Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ"
=============================
IMDb - 7.3/10
ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna
မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး
Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ်
ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါ
နီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။
တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။
တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး ...

👍1
My Name is Loh Kiwan (2024)အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့
“My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ်
ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့
ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ
ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး
တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ်
မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို
ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ
တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့
မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ်ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ
သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား
မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့
ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက်
ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့
ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်

👍2
Blue Star (2024)
“ရန်ဘက်”IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့
တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်
ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ်
လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ
ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို
မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း
တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ်
မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့
တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး
ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က တစ်ချိန်ကလိုမျိုး
နောက်တစ်ခေါက် အကြီးအကျယ် ပြိုင်ဆိုင်ရဖို့ စောင့်နေကြတာပေါ့ဒီလိုကနေ ပြိုင်ပွဲ ပြန်ဖြစ်လာတဲ့အခါမှာ ဝရုန်းသုန်းကားဖြစ်ကြပုံတွေကို ဟာသနှောပြီး
ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်

❤1
The Burma Conspiracy (2011)
IMDb 6.2/10
လာဂိုဝင့်ချ် … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ ….သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီးလူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ …ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ …လာဂိုဝင့်ချ်ဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ …2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating – 6.2 ရရှိထားတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ဒီကားဟာ လာဂိုဝင့်ချ် ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ ..တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့

👍5
1962 Halloween Massacre (2023)
1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ်
မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူးဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ်မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ်Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ်

Code 8 [2019]
ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်
Scifi/Fantasy ကားလေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊
Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။
Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။
လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့
အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။
သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေး
ဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။
တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါ
အစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။
အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှ
ဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့
မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။
ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲ
အစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။
အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာ

Lift (2024)
ဟာသမင်းသား ကယ်ဗင်ဟာ့ အတည်ပေါက်ရိုက်ထားတဲ့ နက်ဖလစ် သူခိုး အက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း The Italian Job လို နာမည်ကျော်သူခိုးကားတွေရဲ့ ဒါရိုက်တာ F. Gary Gray ပါပဲ။
~ ဇာတ်လမ်းအကျဉ်း ~
ဆိုင်းရပ်တို့အဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ကနေ အလိုရှိနေတဲ့ သန်းချီတဲ့အနုပညာလက်ရာတွေကို လိုက်ခိုးနေတဲ့ သူခိုးအုပ်စုပါ။ အင်တာပိုက သူတို့အဖွဲ့ကို ဖမ်းမိသွားပြီး ထောင်ထဲမဝင်ချင်ရင် သူတို့ခိုးခိုင်းတာ တစ်ခုခိုးဖို့ပါပဲ။ ခိုးရမှာကတော့ သန်း ၅၀၀ တန် ရွှေချောင်းတွေပါ။ အင်တာပိုက သက်သေမရှိလို့ ထိလို့ မရတဲ့ ရာဇဝတ်ကောင် သူဌေးကြီးတစ်ယောက်က ဟက်ကာတွေကို သန်း ၅၀၀ ဖိုး ရွှေချောင်းပေးပြီး ကမ္ဘာ့အနှံ့မှာ ရေနဲ့လျှပ်စစ်ပေးဝေရေး ဌာနကြီးတွေကို တိုက်ခိုက်ခိုင်းမှာဖြစ်ပါတယ်။ လူတွေ ရေကြီးရေလျှံတာတွေနဲ့ ဒုက္ခရောက်တာကို အသုံးချပြီး ရှယ်ယာအမြတ်ရအောင်လုပ်မဲ့အကြံပါပဲ။ အဲဒီအကြံကိုတားဖို့ သန်း ၅၀၀ တန်ရွှေချောင်းတွေကို လေယာဉ်ပေါ်မှာ ကြားဖြတ်ခိုးရမယ်၊ သူဌေးက လိုက်သတ်မခံရအောင် သူတို့ခိုးမှန်းလည်းမသိအောင်လုပ်ရမဲ့ အခြေအနေမှာ Mission Impossible ဆန်ဆန် ဘယ်လိုဆက်လုပ်ကြမလဲ ကြည့်ရမှာပါ... Read more...

