် ဖမ်းနိုင်ပါ့မလား… ရင်တမမနဲ့ စောင့်ကြည့်ကြရမှာပါ။

RDX:Robert Don’t Xavier (2023)
IMDb-7.8/10
တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက်
သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်
ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ
မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်…
ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်…
ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့
အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ
Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်

Double Engine (2024)
ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။ ၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့
မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ် ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။
ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။ သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက် “Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့
ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး

Aqueslash (2019)
Mystery, Thriller ကြိုက်တဲ့သူတွေအတွက်လာပါပြီ.. Valley Hills အထက်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားတွေစုပြီးWet Valley Water Park ကိုလာရောက်အပန်းဖြေကြပါတယ်..ရောက်ရောက်ချင်းညမှာတော့ သောက်စားပျော်ပါးကျနဲ့ပြီးသွားတယ်ပေါ့.. နောက်တစ်နေ့မှာ လျှောစီးပြီး ရေကူးကန်ထဲကို အမြန်ဆုံးရောက်တဲ့အဖွဲ့က ဒေါ်လာ၅၀၀ ရမယ်ဆိုပြီး အဖွဲ့လေးတွေစုပြီးပြိုင်ကြပါတယ်…ကျောင်းသားလေးတွေမသိလိုက်တာက လျှောထဲမှာဘာတွေရှိနေမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…..

မော့စန်းမိန့်ဟာ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုပရဟိတကို လုပ်ဆောင်နေသူတစ်ယောက်ပါ။
တစ်နေ့မှာ သူ သဂြိုဟ်ပေးရမယ့်သူတစ်ယောက်ရှိလာပါတယ်။
ထိုသူကတော့ ရှောင်ဝမ်ဆိုတဲ့ကလေးတစ်ယောက်ရဲ့အဘွားဖြစ်သူပါ။
ရှောင်ဝမ်လေးကတော့ မိဘမရှိ၊အဘွားဖြစ်သူနဲ့သာနေထိုင်ရပါတယ်။
အဘွားဖြစ်သူကို အတော်လေးချစ်ခင်တော့ အဘွားဖြစ်သူသေတယ်ဆိုတာကို လက်မခံနိုင်၊မော့စန်းမိန်နောက်ကို တကောက်ကောက်လိုက်ရင်း သူမအဘွားအကြောင်းကိုပဲ တထေထေမေးနေခဲ့ပါတယ်။မှီခိုအားထားပြုရတဲ့ သူမအဘွားဖြစ်သူဆုံးသွားတော့ အဒေါ်ဖြစ်သူနဲ့ဦးလေးဖြစ်သူက ပေကျင်းကိုခဏသွားရချိန်မှာ ရှောင်ဝမ်လေးကို မော့စန်းမိန်တိုထံ ခေတ္တအပ်နှံထားခဲ့ပါတယ်။
ဒီလိုနဲ့မိဘမရှိ၊မိသားစုမရှိတဲ့ ရှောင်ဝမ်လေးနဲ့မော့စန်းမိန်တို တဖြည်းဖြည်း သံယောဇဥ်တွယ်လာကြတဲ့အခါမှာတော့....။

Easter Bloody Easter (2024)
ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။
အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။

Aliens (1986)
IMDb – 8.3/10
ဒီဂြိုဟ်သားတွေက ဆိုးရွားတဲ့မျိုးစိတ်လားတော့မသိပေမဲ့လူတွေလိုတော့ မဖြစ်စလောက်ဝေစုအတွက်နဲ့ အချင်းချင်းသစ္စာမဖောက်ကြဘူး..”Nostromo ရဲ့တစ်ဦးတည်းရှင်သန်သူ Ellen Ripley ဟာလွန်းပျံထဲမှာ ၅၇ နှစ်ကြာမေ့မျောနေခဲ့ပြီးWeyland-Yutani ကုမ္မဏီဝန်ထမ်းတွေရဲ့ကယ်ဆယ်ခြင်းခံလိုက်ရပါတယ်။သူသတိပြန်ဝင်ချိန်မှာ ကံကြမ္မာဆိုးငြင်ခဲ့တဲ့ဂြိုဟ်ကလူသားတွေရဲ့ကိုလိုနီနယ်မြေဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာပဲ ကိုလိုနီတပ်သားတွေပျောက်ဆုံးမူစစ်ဆေးရေးအတွက် Ripley အနေနဲ့အဆိုပါဂြိုဟ်ဆီ မဖြစ်မနေပြန်သွားရမဲ့အရေး ဆိုက်လာပါတယ်။လူသားတွေဟာ အာဏာအင်အားနဲ့ပတ်သက်လာရင်ကိုယ့်မျိုးစိတ်ပျက်သုဉ်းရေးကိုတောင်အရေးမစိုက်နိုင်တဲ့အထိလောဘဇောတက်လာတာကို ဒီရုပ်ရှင်ထဲမှာပြထားပါတယ်။နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့လက်ရာဖြစ်ပါတယ်။

