Tachileik News Agency
25.9K subscribers
52.1K photos
206 videos
2 files
14.6K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
ရေဦးရဲစခန်းအား ရေဦး PDF မှ Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့ ရဲစခန်းအား Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် ရေဦးရဲစခန်းအား ယနေ့ ဇူလိုင်လ (၄) ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီး (၇) လုံး ကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးသီးများကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF သည် ယမန်နေ့ ဇူလိုင်လ (၃)ရက်နေ့ကလည်း ရေဦးမြို့အနောက်ဘက်အထွက် ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Fixed-Wing Drone များဖြင့် ဗုံးသီး (၄)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36560

#TachileikNewsAgency
Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF
မတူပီမြို့သိမ်းတိုက်ပွဲမှ နိုင်ကျဉ်း ၁၃ ဦးပြန်လွတ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ပြန်လည်လွတ်မြောက်လာကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ-၁)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် စစ်ကောင်စီတပ်က နိုင်ငံရေး အကျဉ်းသားများကို မတူပီမြို့မ ရဲစခန်းအချုပ်မှ မတူပီအခြေချ စစ်ဗျူဟာနှင့် ခလရ (၁၄၀)ဖက်သို့ ရွှေ့ပြောင်း ဖမ်းဆီးခဲ့ရာက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။

အကျဉ်းသားများကို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် စစ်ကြောင်းများတွင် ညှပ်ထည့်ခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများအား သယ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေအသုံးပြုခဲ့သည်ဟု သိရသည်။

တော်လှန်ရေး အင်အားစုများက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်၍သာ စစ်ကောင်စီတပ်စစ်ကြောင်း တပ်ပျက်စဉ်တွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။

လွတ်မြောက်လာသူများမှာ ဗန်ကစ်လျန် (၃၅)နှစ် ပညာရေး CDM ဝန်ထမ်း၊ ကိုအောင်ကို (၃၄)နှစ် စိုက်ပျိုးရေး CDM ဝန်ထမ်း၊ ယောန (၂၉)နှစ်၊ ကျော်ထန်းလျန်အောင် (၃၀)နှစ် ထောင်ဒဏ်တစ်သက်၊ မိန်ထဲန် (၃၀)နှစ် ထောင်ဒဏ်တစ်သက်၊ ပါထုန် (၃၀)နှစ်၊ ကပ်ထန်း (၃၀)နှစ်၊ ပါကေး (၁၈)နှစ်၊ အောင်သိန်းဝင်း (၂၄)နှစ်၊ စံသိန်း (၂၂)နှစ်၊ ထဲလ်တွီး (၂၅)နှစ်၊ ဒီဇင်ထန်း (၂၇)နှင့် အမျိုးသမီးနိုင်ကျဉ်း ပိုးဇင်နီယာ (၄၀)နှစ်တို့ဖြစ် ကြောင်း သိရသည်။

ကျန်ရှိနေသေးသော အကျည်းသားများကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36561

#TachileikNewsAgency
လေးဖြူ၏ တော်လှန်ရေးအပေါ်ပြောဆိုမှုကြောင့် မလွမ်းလောက်တော့ပါဟု TNLA အထွေထွေအတွင်းရေးမှူး မှတ်ချက်ပြု၊ တော်လှန်ရေးကိုစော်ကား၍ ၎င်းကော်ပီဆိုကာ အောင်မြင်ခဲ့သည့်သီချင်းများကို လူထုကဖြန့်ဝေ
https://youtu.be/4-bdRNHdBqw?si=e1ZgU2g8dc536GRe
* * * * *

ပြည်သူလူထု၏တော်လှန်ရေးကို စော်ကားပြောဆိုသည့် အဆိုတော်လေးဖြူ၏ လုပ်ရပ်ကြောင့် လူထုအကြား ဝေဖန်မှုများမြင့်တက်နေပြီး TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း မလွမ်းလောက်တော့ပါဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် မှတ်ချက်ပြု ပြောဆိုသည်။