Tiger Stripes 2023ဒီဇာတ်ကားဟာ မလေးအမျိုးသမီးဒါရိုက်တာ အမန်ဒါနယ်အူက သူ့ရဲ့ပွဲဦးထွက်လက်ရာအဖြစ် လက်စွမ်းပြရိုက်ကူးထားတာဖြစ်ပြီး
ကိန်းရုပ်ရှင်ပွဲတော်မှာ ဝေဖန်ရေးဆရာတွေရဲ့အကောင်းဆုံးရုပ်ရှင်ဆု၊ ၉၆ မြောက်အော်စကာဆုပေးပွဲအတွက်
မလေးရှားနိုင်ငံရဲ့ ကိုယ်စားပြုရုပ်ရှင် စတဲ့ ဆုပေါင်း ဂုဏ်ပုဒ်ပေါင်းများစွာရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကတော့ Body Horror ကားဖြစ်လို့ တချို့ဇာတ်ဝင်ခန်းတွေကတော့
အသက်မပြည့်သူတွေ ရောဂါအခံရှိသူတွေ မကြည့်ရှုသင့်ကြောင်း တစ်ခါတည်း ပြောကြားပေးလိုပါတယ်။……ဇာတ်လမ်းလေးကတော့ ကြုံတွေ့နေကျ အာရှနိုင်ငံအများစုရဲ့
မိန်းကလေးတွေ အပျိုဖော်ဝင်ချိန်ကြုံရတဲ့ပြသနာလေးတွေ ရှေးရိုးစွဲကြတဲ့ လူ့အဖွဲ့အစည်းတွေ
မိန်းမတွေကို လူတန်းစားခွဲခြား ဆက်ဆံတာတွေ စတဲ့ပြသနာများစွာကိုပဲ ရိုက်ကူးပြထားတာပါ
ထူးခြားသွားတာကတော့ မတူညီတဲ့ရှုထောင့်တစ်ခုကနေ
ယနေ့ခေတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတော့
ဒီလိုပြသနာတွေဟာ ခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ရှိနိုင်သေးတာလားလို့ မေးခွန်းထုတ်မိမှာပါပဲ
တစ်တော့ခ်ဆော့နေတဲ့ကောင်မလေးမှာ Mens ကြောင့်
သူငယ်ချင်းတွေကြားထဲပြသနာတက်တဲ့အထိ Sex education အားနည်းတယ်ဆိုတာ
အရှေ့တိုင်းရဲ့တချို့ရှေးရိုးစွဲမှုတွေကို မေးခွန်းထုတ်ချင်စရာပါပဲ…
ကိုယ်တိုင်ကြည့်ဖြစ်မှ ပိုအရသာရှိမဲ့ကားမို့ အားလုံးပဲ
အာရှအမျိုးသမီးဒါရိုက်တာတစ်ယောက်ရဲ့ ကမ္ဘာထိထိုးဖောက်နိုင်ခဲ့တဲ့
ပွဲဦးထွက်လက်ရာကို ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်

The Beach House Murders [2024]
(IMDb 5.6/10)ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်…
မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ…
ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်…
အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်…
တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့်
စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း…
စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့…
သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်…
ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်…
သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်…
ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ လူတစ်ယောက်ကလည်း ရှိခဲ့သေးပါတယ်…
ဒီကြားထဲမှာမှ ခင်ပွန်းဟောင်းကလည်း ကမ်းခြေကို ရောက်နေပြီး သူ့ကို မကြာမကြာမျက်နှာချင်းဆိုင်ဖို့ ကြိုးစားနေပါသေးတယ်…
ဒီလို အခြေအနေတွေက အကုန်ရောပြွန်းပြီး ရှုပ်ထွေးလို့နေတဲ့ကြားမှာ ဆာရာတစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်

Martin Luther King(2023)"ချုံကြားမှ ဘုံဖျားသို့"
================================
IMDb-7.3/10
ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို
ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ
ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။
မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။
တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို
မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။
တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူကနေ ...

