Forwarded from When Oranges Fall ( လိမ္မော်ခြံထဲက အမှတ်တရ )
Your Dear Daddy (2026)
ချစ်ရပါသော ဒယ်ဒီ (၂၀၂၆)
Ep-2
https://t.me/blackholethaifilm/926
#YourDearDaddy #thaiseries #2026series #mmsub #GL #BL
ချစ်ရပါသော ဒယ်ဒီ (၂၀၂၆)
Ep-2
https://t.me/blackholethaifilm/926
စီလာအဖြစ် Fluke Pusit Dittapisit
စိုင်ထန်အဖြစ် SaengNuea Jitaboon Ngamboonyarak
အတိတ်က ဒဏ်ရာတွေကြောင့် ဘယ်သူနဲ့မှ မပတ်သက်ချင်တော့တဲ့ စိုင်ထန်တယောက် ချင်းမိုင်ကို အပန်းဖြေခရီးထွက်လာရင်းနဲ့ ဖူဆန်ဒေါင်ခြံနဲ့ ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ သူဌေးလေးစီလာနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတော့တယ်
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်မြင်မြင်ချင်း မသိစိတ်ထဲမှာ သဘောကျသွားခဲ့ကြပြီးတော့ နောက်ထပ်ပြန်မတွေ့ဖြစ်တော့ဘူးဆိုတဲ့ အတွေးနဲ့ တစ်ညတာ အတူဖြတ်သန်းခဲ့ကြပြီးတော့ နောက်မနက်မှာပဲ စိုင်ထန်က သူတို့အိပ်ခဲ့တဲ့အခန်းကနေ ထွက်ပြေးလာပါတော့တယ်
ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ စိုင်ထန်ဟာ ချင်းမိုင်မှာ ဩဇာအာဏာရှိတဲ့သူတယောက်ရဲ့သမီးနဲ့ ကားချင်းတိုက်မိရာကနေ အလျော်ပေးရတော့မှာကို စီလာက တွေ့သွားပြီး ပြဿနာတွေပြေလည်သွားအောင် ဖြေရှင်းပေးပြီးတော့ လျော်ကြေးငွေတွေကိုလည်း ကြားထဲကနေ စိုက်ထုတ်လျှော်ပေးခဲ့ပါတော့တယ်
စိုင်ထန်ကတော့ မိသားစုကို အသိမပေးဘဲ မိမိခြေထောက်ပေါ်မိမိရပ်တည်ပြီး ပြဿနာကို ဖြေရှင်းချင်တာကြောင့် စီလာကို အကြွေးပြန်ဆပ်ဖို့အတွက် ဖူဆန်ဒေါင်ခြံမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး တညတာဆက်ဆံရေးကနေ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးကို ပြောင်းလဲသွားပါတော့တယ်
အကြွေးပြန်ဆပ်ပြီး ကိုယ့်မြို့ကိုယ်ပြန်ဖို့ပဲ စဉ်းစားနေတဲ့ စိုင်ထန် တစ်ဖက်မှာကတော့ သူ့ရဲ့ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝထဲမှာ စကားပြောဖော်၊ အတူအိပ်ဖော်ရလာလို့ပျော်နေတဲ့ စီလာ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုမျိုးသံယောဇဉ်တွေဖြစ်ပေါ်လာပြီး ငြိတွယ်သွားကြမလဲဆိုတာကိုတော့ စနေနေ့ညတိုင်းတင်ဆက်ပေးတော့မှာမလို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
#YourDearDaddy #thaiseries #2026series #mmsub #GL #BL
Forwarded from Love of Silom (2026) BL
Midnight My love (2005)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1446
#MidnightMylove #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1446
ဆုမ်ဘတ် အဖြစ် Petchtai
နွန် အဖြစ် Nune Woranuch
ဇာတ်လမ်းအကျဉ်း...
ဘန်ကောက်မှာ ညပိုင်းတက္ကစီမောင်းရင်း အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ဆုမ်ဘတ်လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်ရှိပါတယ်။ တစ်ယောက်တည်း အထီးကျန်လှတဲ့ဘဝမှာ သူ့ကိုအဖော်ပြုပေးတဲ့အရာဆိုလို့ သူအမြဲနားထောင်နေကျ ရေဒီယိုအစီအစဥ်တစ်ခုရဲ့ ရှေးဟောင်းသီချင်းတွေနဲ့ ရှေးဟောင်းဇာတ်လမ်းတွေပဲရှိတာပါ။ ဒါပေမဲ့ တစ်ညမှာတော့ ကြင်နာသဘောကောင်းတဲ့ ညအပျော်မယ်လေး နွန်နဲ့ သိကျွမ်းခဲ့ရပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိ၊ တိုင်ပင်စရာမရှိ၊ အထီးကျန်လှတဲ့ဘဝထဲကို နွန်ရောက်လာပြီးနောက်မှာတော့ သူ့ဘဝက အရင်ကထက်ပိုပြီး ပျော်စရာကောင်းလာပါတယ်။
ပြီးတော့ ဘဝတူတွေဖြစ်ပေမဲ့ ညီမလေးရဲ့ကျောင်းစားရိတ်ကိုရှာဖို့ ခက်ခက်ခဲခဲ အလုပ်ကြိုးစားနေရတဲ့နွန်ကို ကူညီပေးချင်စိတ်တွေဖြစ်လာခဲ့ပါတယ်။ စိတ်မကောင်းစရာက သူ့ဘဝထဲကို အမြဲအကောင်းတွေချည်း ရောက်လာတာတော့မဟုတ်ပါဘူး။ ရိုးရိုးသားသားနဲ့ တစ်သက်လုံးလူကောင်းလုပ်လာခဲ့ပေမဲ့ သူ့ကိုချနင်းသွားတဲ့လူတွေက များပါတယ်။ အဆိုးဆုံးကတော့ သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်း နွန်က အထင်လွဲသွားခဲ့တာပါပဲ။
မြင်တာနဲ့ မပြုံးဘဲမနေနိုင်အောင်ဖြစ်စေတဲ့ ဟာသသရုပ်ဆောင်ကြီးကို ဒီရုပ်ရှင်ထဲမှာတော့ ဘဝရဲ့အချိုးအကွေ့တွေကြောင့် ဒုက္ခဗျာများခဲ့ရတဲ့ ဂရုဏာသက်ဖွယ် တက္ကစီသမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ အချစ်နဲ့ဘဝပြဿနာကို သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ကားကောင်းမျိုး ရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက ကြည့်ရကျိုးနပ်စေမှာ သေချာပါတယ်။
#MidnightMylove #thaimovies #mmsub
Forwarded from The Bangkok Red Opera ( လှည့်ကွက်သီတဲ့မာလာနွယ် )
Broken Of Love (2026)
Ep-8 ( The End )
https://t.me/blackholefilm/919
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#BrokenOfLove #thaiseries #2026series #mmsub #GL
Ep-8 ( The End )
https://t.me/blackholefilm/919
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