နေပြည်တော်ရှိ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် ဆက်နွယ်သော VIP စားသောက်ဆိုင်တွင် သီချင်းသွားဆိုသည့် အဆိုတော်လေးဖြူသည် တော်လှန်ရေးကို ပျက်ရယ်ပြုသည့်အနေဖြင့် Boycott လုပ်ခံရခြင်းအား နားမလည်ကြောင်း လှောင်ပြောင်ပြောဆိုခဲ့ရာက လူထုအကြား ဝေဖန်မှုမြင့်တက်နေခြင်းဖြစ်သည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က“ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ။ ငယ်ငယ်ကတည်းက လည်ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော။”ဟု ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၏ ပြည်သူအတွက် အသက်ပေးသွားတဲ့သူ တစ်ယောက်ထက် ပြည်သူကို ကျောခိုင်းသွားတဲ့ အနုပညာရှင်တစ်ယောက်က ပိုပြီးလွမ်းလောက်တယ်လို့ ထင်နေလို့လားဟု ရေးသားမှုအပေါ် ပြန်လည် မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

လေးဖြူသည် ဇူလိုင်လ(၂)ရက်နေ့က နေပြည်တော်ရှိ VIP စားသောက်ဆိုင်တွင် သွားရောက်သီချင်းဆိုစဉ် "နေပြည်တော်မှာ စကားသိပ်ပြောလို့မကောင်းဘူး။ နည်းနည်းကြောက်လို့ပါ။ ထစ်ခနဲရှိရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့။ သူငယ်ချင်းက ကျွန်တော့်ကို Screenshot ရိုက်ပြီးပို့တယ်။ မင်းကို BC လုပ်မယ်တဲ့။ ကျွန်တော်မိန်းမကို လှည့်မေးတယ်။ ဟေ့ကောင် BC ဆိုတာဘာလဲ။ ကျွန်တော် A to Z လည်းနားမလည်ဘူး။ BC မှမဟုတ်ဘူး A to Z နားမလည်ဘူး"ဟု တော်လှန်ရေးအပေါ် လှောင်ပြောင်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လေးဖြူ၏ သီချင်းများကို နားမထောင်ကြရန်နှင့် ၎င်းခိုးကူးသီဆိုခဲ့သည့် သီချင်းများကိုလည်း နားမထောင်ကြရန် ပြည်သူလူထုအကြား စည်းရုံးတိုက်တွန်းခြင်းများရှိလာသည်။

"ရေမျောကမ်းတင်" သီချင်းကို ရေးစပ်ခဲ့သူ ကိုမိုဃ်းသွေးကလည်း ၎င်းရေးစပ်ခဲ့သည့် သီချင်းကို လေးဖြူအနေဖြင့် မည်သည့်ပွဲမှ မသီဆိုရန် တားမြစ်ပြီး ထိုသို့တားမြစ်မှုသည် BC ၏ အဓိပ္ပာယ်ကို နားလည်ရန်ဖြစ်ကာ ခွင့်ပြုချက်မပါဘဲသီဆိုပါက တစ်ချိန်ချိန်တွင် ဥပဒေကြောင်းအရ တရားစွဲမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေး ရေးသားထားသည်။

#TachileikNewsAgency
လားရှိုးမြို့တွင်းအထိ တိုက်ပွဲနီးကပ်လာသဖြင့် ဒေသခံအများအပြားတိမ်းရှောင်လာ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် ဒေသခံအများအပြားလည်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ကားလမ်းများပိတ်နေသည်ဟု သိရသည်။

တိုက်ပွဲများပြင်းထန်ကာ ရပ်ကွက်(၅)အနီးထိရောက်ရှိလာပြီး မြို့တွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ ဒေသခံများ ထိခိုက်သေဆုံးသူများရှိလာသဖြင့် ဒေသခံအများအပြား ကားများကို အလံဖြူထောင်က တိမ်းရှောင်လာကြသည်ဟု သိရသည်။

“ဟုတ်တယ် ဒေသခံတွေတော်တော်များများရှောင်ကုန်ပြီ။ အိမ်ဘေးကတောင် ကား၊ ဆိုင်ကယ်တွေ အိမ်မှာလာထားပြီး ဒီနေ့ထွက်သွားကြပြီ။ ကျွန်မတို့က RC (၂)ထပ်ခွဲအိမ်ဆိုတော့ အောက်ထပ်က လုံခြုံသေးတယ်။ အခုတောင် ကလေးတွေ လှေကားအောက်ခင်းအိပ်ကြတယ်။ ပြေးတော့ မပြေးတော့ပါဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိ လားရှိုးမြို့အခြေအနေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်စွာမရသည့်အခြေအနေဖြစ်ပြီး တိမ်းရှောင်လိုသူများအတွက် မြို့ဝင်၊ မြို့ထွက်ကို ဖွင့်ပေးထားကာ စဉ့်အင်ဖောင်ဆိပ်လမ်းကသာ သွားလာနိုင်သည့်အခြေအနေဖြစ်သည်ဟု သိရသည်။

စစ်ရှောင်များသည် လားရှိုး-စဉ့်အင်-ပန်ညု-နမ့်လန်-ကျောက်ဂူ-နောင်ချို-ဘန့်ဘွေး-ပြင်ဦးလွင်-မန္တလေးလမ်း အတိုင်း သွားလာနေကြသူများပြီး ယနေ့တွင် စစ်ရှောင်လူဦးရေ ပိုများလာသည်ဟုလည်း သိရသည်။

“လက်နက်ကြီးတွေက မြို့တွင်းပိုင်းကိုကျတော့ တိမ်းရှောင်တဲ့လူပိုများလာတာ။ နေတဲ့သူကလည်းနေတုန်းပေါ့။ ပထမတစ်ကြိမ်တုန်းကလည်း ပြေးခဲ့ကြရပြီးပြီ။ တခါပြောင်းရင် တခါကုန်ကျစာရိတ်ကများတော့ မပြေးကြတော့တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ(၅)ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ယမန်နေ့က လက်နက်ကြီးများ လားရှိုးမြို့တွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁၀)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ စာသင်ကျောင်းလည်း လက်နက်ကြီးထိမှန်ပျက်စီးသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/36564

#TachileikNewsAgency
အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်အနီးတွင် ကျားဖြူစစ်ကြောင်း Fixed Wing Drone တပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် ကော့ကရိတ်အနီးရှိ ရွာသစ်ကုန်းလမ်းဆုံးတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကျားဖြူစစ်ကြောင်း Fixed Wing Drone တပ်ဖွဲ့မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ကျားဖြူစစ်ကြောင်းမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်အနီးရှိ ရွာသစ်ကုန်းလမ်းဆုံး၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျားဖြူစစ်ကြောင်း Fixed wing Drone တပ်ဖွဲ့မှ ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုများရှိခဲ့ပြီး သေဆုံးသည့်အရေအတွက်အား ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းမှဆိုသည်။

အောင်ဇေယျစစ်ကြောင်းသည် စစ်ဆင်ရေးကာလကြာမြင့်လာသည်နှင့်အမျှ လူအင်အားလျော့နည်းလာခြင်းနှင့် နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အင်အားလျော့နည်းလာနေပြီး မကြာခင် အောင်ဇေယျကျဆုံးခန်းကို ပြည်သူများမြင်တွေ့ရမည်ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းမှ အသိပေးသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် မြဝတီမြို့ကို ပြန်လည်သိမ်းယူရန် ဧပြီလ ဒုတိယအပတ်တွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကိုယ်တိုင်ဦးစီးကွပ်ကွဲကာ အောင်ဇေယျစစ်ဆင်ရေးကိုစတင်ခဲ့ပြီး အချိန် (၂)လကျော်ကြာမြင့်သည်အထိ ဒေါနတောင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသေးဘဲ ထိခိုက်ကျဆုံးမှု များပြားလျှက်ရှိကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/36565

#TachileikNewsAgency
စစ်ကောင်စီမှ ဇွန်လအတွင်း ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများ အကြိမ်များစွာ ပြုလုပ်ခဲ့
https://www.tachileik.net/mm/news/36566
* * * * *

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်သွားမည်ဟုပြောဆိုခဲ့ပြီးနောက် ဇွန်လအတွင်း ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို အကြိမ်များစွာ ပြုလုပ်ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်ကောက်ယူမှုများအရသိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ရေးရှုံးနိမ့်မှုများအပြင် ပြည်တွင်းပြည်ပ၏ အားပေးထောက်ခံမှုမရရှိတော့သည့် စစ်ကောင်စီသည် အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပြသနိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လုပ်ဆောင်နေပြီး စစ်ကောင်စီခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်သည် ဇွန်လ နောက်ဆုံးအပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်မှု (၁၀)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်မှု (၁၀) ကြိမ်၌ လူဦးရေစာရင်း မူကြမ်းစစ်ဆေးခြင်း (၈)ကြိမ်၊ မဲစာရင်းစီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ (၁) ကြိမ်နှင့် နိုင်ငံတကာနှင့်တွေ့ဆုံဆွေးနွေးမှု (၁)ကြိမ်စီ ပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လုပ်ဆောင်ရန်ကြိုးစားခဲ့ပြီး အောင်မြင်မှုမရရှိခဲ့သည့် မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲခြင်းစနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် (Central Voter List Management System)တို့ကို လာမည့်ရွေးကောက်ပွဲအတွက် အသုံးပြုရန် Softwareများ ထည့်သွင်းနေကြောင်း ရွာတော်စစ်ကြောရေးစခန်းတွင်ပြုလုပ်သည့် မဲစာရင်းစီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယအကြိမ်၌ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှ ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလော်ဘီ မီဒီယာများတွင်ပါရှိသည့် ရွေးကောက်ပွဲနှင့် ဆက်စပ်၍ ဖော်ပြမှုပေါင်း (၇)ကြိမ်တွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး အင်တာဗျူးလည်း ပါရှိခဲ့ပြီး ဦးကိုကိုကြီးမှ ရွေးကောက်ပွဲသည် အဖြေဖြစ်နိုင်ပြီး စစ်ကောင်စီမှ အာဏာရူးလို့ရသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်းနှင့် နိုင်ငံရေးနည်းလမ်းကို ယုံကြည်ကြရန် တိုက်တွန်းခဲ့ကြောင်း BACS၏ အချက်အလက်ကောက်ယူမှု အရသိရသည်။

