ဓားနတ်ဘုရားနှင့်သစ္စာတော်ခံ (大兽) Sianviathan 2024 ရုပ်ရှင်
ဇာတ်လမ်းအကျဉ်း
နိုင်ငံရေးမငြိမ်သက်တဲ့ ဆွေမင်းဆက်ခေတ်မှာ စာမေးပွဲဖြေဖို့ မြို့တော်ကို တက်လာတဲ့စာပေသမားလေး ၀မ်ဖုရှန်းဟာ စစ်ပွဲတွေဖြစ်လို့ စာမေးပွဲမဖြေရသလို ရွာကိုလည်း ပြန်မရဖြစ်နေခဲ့ပါတယ်
စိတ်ဓာတ်ကျတဲ့ စာကြမ်းပိုးလေး၀မ်ဖုရှန်းဟာ တနေ့ မြစ်ဘေးကဆိပ်ကမ်းမှာ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရပါတယ်
အဲဒီနောက်ပိုင်းကစပြီး ဒဏ္ဍာရီလာ ဓားနတ်ဘုရားဆိုတဲ့ အရှုပ်တော်ပုံထဲ၀င်ရောက်သွားပြီး စစ်သားများ မိစ္ဆာသားရဲများ သတ္တိရှိသစ္စာမူးမတ်များ ဆိုတဲ့ စမ်းသပ်မှုတွေ အမျိုးမျိုးကြုံလာရတဲ့အခါ.......
စာကြမ်းပိုးလေး၀မ်ဖုရှန်းနဲ့အတူ ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေနဲ့ စမ်းသပ်မှုတွေကို အတူကျော်ဖြတ်လိုက်ကြရအောင်

👍1
Godzilla x Kong The New Empire 2024 Cam Version မြန်မာစာတန်းထိုး
ဒါကတော့ လတ်တလော ရုံတင်နေတဲ့ ပူပူနွေးနွေး monster ကားသစ်လေး Godzilla x Kong: The New Empire ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်ကားမှာ Mechagodzilla ကို နှိမ်နင်းပြီးတဲ့နောက် ဂေါ်ကြီးက ထုံးစံအတိုင်းပဲ ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ လှည့်ပတ်နေထိုင်နေပြီး Kong ကတော့ အသစ်ရှာတွေ့ထားတဲ့ Hollow Earth ဆိုတဲ့ ကမ္ဘာ့တွင်းနက်ထဲမှာ ပိုင်နက်သတ်မှတ်လို့ ကိုယ်စီမင်းမူနေကြပါတယ်။ ဒီလိုနဲ့ MonsterVerse ရဲ့ ထုံးစံအတိုင်း ဂေါ်ကြီးတစ်ယောက် အန္တရာယ်အသစ်တစ်ခု ရောက်လာတော့မှာကို ခံစားမိတဲ့အခါ... ဂေါ်ကြီးနဲ့ Kong တို့ပေါင်းပြီး ရန်စွယ်အသစ်ကို ဘယ်လိုနှိမ်နင်းကြမလဲဆိုတာတွေကို တိုင်တန်ကြီးတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲတွေနဲ့အတူ မြင်တွေ့ရမှာဖြစ်ပါတယ်။ စပွိုင်းပါသွားမှာစိုးလို့ အများကြီးတော့မပြောတော့ပါဘူး။ လက်ရှိရုံတင်နေဆဲမို့ အကြည်တော့မရသေးပေမဲ့ ကြည့်ချင်သူများကြည့်လို့ရအောင် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ...

👍1😁1
Monster Hunter (2020)
--------------------------------
IMDB: (6.0/10)
(Milla Jovovich) နဲ့ (Tony Jaa) တို့ အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်
ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်..မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်
ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်
နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေ မြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်

The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို
အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။
Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့
Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။
စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊
စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊
ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။
အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။
အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့
ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။
အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့
စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင်
ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ
မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့
ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီး
သီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။
စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေ
ပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ…ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊
ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်း
သရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့
ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။
ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့
သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားက
အာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေ
ဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

Parallel (2024)
ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့
ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။
သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကိုလမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်းအိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာသူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့်ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ဗီနက်ဆာတစ်ယောက်က ဘယ်နေရာကိုရောက်သွားတာလဲဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။