GL ဇာတ်ကားကောင်းကောင်းလေးတွေမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အချစ်နဲ့ အမုန်းကြားက ဒရာမာခပ်ကြမ်းကြမ်း လွန်ဆွဲမှုတွေကို မြင်တွေ့ရမယ့် "Broken of Love (2026)" ဆိုတဲ့ ထိုင်းGL Revenge Drama စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
ဒီကားလေးဟာ ကျွန်တော်တို့ Daddy Faye အချိန်အတော်ကြာ ကိုယ်တိုင် ကြိုးစားအားထုတ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် Faye- Atom CPရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်တာမလို့ အတော်လေး မျှော်လင့်ရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။
အာရီဆာ အဖြစ် Faye Peraya
လာလင် အဖြစ် Atom Pariya
အမေဖြစ်သူကို သတ်သွားတဲ့သွေးကြေးကိုဆပ်ဖို့ နောက်ကွယ်ကကြိုးကိုင်သူ စီးပွားရေးအင်ပါယာပိုင်ရှင်ကြီးကို တစ်ကိုယ်တည်းတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ အာရီဆာ
အမုန်းနဲ့ကလဲ့စားက ဝါးမြိုနေတဲ့ အာရီဆာရဲ့ နှလုံးသားထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသူလေးကတော့ လာလင်ဆိုတဲ့ကောင်မလေး
ချစ်ခြင်းနဲ့မေတ္တာတို့ အချိန်အတော်ကြာ ပျောက်ဆုံးခဲ့ရပြီးမှ အချစ်ဆိုတဲ့အရာကို ပြန်လည်ထိတွေ့ချိန်မှာ လာလင်က ရန်သူတော်ကြီးရဲ့သမီး ဖြစ်နေတဲ့အခါ…
အသိစိတ်ကိုလိုက်နာရမလား နှလုံးသားစေရာလိုက်ရမလား ဝေခွဲမရဖြစ်နေတဲ့အာရီဆာနဲ့ လာလင်တို့နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အပတ်စဉ်စနေနေ့တိုင်း အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာဖြစ်လို့ ရှုစားကြပါဦး။
#BrokenOfLove #thaiseries #2026series #mmsub #GL
Forwarded from The Air ( နှစ်ကိုယ်တူ တစ်ဘဝ ) 4 Elements
4 Elements: The Air (2026)
The Air (2026)
နှစ်ကိုယ်တူ တစ်ဘဝ (၂၀၂၆)
Ep-1
https://t.me/blackholethaifilm/919
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#4ElementsTheAir #TheAir #thaiseries #2026series #GL
The Air (2026)
နှစ်ကိုယ်တူ တစ်ဘဝ (၂၀၂၆)
Ep-1
https://t.me/blackholethaifilm/919
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ကတ်သရင်း/ဘလူး/ဟယ်လီနာအဖြစ် Becky Armstrong
လုမ်/ဝါယိုအဖြစ် Freen Sarocha
The Earth နဲ့ The Water တို့ရဲ့ လှပတဲ့အဆုံးသတ်နောက်မှာ အလှည့်ကျလာတာကတော့ first gl series cp ဖြစ်တဲ့ Freen-Becky တို့ရဲ့ The Air ပါပဲ။
"တာဝန်ကို ဦးစားပေးရမလား... နှလုံးသားအလိုကို လိုက်ရမှာလား"
4E mega projectကြီးကို မျှော်နေတဲ့ ပရိသတ်ကြီးအတွက် Trope အလန်းစားလေးနဲ့ ရင်ခုန်စရာ The Air ကတော့ ဒီနေ့မှာပဲ ပူပူနွေးနွေး ထွက်ရှိလာပါပြီ။
ဇာတ်လမ်းကတော့ ထီးနန်းဆက်ခံဖို ပထမဆုံး အမွေခံဖြစ်တဲ့ မင်းသမီးလေး ကတ်သရင်း (ခေါ်) ဘလူး ဟာ မထင်မှတ်ဘဲ လုပ်ကြံသတ်ဖြတ်မှုတွေ၊ သစ္စာဖောက် အာဏာသိမ်းမှုတွေကြားထဲ ရောက်သွားရာကနေ စပါတယ်။
ဘေးနားက ဘယ်သူ့ကိုမှ ယုံကြည်လိုမရတော့တဲ့ အခြေအနေမှာ သူ့အတွက် နောက်ဆုံးခံတပ်လေးအဖြစ် ရောက်လာသူကတော့ သစ္စာရှိလှတဲ့ အမျိုးသမီး ရဲအရာရှိလေး လုမ် (ဝါယို) ပါပဲ။
ရန်သူတွေရဲ့ မျက်လုံးအောက်ကနေ လွတ်အောင် လုံခြုံတဲ့ နေရာတစ်ခုမှာ အတူတူ ပုန်းအောင်းရင်း၊ အသက်အန္တရာယ်တွေကို အတူတူ ရင်ဆိုင်ဖြတ်သန်းရင်းနဲ့ပဲ... ဒီအမျိုးသမီးနှစ်ယောက်ကြားမှာ မဖြစ်နိုင်မှန်းသိပေမဲ့ တားမြစ်လိုမရတဲ့ သံယောဇဉ်တွေ၊ ရင်ခုန်သံတွေ စတင်လာပါတော့တယ်။
"ချစ်လိုမရမှန်း သိလေ... နှလုံးသားက ပိုတောင်းဆိုလေ" ဖြစ်လာတဲ့အခါမှာတော့ လုမ်တစ်ယောက် တာဝန်နဲ့ အချစ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ။ ရန်သူတွေက သူတိုရဲ့ ပုန်းခိုရာကို တွေ့သွားတဲ့အခါ... မင်းသမီးလေးကို သူ့အသက်နဲ့ရင်းပြီး ဘယ်လိုကာကွယ်မလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။
သာမန် အချစ်ကားတွေလို ပေါ့ပေါ့ပါးပါးလေးတင် မဟုတ်ဘဲ Action အလွင့်စားတွေနဲ့ ဒရာမာကို သေသေချာချာ ရောမွှေထားတဲ့ ဇာတ်ကားကောင်းလေးမို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။
#4ElementsTheAir #TheAir #thaiseries #2026series #GL
Forwarded from My Stubborn (2025)
Love You Teacher (2026)
Ep-10 ( The End )
https://t.me/blackholethaifilm/923
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#LoveYouTeacher #thaiseries #2026series #mmsub #BL
Ep-10 ( The End )
https://t.me/blackholethaifilm/923
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဖော့မက် အဖြစ် Perth Tanapon Sukumpantanasan နဲ့ ဆိုလာအဖြစ်
Santa Pongsapak Udompoch တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ GMM ရဲ့ကားအသစ် Love You Teacher ကတော့ထွက်ရှိလာပြီပဲဖြစ်ပါတယ်