Megamind vs. the Doom Syndicate (2024)
ဒီကားလေးကတော့ 2010 ခုနှစ်တုန်းကထွက်ခဲ့တဲ့ Megamind ဇာတ်ကားလေးရဲ့ အဆက်လိုလည်းပြောလိုရတဲ့ ကားလေးပါ။ March 1 ရက်နေ့ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး ကြာမြင့်ချိန် တစ်နာရီခွဲနီးပါးရှိတဲ့ ဒီကားလေးက 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကားနဲ့ယှဉ်ရင် သိပ်တော့အဖွင့်မလှခဲ့ပါဘူး။
စူပါဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Megamind တစ်ယောက် Metro City မှာ ဟီးရိုးတစ်ယောက်အဖြစ် ဘဝသစ်ကိုစတင်နေတဲ့နေရာကနေ ဒီဇာတ်ကားလေးကို စထားပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့မူလစူပါဗီလိန်အဖွဲက ထောင်ဖောက်ထွက်လာပြီး Metro City ကိုသိမ်းဖို သူတိုမူလအစီအစဉ်ရဲ့ အဆင့်နှစ်ကို ပြင်ဆင်ကြပါတော့တယ်။ ဒီလိုနဲ့ Megamind တစ်ယောက် သူ့ဘဝသစ်နဲ့ ဘဝဟောင်းကြား ဘယ်လိုတွေရုန်းကန်သွားမလဲ၊ Metro မြိုကြီးကိုရော ဘယ်လိုတွေကယ်တင်သွားမလဲဆိုတာတွေကိုပြသထားပါတယ်။ အများကြီးပြောနေရင် spoiler တွေပါတော့မှာမို ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဗျာ...

The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ"
အပိုင်း ၁ မှ ၄ စဆုံး
=====================================
IMDb-8.6/10
3idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့
ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ
ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို
အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။
ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။
အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ
ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။
အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ ...

The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို
အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။
Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့
Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။
စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊
စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊
ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။
အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။
အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့
ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။
အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့
စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင်
ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ
မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့
ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီး
သီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။
စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေ
ပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ…ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊
ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်း
သရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့
ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။
ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့
သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားက
အာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေ
ဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

Garudan 2023 အမှန်တရားဘက်တော်သား
IMDb 7.5/10
အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး
ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲတွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်
ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး
ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့
မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ်
ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့
သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် ..

No Way Up (2024)
လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။

Piranha 3DD (2012)
Victoria ဆိုတဲ့ရေကန်ထဲ မှာ အသားစားငါးတွေရောက်ရှိလို့ တစ်မြို့လုံး ပြောင်းပြေရလို့ မြို့ပျက်ကြီးသဖွယ်
ဖြစ်သွားပါတယ် အစိုးရက ထိန်းသိမ်းပြီး မသွားရနေရာလုပ်လိုက်လို့ အသားစားငါးတို့ ဇာတ်မြုတ်သွားပါတယ် ဒါပေမယ် Cross ဆိုတဲ့ရေကန်ထဲမှာ လယ်သမားနှစ်ဦး နွားတစ်ကောင်သေနေတာကိုသွားကြည့်ရင် အသားစား ငါးတွေပြန်ပေါ်လာခဲ့ပါတယ်. ဇာတ်လိုက်မင်းသမီးရဲ့ မိခင်သေသွားတော့ သူ့ ပထွေးက သူတို့ပိုင် ဆိုင်တဲ့ရေကန်ကို အပိုင်စီးလိုက်ပြီး အလန်းဇယားများနဲ့ အစားထိုးလိုက်ပါတယ်. တစ်ချိန်ချိန်မှာ
သူတို့ရေကူးကန် ဘယ်လိုကန်ဆိုးမိုးမှောင်ကျမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါစို့

Tasbih Kosong (2023)
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်ကားသစ် လာပါပြီ။
IMDB Rating 6.6/10 ရရှိထားတာမို့ မဆိုးလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့...
တစ်နေ့မှာ အစိုးရဝန်ထမ်းတွေဖြစ်တဲ့ အက်စတီနဲ့ အူမာတို့က
တိုးတက်ဖွံ့ဖြိုးမှုနည်းလှတဲ့ ရွာတစ်ရွာဆီကို အိမ်ထောင်စုစာရင်းကောက်ဖို့ တာဝန်ကျလာပါတယ်။
လမ်းခရီးကြမ်းလှပေမဲ့ ဖော်ဖော်ရွေရွေရှိလှတဲ့ ရွာသားတွေကြောင့် စိတ်ချလက်ချပါပဲ။
ဒါပေမဲ့ တစ်အိမ်နဲ့တစ်အိမ် ဝေးကွာလွန်းတာမို့ ထင်သလောက် အလုပ်မတွင်ဘဲ
ဒီရွာမှာပဲ အချိန်အတော်ကြာ သောင်တင်နေပြန်ပါတယ်။
တချိန်တည်းမှာပဲ အူမာဟာ ရွာကရာဂျန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပြန်ပါတယ်။
ရွာမှာအနေကြာလေ ရွာအကြောင်းကို ပိုသိလာရလာလေဖြစ်လာကြတဲ့အပြင် ရွာရဲ့ မျက်နှာဖုံးအမှန်ကို သိလာကြရပါတယ်။
ရာဂျန်ဆိုတဲ့ မိန်းကလေးကလည်း သာမန်မဟုတ်တဲ့အခါ...။

Iron Sky: The Coming Race (2019)
ကမ္ဘာကြီးဘယ်လိုဖြစ်တည်လာတယ်ဆိုတာရယ်
ဘယ်လိုပျက်စီးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး သီအိုရီတွေ၊
အတွေးအခေါ်တွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေများစွာရှိသလို
အခုရုပ်ရှင်လေးဟာလည်း မတူညီတဲ့ အတွေးအမြင်တစ်ခုနဲရိုက္ကူးထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
သိပ္ပံပညာရှင်တော်တော်များများရဲ့ သီအိုရီတွေကို သုံးထားသလို
ဆန်းသစ်တဲ့အမြင်စိတ်ကူးအသစ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးပျက်စီးသွားလို့ လကမ္ဘာပေါ်မှာ
နေထိုင်နေရတဲ့ လူသားမျိုးနွယ်တွေဟာ ရှင်သန်ဖို့အတွက် ဘယ်လိုအခက်အခဲတွေကြားမှာ
လှုပ်ရှားရုန်းကန်ပြီး ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
တွေးစရာလေးတွေ ဖြစ်လာစေနိုင်တဲ့ ကားကောင်းတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး

ချစ်ရတဲ့တိရိစ္ဆာန်ရုံလေး
东北猛兽 (Northeast Zoo) 2023 ရုပ်ရှင်
ရုပ်ရှင်အညွှန်း
တိရိစ္ဆာန်ရုံကို ကြီးကြပ်စောင့်ရှောက်ရင်း ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းလာခဲ့တဲ့ စွင်းသယ်ယို
တစ်ရက်မှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့ အန္တရာယ်ကြီးဟာ ကျရောက်လို့လာခဲ့တယ်
အဲ့တာကတော့ တိရိစ္ဆာန်ရုံကို အတင်းရောင်းဖို့ လူတစ်စုရဲ့ အတင်းဖိအားပေးခြင်းခံရတာပါ
တစ်ဖက်မှာ အိမ်ခြံမြေပိုင်ရှင်ကလည်း တိရိစ္ဆာန်ရုံကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက် စွင်းသယ်ယိုရဲ့ သားဖြစ်သူ ကို လှည့်ကွက်သုံးပြီး စည်းရုံးခဲ့တယ်
ဒီလိုနဲ့ သားဖြစ်သူကလည်း ငွေမျက်နှာကြောင့် အဖေဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ကြားက ဇာတိကိုပြန်လာပြီး တိရိစ္ဆာန်ရုံကို သူကိုယ်တိုင် စီမံကြီးကြပ်ခဲ့တယ်
သူရောက်လာပြီးနောက်ပိုင်း တိရိစ္ဆာန်ရုံက ပြန်လည်အသက်ဝင်လာတယ်ဆိုပေမယ့် အဲ့ဒီထဲမှာ လိမ်ညာလှည့်စားမှုတွေပါဝင်နေပြီး အဲ့ဒီအကြောင်းဟာ လည်ပတ်သူတွေ့ရှေ့မှာ ပေါ်သွားတဲ့အခါ........
တိရိစ္ဆာန်ရုံရဲ့ အနာဂတ်က ဘယ်လိုဆက်ဖြစ်မလဲ......
သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုမိုတင်းမာလာမလား......
တိရိစ္ဆာန်ရုံက နောက်ဆုံး ဘယ်သူ့ကြီးကြပ်မှုအောက်ရောက်သွားမလဲ.... စောင့်ကြည့်ကြရအောင်