Voldemort: Origins of the Heir (2018)
------------------------------
အခုတင်ဆက်ပေးရမယ့် movie လေးကတော့ ပရိသတ်တွေရဲ့ ကလေးဘဝကတည်းက ဇာတ်လိုက်ကျော် ဟယ်ရီပေါ်တာ ဖန်များအားလုံးသိကြမယ့် မှော်နက်ဂိုဏ်းချုပ်ကြီး Voldemort(ဗိုဒမော့)အကြောင်းကို ရိုက်ကူးထားတာပါ
ဒီဇာတ်ကားလေးကိုရှုစားပြီးတော့ ဟယ်ရီနဲ့ပတ်သက်တဲ့ Facts တွေကို သေချာသိနိုင်မှာဖြစ်ပါတယ်
ဟယ်ရီပေါ်တာရဲ့ရန်သူတော်ကြီး ဗိုဒမော့ရဲ့ ငယ်ဘဝ တွန်ရစ်ဒယ် တစ်ယောက် ဒီလို မှော်နက် ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ငယ်ဘဝ ကြိုးပမ်းမှုတွေကို စိတ်ဝင်စားဖွယ် ဘယ်လိုတွေများတင်ဆက်ထားသလဲ
ပရိသတ်တွေနဲ့ မစိမ်းတဲ့ စလေးသရင်း, ဂရစ်ဖင်းဒေါ, ဟက်ပ်ဖက် နဲ့ ရာဗင်ခလော ဆိုတဲ့ ဟော့ဂ်ဝက် မှော်ကျောင်းကြီးလေးကျောင်းရဲ့ ဆက်ခံသူတွေ ဒီဇာတ်ကားထဲမှာ ဘယ်လိုများပါဝင်ထားကြမလဲဆိုတာကို ဟယ်ရီပေါ်တာပရိတ်သတ်များအားလုံးလက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးလို့

Imaginary (2024)
ဒီကားလေးကတော့ ဂျက်ဆီကာဆိုတဲ့ အတိတ်ကအဖြစ်ဆိုးတွေ ရှိခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာတို့ရဲ့ အကြောင်းပဲဖြစ်ပါတယ်။အိမ်မက်ဆိုးတွေမက်တတ်တဲ့ ဂျက်ဆီကာတစ်ယောက် ယောကျ်ားဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အရင်နေခဲ့တဲ့သူ့ရဲ့အိမ်အဟောင်းကြီးဆီကို သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာပြီးတော့ယောက်ျားဖြစ်တဲ့ မက်စ်တို့နှင့်အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။
အိမ်ပြောင်းပြီးမကြာခင်မှာပဲ အဲလစ်က ချောင်ဆေးဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့ပါတယ်။ချောင်ဆေးက အဲလစ်ကို တဖြည်းဖြည်းထိန်းချုပ်လာပြီး အန္တရာယ်များတဲ့အရာတွေ လုပ်ခိုင်းလာတဲ့အခါမှာတော့ ဂျက်ဆီကာတစ်ယောက် သူ့ရဲ့သမီးလေးတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်။

We Have Never Been
ဇာတ်လမ်းအကျဉ်းကတော့ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစကလေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။
ဆေးပညာနဲ့နီးစပ်ပြီး ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်ကရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

The Sorcerer's Apprentice
မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။
နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ...
မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး....
သူတို့တွေဘယ်လိုတွေ့ဆုံပြီး ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ........။
Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။

IMDB ( 6.3/10)
ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်
တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး
အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊
အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်
ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်
နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို
ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့
သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်
သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေကြောင်းသိလိုက်ရတဲ့အခါရေသရဲကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်...

Blood Red Sky (2021)
Blood Red Sky ကတော့ ခုလတ်တလောထွက်ရှိထားတာဖြစ်ပြီးတော့ ဒါရိုက်တာ Peter Thorwarth ရဲ့လက်ရာ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
Nadja လို့ခေါ်တဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ အမျိုးသမီးတစ်ယောက် သူမရဲ့သားလေး Elias နဲ့အတူ ဆေးကုသမှုခံယူဖို့အတွက် ခရီးထွက်ခဲ့ကြပါတယ်
သူမတို့စီးလာတဲ့လေယာဉ်ကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ကြားဖြတ်သိမ်းယူခဲ့ကြပါတယ်
ခရီးသည်တွေဟာလည်း ဘာမှပြန်မခုခံနိုင်ကြတဲ့အခါမှာတော့ ဒီလေယာဉ်ပေါ်မှာပဲ ဘ၀ဆုံးရတော့မလိုဖြစ်နေပါပြီ
အဲဒီအချိန်မှာပဲ Nadja က ဒီလေယာဉ်ပေါ်မှာပဲ ဒီအကြမ်းဖက်သမားအဖွဲ့ကို ပြန်ခုခံဖို့ကြိုးစားပါတယ်
ဒီလိုဆေးကုသမှုခံယူရမယ့် အမျိုးသမီးတစ်ယောက်က သူ့မှာဘယ်လိုလူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာလဲ
သူကအကြမ်းဖက်သမားတွေကို တိုက်ခိုက်ပြီး ခရီးသည်တွေကို ကယ်နိုင်မှာလားဆိုတာတော့ ဒီကားမှာပဲ ကြည့်ရူပေးကြပါ
Horror ဇာတ်ကားဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေကို တွေ့မြင်ရမှာကတော့ အသေအချာပါပဲ