မူကြိုကျောင်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဖော့မက်ဟာ ကလေးမချစ်တဲ့သူတယောက်ဖြစ်ပြီး ကျောင်းဆရာဖြစ်တဲ့ သူ့ရည်းစားဆိုလာကတော့ ကလေးချစ်တဲ့သူတယောက်ဖြစ်ပါတယ်
တနေ့မှာတော့ ဆိုလာက ကားအက်စီးဒင့်ဖြစ်သွားပြီးတော့ မြန်မာကားတွေထဲကအတိုင်း အတိတ်မေ့သလိုရွှေပျောက်သလိုဖြစ်သွားပြီး သူ့ကိုယ်သူ ၇ နှစ်သားအရွယ်ဆန်းဆိုပြီးထင်နေတာ အတိတ်မေ့သွားပါတော့တယ်
ကလေးမချစ်တတ်တဲ့ ဖော့မက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ၇ နှစ်သားကလေးလို့ထင်နေတဲ့ ဆိုလာကို ဘယ်လိုထိန်းကြောင်းသွားပြီး သူ့ကိုယ်သူပြန်ပြီးမှတ်မိလာအောင် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုတော့ စနေနေ့တိုင်းတင်ဆက်ပေးတော့မှာမလို့ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
#LoveYouTeacher #thaiseries #2026series #mmsub #BL
Forwarded from Whisper of Desire ( အချစ်ရိပ်ခိုငှက်ငယ် )
The Whole Truth (2021)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1447
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1447
ဖတ် အဖြစ် Mac Nattapat#TheWholeTruth #thaimovies #mmsub
ဖင် အဖြစ် Punpun Sutatta
ဇာတ်လမ်းအကျဉ်း
ဖင်နဲ့ဖတ်တို့ မောင်နှမနှစ်ယောက်ဟာ တစ်ညမှာတော့ အမေကားမတော်တဆဖြစ်တဲ့အကြောင်းကို တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ အဖိုးအဖွားဆီကနေ ကြားခဲ့ရပါတယ်။ ပြီးတော့ အမေ့အခြေအနေက ဦးနှောက်ထိခိုက်ပြီး ကိုမာဝင်သွားတဲ့အထိပြင်းထန်လို့ အဖိုးနဲ့အဖွားက သူ့အမေဆေးရုံဆင်းတဲ့အချိန်ထိ သူတို့အိမ်မှာလိုက်နေဖို့ ပြောလာပါတယ်။ တစ်ခါမှအတူမနေဖူးတဲ့ အဖိုးအဖွားအိမ်မှာလိုက်နေရတဲ့အတွက် သူတို့စိတ်ထဲမှာတော့ သက်သောင့်သက်သာ ဖြစ်မနေခဲ့ပါဘူး။ ပြီးတော့ အဖိုးနဲ့အဖွားက နည်းနည်းထူးဆန်းနေသလို ခံစားခဲ့ရပါတယ်။
တစ်ရက်မှာတော့ ဖတ် ကျောင်းကနေပြန်လာတဲ့အချိန် အိမ်နံရံပေါ်မှာ အပေါက်တစ်ပေါက်ဖြစ်နေတာကို တွေ့ခဲ့ပါတယ်။ ပြီးတော့ အဲ့အပေါက်ကနေ ဟိုဘက်အိမ်ကိုလှမ်းမြင်ရတဲ့အတွက် သူ့အစ်မကိုပါ ပြခဲ့ပါတယ်။ မောင်နှမနှစ်ယောက်လုံး အစကတော့ ဘေးအိမ်ကလူတွေ အိမ်ပြင်နေကြလို့ အပေါက်ဖောက်မိသွားတာလို့ထင်ခဲ့ကြပေမဲ့ အဖိုးနဲ့အဖွားက အပေါက်ကိုမမြင်ရကြောင်း ပြောလာတဲ့အခါမှာတော့ သူတို့ကိုယ်သူတို့တောင် ဇဝေဇဝါဖြစ်သွားကြပါတယ်။ အဲ့နောက်ပိုင်း မောင်နှမနှစ်ယောက် အပေါက်ကိုမကြည့်တော့ဖို့လုပ်ခဲ့ပေမဲ့ ထူးဆန်းတဲ့ဆူညံသံတွေက အပေါက်ကိုကြည့်ဖို့ ဆွဲဆောင်လာတဲ့အခါမှာတော့ ယုတ်မာရက်စက်လှတဲ့ လျို့ဝှက်ချက်ကြီးကို ရှာတွေ့သွားခဲ့ပါတယ်။
ဒီသည်းထိပ်ရင်ဖိုရုပ်ရှင်ကားလေးက တချို့လူတွေအတွက်တော့ ကြောက်စရာကောင်းချင်မှကောင်းမှာဆိုပေမဲ့ စိတ်ခြောက်ခြားမှုကိုပေးစွမ်းနိုင်ပြီးတော့ ကြည့်ရတန်တဲ့ သဘာဝလွန် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။
Forwarded from Friends On Fire ( မီးနဲ့ကစားတဲ့နှင်းဆီ )
The Cheese Sisters (2022)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1449
#TheCheeseSisters #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1449
အချစ်ကို စားစရာတစ်ခုနဲ့ပုံဖော်ရမယ်ဆိုရင်တော့ ချိစ်လို့ပဲပြောရမှာပါပဲ။ အရည်အသွေးအကောင်းဆုံး ပစ္စည်းတွေကိုလိုအပ်တယ်၊ အဆင့်ဆင့်စီမံရတယ်၊ အချိန်အကြာကြီးစောင့်ရတယ်၊ ရလဒ်ကိုကျတော့ အတိအကျပြောရခက်ပါသတဲ့။ အချစ်သည်လည်း ထိုနည်း၎င်းပေါ့လေ။
ဒီရုပ်ရှင်လေးထဲမှာတော့ နွားနို့ဘဝကနေ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ချိစ်ကိတ်ဘွအထိရောက်ဖို့ အဆင့် ၄ ဆင့်ကိုပြထားပြီး ဒီအဆင့် ၄ ဆင့်မှာ ပတ်သက်နေတဲ့လူတွေရဲ့ အချစ်ဇာတ်လမ်း ၄ ပုဒ်ကို မြင်တွေ့ရမှာပါ။
ပထမအဆင့်အနေနဲ့ နွားခြံကကောင်မလေးနဲ့ သူ့ရဲ့သူငယ်ချင်းကြားကအချစ်ဇာတ်လမ်းနဲ့ ရုတ်တရက်အဖေဆုံးသွားချိန်မှာ နွားခြံကိုဆက်ပြီးတာဝန်ယူရမဲ့ဖန်နဲ့ သူ့သူငယ်ချင်းဖွန်တို့အကြောင်းကိုမြင်ရမှာပါ။
ဒုတိယအဆင့် နွားနို့ကနေ ချိစ်လုပ်တဲ့နေရာမှာတော့ တည်းခိုခန်းနဲ့ ချိစ်လုပ်တဲ့လုပ်ငန်းကို တွဲဖက်လုပ်ကိုင်နေတဲ့ မိသားစုတစ်စုက နောင်ဆိုတဲ့ကောင်မလေးနဲ့ စိတ်ကျဉ်းကြပ်လွန်းလို့ အလုပ်နဲ့ ဖိအားပေးတတ်တဲ့အမေဆီကနေ ခေတ္တပြေးလာတဲ့အိုင်ရင်းတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပေါ့
တတိယအဆင့်အဖြစ်နဲ့ ချိစ်ကိုမြို့ကိုလာပို့တဲ့ ပစ္စည်းပို့ကောင်မလေးပရန်နဲ့ တစ်ချိန်ကထားရစ်ခဲ့တဲ့မြူတို့ပြန်လည်ဆုံစည်းခြင်းမှသည် တစ်ချိန်က အမီတ်တရတွေကို မြင်ရမှာဖြစ်ပြီး
စတုထ္တအဆင့်အနေနဲ့ ရလာတဲ့ချိစ်ကို ကျွန်တော်တို့စားနေတဲ့ ချိစ်ကိတ်အဖြစ် ပြောင်းလဲပေးမဲ့ ရည်းစားပေးတဲ့ဒဏ်ရာတွေ တနင့်တပိုးနဲ့ကော်ဖီဆိုင်ပိုင်ရှင်လေးနဲ့ ကော်ဖီဆိုင်ပိုင်ရှင်ကိုမှချစ်မိတဲ့ အိမ်နီးချင်းကောင်မလေးတို့အကြောင်းကို ပုံဖော်ထားပါတယ်။
ဇာတ်လမ်းတစ်ခုစီမှာ ပေါ့ပေါးပါးပါးနဲ့ စိတ်အပန်းပြေစေမဲ့ love storyတစ်ပုဒ်ဆီချပြထားတာဆိုတော့ relaxလုပ်ရင်း GL လေးကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုရွေးချယ်ဖို့ ညွှန်းပေးလိုက်ရပါတယ်။
