UPDATE - အညွှန်းသီးသန့်
9.36K subscribers
4 photos
22 links
Download Telegram
Voldemort: Origins of the Heir (2018)
------------------------------

အခုတင်ဆက်ပေးရမယ့် movie လေးကတော့ ပရိသတ်တွေရဲ့ ကလေးဘဝကတည်းက ဇာတ်လိုက်ကျော် ဟယ်ရီပေါ်တာ ဖန်များအားလုံးသိကြမယ့် မှော်နက်ဂိုဏ်းချုပ်ကြီး Voldemort(ဗိုဒမော့)အကြောင်းကို ရိုက်ကူးထားတာပါ

ဒီဇာတ်ကားလေးကိုရှုစားပြီးတော့ ဟယ်ရီနဲ့ပတ်သက်တဲ့ Facts တွေကို သေချာသိနိုင်မှာဖြစ်ပါတယ်

ဟယ်ရီပေါ်တာရဲ့ရန်သူတော်ကြီး ဗိုဒမော့ရဲ့ ငယ်ဘဝ တွန်ရစ်ဒယ် တစ်ယောက် ဒီလို မှော်နက် ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ငယ်ဘဝ ကြိုးပမ်းမှုတွေကို စိတ်ဝင်စားဖွယ် ဘယ်လိုတွေများတင်ဆက်ထားသလဲ

ပရိသတ်တွေနဲ့ မစိမ်းတဲ့ စလေးသရင်း, ဂရစ်ဖင်းဒေါ, ဟက်ပ်ဖက် နဲ့ ရာဗင်ခလော ဆိုတဲ့ ဟော့ဂ်ဝက် မှော်ကျောင်းကြီးလေးကျောင်းရဲ့ ဆက်ခံသူတွေ ဒီဇာတ်ကားထဲမှာ ဘယ်လိုများပါဝင်ထားကြမလဲဆိုတာကို ဟယ်ရီပေါ်တာပရိတ်သတ်များအားလုံးလက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးလို့
👍1
Imaginary (2024)

ဒီကားလေးကတော့ ဂျက်ဆီကာဆိုတဲ့ အတိတ်ကအဖြစ်ဆိုးတွေ ရှိခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာတို့ရဲ့ အကြောင်းပဲဖြစ်ပါတယ်။အိမ်မက်ဆိုးတွေမက်တတ်တဲ့ ဂျက်ဆီကာတစ်ယောက် ယောကျ်ားဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အရင်နေခဲ့တဲ့သူ့ရဲ့အိမ်အဟောင်းကြီးဆီကို သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာပြီးတော့ယောက်ျားဖြစ်တဲ့ မက်စ်တို့နှင့်အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။

အိမ်ပြောင်းပြီးမကြာခင်မှာပဲ အဲလစ်က ချောင်ဆေးဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့ပါတယ်။ချောင်ဆေးက အဲလစ်ကို တဖြည်းဖြည်းထိန်းချုပ်လာပြီး အန္တရာယ်များတဲ့အရာတွေ လုပ်ခိုင်းလာတဲ့အခါမှာတော့ ဂျက်ဆီကာတစ်ယောက် သူ့ရဲ့သမီးလေးတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်။
We Have Never Been
ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။
ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
👍1
The Sorcerer's Apprentice

မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။
နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ...
မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး....
သူတို့တွေဘယ်လိုတွေ့ဆုံပြီး ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ........။
Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။
IMDB ( 6.3/10)

ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်
တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး

အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊
အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်

ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်
နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို
ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့
သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်

သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေကြောင်းသိလိုက်ရတဲ့အခါရေသရဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်...
👍1
Blood Red Sky (2021)

Blood Red Sky ကတော့ ခုလတ်တလောထွက်ရှိထားတာဖြစ်ပြီးတော့ ဒါရိုက်တာ Peter Thorwarth ရဲ့လက်ရာ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်‌ကားဖြစ်ပါတယ်