Tom and Jerry (2021) မြန်မာစာတန်းထိုး
=============== ============
မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီး
တစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။

The Portable Door (2023)
“တိုက်ဆိုင်မှု” ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့
ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ
ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး
အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ်
နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ
တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင်
ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ
မျိုးပေါ့...
ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက်
မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ
ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး
အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ
တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော…
အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter
က “တိုက်တိုက်ဆိုင်ဆိုင်” JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ
အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့
ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။
ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ
လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။
CEO Humphrey Wells က Paul ကို လျှို့ဝှက်အလုပ်တစ်ခု
အပ်ခဲ့တယ်။ အဲဒါကတော့ တံခါးတစ်ခုကို ပြန်ရှာဖို့တဲ့။ ခရီး
သွားတံခါးလို့ ခေါ်တယ်။
Paul လည်း မမြင်ရတဲ့တံခါးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့အ
ချိန်မှာ Sophieအပါအဝင် ကုမ္ပဏီရဲ့ ဝန်ထမ်းအချို့က Humphrey
ကို သတိထားဖို့ ပြောခဲ့ကြတယ်။ Humphrey က ဘာလို့ အဲ့
တံခါးကို အရမ်းလိုအပ်နေတာလဲ၊တံခါးက ဘယ်ကိုသွားတဲ့
တံခါးလဲ၊ အဲ့တံခါးနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိ
နေတာလဲ ဆိုတာကိုတော့ ထူးခြားဆန်းကြယ်မှုမျိုးစုံနဲ့ တွေ့ရှိ
ရမယ့် Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

👍2
Nene Naa (2023)
IMDb – 7.3/10
ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ
ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့
အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ
တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။
အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက
ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို
အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။
ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့
လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။
ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး
ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်
ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။

Elysium (2013)
2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်…
၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်…
သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့…
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။

Detective Forst (2024) A Netflix Series
စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ငွေရော အာဏာရောရှိနေတယ်လို့ ယူဆထားပေမဲ့ လူသတ်သမားနဲ့ပတ်သက်တဲ့သဲလွန်စဆိုလို့ တမင်ချန်ပေးခဲ့တဲ့ သဲလွန်စကလွဲ ဘာမှမတွေ့ရဘူး။
Forst က စည်းလွတ်ဘောင်လွတ် လိုက်စုံစမ်းတတ်သလို လူသတ်သမားကလည်း Forst ကို ရာထူးဆိုင်းငံ့ခံရအောင် လုပ်လိုက်တယ်လို့ ယူဆရတာကြောင့် Forst ဟာ ရဲမဟုတ်တော့ဘူး။ ဒီလိုနဲ့ ဒီအမှုကို သူနဲ့ထပ်တူစိတ်ဝင်စားနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ပေါင်းပြီး အမှုအတူတူလိုက်ကြတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းမှ သဲလွန်စသေးသေးလေးတွေသာ ပေါ်လာတတ်တဲ့ တော်တော်လေး ရင်ဖိုစရာကောင်းတဲ့ စုံထောက်ဇာတ်လမ်းတွဲဖြစ်တာကြောင့် စုံထောက်ဇာတ်တွေ ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းပါပဲ။ တောင်ခြေနှင်းဝေနေတဲ့မြို့ကလေးက ရက်ရက်စက်စက် လူသတ်မှုတွေရဲ့တရားခံကို Forst ဖော်နိုင်ပါ့မလား… တရားခံကို မိသွားရင်တောင် ဖမ်းနိုင်ပါ့မလား… ရင်တမမနဲ့ စောင့်ကြည့်ကြရမှာပါ။

RDX:Robert Don’t Xavier (2023)
IMDb-7.8/10
တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက်
သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်
ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ
မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်…
ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်…
ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့
အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ
Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်