#TheCheeseSisters #thaimovies #mmsub
Forwarded from Let’s Begin Again ( နောက်တစ်ကြိမ်သာချစ်ခွင့်ရရင် )
Let’s Begin Again (2026)
နောက်တစ်ကြိမ်သာချစ်ခွင့်ရရင် (၂၀၂၆)
Ep-8
https://t.me/blackholethaifilm/928
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#LetsBeginAgain #thaiseries #2026series #mmsub
နောက်တစ်ကြိမ်သာချစ်ခွင့်ရရင် (၂၀၂၆)
Ep-8
https://t.me/blackholethaifilm/928
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
မွတ်အဖြစ် Namtarn Pichukkana Wongsaratta
တီးအဖြစ် march chutavuth Pattarakampol
မွတ်ဟာ ဆယ်ကျော်သက်ဘဝတုန်းက စိတ်ကူးယဉ်ပုံပြင်ဆန်တဲ့ အချစ်ရေးဘဝကို အိပ်မက်မက်ခဲ့သူဖြစ်ပြီးတော့ အဲဒီအိပ်မက်ဟာလည်း ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားခဲ့ရပါတော့တယ်။သူမယောက်ျားနဲ့ကွဲပြီးနောက်မှာတော့ အသက် (၃၀) ကျော် အရွယ် နှလုံးသားတံခါးပိတ်ထားတဲ့ တကိုယ်တော်မိခင်တစ်ယောက်အနေနဲ့ ခင်ပွန်းဟောင်းရဲ့ ကုမ္ပဏီနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ခရီးသွားလုပ်ငန်းတစ်ခုမှာ ပါတနာတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်
တစ်နေ့မှာတော့ နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုနဲ့ ပရောဂျက်တစ်ခု ချိတ်ဆက်ဖို့ ကြိုးစားရင်း အသက် (၂၆) နှစ်အရွယ် ချောမောခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် CEO တစ်ဦးဖြစ်တဲ့ ခွန်တီဂျေ/တီး နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူမရဲ့ဘဝဟာရှုပ်ထွေးလာပါတော့တယ်
မွတ် နဲ့ တီးတို့ဟာ အလုပ်သဘောအရ မလွဲမရှောင်သာ တွဲဖက်လုပ်ကိုင်ကြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး စရိုက်ချင်းမတူလို့ အမြဲတမ်း စကားများရန်ဖြစ်နေခဲ့ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးအကြောင်းတစ်ဦး ပိုသိလာပြီး သူတို့ကြားမှာ သံယောဇဉ်တွေ စတင် ဖြစ်ပေါ်လာခဲ့ကြရင်း သူတို့ရဲ့ စီးပွားရေးအရဆက်ဆံရေးဟာလည်း သူငယ်ချင်းဘောင်ကို ကျော်လွန်လို့လာခဲ့ပါတော့တယ်
မွတ်သာ တီးရဲ့အချစ်ကိုလက်ခံလိုက်ခဲ့ရင် သူ့ရဲ့အသက်မွေးလမ်းကြောင်းအလုပ်ကို ထိခိုက်လာနိုင်ရုံတင်မကဘဲ ကိုယ်ထက်ငယ်တဲ့သူတွဲတာဖြစ်တာကြောင့် လူအမြင်ကပ်ခံရပြီး လူပြောခံရုံတင်မကဘဲ ထပ်ပြီးနာကျင်ခံစားရနိုင်ခြေလည်းရှိနေပါတယ်
စိတ်ကူးယဥ်ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တွေ မရှိတတ်ဘူးဆိုတဲ့အတိုင်း သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းကရော ပျော်ရွှင်စွာနဲ့အဆုံးသတ်နိုင်ပါ့မလားဆိုတာကို အချစ် အမုန်း အလွမ်း ကြေကွဲစရာရသမျိုးစုံနဲ့ကြည့်ရှုရမှာမလို့ လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်
#LetsBeginAgain #thaiseries #2026series #mmsub
Forwarded from Kaew Na Mah ( မြင်းမျက်နှာနဲ့မိန်းကလေး )
Kaew Na Mah (2026)
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)
Ep-28
https://t.me/blackholethaifilm/929
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
မြင်းမျက်နှာနဲ့မိန်းကလေး (၂၀၂၆)
Ep-28
https://t.me/blackholethaifilm/929
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေးကတော့ မွေးလာကတည်းက မြင်းနဲ့တူတဲ့ မျက်နှာပေါက်၊ ထိုးထွက်နေတဲ့ သွားတွေကြောင့် လူတကာရဲ့ လှောင်ပြောင် ကဲ့ရဲ့မှုကို ခံနေရတဲ့ "ကဲရောင်" (Kaew) ဆိုတဲ့ မိန်းကလေးကနေ စတင်ထားပါတယ်။ ရုပ်သာဆိုးပေမယ့် ကလောင်းဟာ စိတ်ထားဖြူစင်ပြီး ခွန်အားကြီးမားတဲ့အပြင် ထူးခြားတဲ့ မှော်အစွမ်းတွေလည်း ရှိသူပါ။
တစ်နေ့မှာတော့ တိုင်းပြည်က မင်းသားချော "ပင်ထုန်" (Phra Pin Thong) လွှင့်လိုက်တဲ့ စွန်ဟာ ကလောင်းဆီကို ပြုတ်ကျလာပါတော့တယ်။ ကဲရောင်က အဲဒီစွန်ကို ပြန်ပေးဖို့အတွက် "မင်းသား ကိုယ့်ကို လက်ထပ်ရမယ်" လို့ ရဲရဲဝံ့ဝံ့ တောင်းဆိုရာကနေ ဇာတ်လမ်းစပါတော့တယ်။ မင်းသားက ရုပ်ဆိုးလွန်းတဲ့ ကဲရောင်ကို လုံးဝသဘောမကျဘဲ အမြဲရှောင်ပြေး၊ နှိမ်ချဆက်ဆံရာကနေ ကလောင်းကရော မင်းသားကိုဆက်ချစ်နိုင်မလား ?မင်းသားကရောသူ့ကိုပြန်ချစ်လာမှာလား?ဒီဟာသအချစ်ဇာတ်လမ်းလေးကို ကြည့်လိုက်ရအောင်!!
#KaewNaMah #thaiseries #2026series #ongoing #mmsub #blackhole
Forwarded from One Year (2026)
One Year (2026)
Ep-4
https://t.me/blackholethaifilm/930
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#OneYear #thaiseries #2026series #mmsub #BL
Ep-4
https://t.me/blackholethaifilm/930
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ကင် အဖြစ် Hearth Chindanai Dechawaleekul
တောင်ဆော အဖြစ် Folk Touch Inthirat
ပင်လယ်ကြီးကိုမှကြောက်တတ်ပါပြီဆိုတဲ့တောင်ဆော...