Nadja လို့ခေါ်တဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက် သူမရဲ့သားလေး Elias နဲ့အတူ ဆေးကုသမှုခံယူဖို့အတွက် ခရီးထွက်ခဲ့ကြပါတယ်

သူမတို့စီးလာတဲ့လေယာဉ်ကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ကြားဖြတ်သိမ်းယူခဲ့ကြပါတယ်

ခရီးသည်တွေဟာလည်း ဘာမှပြန်မခုခံနိုင်ကြတဲ့အခါမှာတော့ ဒီလေယာဉ်ပေါ်မှာပဲ ဘ၀ဆုံးရတော့မလိုဖြစ်နေပါပြီ

အဲဒီအချိန်မှာပဲ Nadja က ဒီလေယာဉ်ပေါ်မှာပဲ ဒီအကြမ်းဖက်သမားအဖွဲ့ကို ပြန်ခုခံဖို့ကြိုးစားပါတယ်

ဒီလို‌ဆေးကုသမှုခံယူရမယ့် အမျိုးသမီးတစ်ယောက်က သူ့မှာဘယ်လိုလူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာလဲ

သူကအကြမ်းဖက်သမားတွေကို တိုက်ခိုက်ပြီး ခရီးသည်တွေကို ကယ်နိုင်မှာလားဆိုတာတော့ ဒီကားမှာပဲ ကြည့်ရူပေးကြပါ

Horror ဇာတ်ကားဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေကို တွေ့မြင်ရမှာကတော့ အသေအချာပါပဲ
Tom and Jerry (2021) မြန်မာစာတန်းထိုး
=============== ============

မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီး
တစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။
👍1
The Portable Door (2023)

“တိုက်ဆိုင်မှု” ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့
ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ
ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး
အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ်
နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ
တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင်
ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ
မျိုးပေါ့...
ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက်
မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ
ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး
အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ
တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော…
အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter
က “တိုက်တိုက်ဆိုင်ဆိုင်” JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ
အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့
ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။
ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ
လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။
CEO Humphrey Wells က Paul ကို လျှို့ဝှက်အလုပ်တစ်ခု
အပ်ခဲ့တယ်။ အဲဒါကတော့ တံခါးတစ်ခုကို ပြန်ရှာဖို့တဲ့။ ခရီး
သွားတံခါးလို့ ခေါ်တယ်။
Paul လည်း မမြင်ရတဲ့တံခါးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့အ
ချိန်မှာ Sophieအပါအဝင် ကုမ္ပဏီရဲ့ ဝန်ထမ်းအချို့က Humphrey
ကို သတိထားဖို့ ပြောခဲ့ကြတယ်။ Humphrey က ဘာလို့ အဲ့
တံခါးကို အရမ်းလိုအပ်နေတာလဲ၊တံခါးက ဘယ်ကိုသွားတဲ့
တံခါးလဲ၊ အဲ့တံခါးနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိ
နေတာလဲ ဆိုတာကိုတော့ ထူးခြားဆန်းကြယ်မှုမျိုးစုံနဲ့ တွေ့ရှိ
ရမယ့် Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
👍2
Nene Naa (2023)
IMDb – 7.3/10
ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ
ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့
အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ
တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။
အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက
ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို
အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့
လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။
ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး
ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်
ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။
Elysium (2013)

2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်…
၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်…
သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့…
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။
Detective Forst (2024) A Netflix Series

စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ငွေရော အာဏာရောရှိနေတယ်လို့ ယူဆထားပေမဲ့ လူသတ်သမားနဲ့ပတ်သက်တဲ့သဲလွန်စဆိုလို့ တမင်ချန်ပေးခဲ့တဲ့ သဲလွန်စကလွဲ ဘာမှမတွေ့ရဘူး။



