The Prime Studyroom
682 subscribers
91 photos
26 videos
59 links
•Productivity🚀
•Motivation🏋️‍♂️
•Self Improvement💪
•and Mental Health🎗️

Explore how to study👨‍🏫📚

Join this channel if you are doing personal development🏋️‍♂️🧘‍♂️👇
https://t.me/+vL8eMWjF-9c1OTU5
Download Telegram
ဒါလေးအ‌ကြောင်း ကျွန်တော်ပြောဖို့တွေးနေတာ
လက်ရှိဖတ်နေတဲ့စာအုပ်လေးထဲ သွားတွေ့တာနဲ့ အဆင်သင့်ဖြစ်သွားတယ်

Book : Universe is U by Paing (That's for you)
💯7❤1
Self-love ဆိုတာ ကိုယ့်ကိုယ်ကို စိတ်ပျော်အောင် စိတ်အလိုလိုက်ပေးထားခြင်းမဟုတ်ပါ။

ကိုယ့်ကိုယ်ကို အမြင့်ရောက်အောင် စည်းတွေ ဘောင်တွေနဲ့ မြှင့်တင်ပေးတာကိုခေါ်ပါတယ်။

စည်းတွေ ဘောင်တွေဆိုတာ Self-love မှာ အမြင့်ဆုံး Form ပါပဲ

@ThePrimeStudyroom
❤13💯2
ရေများများသောက်တဲ့သူတွေဟာ ရေများများမသောက်တဲ့သူတွေထက်ပိုပြီး စိတ်ကြည်လင်ပေါ့ပါးကြပါတယ်တဲ့

ဘာလို့လဲဆိုတော့
ရေများများသောက်ရင်
သေးခနခနပေါက်ရတော့
Over တွေ ‌လျှောက်တွေးဖို့အချိန်မရှိလို့ပါ 🤪

@ThePrimeStudyroom
🤣26
Forwarded from The Prime's Diary
Online ပေါ်မှာ
ကိုယ့်ကိုယ် Negative ဖြစ်စေမယ့် ပို့စ်တွေ၊
ပွဲတွေ၊
ကိုယ့်ရဲ့ Idea တွေကို ချိုးနှိမ်ပစ်မယ့် သူတွေ၊
ကိုယ်ကြည့်မရတဲ့သူတွေ၊
ကိုယ်မကြိုက်တဲ့သူတွေ
တွေ့ပြီဆိုရင်
တစ်ခါတည်း Block ပါ။
Unfollow ပါ။ Restrict လုပ်ပါ။
ကိုယ့်ရဲ့ စိတ်ကို ညစ်နွမ်းမခံပါနဲ့။
ကိုယ့်ကို Negatuve Vibe တစ်ခါပေးပြီဆိုရင်
နောက်တစ်ခါ ပေးလို့မရအောင် တစ်ခါတည်း Block ပါ။
ထိုင် Blame နေယုံနဲ့တော့ ကိုယ့်စိတ်သာ ပိုညစ်နွမ်းလာမှာပါ။
@ThePrimesImprove
👍8❤1
🎭
💯4❤3
တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးအဆင်ပြေဖို့ရာ mutual respect က တကယ်အရေးပါတယ်။

ဆက်ဆံရေးမှာတစ်ဖက်ကပဲ respect ရှိပြီး ကျန်တဲ့တစ်ဖက်က respect မရှိရင် တစ်ဖက်တည်းကပဲ ပေးဆပ်နေရတဲ့ ဆက်ဆံရေး။ ရေရှည်လည်းခံမှာမဟုတ်သလို ရေရှည်လည်းဆက်မပေါင်းသင့်ဘူး။

ကိုယ်က respect ထားသ‌လို ကိုယ့်ကို ပြန် respect ထားတဲ့သူတွေနဲ့ပဲပေါင်းကြည့်။ ကိုယ်က respect ထားသလောက် ပြန် မထားတဲ့သူ‌နဲ့ထက်စာရင် ဆက်ဆံရေးကပိုပြီး healthy ဖြစ်တယ်။