အချစ်ကိုမှရူးသွပ်ပါပြီရဲ့ဆိုတဲ့ ကင်တစ်ယောက်.... ချစ်ရတဲ့သူက သူ့ကို မှတ်ဉာဏ်ထဲမှာမရှိတော့တဲ့အချိန်
တောင်ဆောအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးမှာအရာအားလုံးဟာ … တဖြည်းဖြည်း မေ့လျော့သွားနေတဲ့အချိန်ပေါ့။ အတူရှိခဲ့တဲ့မှတ်ဉာဏ်တွေ၊ အချစ်တွေ၊ အမှတ်တရတွေ… တစ်ခုချင်းစီ လွင့်ပျောက်သွားနေတယ်
ဒါပေမယ့်…သူတို့နှစ်ယောက်ရဲ့ နှလုံးသားထဲမှာတော့ အချစ်ဆိုတဲ့ အရာတစ်ခုက မပျောက်ဘဲနဲ့ တည်ရှိနေတာပေါ့
အချိန်က သူတို့ကို ခွဲခွာဖို့ ကြိုးစားပေမယ့်…
ကမ္ဘာကြီးက သူတို့ရဲ့ အမှတ်တရတွေကို ဖျက်ဆီးနေပစ်ဖို့ကြိုးစားပေမယ့်…
သူတို့နှစ်ယောက်ကတော့— မေ့လျော့မှုဆိုတဲ့အရာကြီးကို အံတုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်လက်ပြီးမှတ်မိဖို့ ကြိုးစားနေကြတယ်။
ဒီလိုနဲ့ နှစ်ယောက်ကြားထားရှိခဲ့တဲ့ သံယောဇဉ်ကြိုးကို ပြန်ပြီးတော့ မှတ်မိနိုင်ပါ့မလား.... ဒီအတိုင်းပဲ ဆက်လက်တည်ရှိသွားမလားဆိုတာကို
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးတော့မှာဖြစ်ပါတယ်
#OneYear #thaiseries #2026series #mmsub #BL
Forwarded from Love of Silom (2026) BL
Present Perfect Continuous Tense (2013)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1448
#PresentPerfectContinuousTense #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1448
အီရန် အဖြစ် Mew Lalita
ကျင် အဖြစ် Tao Sattaphong
ဇာတ်လမ်းအကျဉ်း
ဒီရုပ်ရှင်က အသက်လေးဆယ်အရွယ် တစ်ခုလပ်ဆရာမနဲ့ အသက်နှစ်ဆယ်အရွယ် ကျောင်းသားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျင်ဆိုတဲ့ကောင်လေးက သူ့ကျောင်းကဆရာမ အီရန်ကို သဘောကျသွားပြီး ရည်းစားဖြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါနဲ့အီရန်လည်း သူငယ်ချင်းတွေကိုပြောပြကြည့်တော့ အသက်ထက်ဝက်လောက် ကွာခြားမှုကြောင့် မတွဲဖို့တားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျင်က ကိုယ်ပျော်ရွှင်ဖို့ဆိုရင် တခြားလူတွေကို ဂရုစိုက်စရာမလိုဘူး။ သူ အီရန့်ဘေးမှာရှိတဲ့အချိန် ပျော်တယ်လို့ ပြောတဲ့အတွက် အီရန်လည်း လက်ခံလိုက်ပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် သမီးရည်းစားတွေအဖြစ် တွဲလာကြတာ သုံးနှစ်ကျော်လို့ ကျင်တက္ကသိုလ်ကနေ ဘွဲ့ရခါနီးအချိန်ကိုရောက်လာပါတယ်။ ဒါပေမဲ့လည်း အချိန်တွေကြာလာတာနဲ့အမျှ ကျင်နဲ့အီရန်ကြားမှာ နားလည်မှုလွဲပြီး စကားများရတဲ့ကိစ္စတွေ ရှိလာခဲ့ပါတယ်။ ကျင်က တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အပြင် အချိန်ပိုင်းအလုပ်တွေပါလုပ်ရတော့ အိမ်ပြန်နောက်ကျလာပါတယ်။ ပြီးတော့ အီရန်နဲ့ချိန်းတွေ့တိုင်း အမြဲနောက်ကျတတ်တာက ပြဿနာအရင်းခံတစ်ခု ဖြစ်လာခဲ့ပါတယ်။
သက်တူရွယ်တူတွေတောင် ကြာရှည် မတည်မြဲတဲ့ခေတ်ကြီးထဲမှာ အသက်ထက်ဝက်လောက်ကွာဟတဲ့ စုံတွဲက အခက်အခဲ ပြဿနာတွေကိုကျော်လွှားသွားနိုင်မှာလား။ ဒါမှမဟုတ် အချစ်မှာမျက်စိမရှိဘူးဆိုတဲ့အတိုင်း အချစ်၊ နားလည်မှုတွေနဲ့ ရွှေလက်တွဲသွားကြမှာလား။
#PresentPerfectContinuousTense #thaimovies #mmsub
Forwarded from Love Upon A Time (2026)
Love Battle (2019)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1450
#LoveBattle #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1450
ထဲန် အဖြစ် - Prama Imanotai
ကျစ် အဖြစ် - Esther Supreeleela
ဇာတ်လမ်းအကျဥ်း...