Forst က စည်းလွတ်ဘောင်လွတ် လိုက်စုံစမ်းတတ်သလို လူသတ်သမားကလည်း Forst ကို ရာထူးဆိုင်းငံ့ခံရအောင် လုပ်လိုက်တယ်လို့ ယူဆရတာကြောင့် Forst ဟာ ရဲမဟုတ်တော့ဘူး။ ဒီလိုနဲ့ ဒီအမှုကို သူနဲ့ထပ်တူစိတ်ဝင်စားနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ပေါင်းပြီး အမှုအတူတူလိုက်ကြတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းမှ သဲလွန်စသေးသေးလေးတွေသာ ပေါ်လာတတ်တဲ့ တော်တော်လေး ရင်ဖိုစရာကောင်းတဲ့ စုံထောက်ဇာတ်လမ်းတွဲဖြစ်တာကြောင့် စုံထောက်ဇာတ်တွေ ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းပါပဲ။ တောင်ခြေနှင်းဝေနေတဲ့မြို့ကလေးက ရက်ရက်စက်စက် လူသတ်မှုတွေရဲ့တရားခံကို Forst ဖော်နိုင်ပါ့မလား… တရားခံကို မိသွားရင်တောင် ဖမ်းနိုင်ပါ့မလား… ရင်တမမနဲ့ စောင့်ကြည့်ကြရမှာပါ။
RDX:Robert Don’t Xavier (2023)
IMDb-7.8/10
တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက်
သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်
ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ
မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်…
ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်…
ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့
အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ
Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်
Double Engine (2024)

ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။ ၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိ‌ကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့

မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ် ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။
ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။ သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက် “Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့
ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး
Aqueslash (2019)

Mystery, Thriller ကြိုက်တဲ့သူတွေအတွက်လာပါပြီ.. Valley Hills အထက်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားတွေစုပြီးWet Valley Water Park ကိုလာရောက်အပန်းဖြေကြပါတယ်..ရောက်ရောက်ချင်းညမှာတော့ သောက်စားပျော်ပါးကျနဲ့ပြီးသွားတယ်ပေါ့.. နောက်တစ်နေ့မှာ လျှောစီးပြီး ရေကူးကန်ထဲကို အမြန်ဆုံးရောက်တဲ့အဖွဲ့က ဒေါ်လာ၅၀၀ ရမယ်ဆိုပြီး အဖွဲ့လေးတွေစုပြီးပြိုင်ကြပါတယ်…ကျောင်းသားလေးတွေမသိလိုက်တာက လျှောထဲမှာဘာတွေရှိနေမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…..
မော့စန်းမိန့်ဟာ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုပရဟိတကို လုပ်ဆောင်နေသူတစ်ယောက်ပါ။
တစ်နေ့မှာ သူ သဂြိုဟ်ပေးရမယ့်သူတစ်ယောက်ရှိလာပါတယ်။
ထိုသူကတော့ ရှောင်ဝမ်ဆိုတဲ့ကလေးတစ်ယောက်ရဲ့အဘွားဖြစ်သူပါ။
ရှောင်ဝမ်လေးကတော့ မိဘမရှိ၊အဘွားဖြစ်သူနဲ့သာနေထိုင်ရပါတယ်။
အဘွားဖြစ်သူကို အတော်လေးချစ်ခင်တော့ အဘွားဖြစ်သူသေတယ်ဆိုတာကို လက်မခံနိုင်၊မော့စန်းမိန်နောက်ကို တကောက်ကောက်လိုက်ရင်း သူမအဘွားအကြောင်းကိုပဲ တထေထေမေးနေခဲ့ပါတယ်။မှီခိုအားထားပြုရတဲ့ သူမအဘွားဖြစ်သူဆုံးသွားတော့ အဒေါ်ဖြစ်သူနဲ့ဦးလေးဖြစ်သူက ပေကျင်းကိုခဏသွားရချိန်မှာ ရှောင်ဝမ်လေးကို မော့စန်းမိန်တိုထံ ခေတ္တအပ်နှံထားခဲ့ပါတယ်။

