Tachileik News Agency
24.7K subscribers
49.7K photos
204 videos
2 files
14K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
မိုးကုတ်မြို့ရှိ KBZ Bank နှင့် CB Bank တို့မှ ငွေကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင်ကို စစ်ကောင်စီတပ်သားများ ဖောက်ထွင်းယူဆောင်သွား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာအတွင်း စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank များအား ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မြတ်ရတနာများ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ကို ယူဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နှင့် ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲဝင်များ မြို့အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင် ထွက်ပြေးခိုးအောင်းနေခဲ့သည်ဟု ဆိုသည်။

TNLA နှင့် ပူးပေါင်းတပ်မှ စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းရာတွင် ဘဏ်အတွင်း ခိုးအောင်းနေသည့် စစ်ကောင်စီတပ်သည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများကို ဖောက်ထွင်းယူဆောင်သွားသသည့် အထောက်အထားများကိုတွေ့ရှိရပြီး စစ်ကောင်စီတပ်သားအလောင်းတချို့တွင် ကျောပိုးအိတ်များအတွင်း ထည့်ထားသည့် ငွေသား သိန်း(၅၀)နှင့် ကျောက်မြတ်ရတနာများကို တွေ့ရှိရသည်ဟု ဆိုသည်။

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲသည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ အခြေချသည့် တပ်များဖြစ်သည်။

တိုက်ပွဲကာလအတွင်းလည်း ၄င်းတပ်ရင်း၊ တပ်ဖွဲ့များသည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင်ကို ဖောက်ထွင်းယူဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36569

#TachileikNewsAgency
Photo: PSLF/TNLA News
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ခြမ်း
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

တော်လှန်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ခြမ်းအခြေအနေများကို TNLA က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ထုတ်ပြန်လာသည်။

TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်များကို ဇွန်လ (၂၅)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း တိုက်ခိုက်ခဲ့ရာ ဒေါ်နန်းကြည်တောင်၊ အောင်သာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း၊ ရွှေမြင်ဝင်းတောင်၊ ရွှေမြင်တင်ဘုရားတောင်၊ မြို့ဦးလွင်၊ အေးစေတီတို့ရှိ တပ်စခန်းများနှင့် ကျပ်ပြင်ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့အနောက်ခြမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၅)ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၄၃)လက် သိမ်းဆည်းရရှိသည်ဟုလည်း TNLA က ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်စခန်းများမရှိတော့ဘဲ တိုက်ပွဲများအတွင်း အရပ်သား(၂)ဦး သေဆုံးရပြီး နေအိမ်(၁၀)လုံးကျော် ပျက်စီးသည်ဟု သိရသည်။

မိုးကုတ်မြို့တွင် စစ်ကောင်စီ တပ်မ(၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျူဟာတို့ အခြေချသည့် တပ်များရှိပြီး ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် KBZ Bank နှင့် CB Bank တို့အား ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မြတ်ရတနာများ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင် ယူဆောင်သွားသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36570

#TachileikNewsAgency
Photo: PSLF/TNLA News
မိုးကုတ်နှင့် မန္တလေးလမ်းပိုင်းတွင် သပိတ်ကျင်း ပကဖ စစ်ရေးလှူပ်ရှား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

တိုက်ပွဲများပြင်းထန်နေသည့် မိုးကုတ်နှင့် မန္တလေးလမ်းပိုင်းတွင် သပိတ်ကျင်း(ပကဖ)က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများလုပ်ဆောင်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း မိုးကုတ်-သပိတ်ကျင်းကားလမ်းပိုင်းတနေရာရှိ စစ်မျက်နှာပြင်တွင် သပိတ်ကျင်းမြို့နယ်(ပကဖ)နှင့် သပိတ်ကျင်းတိုက်နယ်(ပကဖ)တို့ပူးပေါင်း၍ စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများအား အနီးကပ်ကွပ်ကဲ လမ်းညွှန်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လမ်းပိုင်းတွင် ပိတ်မိနေသော ပြည်သူများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