Mutual Respect မရှိတဲ့သူဆိုရင်တော့ ဝေးဝေးကသာရှောင်။ ကိုယ်နဲ့ပေါင်းရမယ့်သူမဟုတ်ဘူး။

@ThePrimeStudyroom
❤16👍2
မီးတွေပျက်တော့ ဖုန်းအားမရှိတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပိုပေးဖြစ်တယ်။
Journaling တွေလုပ်၊ Reflection တွေလုပ်ရင်း ကိုယ့်ကိုယ်ကိုနဲ့ ပိုရင်းနှီးလာသလိုခံစားရတယ်။

ကိုယ့်အကြောင်းကိုယ် ပိုသိလာတယ်။
လက်ရှိအချိန်မှာပိုနေဖြစ်လာတယ်။
တစ်ဆက်တည်းမှာပဲ စိတ်ထဲပိုပြီး ချမ်းမြေ့လာသလိုခံစားရတယ်။

အဲ့ဒါကို JOMO လို့ခေါ်တယ်။
JOMO ဆိုတာ Joy of missing out.
ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေ၊ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ပြန်ခံစားရတဲ့ ပျော်ရွှင်မှုပေါ့။

လူတော်တော်များများက FOMO လို့ခေါ်တဲ့ Fear of missing out - ပတ်ဝန်းကျင်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကို လွတ်သွားမှာကြောက်ပြီး တစ်နေ့တစ်နေ့ Social media ပေါ်မှာ မပြီးနိုင်မစီးနိုင် အလကား ပွတ်နေကြတာများတယ်။

FOMO ကိုကျော်ရင် သူ့ဆန့်ကျင်ဘက် JOMO ရမယ်။

Social media ကိုသုံးပါ။
Social media ကသုံးတာကို မခံပါနဲ့

@ThePrimeStudyroom
❤16💯4🔥1
စိတ်ရှုပ်စရာတွေရှိလာရင်တောင်
စိတ်ရှုပ်ဖို့ကို ရွေးချယ်မှ စိတ်ရှုပ်ရတာပါ

ဘေးအိမ်က အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေလည်း ကိုယ်က လက်ခံမှ စိတ်ရှုပ်စရာဖြစ်တာပါ

ကိုယ်က လက်မခံပဲ မသိချင်ယောင်ဆောင်နေလိုက်ရင် စိတ်ရှုပ်စရာမဟုတ်တော့ပါဘူး

ကိုယ်လည်းထိန်းချုပ်လို့မှမရတာ
ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေအပေါ်မှာ
စိတ်ရှုပ်မလား မရှုပ်မလားက ကိုယ့်ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်

@ThePrimeStudyroom
❤20
Negative ဆန်ရတာ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ

အတတ်နိုင်ဆုံး Positive ဆန်အောင်နေရတာကလည်း ခက်သားဗျ😅

Challenge တစ်ခုပဲ
💯13❤7
Never be disappointed with what your parents couldn't do.✋

Just be disappointed with what you couldn't do though you had a chance.And learn from it.🤟

@ThePrimeStudyroom
❤14
Forwarded from The Prime's Diary
စောက်ရမ်းတော်တဲ့သူတွေရဲ့ စောက်ရမ်း ဆိုးတဲ့ ပြဿနာကဘာလဲသိလား

Overanalysis ပဲ။

တစ်ခုခုလုပ်တော့မယ်ဆိုရင် ကောင်းတာ ဆိုးတာ ဘာတွေရှိလဲဆိုတာကို Analylize လုပ်ရင်းနဲ့
အစကတည်းက လူဆိုတာ မကောင်းတာပိုမြင်တတ်တာဖြစ်တော့
Potential Issues တွေကို မြင်ပြီး
လုပ်ရမှာ တွန့်ဆုတ်သွားတယ်။

တုံးတဲ့ကောင်တွေကျ အဲ့ဒါတွေကို သိပ်မမြင်ဘူး။ ဘာပဲဖြစ်ဖြစ်ချကွာ ဆိုတဲ့စိတ်နဲ့ လုပ်ရင်း ကိုယ်လုပ်ချင်တာဖြစ်သွားတတ်ကြတာပဲ။

အဲ့တော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့က စောက်သုံးမကျတဲ့ကောင်တွေ ဖြစ်ဖို့လိုတယ်

အဲ့ဒါမှ Overanalyzing လုပ်တာတွေကို ရှောင်နိုင်ပြီး ဖြစ်ချင်တာကို အကောင်အထည်ဖော်နိုင်မှာ။

( Overanalyzing လုပ်တတ်ပေမယ့် စိတ်ဓာတ်မကျပဲ Potential Issues တွေကို ရှောင်နိုင်ဖို့ Solving Plan ဆွဲပြီး လိုချင်တာရအောင်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါမျိုးကလည်း လူတိုင်းလုပ်ဖို့တော့ မလွယ်လှဘူး။ အဲ့တော့ တစ်ခါတစ်လေမှာ ငတုံးတွေ ဖြစ်ပေးဖို့လိုပါတယ်)

@ThePrimesImprove
❤20
ပထမဆုံး လက်ခံပါ

တစ်ခါတစ်လေကျရင် ကျွန်တော်တို့က ပြောင်းလဲဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေးလွန်းနေတတ်တယ်။
တကယ်တမ်းတော့ အဲဒီလို ခေါင်းမာနေမယ့်အစား၊ ကိုယ့်ရဲ့ အရှိတရားကို အရှိအတိုင်း အရင်ဆုံး လက်ခံတတ်ဖို့က ပိုအရေးကြီးတယ်။

လက်ရှိ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်၊ ကိုယ်လုပ်နေကျ "Default" ပုံစံကို အရင်မြင်အောင် ကြည့်။ အဲဒီ Default ပုံစံကို ရှင်းရှင်းလင်းလင်း နားလည်ပြီးမှ၊ အခြေခံအုတ်မြစ်ခိုင်မာပြီဆိုမှ ကိုယ်လိုချင်တဲ့ ပန်းချီကားတစ်ချပ်လို လွတ်လပ်စွာနဲ့ ထိထိရောက်ရောက် ပြန်လည် ပုံသွင်းယူသင့်တယ်။

လက်ခံခြင်းဟာ ပြောင်းလဲခြင်းရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။

@ThePrimeStudyroom
❤10
တကယ့်အခြေအနေရောက်လာရင် အတိတ်က မှားယွင်းမှုတွေကို ပြန်ဖော်ထုတ်နေမယ့်အစား၊ လူတစ်ယောက်ရဲ့ လက်ရှိလုပ်ရပ်နဲ့ စေတနာကို လက်ခံပေးဖို့က ပိုအရေးကြီးပါတယ်။

အတိတ်ဟာ သင်ခန်းစာပါ။ အဲဒါကို ဖက်တွယ်ထားရင် ဘယ်မှမရောက်ဘူး။

လက်ခံပေးခြင်း၊ နားလည်ပေးခြင်းဆိုတဲ့ စွမ်းအင်နဲ့သာ အတူတူ ဖေးမကူညီပြီး ရှေ့ကို ဆက်လျှောက်လှမ်းခြင်းက ပိုမိုခိုင်မာတဲ့ အနာဂတ်အတွက် တစ်ခုတည်းသော အဖြေပါပဲ။

@ThePrimeStudyroom
❤13
ဒီခေတ်မှာ တစ်ခုခု မှားနေသလို ခံစားနေရတာကို သတိထားမိကြမှာပါ။

ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေ၊ လူကြီးလူကောင်းဆန်တဲ့ စိတ်ဓာတ်တွေနဲ့ နေထိုင်သူတွေကိုကျ ပျော့ညံ့သလိုလိုလို ကဲ့ရဲ့ပြောဆိုကြတယ်။
စည်းကမ်းမဲ့၊ စိတ်လိုက်မာန်ပါ၊ အရာရာကို ဂရုမစိုက်သယောင် နေထိုင်သူတချို့ကိုကျ "Sigma" လို ခေတ်စားတဲ့ နာမည်တွေတပ်ပြီး လေးစားအားကျနေကြတာကိုလည်း တွေ့ရတယ်။

လူတွေက တည်ငြိမ်ပြီး စိတ်ကောင်းရှိတာကို အားနည်းချက်အဖြစ် မြင်လာပြီး၊ ကြမ်းတမ်းပြီး ကိုယ်ချင်းစာစိတ်မရှိတာကို ခွန်အားအဖြစ် ရှုမြင်လာတဲ့ ခေတ်ကြီးတစ်ခုထဲမှာ ကျွန်တော်တို့ ရောက်နေပြီ။

ဒါပေမဲ့ စစ်မှန်တဲ့ ခွန်အားဆိုတာ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ထိန်းချုပ်နိုင်ခြင်း၊ အခြားသူကို လေးစားနိုင်ခြင်းမှာ တည်ရှိတယ်။

Trend အတိုင်း လိုက်ပါရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်က ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ၊ ရေရှည်မှာ ဘယ်လိုတန်ဖိုးတွေက ကိုယ့်ကို အကျိုးပြုမှာလဲဆိုတာကို သေချာ စဉ်းစားပြီး ကိုယ်တိုင် ဆုံးဖြတ်ဖို့က အရေးကြီးဆုံးပါ။

သူများပေးတဲ့ အလိမ်အညာ "Title" တွေနောက် မလိုက်ဘဲ၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကိုပဲ အဓိကထား တည်ဆောက်သွားပါ။

@ThePrimeStudyroom
❤15
ဗုဒ္ဓကိုတောင် ဖျက်တဲ့ မာရ်နတ် ဆိုတာရှိသေးတာပဲ
ကျွန်တော်တို့လို ဘာမှမဟုတ်တဲ့ကောင်တွေမှာဆို ပြောမနေနဲ့တော့

အားလုံးမှာ ကိုယ်ပိုင် မာရ်နတ်တွေရှိကြတယ်

ရှိတာကိုသိထားပြီး
အဓိကက ကိုယ်ခံရတာကို ပန်းနုသွေးမနေပဲ
Point of view အသစ်တစ်ခုကနေ Solution တစ်ခု ရှာဖို့ကြိုးစားပါ

ကိုယ့်ဘက်က Pure ဖြစ်နေရင် ဘယ်မာရ်နတ်မှ ကြာကြာမခံနိုင်ပါဘူး

@ThePrimeStudyroom
❤17
ကိုယ် Control လုပ်လို့မရတာတွေကို
အတင်းအကြပ် Control လုပ်ဖို့ကြိုးစားရင်
ပြန်ရလာမယ့်အရာတွေက စိတ်ဒုက္ခတွေပဲ ဖြစ်လိမ့်မယ်

control လုပ်လို့မရတဲ့ အရာတွေအပေါ် control လုပ်နေမယ့်အစား
Control လုပ်လို့ရတဲ့အရာတွေအပေါ်ပဲ အာရုံစိုက်ပါ

@ThePrimeStudyroom
❤11
ဖြစ်လာတဲ့ ပြဿနာတိုင်းရဲ့အဆုံးမှာ အခွင့်အရေးတစ်ခုတော့ရှိတယ်နော်

လမ်းပျောက်တဲ့ ပြဿနာဖြစ်နေရင် Learning လုပ်
လျှောက် Try ကြည့်
ကိုယ်ဘာကိုလုပ်ရတာ‌သဘောကျလဲ သိရအောင် အစုံလိုက်လုပ်ကြည့်

လမ်းပျောက်တယ်ဆိုတာ လမ်းရှာစေချင်လို့နော်
လမ်းပျောက်တယ်ဆိုပြီး ဘာမှမလုပ်ဘဲ ထိုင်အော်နေဖို့မဟုတ်ဘူး

@ThePrimeStudyroom
❤7
ခုတလော လူတစ်ယောက်တော်လာပြီ၊ နာမည်ကြီးလာပြီဆို မြန်မာဆိုတာနဲ့ မြန်မာအချင်းချင်း ပြန် အပြစ်ရှာဘလိမ်းတာက Trend တစ်ခုလားဗျ??