ဒီလိုနဲ့မိဘမရှိ၊မိသားစုမရှိတဲ့ ရှောင်ဝမ်လေးနဲ့မော့စန်းမိန်တို တဖြည်းဖြည်း သံယောဇဥ်တွယ်လာကြတဲ့အခါမှာတော့....။
Easter Bloody Easter (2024)

ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။

အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။
Aliens (1986)
IMDb – 8.3/10

ဒီဂြိုဟ်သားတွေက ဆိုးရွားတဲ့မျိုးစိတ်လားတော့မသိပေမဲ့လူတွေလိုတော့ မဖြစ်စလောက်ဝေစုအတွက်နဲ့ အချင်းချင်းသစ္စာမဖောက်ကြဘူး..”Nostromo ရဲ့တစ်ဦးတည်းရှင်သန်သူ Ellen Ripley ဟာလွန်းပျံထဲမှာ ၅၇ နှစ်ကြာမေ့မျောနေခဲ့ပြီးWeyland-Yutani ကုမ္မဏီဝန်ထမ်းတွေရဲ့ကယ်ဆယ်ခြင်းခံလိုက်ရပါတယ်။သူသတိပြန်ဝင်ချိန်မှာ ကံကြမ္မာဆိုးငြင်ခဲ့တဲ့ဂြိုဟ်ကလူသားတွေရဲ့ကိုလိုနီနယ်မြေဖြစ်နေပါပြီ။အဲ့ဒီအချိန်မှာပဲ ကိုလိုနီတပ်သားတွေပျောက်ဆုံးမူစစ်ဆေးရေးအတွက် Ripley အနေနဲ့အဆိုပါဂြိုဟ်ဆီ မဖြစ်မနေပြန်သွားရမဲ့အရေး ဆိုက်လာပါတယ်။လူသားတွေဟာ အာဏာအင်အားနဲ့ပတ်သက်လာရင်ကိုယ့်မျိုးစိတ်ပျက်သုဉ်းရေးကိုတောင်အရေးမစိုက်နိုင်တဲ့အထိလောဘဇောတက်လာတာကို ဒီရုပ်ရှင်ထဲမှာပြထားပါတယ်။နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့လက်ရာဖြစ်ပါတယ်။
Heroic (2023)

ကြီးနိုင်ငယ်ညှဥ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။
ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။
Black Hawk Down (2001)

IMDB (7.7/10)

ဆိုမာလီနိုင်ငံဟာ ၁၉၉၀ ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်

ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aidid ဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aidid ကိုဖယ်ရှားပစ်မယ့် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aidid အစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်း အပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aidid စစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာတွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်
The Last Legion (2007)
~-~-~-~-~-~-~-~-~-~
ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်

နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ

အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့

ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး

Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ

လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ

လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး

တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး

ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။
👍1
Mega Crocodile (2019)

ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…
လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်း
သူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊
တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်…
တစ်ဖက်မှာတော့ …
တရုတ်ပြည်ရဲ့ စီးပွားရေးလောကမှာ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ချန်ရှိုင်း…
သူက မောင်ဖြစ်သူကို မိသားစုအမွေဆက်ခံခိုင်းပေမယ့် သူ့မောင်ကငြင်းဆိုပြီးတော့
ဝါသနာပါတဲ့ ဇီဝဗေဒဆိုင်ရာ သုသေတနတွေလုပ်ဖို့ ထွက်သွားရာမှာ မုန်တိုင်းမိပြီး မမျှော်လင့်ပဲ မိကျောင်းကျွန်းကို ရောက်သွားပါတယ် ၊
ဇီဝဗေဒ မိကျောင်းကျွမ်းကျင်ပညာရှင်နဲ့ တရုတ်ပြည်ရဲ့ အငယ်ဆုံးစီးပွားရေး လုပ်ငန်းရှင်တို့…
လူပျောက်ရှာပုံတော်ကို ဘယ်လိုများ ရှာပုံတော်ဖွင့်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦး….