Than Lwin Khet News
16.3K subscribers
2.89K photos
1.01K videos
4 files
3.01K links
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Download Telegram
Media is too big
VIEW IN TELEGRAM
တစ်ကျော့ပြန် ပိုမိုပြင်းထန်လာနိုင်တဲ့ ကရင်နီစစ်မျက်နှာ
*************************

ကောင်းချစ်အောင်
ဇွန် ၇၊ ၂၀၂၄။

စစ်ကောင်စီဟာ ရှမ်း-ကယားစပ်ကနေတဆင့် ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေဆီကို အင်အား (၅၀၀) ခန့်ပါတဲ့ စစ်ကြောင်းနဲ့တဖြည်းဖြည်း ထိုးဖို့ လုပ်ဆောင်နေပါတယ်။

တစ်ဘက်မှာလည်း သုံးနှစ်သက်တမ်းသာရှိသေးတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အင်အား တိုးချဲ့နေပြီး ပြည်နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ်မှာ နိုင်ငံတော်အဆင့်ရှိတဲ့ အောင်ဇေယျစစ်ဆင်ရေး၊ ကချင်ပြည်နယ်မှာ ဗလမင်းထင် စစ်ဆင်ရေးတွေ ဆင်နွှဲနေသလို ကရင်နီပြည်ထဲကိုလည်း စစ်ဆင်ရေးဆင်နွှဲလာနိုင်တဲ့အတွက် ကရင်နီတော်လှန်ရေး တပ်တွေနဲ့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။


******
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/apv7WL5Pb7U
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
ပဋိပက္ခတွေကြားက ရှာဖွေနေရဆဲ ပညာရပ်ဝန်း (‌ရေဒီယို)
*************
သံလွင်ခက်
ဇွန် ၇၊ ၂၀၂၄။

မိုးရာသီအစ ဇွန်လရောက်ရင် မြန်မာကလေးငယ်တွေ စာသင်ခန်းဆီ အရောက်သွားဖို့
ခြေလှမ်းပြင်လေ့ရှိကြပါတယ်။
တူညီဝတ်စုံတွေ၊ မိုးကာ၊ ထီးတွေကိုယ်စီနဲ့ မိဘတွေရော၊ ကလေးတွေပါ နှစ်တစ်နှစ်ရဲ့ စာသင်နှစ်ကိုအမှီသွားကြချိန်ပါ။
နိုင်ငံရဲ့ ပဋိပက္ခတွေနဲ့ ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်ကာလမှာတော့ စာသင်ခန်းတွေဆီအရောက်သွားဖို့မှာတော့ အခက်တွေများစွာရှိနေကြပါတယ်။

ဓါတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှာင်နေရသော မြဝတီဒေသခံများ(သံလွင်ခက်)

*****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/hCFbZEgRQu8
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
လက်နက်သံတွေကြားက မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ရေဒီယို)
***********
သံလွင်ခက်
ဇွန် ၇၊ ၂၀၂၄။

ဇွန်လငါးရက်ဟာ အကြိမ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ငါတို့မြေ။ ငါတို့အနာဂါတ်။ငါတို့ဟာ ပြန်လည်ထူထောင်တဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာပါ။

စစ်အာဏာသိမ်းခံ မြန်မာနိုင်ငံအတွက်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစကားလုံးဟာ
ဟန်ပြဇာတ်ရုပ်အဖြစ်နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။

ဓါတ်ပုံ - မိုခါမုန်တိုင်းရိုက်ခတ်မှုနောက်ဆက်တွဲ ရခိုင်ပြည်နယ် - မောင်ချေ

*****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/Q3Ywl-Moi9E
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန်၇၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ကရင်နီမြို့နယ် ၈ခုမှာ အုပ်ချုပ်ရေးယန္တရားဖွဲ့စည်းတဲ့သတင်း
- စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန်ဖို့ ညီနောင်မဟာမိတ်အဖွဲ့တွေ သတိပေးတဲ့အကြောင်း
- မူးယစ်ဆေးနဲ့ စစ်ကောင်စီထုတ်ကုန်တွေကို TNLAက ရှောင်တခင်စစ်ဆေးတဲ့သတင်း
- လမိုင်းလူငယ် ပရဟိတအဖွဲ့ဝင်တွေ ခံဝန်နဲ့ ပြန်လွတ်လာတဲ့အကြောင်း
- ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တစ်ဦး အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ပြည်သူတွေ ဆန္ဒပြကြတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://thanlwinkhet.net/?p=10368
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
VPN ကန့်သတ်ခံရပြီးနောက် အင်တာနက်လူမှုကွန်ရက်ကတဆင့် စီးပွားရေးလုပ်ကိုင်နေသူများ အခက်တွေ့
*
(ဆိုရှယ်မီဒီယာပလက်ဖောင်းပြောင်း လုပ်ငန်းစရန် ပြင်ဆင်လာကြ)

စကားမောင်
ဇွန် ၇၊ ၂၀၂၄။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက VPN (Virtual Private Network) ဆော့ဝဲလ်များကို ကန့်သတ်လိုက်သည့်အတွက် ဖေ့ဘွတ်လူမှုကွန်ရက်မှတဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ အခက်ခဲများကြုံတွေ့နေရပြီး အခြားသော လူမှုကွန်ရက်ပလက်ဖောင်းများသို့ ပြောင်းလဲအသုံးပြုနေကြရသည်ဟု အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။


****
Telegram - > https://t.me/ThanLwinKhetNews/4752
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
ရခိုင်မှာ စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေဟု AA ဆို
********

ယမင်းဖူးပွင့်အောင်
ဇွန် ၈၊ ၂၀၂၄။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်မှုတွေလုပ်ဆောင်နေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် ULA/AA ၏ ကိုးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

****
Telegram - > https://t.me/ThanLwinKhetNews/4754
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ
**********

သဇင်
ဇွန် ၈၊၂၀၂၄။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းကတစ်ဆင့် ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဗထူးတပ်မတော်က ယနေ့တွင် ထုတ်ပြန်သည်။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန်၈၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်ကောင်စီက ရခိုင်မှာ ပြည်သူကို ဦးတည်တိုက်ခိုက်နေတယ်လို့ AAပြောခွင့်ရှိသူ ဆိုတဲ့သတင်း
- ထားဝယ်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံးတဲ့အကြောင်း
- အိုးဘိုထောင်မှာ အကျဉ်းသားဦးရေးများပြားနေလို့ ကြပ်တည်းစွာ နေနေရတဲ့သတင်း
- ခန္တီးနဲ့ မော်လိုက်မှာ မေလအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက် သေဆုံးမှုများခဲ့တဲ့အကြောင်း
- စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်နေတဲ့အတွက် အရေးယူဖို့ တောင်းဆိုတဲ့ သတင်းတွေပဲဖြစ်ပါ တယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/qb5tgxkO8Fg
Website -> https://thanlwinkhet.net/?p=10368
Media is too big
VIEW IN TELEGRAM
စစ်မှုထမ်းဥပဒေ ဘယ်အထိ ခရီးပေါက်နေပြီလဲ
*********************
ကောင်းချစ်အောင်
ဇွန် ၉၊ ၂၀၂၄။

၂၀၂၃ နှစ်ကုန်ပိုင်းဟာ အာဏာသိမ်းစစ်ကောင်စီအတွက်တော့ ဘေးကြပ်နံကြပ် အခြေအနေ ဆိုက်ရောက်ခဲ့ရတဲ့ ကာလဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံတဝှမ်းတော် လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေကြောင့် အင်အားပြုန်းတီးမှု သောင်းနဲ့ချီအထိ ရှိခဲ့ရတာပါ။

ဒါကြောင့် စစ်ကောင်စီတပ် တပ်အင်အားပြန်လည်ဖြည့်တင်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်နိုင်သမျှ မြန်မြန် အသက်သွင်းခဲ့ပါတယ်။

အပတ်စဉ်အလိုက် တပ်သားအသစ်တွေ ခေါ်ယူသွားမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းအစီအစဉ်ဟာ ဆက်လက်လည်ပတ် နေပြီး အပတ်စဉ် ၂ အထိ စုဆောင်းခံရသူ လူငယ်အရေအတွက်ဟာ ၉,၀၀၀ ဝန်းကျင်ရှိနေပါပြီ။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/BpuVuAujHMI
Website -> https://thanlwinkhet.net/?p=10368
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်ပစ်မှုကြောင့် စက်လှေတိမ်းမှောက်
*****
ရဲမိန်းမ နှစ်ဦးနှင့် ကလေးနှစ်ဦး ပျောက်ဆုံးနေ

ယမင်းဖူးပွင့်အောင်
ဇွန် ၁၀၊ ၂၀၂၄။

ရခိုင်ပြည်နယ်မြောက်ပိုင်း‌ မောင်တောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့မိသားစုဝင်များစီးနင်းလာသည့် စက်လှေတိမ်းမှောက်သည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့သည်။
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြားသတင်းများ
*******

သံလွင်ခက်
ဇွန်၁၀၊ ၂၀၂၄။

သံလွင်ခက်သတင်းဌာနက နေ့စဥ်တင်ဆက်နေကျဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက ထူးထူးခြားခြား သတင်းများ အစီအစဥ်မှာ ဒီကနေ့အတွက်တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ဘူးသီးတောင်မှာ စစ်ကောင်စီအရာရှိတွေက တပ်သားတွေကို သင်္ဘောပေါ် မတက်ခိုင်းဘဲ့ ပစ်မိန့်ပေးတဲ့အကြောင်း
- ကလေးမြို့က လူငယ်၂၀ကျော်ကို စစ်ကောင်စီနဲ့ ရဲတွေက လာဖမ်းသွားတဲ့သတင်း
- မိုးမိတ်က TNLA တပ်စခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အကြောင်း
- ပခုက္ကူမြို့နယ်မှာ ရဲတပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်လာတဲ့သတင်း
- NUG တောင်ပိုင်းစစ်ဒေသ ဒရုန်းသင်တန်းဆင်းပွဲ ပြုလုပ်တဲ့ သတင်းတွေပဲဖြစ်ပါတယ်။

****
Telegram - > https://t.me/ThanLwinKhetNews/4755
YouTube -> https://youtu.be/1LMFknRHc08
Website -> https://thanlwinkhet.net/?p=10368