လောကကြီးထဲမှာ အချစ်ကိုဘုရားတစ်ဆူလိုကိုးကွယ်နေတဲ့လူတွေရှိသလို အချစ်ကြောင့်စိတ်ဒဏ်ရာပြီး ဘယ်တော့မှမယုံနိုင်တော့တဲ့အထိဖြစ်တဲ့လူလည်းရှိပါတယ်။ "ထဲန်"ဆိုတဲ့လူလည်း အချစ်ကြောင့်စိတ်နာပြီး အချစ်ကိုခုတုံးလုပ်ပြီး လူတွေဆီကနေ အကျိုးအမြတ်ထုတ်တဲ့သူဆိုရင်လည်းမမှားပါဘူး။ "ထဲန်"လုပ်တဲ့အလုပ်ကတော့ "နှစ်နှစ်အတွင်းမပြတ်ရင် အတိုးငွေရတယ်"ဆိုတဲ့ အာမခံအလုပ်ပဲဖြစ်ပါတယ်။ ဒီအာမခံက ချစ်သူစုံတွဲတွေကိုမက်လုံးပေးပြီး နှစ်နှစ်သာကာလအတွင်းမှာ မပြတ်ခဲ့ရင်အတိုးရမယ်ဆိုတာပါပဲ။
သို့ပေမယ့်အာမခံစတင်လုပ်ပြီး ၃လအကြာမှာတော့အာမခံကုမ္ပဏီဘက်က အမြင်မတူတာကြောင့် သတ်မှတ်ထားတဲ့အချိန်ကာလ တနှစ်အတွင်း "ထဲန်"တွက်ချက်ထားသလိုမဖြစ်ရင် ဒီအာမခံကိုဖျက်သိမ်းမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ "ထဲန်"တစ်ယောက် ကိုယ့်အာမခံလေးအဖျက်သိမ်းမခံရအောင် အတွဲတွေမပြတ်ပြတ်အောင် ကြံစည်ပါတော့တယ်။
တဘက်မှာလည်း အချစ်ကိုကိုးကွယ်နေတဲ့ "ကျစ်"တစ်ယောက်တော့ အတွဲရှာပေးတဲ့ကုမ္ပဏီတခုမှာ အောင်သွယ်တော်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် "ထဲန်"နဲ့တွေ့အပြီးမှာပဲ ကျစ်တွဲပေးတဲ့ အတွဲမှာပြဿနာရှိခဲ့တာကြောင့် "ကျစ်"ဟာကုမ္ပဏီအထက်အမိန့်အရ "ထဲန်"ရဲ့အာမခံကုမ္ပဏီဆီပြောင်းရွှေ့ခံရပါတော့တယ်။ "ထဲန်"နဲ့ "ကျစ်"နှစ်ယောက်အတွေးတွေမတူညီတာကြောင့် နှစ်ဦးကြားလောင်းကြေးတခုရှိလာပါတယ်။ သတ်မှတ်ထားတဲ့တနှစ်အတွင်းအာမခံဝယ်ထားတဲ့အတွဲတွေထဲက ပြတ်ဆဲရာခိုင်နှုန်း ၅၀ရှိရမယ်ဆိုတာပါပဲ။
ဆန့်ကျင်ဖက်နှစ်ဦးဖြစ်တဲ့ "ထဲန်"နဲ့ "ကျစ်"နှစ်ယောက်သား ဘယ်လိုဆက်ဖြစ်မလဲ၊ ထဲန်ကရော အချစ်ကိုပြန်ယုံကြည်နိုင်မလား၊ ကျစ်ရဲ့ လာဗင်ဒါအချစ်ပန်းခင်းကြီးကရော ဆက်ပြီးသာယာနေဦးမလားဆိုတာတော့ ဒီအချစ်ဟာသကားကိုဆက်ကြည့်ပေးဖို့ ပြောချင်ပါတယ်ခင်ဗျာ။
#LoveBattle #thaimovies #mmsub
Forwarded from The Air ( နှစ်ကိုယ်တူ တစ်ဘဝ ) 4 Elements
Bua Pun Fun Yup (2022)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1451
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1451
ဘူဝါဖန် အဖြစ် Anne Thongprasom#BuaPunFunYup #thaimovies #mmsub
ခမ် အဖြစ် Gulf Kanawut
ဇာတ်လမ်းအကျဉ်း
ဘူဝါကငယ်စဉ်တည်းကစစ်သားဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါပေမဲ့သူ့ရဲ့အဖေက ဘူဝါရဲ့အိပ်မက်တွေကိုတားဆီးပိတ်ပင်ခဲ့ပါတယ်။
ဘူဝါကသူ့ရဲ့အိပ်မက်တွေဖြစ်မြောက်ဖို့အတွက် ဆရာတစ်ယောက်ဆီမှာခိုးပြီးဓားရေးပညာကိုသင်ယူခဲ့ပါတယ်။ ဘူဝါရဲ့ဝါသနာနဲ့ကြိုးစားမှုကြောင့်
ဓားရေးကျွမ်းကျင်တဲ့မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ စစ်သားဖြစ်ချင်ပြီး တိုက်ခိုက်ရေးမှာညံဖျင်းတဲ့ ခမ်ကိုလည်း
ဘူဝါကကိုယ်ခံပညာကိုသင်ကြားပေးခဲ့ပါတယ်။ စစ်သားဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုနဲ့ မိန်းကလေးဆိုတာ
ကိုယ်ခံပညာနဲ့မအပ်စပ်ဘူးဆိုပြီးအမြင်ကျဉ်းမြောင်းတဲ့ပတ်ဝန်းကျင်ရယ် ဘူဝါရဲ့ဓားရေးကျွမ်းကျင်မှုတွေကို ဟာသနှောပြီးကြည့်ရှုရမဲ့ အက်ရှင်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။
Forwarded from Girl Rules (2026) GL
Tid Noi: More Than True Love (2023)
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1452
#TidNoiMoreThanTrueLove #thaimovies #mmsub
ဇာတ်ကားလင့်ခ်
https://t.me/thaiseries_gl/1452
နတ် အဖြစ် - Aum Patcharapa
မတ် အဖြစ် - Ananda Everingham
ထစ်နွိုင်း အဖြစ်- Theng Therdtherng
ဇာတ်လမ်းအကျဥ်း...
ဖရခနှုံရွာရဲ့ အလှပဂေးလေး"မယ့်နတ်"ဟာ "မတ်"ဆိုတဲ့ရွာထဲကယောက်ျားနဲ့ ချစ်ကြိုက်နေကြပါတယ်။ နတ်ရဲ့အိမ်နားမှာနေတဲ့ "ထစ်နွိုင်း"ဆိုတဲ့လူကလည်း နတ်ကိုခိုးကြိုက်နေခဲ့ပါတယ်။ အိမ်နီးတာကြောင့်ကော ခင်မင်မှုအရကော အတူသွားအတူလာကြတာပေ့ါ။ "ထစ်နွိုင်း"ကတော့ အဲ့ခံစားချက်လေးနဲ့ "နတ်"မျက်နှာ တစ်ကမ္ဘာတည်နေတယ်လို့ဆိုရင်လည်းမမှားပါဘူး။
တစ်နေ့မှာတော့ "မတ်"ကစစ်မှုထမ်းဖို့ရာအတွက် လူရွေးတာခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ "မတ်"လည်း သူချစ်ရတဲ့ "နတ်"နဲ့ဗိုက်ထဲကကလေးကို ထားခဲ့ပြီးရှေ့တန်းဖို့ဖြစ်လာပါတော့တယ်။ အဲ့အချိန်မှာလည်း "ထစ်နွိုင်း"လည်း"မတ်"အစား စောင့်ရှောက်ဂရုစိုက်ပေးရင်း "နတ်"ရဲ့ လွမ်းနာကျဝေဒနာသက်သာအောင်လို့ ရှေ့တန်းထွက်နေတဲ့ "မတ်"ကိုအိမ်ပြန်ခေါ်လာမယ်ဆိုပြီး နတ်ကိုကတိပေးခဲ့ပြီး မတ်ဆီထွက်သွားပါတယ်။ ကံမကောင်းစွာနဲ့ပဲ လွမ်းနာကျဝေဒနာရဲ့ဒဏ်ကြောင့် အားအင်မပြည့်တဲ့"နတ်"တစ်ယောက် ကလေးမွေးနေရင်းနဲ့အသက်ပါသွားခဲ့ရပါတယ်။
"မတ်နဲ့ ထစ်နွိုင်း"ကရော ရှေ့တန်းကနေပြန်လာနိုင်မလား၊ "နတ်"ကရော ခင်ပွန်းသည်စောင့်တဲ့ မီးနေသည်သရဲမဖြစ်သွားမလား။ ဒီကားလေးကတော့ အရင်မယ့်နတ်ကားနဲ့မတူဘဲ "ထစ်နွိုင်း"ဆိုတဲ့ တတိယလူရဲ့ ခံစားချက်၊ အချစ်ကြီးပုံ၊ နစ်နာမှုတွေကို ဖော်ကျူးထားတဲ့ကားဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်တွေပါဝင်တာကြောင့် ကြည့်နေရင်း ရသမျိုးစုံရစေတဲ့ဇာတ်ကားကောင်းဖြစ်လို့ မဖြစ်မနေကြည့်ဖို့ပြောပါရစေ။