Heroic (2023)
ကြီးနိုင်ငယ်ညှဥ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။
ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။

Black Hawk Down (2001)
IMDB (7.7/10)
ဆိုမာလီနိုင်ငံဟာ ၁၉၉၀ ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်
ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aidid ဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aidid ကိုဖယ်ရှားပစ်မယ့် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aidid အစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်း အပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aidid စစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာတွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်

The Last Legion (2007)
~-~-~-~-~-~-~-~-~-~
ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်
နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ
အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့
ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး
Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ
လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ
လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး
တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး
ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။

Mega Crocodile (2019)
ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…
လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်း
သူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီးနောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊
တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်…
တစ်ဖက်မှာတော့ …
တရုတ်ပြည်ရဲ့ စီးပွားရေးလောကမှာ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ချန်ရှိုင်း…
သူက မောင်ဖြစ်သူကို မိသားစုအမွေဆက်ခံခိုင်းပေမယ့် သူ့မောင်ကငြင်းဆိုပြီးတော့
ဝါသနာပါတဲ့ ဇီဝဗေဒဆိုင်ရာ သုသေတနတွေလုပ်ဖို့ ထွက်သွားရာမှာ မုန်တိုင်းမိပြီး မမျှော်လင့်ပဲ မိကျောင်းကျွန်းကို ရောက်သွားပါတယ် ၊
ဇီဝဗေဒ မိကျောင်းကျွမ်းကျင်ပညာရှင်နဲ့ တရုတ်ပြည်ရဲ့ အငယ်ဆုံးစီးပွားရေး လုပ်ငန်းရှင်တို့…
လူပျောက်ရှာပုံတော်ကို ဘယ်လိုများ ရှာပုံတော်ဖွင့်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦး….

Time Trap (2017)
IMDB (6.3/10)
နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ပျောက်ဆုံးသွားတာကို ရှာဖွေမယ့် ကျောင်းသားတစ်သိုက်တို့ Texas ရှိ အရမ်းနက်တဲ့ ဂူထဲကို ၀င်ရောက်ဖို့ဖြစ်လာသောအခါ
ဒီဂူကြီးထဲမှာ အချိန်ရဲ့ ကုန်ဆုံးမှုက အပြင်နဲ့မတူပဲ နှေးကွေးနေတဲ့အတွက် အချိန်ဖောက်ပြန်မှုတွေ ဘယ်လိုတွေဖြစ်လာမလဲ
သမိုင်းနဲ့အခြားအရာတွေကတော့ ဘယ်လိုတွေဖြစ်လာမလဲ စိတ်၀င်စားဖွယ်ရာ ကြည့်ရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်

Missed Connections(2023)
ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး
ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း
ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် အကျိုးရှိတဲ့ဇာတ်ကားလေးပါ။
စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။
ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး
Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။
ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ
သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊
ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ...

Miami Bici 2020 အညွှန်းရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။ Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။
ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။
သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။
တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီး
သူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြပါတော့တယ်။
တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊
အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊
သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။

ရိုမန်းနီးယန်း Dumb and Dumber လို့ဆိုရမဲ့နှစ်ယောက်တို့ရဲ့ ဒုတိယကားလေး လာပါပြီ။
ပထမကားတုန်းကတော့ Bila တစ်ယောက် ကောင်မလေးရသွားပြီး ဒုတိယကားမှာ ထားခဲ့ခံလိုက်ရပါတယ်။
အဆွေးသမားလေးဘီလာအနေနဲ့ အသားကင်ဆိုင်ဖွင့်စားနေချိန်မှာ သူတို့ဆိုင်ကို မုန့်လာစားတဲ့သူနှစ်ယောက်ဆီက LA ကိုလာဖို့ ဖိတ်ခေါ်ခံလိုက်ရပါတယ်။ နှလုံးအထူးကုဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးခေါ်ခံလိုက်ရတော့ ပျော်နေချိန်မှာ သူ့ဘော်ဒါ Piciu က တစ်နေရာက ထွက်ပြေးလာချိန်နဲ့ ကြုံကြိုက်တော့ LA ကို နှစ်ယောက်သား လစ်လာကြတော့တယ်။
LA စထွက်ခါစမှာပဲ Bila ရဲ့ကားလေး ခိုးခံလိုက်ရတော့ နှစ်ယောက်သား ဘယ်လိုတွေ ခရီးဆက်မလဲ။ သူတို့ကိုခေါ်တဲ့သူတွေကရော လူကောင်းတွေဖြစ်မလား။ ဘယ်လိုအလန်းဇယားလေးတွေ ပါလာမလဲဆိုတာ ကြည့်ရှုကြပါဦးနော်

Aberrance (2022)
2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲ Thriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက်
တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက်
ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။
အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။
ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲ
ယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။
ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။
နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံး
လင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှ
လင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲ
အိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီး
ပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ….