Than Lwin Khet News
16.3K subscribers
2.89K photos
1.01K videos
4 files
3.01K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
Media is too big
VIEW IN TELEGRAM
သောင်ရင်းမြစ်ကမ်းစပ်က နှစ်ခြင်းမင်္ဂလာ
****

ယမင်းဖူးပွင့်အောင်
ဇွန် ၁၀၊ ၂၀၂၄။

နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာရတဲ့ဒေသခံ ပြည်သူတွေဟာ မိမိတို့ရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးပွဲတော်တွေကို ကျင်းပဖို့ရာ မလွယ်ကူတော့ပါဘူး။

ဒီနှစ်မှာတော့ ကရင်ပြည်နယ် ထီးမယ့်ဝါးခီးဘုရားကျောင်းက သင်းအုပ်ဆရာတွေဦးဆောင်ပြီး သောင်ရင်းမြစ်ထဲမှာပဲ နှစ်ခြင်းခံပွဲကို ကျင်းပခဲ့ကြရပါတယ်။
လာမယ့် ပွဲတော်တွေမှာ အသင်းသားတွေ အတူတကွ စုံလင်စွာဆင်နွှဲနိုင်ဖို့က တူညီတဲ့ တောင်းဆုတစ်ခုပါ။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/B5jaPitEwis
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
ရာမညမြေက ဓမ္မသဒေသခံတို့ နေရပ်ပြန်ရေး (ရေဒီယို)
*****************
သံလွင်ခက်
ဇွန် ၁၁၊ ၂၀၂၄။

ရာမညမြေလို့ ခေါ်ဝေါ်တဲ့ မွန်ပြည်နယ်ရဲ့ လှပတဲ့ဒေသတွေထဲမှာ ဓမ္မသရွာလည်း အပါအဝင်ပါ။

ပြီးခဲ့တဲ့ ၂ လကျော် မတ်လနောက်ဆုံးပတ်အတွင်းက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြားမှာ စိမ်းစိုနေတဲ့ မြင်ကွင်းတွေအစား မီးခိုးငွေ့တွေကသာ ဖုံးလွှမ်းသွားခဲ့ရပါတယ်။

ထောင်နဲ့ချီအရေအတွက်ရှိနေတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်နေကြရဆဲပါ။

ဓါတ်ပုံ - Mon Unity Foundation

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/06n87EtugLM
Website -> https://thanlwinkhet.net/?p=10368
This media is not supported in your browser
VIEW IN TELEGRAM
အင်အားတိုးချဲ့နေသော ကျိုက်ထို၊ မရမ်းချောင်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ
************************

သဇင်
ဇွန် ၁၁၊၂၀၂၄။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အင်အားတို့ချဲ့နေသာ မရမ်းချောင်စစ်ဆေးရေးဂိတ်အား Black Eagle Forces (Thongwa) PDF မှ မနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4767
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10461
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန် ၁၁၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မေလအတွင်း စစ်ကောင်စီဘက်က ၄၅ဦး အလင်းဝင်လာတဲ့ သတင်း
- တနိုင်းမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIAသိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း
- မတ္တရာမှာ စစ်ကောင်စီတပ်ရင်းမှူးလိုက်ပါလာတဲ့ကာ မိုင်းဆွဲခံရတဲ့သတင်း
- ဆင်ခေါင်းရွာမှာ စစ်ကောင်စီကြောင့် အရပ်သား ၁၄ဦး သေဆုံးခဲ့ရတဲ့အကြောင်း
- မြဝတီမှာ ကုန်သွယ်မှု အခက်အခဲကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4767
YouTube -> https://youtu.be/N-M3tbDJlFc
Website -> https://thanlwinkhet.net/?p=10461
သာယာဝတီခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်များ ဖမ်းဆီးခံရ
******

သံလွင်ခက်။
ဇွန် ၁၂ ၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးခံခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4775
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10478
ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တစ်ရက်တည်းမှာပဲ KIA သိမ်းပိုက်
****

ထွယ်
ဇွန် ၁၂၊ ၂၀၂၄။

ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းကြီး တစ်ခုအပါအဝင် ကာကင်းစခန်းနှင့် တပ်စခန်းငယ် စုစုပေါင်း ၁၀ ခု ကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့ တစ်နေ့တည်းမှာပင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4776
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10486
ရခိုင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦး ဒဏ်ရာရ
********

ခင်သရဖီဦး
ဇွန် ၁၂၊ ၂၀၂၄။

ရခိုင်ပြည်ရှိ ပေါက်တော၊ ​ကျောက်ဖြူ၊ မြေပုံမြို့နယ်တို့အား စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၁၂ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ Y-12 လေယာဉ်တို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံကျေးရွာသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

****
Telegram - > https://t.me/ThanLwinKhetNews/4777
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10486