#TidNoiMoreThanTrueLove #thaimovies #mmsub
Forwarded from When Oranges Fall ( လိမ္မော်ခြံထဲက အမှတ်တရ )
Tanaosri (2023)
တောနက်ထဲကစွန့်စားမှု (၂၀၂၃)
Ep-1 to 34 ( The End )
https://t.me/thaiseries_0/2489
တောနက်ထဲကစွန့်စားမှု (၂၀၂၃)
Ep-1 to 34 ( The End )
https://t.me/thaiseries_0/2489
ချယာ”အဖြစ် - Anuwat Choocherdrattana#Tanaosri #thaiseries #2023series #mmsub
“ရှီအိုလိ”အဖြစ် - Natthapat pongpraphan
ဇာတ်လမ်းအကျဥ်း
မြို့တော်ရဲ့ အပြင်လောကမှာ တကယ်ရှိတဲ့
တနင်္သာရီနဲ့ ထိုင်းနယ်စပ်ကြားက တောအုပ်တစ်ခုထဲမှာ အဖိုးတန်ရတနာတစ်ခုကို ဝှက်ထားတာ နှစ်ရာနဲ့ချီနေပြီး အဲဒါက လူအများ၏ ပစ်မှတ်ဖြစ်ခဲ့တယ်။ အထူးသဖြင့် အဖိုးတန်ရတနာတွေကိုရှာဖွေတဲ့သူတွေက တန်ဖိုးရှိတဲ့ရတနာတွေကို ပိုင်ဆိုင်ဖို့အတွက် အသက်ကိုပါ ပေးဆပ်ရဲကြတယ်။ ပြီးတော့ တောတွင်း လမ်းပျောက် ကျူးကျော်ဝင်လာတဲ့သူတိုင်း အစောင့်တွေရဲ့ လက်ချက်ကြောင့် အသတ်ခံခဲ့ရပါတယ်။ တောထဲဝင်သွားတဲ့ သူတိုင်း ပြန်လမ်းမရှိ လွတ်မြောက်လာတဲ့လူလည်း မရှိကြပါဘူး။ ရတနာသိုက်တွေရဲ့ တည်နေရာမြေပုံကတော့ 'ရှီအိုလိ'ဆိုတဲ့ မင်းသမီးလေးရဲ့ မိသားစုမှာသာရှိတယ်။ “ဟာသာကေ့”ဆိုတဲ့ မင်းသမီးအစ်ကိုကလည်း လူကောင်းယောင်ဆောင်ပြီး မင်းသမီးဆီက မြေပုံလေးခိုးယူဖို့ကြိုးစားပါသေးတယ်။
‘ရှီအိုလိ’မင်းသမီးလေးက ပျောက်ဆုံးနေသော အဖေကို တင်္နသာရီနဲ့ ထိုင်းနယ်စပ်ကြားက တောအုပ်ကြီးထဲ ဝင်ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါနဲ့ လမ်းပြကောင်းကောင်းလိုချင်တဲ့အတွက်ကြောင့် လိုက်ရှာရင်း “ချယာ”ဆိုတဲ့ မင်းသားလေးနဲ့တွေ့ရှိသွားပြီး ခရီးစပါတော့တယ်။
ဒီတစ်ခါစွန့်စားမှုတွေထဲမှာ အခက်အခဲပေါင်းများစွာနဲ့ နတ်ဆိုးတွေရဲ့ အန္တရာယ်တွေရော၊ လာရောက်တဲ့သူတိုင်းကို သတ်ဖို့ အသင့်ရှိသော သားရဲအန္တရာယ်တွေရော၊ လူတိုင်း မမျှော်လင့်ထားတဲ့ သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်မှုတွေ အပါအဝင် တနသာင်္ရီလိုဏ်ဂူကို သွားရာလမ်းမှာ ဘယ်သူက အသက်ကို စတေးခံရမလဲ၊ မမျှော်လင့်ထားတဲ့ အရာတွေရဲ့ လက်ထဲက ဘယ်သူတွေ ရှင်သန်မလဲ၊ နောက်ဆုံးတော့ လူတိုင်း တောင့်တနေတဲ့ တနင်္သာရီရတနာ အစစ်အမှန်ဟုတ်မဟုတ်၊ ဒရာမာအမျိုးအစားဖြင့် စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကြည့်ရှုသင့်ပါတယ်။ ပျော်စရာကောင်းတဲ့ အရသာအပြည့်နဲ့ ချိုမြိန်တဲ့အချစ်တွေရော၊ အက်ရှင်-စိတ်ကူးယဉ်-စွန့်စားခန်းလေးဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းစွာနဲ့ ရင်ခုန်စရာတွေအပြည့်နဲ့ ဆန်းကြယ်သော ဒရာမာ ဇာတ်လမ်းတွဲကို စောင့်မျှော်ကြည့်ရှုကြရအောင်နော်
Forwarded from The Bangkok Red Opera ( လှည့်ကွက်သီတဲ့မာလာနွယ် )
Rak Thae Seap Lai (2023)
ပြင်းရှရှအချစ် (၂၀၂၃)
Ep-1 to 30 ( The End )
https://t.me/thaiseries_0/2491
#RakThaeSeapLai #thaiseries #2023series #mmsub
ပြင်းရှရှအချစ် (၂၀၂၃)
Ep-1 to 30 ( The End )
https://t.me/thaiseries_0/2491
"ချုမ်ကျန်" အဖြစ် - Grace Patsita
"ဖိုခင်" အဖြစ် - Cath Ratthee
"ပလားရာစဲ့ပ်လိုင်" ငပိရည်ဆိုင်ပိုင်ရှင်မလေး "ချုမ်ကျန်" ဟာ ငပိရည်ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ ညီမဖြစ်သူ "မေထိနီ" ကို နိုင်ငံခြားမှာကျောင်းထားပေးနိုင်သလို ကိုယ်တိုင်လဲရပ်တည်နိုင်တဲ့အတွက် ငပိရည်ရောင်းတဲ့အလုပ်ကို ဂုဏ်ယူစွာနဲ့လုပ်ကိုင်နေပါတယ်။
တစ်ဖက်မှာတော့ ချစ်သူနဲ့အတူတူ နိုင်ငံခြားကပြန်လာတဲ့ "မေထိနီ"ဟာ အစ်မဖြစ်သူ ငပိရည်ရောင်းတဲ့အမှန်တရားကို ချစ်သူ "နကွန် (နိ)" သိသွားမှာစိုးတဲ့အတွက် အစ်မဖြစ်သူကို လိမ်လည်ပေးဖို့ပြောဆိုခဲ့ပါတယ်။
ညီမဖြစ်သူကိုချစ်တဲ့စိတ်နဲ့ လမ်းမှားကိုလျှောက်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့ "ချုမ်ကျန်" တစ်ယောက် အရှုပ်အထွေးတွေနဲ့စပြီးရင်ဆိုင်ရပါတော့တယ်။
"မေထိနီ" နဲ့ "နကွန် (နိ)" တို့ဟာ စီးပွားရေးလုပ်ရင်း ဒေဝါလီခံလိုက်ရတဲ့အခါမှာတော့ အကြွေးတွေဆပ်ဖို့ "ချုမ်ကျန်" ဟာ ငပိရည်ရောင်းတဲ့အပြင် အလုပ်မျိုးစုံလုပ်ဖို့ဖစြ်လာပါတယ်။
"ဖိုခင်" ဟာ "ချုမ်ကျန်"ရဲ့ ဖောက်သည်တွေထဲအပါအဝင်ဖြစ်တဲ့ Top Hotel က မန်နေဂျာတစ်ယောက်ဖြစ်ပြီး "နကွန် (နိ)" ရဲ့ ဦးလေးလဲဖြစ်ပါတယ်။
တစ်နေ့ "ဖိုခင်" လက်မှာစွဲကျန်နေခဲ့တဲ့ "ချုမ်ကျန်"ရဲ့ ငပိရည်အနံ့ကစလို့ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ခဲ့ရာမှ "ချုမ်ကျန်"ရဲ့ အဖြစ်မှန်ကိုသိလိုက်ရတဲ့အခါမှာတော့ "ဖိုခင်" ရဲ့စိတ်ထဲမှာ သနားစိတ်တွေပေါ်လာပြီး အရင်ကနဲ့မတူတဲ့သံယောဇဉ်တွေဖြစ်လာပါတော့တယ်။
ကြိုးစားဖုံးကွယ်ထားတဲ့ "ချုမ်ကျန်"ရဲ့ သရုပ်မှန်က ဘယ်လိုပေါ်ထွက်လာမလဲ ???
ကိုယ်တိုင်လုပ်ကိုင်နေတဲ့အလုပ်အပေါ် တန်ဖိုးမထားတဲ့ ညီမဖြစ်သူကို "ချုမ်ကျန်" ဘယ်လိုဖျောင်းဖျမလဲ ???
စတွေ့ကတည်းက ဘုနဲ့ဘောက်ဖြစ်နေတဲ့ "ချုမ်ကျန်" နဲ့ "ဖိုခင်" တို့ဇာတ်လမ်းကရော ဘယ်လိုတွေဖြစ်လာမှာလဲ ???
ဟာသနဲ့ ရိုမန့်ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
#RakThaeSeapLai #thaiseries #2023series #mmsub
Forwarded from My Stubborn (2025)
You Touched My Heart (2023)
နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရသူ (၂၀၂၃)
Ep-1 to 18 ( The End )
https://t.me/thaiseries_0/2490
#YouTouchedMyHeart #thaiseries #2023series #mmsub
နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရသူ (၂၀၂၃)
Ep-1 to 18 ( The End )
https://t.me/thaiseries_0/2490
ဂုဏ်ဒြပ်နဲ့ အမျိုးသားဗဟိုပြုဝါဒကြီးစိုးတဲ့ မိသားစုထဲမှာ ရုန်းကန်ရတဲ့ မာနခဲပညာတတ်မင်းသမီး Anyamanee (Patricia) နဲ့ စိတ်ထားကောင်းပြီး မိသားစုကိုချစ်တဲ့ မင်းသား Kueakhun (Push) တို့ရဲ့ အချစ်စစ်ကို လျှို့ဝှက်ဆန်းကြယ် လူသ-တ်မှုတစ်ခုက ကြားကနေ မုန်တိုင်းထန်စေခဲ့တဲ့ Drama ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်။ 🎬 မိသားစုချင်း ပတ်သက်နေတဲ့ လူသ-တ်မှုသံသယတွေကြောင့် တယောက်ကိုတယောက် အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးကြားမှာ အယုံအကြည်မရှိမှု၊ ကလဲ့စားချေလိုမှုနဲ့ မိသားစုကိုကာကွယ်လိုစိတ်တွေ အားပြိုင်ပြီး အချစ်ကနေ အမုန်းကို ကူးပြောင်းလုနီးပါး အသည်းကွဲစရာ စမ်းသပ်မှုတွေကို ရင်ဆိုင်ရတာပါ။ ⚖️💔 သာမန် အချစ်ရိုမန့်စ်မျိုးတင်မဟုတ်ဘဲ စီးပွားရေးလောက အားပြိုင်မှု၊ မိသားစုအရှုပ်တော်ပုံနဲ့ တရားခံအစစ်ကို လိုက်လံစုံစမ်းရတဲ့ 🔍 Mystery ပိုင်းကိုပါ အပိုင်းတိုင်း ရင်တမမနဲ့ မျှောကြည့်ရမှာဖြစ်လို့ Chemistry မိမိနဲ့ အလှည့်အပြောင်းအလန်းစား Thai Series ကိုမှ ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ 💯🍿
#YouTouchedMyHeart #thaiseries #2023series #mmsub
Secret Beneath The Souls (2026)
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-25
https://t.me/blackholethaifilm/936
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#SecretBeneathTheSouls #thaiseries #2026series #mmsub
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-25
https://t.me/blackholethaifilm/936
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းဟာ စိတ်ထားနူးညံ့ပြီး ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝခရီးလမ်းနဲ့ မေတ္တာတရားအကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ သူမဟာ ဘဝရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတွေကို ရင်ဆိုင်ရပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ၊ ကွဲကွာမှုတွေနဲ့ ကြုံတွေ့ရပါတယ်။
ဇာတ်လမ်းအညွှန်းအရ အမျိုးသမီးတစ်ယောက်ရဲ့ တိုက်ပွဲလို့ တင်စားထားပြီး ကြည့်ရှုသူတွေကို မျက်ရည်ကျစေမယ့် အလွမ်းအဆွေး ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ကြည့်လိုက်ရအောင်!!!!
#SecretBeneathTheSouls #thaiseries #2026series #mmsub
Secret Beneath The Souls (2026)
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-26
https://t.me/blackholethaifilm/947
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#SecretBeneathTheSouls #thaiseries #2026series #mmsub
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-26
https://t.me/blackholethaifilm/947
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းဟာ စိတ်ထားနူးညံ့ပြီး ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝခရီးလမ်းနဲ့ မေတ္တာတရားအကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ သူမဟာ ဘဝရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတွေကို ရင်ဆိုင်ရပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ၊ ကွဲကွာမှုတွေနဲ့ ကြုံတွေ့ရပါတယ်။
ဇာတ်လမ်းအညွှန်းအရ အမျိုးသမီးတစ်ယောက်ရဲ့ တိုက်ပွဲလို့ တင်စားထားပြီး ကြည့်ရှုသူတွေကို မျက်ရည်ကျစေမယ့် အလွမ်းအဆွေး ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ကြည့်လိုက်ရအောင်!!!!
#SecretBeneathTheSouls #thaiseries #2026series #mmsub
Secret Beneath The Souls (2026)
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-27 ( The End )
https://t.me/blackholethaifilm/957
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
#SecretBeneathTheSouls #thaiseries #2026series #mmsub
မြေထုထက်ခိုင်သောနှလုံးသား (၂၀၂၆)
Ep-27 ( The End )
https://t.me/blackholethaifilm/957
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းဟာ စိတ်ထားနူးညံ့ပြီး ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝခရီးလမ်းနဲ့ မေတ္တာတရားအကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ သူမဟာ ဘဝရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတွေကို ရင်ဆိုင်ရပြီး ကြီးမားတဲ့ ပေးဆပ်မှုတွေ၊ ကွဲကွာမှုတွေနဲ့ ကြုံတွေ့ရပါတယ်။
ဇာတ်လမ်းအညွှန်းအရ အမျိုးသမီးတစ်ယောက်ရဲ့ တိုက်ပွဲလို့ တင်စားထားပြီး ကြည့်ရှုသူတွေကို မျက်ရည်ကျစေမယ့် အလွမ်းအဆွေး ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ကြည့်လိုက်ရအောင်!!!!
#SecretBeneathTheSouls #thaiseries #2026series #mmsub
❤1