News : https://www.tachileik.net/mm/news/36571

#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် - ပ.က.ဖ
Please open Telegram to view this post
VIEW IN TELEGRAM
ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား Fixed Wing Drone များဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း KLG PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့် ရဲစခန်း ၊ လမ်းဂိတ်နှင့် ဘောလုံးကွင်းထဲတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင်လ (၄)ရက်နေ့ နေ့လယ် (၂)နာရီတွင် Fixed Wing Drone များဖြင့် ဗုံးသီး (၉)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး (၃)လုံးပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KLG PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency သို့ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း KLG PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၂၁ ၊ ၂၂ ၊ ၂၃) KLG PDF၊ People Revolution Armed Force၊ ချင်းတွင်းဘရားသား၊ ဗျဝိ ဗျတ္တညီနောင်၊ တပင်ရွှေထီး၊ ယင်းမာပင်ခရိုင်ရင်း (၉) ဗိုလ်နားထိုင်းတပ်ခွဲနှင့် ဘုတလင်မြို့နယ် အုပ်ကြီးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36573

#TachileikNewsAgency
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူသည့်ကားကို SSPP က ပစ်ခတ်ဟု TNLA ထုတ်ပြန်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် TNLA က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် SSPP က ပစ်ခတ်သဖြင့် TNLA မြို့နယ်မှူးသေဆုံးပြီး (၃)ဦးဒဏ်ရာရသည်ဟု TNLAက သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ် ကြံခင်း(ရေပူ)ရွာအနီးတွင် TNLA၏ စစ်သုံ့ပန်း သယ်ဆောင်လာသည့်ကားကို ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPPက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SSPP ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်သည် ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိုင်းအလင်းနှင့် မိုင်းအညီ တို့ (၂)ဦးမှာ လက်တွင်ဒဏ်ရာရရှိခဲ့ကာ မိုင်းထွန်းအေးမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခင် သီပေါမြို့နှင့် ကျောက်မဲမြို့အား  ဖြတ်သန်းသွားလာရာတွင် SSPP တပ်မှ TNLA အား ပစ်ခတ်ခြင်းမရှိခဲ့ဘဲ ယခု စစ်သုံ့ပန်းများအား ခေါ်ဆောင်လာသည့် သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိကာဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP မှ TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာ ခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

SSPP ဘက်ကမူ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ဝင်ရောက်တိုက်ခိုက်သည်ဟု ထုတ်ပြန်သည်။

ဇူလိုင်လ (၅)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်ကစတင်၍ ကျောက်မဲမြိုနယ်၊ ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာအနီးရှိ SSPP တပ်စခန်းကို TNLAက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ပါကျေးရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြိုနယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးတွင်လည်း TNLA တပ်သားများက SSPPတပ်ကို ဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။

ထို့အပြင် သီပေါမြို့နယ်၊ ကြံခင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာအတွင်း၌လည်း TNLA တပ်က SSPP တပ်ကို တိုက်ခိုက်ခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

တိုက်ပွဲမဖြစ်ခင်ကပင် သီပေါ - ကျောက်မဲ - နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်းတစ်လျှောက်၌ SSPP တပ်များ လုံခြုံရေးတပ်ချဖြန့်ကျက်နေရာယူထားသည့်အကြောင်း TNLA ကို အသိပေးအကြောင်းကြားမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

News : https://www.tachileik.net/mm/news/36574

#TachileikNewsAgency
သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ် တပ်ဆုတ်ရာလမ်းတလျောက်တွင် ဒေသခံများအား ဖမ်းဆီး၊ ပစ်သတ်ပြီးနောက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်များ တပ်ဆုတ်နေပြီဖြစ်ပြီး တပ်ဆုတ်ရာလမ်းတလျောက်ရှိ ဒေသခံများကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပစ်သတ်ခြင်းများပြုလုပ်ပြီးနောက် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာပရိယ္ယတိစာသင်တိုက်အတွင်း တပ်စွဲထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့က ခလရ (၅၅)တပ်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သား (၂၀၀)ဝန်းကျင်သည် လမ်းမကြီးတလျောက် စီတန်းတပ်ဆုတ်လာပြီး‌နောက် ‌လမ်းရှိဒေသခံ (၁၀)ဦးကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

"လူတွေကို ကြိုးတုတ်ပြီးခေါ်လာတာမျိုးရှိတယ်။ အမျိုးသမီးတွေရောပါတယ်။ ဂျိတ္တောလမ်းဆုံရောက်မှ ကြိုးဖြည်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ ငပလီဖက်ကလာကြတာ။ ဂျိ‌တ္တောရောက်တော့ အိမ်တွေထဲဝင်တယ်။ ဆေးလိပ်တောင်းသောက်တယ်။ ခြေဗလာနဲ့ စစ်သားနှစ်ယောက်ဆို ဖိနပ်နှစ်ရံတောင်းတော့ ပေးလိုက်ရတာရှိတယ်။ အဲဒီစစ်သားကပဲ ခလရ(၅၅)ကျပြီလို့ ပြောသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ ခလရ(၅၅)တပ် ကျ၊ မကျကိုမူ Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

လက်ရှိတွင် ဂျိတ္တောရွာတွင်ရှိသည့် ပုလဲရတနာပရိယ္ယတိစာသင်တိုက်၊ အရပ်အခေါ် ပုလဲကျောင်းတိုက်၌ တပ်စွဲထားပြီး ဂျိတ္တောမှ မဒေးတောင်ဖက်သွားသည့်လမ်းရှိ ရွှေနဒီလဖက်ရည်ဆိုင်၊ စတိုးဆိုင်များကို ညဖက်တွင် တံခါးများရိုက်ဖွင့်ကာ အိမ်တွင်းပစ္စည်းများ ယူဆောင်သွားသည်ဟု ဆိုသည်။

"ဆိုင်ပိုင်ရှင်တွေလည်း ကြောက်လန့်ပြီး နောက်ပေါက်က ထွက်ပြေးကြရတာပေါ့။ ပြီးတော့ တခြားအိမ်တအိမ်မှာ ဝင်ပုန်းနေရတာ။ မနက်သူ့ဆိုင်ကိုသွားကြည့်ကြတော့ ဆိုင်ကမုန့်တွေယူစားပြီး Max+ အချိုရည်တွေပါ အခန့်သားယူသောက် စတည်းချနေလို့ ဆိုင်ကိုပစ်ပြီး ထွက်ပြေးလာရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ဂျိတ္တောရှိ ငါးရောင်းသည့် မဘဲဥမ ဆိုသူ၏ အမျိုးသားနှင့် သားဖြစ်သူတို့ကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့သည်ဟု သိရသည်။

"ဂျိတ္တောကိုဝင်လာတဲ့ စကစအဖွဲ့တွေက ဘဲဥမရဲ့ယောင်္ကျားကို လမ်းမှာတွေ့တော့ သူတို့သွားချင်တဲ့နေရာကို လှေနဲ့လိုက်ပို့ပေးဖို့ပြောတယ်။ အဲတာကို ကြောက်ကြောက်နဲ့ မလိုက်ပို့ရဲသလိုဘာလိုလိုဖြစ်နေတော့ တခါတည်းပစ်သတ်လိုက်တာ။ ဖြစ်ချင်တော့ အဲ့ဒီအနီးအနားမှာ ပစ်ခံရသူရဲ့သားကရှိ‌နေချိန် ပစ်သံတွေကြားတာနဲ့ သေသွားတဲ့သူ့အဖေကိုတွေ့တော့ ဒါကျွန်တော်အဖေပါ ဘာညာနဲ့ပြောတာ သားဖြစ်သူကိုပါ ကမ်းခြေနားခေါ်ပြီး ပစ်သတ်လိုက်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သားမဖနှစ်ဦးကို ယမန်နေ့ ဇူလိုင်လ(၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ဂျိတ္တောနာရေးကားနှင့် ကျိန္တလီဖက်သို့ ပို့ဆောင်သဂြိုလ်ရသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36575

#TachileikNewsAgency
မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂၅ ခုကို မန္တလေး PDF သိမ်း
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂၅)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ရရှိကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း၊ ကျောက်မဏ္ဍပ် တပ်စခန်း၊ စပါးကျည်တောင် တပ်စခန်း၊ ကျောက်ကြမ်းတောင် တပ်စခန်း၊ ငွေပုထိုး တပ်စခန်း၊ ရှင်မတောင် တပ်စခန်း၊ နဂါးပတ် တပ်စခန်း၊ နွားခြံကုန်း တပ်စခန်း၊ ဝန်တင်ကုန်း တပ်စခန်း၊ လက်သန်းတောင် တပ်စခန်း၊ ခြေတော်ရာ တပ်စခန်း၊ ကိုရင်လေးတောင် တပ်စခန်း၊ ကင်းရွာ တပ်စခန်း၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာ ရဲစခန်းနှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်းမှ (၁၂၀)မမ စိန်ပြောင်း (၁)လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်း ဆည်းရရှိသည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်း ပူးပေါင်းတိုက်ပွဲဝင် တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)အဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

News : https://www.tachileik.net/mm/news/36577

#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)