" Death is All Around " (2024)
လူတွေက စိတ်ဖိဆီးမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တတ်ကြပါတယ် ဘဝကို အဆုံးသတ်လိုက်လည်းပဲ ခန္ဓာကသာသေဆုံးပြီး စိတ်ကတော့ ပူလောင်မှုတွေကြောင့် အပြစ်ဒဏ်ကို ခံစားတတ်ကြရပါတယ်
ဝိဉာဥ်ကမ္ဘာမှာလည်း အခုလက်ရှိဘဝကနေ ရာထူးတက်ဖို့အတွက် လူသားတွေကို ကူညီပေးနေရတဲ့ လူသားမဟုတ် ဝိဉာဉ်လည်းမဟုတ်ဘဲ လူတွေဖန်တီးထားတဲ့ စိတ်ကြောင့်ဖြစ်တည်နေတဲ့ Helper ဆိုသူတို့ရှိပါတယ် Morana Café လို့ခေါ်တဲ့ လူသားတွေနဲ့ ဝိဉာဥ်တွေကို ချိတ်ဆက်ပေးနေတဲ့ နေရာတစ်ခုဖြစ်တဲ့ သေဆုံးခြင်းကော်ဖီဆိုင်လေးမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ့်ကိုယ်ကိုယ့် အဆုံးစီရင်ခဲ့လို့ သူတို့အပြစ်တွေအတွက် Helper တို့ရဲ့လမ်းပြမှုတွေနဲ့ အလုပ်လုပ်ရင်း ပြန်လည်မွေးဖွားဖို့ စောင့်နေကြတဲ့သူတွေပါ
ဒီယာဆိုတဲ့ကောင်မလေးက မိသားစု အချစ်ရေးတွေကြောင့် စိတ်ကျရောဂါရပြီး သူ့ဘဝကိုအဆုံးစီရင်ခဲ့ပါတယ် အဆုံးစီရင်ခဲ့တဲ့အပြစ်ဒဏ်အနေနဲ့ သူရဲ့ဝိဉာဥ်က Morana Café ကိုရောက်သွားပါတော့တယ် ဒီယာတစ်ယောက် Café ရောက်ပြီး Helper တွေထဲကအတော်ဆုံး နံပါတ်တစ်ဖြစ်တဲ့ Helper တန့်အကူညီနဲ့ ပြန်လည်မွေးဖွားဖို့အတွက် ကြိုးစားရတဲ့အခါ…..
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကမ္ဘာနှစ်ခုကြား သေဆုံးခြင်းက ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့အချိန် သေဆုံးပြီးမှ ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခု……
လူသားတွေနဲ့ Helper ကြားမချစ်ရဘူးဆိုတဲ့စည်းမျဉ်းကလည်း ရှိနေသေးတော့ Helper တန့်နဲ့ ဒီယာကြားက ဖြစ်ပေါ်လာတဲ့ အချစ်ကရော အဆုံးသတ်လှနိုင်ပါ့မလား ဒီယာကရော ပြန်လည်မွေးဖွားနိုင်ပါ့မလား သတ်သေတဲ့ဝိဉာဉ်တွေကို ပြန်လည်မွေးဖွားဖို့ Helper တွေကူညီရင်း ဘယ်လိုအခက်ခဲမျိုးတွေရင်ဆိုင်ကြရမလဲ ဆိုတာ ထိုင်းကားတို့ထုံးစံအတိုင်း ဒရမ်မာခပ်များများ ရိုမန့်ပိစိလေးနဲ့ မဆိုသလောက် Horror လေးလည်းပါတဲ့ ဒီဇာတ်ကားလေးကို ...

မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄)
အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက်
ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။
Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။
ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်
လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။
အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့
အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမမြှောက်ရသေးတော့
မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေ
လက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို
"မာန်စွမ်" ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။