@ThePrimeStudyroom
❤2
လူတစ်ယောက်ကို "မြန်မာပြည်ကလူ" ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ "သောက်ပေါကောင်" လို့ ယူဆနေပြီဆိုရင်၊ သင့်ရဲ့ စိတ်အခြေအနေဟာ ဖောက်ပြန်နေပါပြီ။


ခုဆိုရင် Online ပေါ်မှာ လူတစ်ယောက်ဘယ်လောက်တော်တော် မြန်မာဆိုရင် မြန်မာအချင်းချင်း ပြန်နှိမ် အပြစ်မရှိအပြစ်ရှာပြီး ထိုင်ဘလိမ်းနေကြတာ လူတိုင်းအသိပါ။

လူတစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ တန်ဖိုးကို ပထဝီဝင်ဒေသနဲ့ တိုင်းတာလို့မရပါဘူး။
အဲဒီလို အမြင်ကျဉ်းမြောင်းတဲ့ စွဲမှတ်ချက်တွေဟာ သင့်ရဲ့ အတွေးအခေါ်ကိုသာ ကန့်သတ်နေပြီး ဘယ်သူ့ကိုမှ အကျိုးမပြုပါဘူး။

သင့်ကိုသာ တစ်ဘက်ပိတ်ဘူကောင်ကြီးပဲ ဖြစ်လာစေမှာပါ။

@ThePrimeStudyroom
💯13❤2
ဒီခေတ်မှာ လူအတော်များများဟာ "I am different" ဆိုတဲ့ ခေါင်းစဉ်နဲ့ စိတ်ဝေဒနာတစ်ခုလို ဖြစ်နေကြပါတယ်။

အကျိုးအကြောင်းဆင်ခြင်ဉာဏ်ကို ဘေးဖယ်ပြီး လူအများစုက ချီးကျူးတဲ့အရာတွေကို အပြစ်ရှာ၊ ဝေဖန် ကြပါတယ်။ တစ်ချိန်တည်းမှာပဲ လူအများက ပြစ်တင်ရှုံ့ချတဲ့အရာတွေကိုတော့ အမြင်ကွဲလွဲလိုစိတ်၊ ဆန့်ကျင်လိုစိတ် နဲ့ ပြန်လည်အကောင်းပြော၊ ချေပလေ့ရှိကြတယ်။

မှားတာ၊ မှန်တာထက် လူအများနဲ့ ကွဲပြားခြားနားနေဖို့ ကိုသာ ဦးစားပေးလွန်းတဲ့ ဒီစိတ်ဓာတ်ကြောင့် နောက်ဆုံးမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားဖို့ ခက်ခဲ လာပြီး "ငါ ဘာလုပ်သင့်လဲ" ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာမတွေ့တော့ဘဲ လမ်းပျောက်ခြင်း ဆိုတဲ့ အကျိုးဆက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ဟာ လူတိုင်းနဲ့မတူဘဲ ကိုယ်ပိုင်ဟန်ရှိဖို့ထက် အမှန်တရားကို ရဲရဲဝံ့ဝံ့လက်ခံဖို့၊ အများနဲ့ကွဲပြားရင်တောင် အကြောင်းပြချက် ခိုင်မာဖို့ နဲ့ ကိုယ်ပိုင်သီအိုရီ၊ ခံယူချက်တွေကို ယုတ္တိနဲ့ ဆင်ခြင်တုံတရားနဲ့ ချိန်ထိုးပြီးမှ ရှေ့ဆက်လုပ်ဖို့သာ လိုအပ်ပါတယ်။

အဲ့ဒါမှ ကျွန်တော်တို့အတွက် အမှန်ကန်ဆုံးလမ်းတွေကို မြင်လာနိုင်မှဖြစ်ပါတယ်

@ThePrimeStudyroom
💯11❤2