Double Engine (2024)
ဟိုက်ဒရာဘတ်မြို့ကြီးက သုံးဘီးအငှားမောင်းသမားဒန်နီတစ်ယောက်။ ၂၁နှစ်ပြည့်မွေးနေ့မှာ ဇာတိကျေးရွာလေးကမိသားစုအတွက် လက်ဆောင်နည်းနည်းနဲ့ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြသောက်ကြမယ်ဆိုပြီး ပြန်လာခဲ့တာပေါ့
မြို့မှာအငှားမောင်းသမားဘဝနဲ့ ကျပ်ကျပ်တည်းတည်းဖြစ်နေပေမဲ့ ရွာပြန်မျက်နှာပန်းလှချင်လို့ ဆိုင်ကယ်အရမ်းနှမြောတဲ့သူငယ်ချင်းဆီက အမိုက်စားဆိုင်ကယ်ကြီး မရမကငှားစီးလာတယ် ရွာမှာကျန်ခဲ့တဲ့သူငယ်ချင်းကလည်း မြို့ကသူငယ်ချင်းကြီးပြန်လာမှာမို့ အင်္ကျီအသစ်တွေနဲ့အပျံစားစောင့်ကြို…။
ငယ်ငယ်လေးတည်းကပေါင်းလာသူတွေ သောက်ရင်းစားရင်းအားလုံးတူတူခက်ခဲနေကြတာပေါ်တာပါပဲ ။ သူတို့အားလုံးပြိုင်တူတောင့်တတာက ချမ်းသာကြွယ်ဝချင်တဲ့အိပ်မက် “Double Engine” လို့မှောင်ခိုဈေးကွက်အခေါ်မြွေ က သူတို့ဘဝတွေပြောင်းလဲနိုင်မှန်းသိလို့
ထွက်လာခဲ့တဲ့ စွန့်စားခန်းကတစ်ဆင့် သူတို့တွေအချီကြီးရပြီးပွသွားမလား ဘယ်လိုရင်ဆိုင်ရယူကြမလဲဆိုတာ ရှုစားကြည့်ပါဦး

Aqueslash (2019)
Mystery, Thriller ကြိုက်တဲ့သူတွေအတွက်လာပါပြီ.. Valley Hills အထက်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားတွေစုပြီးWet Valley Water Park ကိုလာရောက်အပန်းဖြေကြပါတယ်..ရောက်ရောက်ချင်းညမှာတော့ သောက်စားပျော်ပါးကျနဲ့ပြီးသွားတယ်ပေါ့.. နောက်တစ်နေ့မှာ လျှောစီးပြီး ရေကူးကန်ထဲကို အမြန်ဆုံးရောက်တဲ့အဖွဲ့က ဒေါ်လာ၅၀၀ ရမယ်ဆိုပြီး အဖွဲ့လေးတွေစုပြီးပြိုင်ကြပါတယ်…ကျောင်းသားလေးတွေမသိလိုက်တာက လျှောထဲမှာဘာတွေရှိနေမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့…..

မော့စန်းမိန့်ဟာ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုပရဟိတကို လုပ်ဆောင်နေသူတစ်ယောက်ပါ။
တစ်နေ့မှာ သူ သဂြိုဟ်ပေးရမယ့်သူတစ်ယောက်ရှိလာပါတယ်။
ထိုသူကတော့ ရှောင်ဝမ်ဆိုတဲ့ကလေးတစ်ယောက်ရဲ့အဘွားဖြစ်သူပါ။
ရှောင်ဝမ်လေးကတော့ မိဘမရှိ၊အဘွားဖြစ်သူနဲ့သာနေထိုင်ရပါတယ်။
အဘွားဖြစ်သူကို အတော်လေးချစ်ခင်တော့ အဘွားဖြစ်သူသေတယ်ဆိုတာကို လက်မခံနိုင်၊မော့စန်းမိန်နောက်ကို တကောက်ကောက်လိုက်ရင်း သူမအဘွားအကြောင်းကိုပဲ တထေထေမေးနေခဲ့ပါတယ်။မှီခိုအားထားပြုရတဲ့ သူမအဘွားဖြစ်သူဆုံးသွားတော့ အဒေါ်ဖြစ်သူနဲ့ဦးလေးဖြစ်သူက ပေကျင်းကိုခဏသွားရချိန်မှာ ရှောင်ဝမ်လေးကို မော့စန်းမိန်တိုထံ ခေတ္တအပ်နှံထားခဲ့ပါတယ်။
ဒီလိုနဲ့မိဘမရှိ၊မိသားစုမရှိတဲ့ ရှောင်ဝမ်လေးနဲ့မော့စန်းမိန်တို တဖြည်းဖြည်း သံယောဇဥ်တွယ်လာကြတဲ့အခါမှာတော့....။

Easter Bloody Easter (2024)
ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။
အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။