နိုင်ငံတကာနှင့်တွေ့ဆုံဆွေးနွေးခဲ့မှု (၁)ကြိမ်တွင် ဇွန်လ (၂၄)ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ရုံးတွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲအတွက် နည်းပညာပိုင်းနှင့် ပတ်သက်ပြီး ပညာရှင်များ ကူညီပေးရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယအနေအနေဖြင့် စစ်ကောင်စီနှင့် တရုတ်ကြားက ရင်းနှီးသည့် ဆက်ဆံရေးအား တွေ့မြင်ခဲ့ပြီးနောက် အဆိုပါရင်းနှီးမှုအား မလိုလားသည့်အတွက် စစ်ကောင်စီကို ပြန်လည်တွေ့ဆုံခြင်းနှင့် ချဉ်းကပ်လာခြင်းဖြစ်ကြောင်း BACS မှ သုံးသပ်သည်။

စစ်ကောင်စီသည် ဇွန်လနောက်ဆုံးအပတ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားမှုများဖြစ်သည့် ပန်းခင်းစီမံချက် (၁၄)ကြိမ်နှင့် E-ID၊ ဇီဝအချက်အလက် ကောက်ယူမှု (၃)ကြိမ် စုစုပေါင်း လှုပ်ရှားမှု (၁၇) ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်အဆင့် (၃)လုပ်ဆောင်မှုကို မန္တလေးတိုင်းအတွင်း (၆) ကြိမ်၊ ရန်ကုန်တိုင်းတွင် (၄) ကြိမ်၊ ရှမ်းပြည်နယ်တွင် (၂) ကြိမ်၊ မွန် နှင့် မကွေးတိုင်းတို့တွင် (၁)ကြိမ်စီ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းတွင် တံတားဦး၊ ပုသိမ်ကြီး၊ ဝမ်းတွင်းနှင့် အမရပူရတို့တွင်လည်းကောင်း ၊ ရန်ကုန်တိုင်းတွင် သင်္ဃန်းကျွန်းနှင့် အင်းစိန်၊ ရှမ်းပြည်နယ်တွင် နမ့်စန်နှင့် မောက်မယ်၊ မွန်ပြည်နယ်တွင် သံဖြူဇရပ်နှင့် မကွေးတိုင်း စလင်းမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇီဝအချက်အလက် ကောက်ယူမှု (၃)ကြိမ်ကို မကွေးတိုင်း စလင်းမြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်နှင့် ဧရာဝတီတိုင်း လပ္ပတ္တာမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ အများဆုံးလှုပ်ရှားမှုဖြစ်သည့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းဆိုင်ရာ လှုပ်ရှားမှု (၄၈)ကြိမ်တွင် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့မှု (၃၅)ကြိမ်၊ သန်းခေါင်စာရင်းနည်းပြသင်တန်း (၁)ကြိမ်၊ ၂၀၂၄ သန်းခေါင်စာရင်း လုပ်ငန်းဆိုင်ရာ အစည်းအဝေး (၃)ကြိမ်နှင့် ဝါဒဖြန့်ချိရေးအတွက် လက်ကမ်းစာစောင်များနှင့် ဟောပြောပွဲလုပ်ဆောင်မှု (၉)ကြိမ်တို့ရှိခဲ့ကြောင်း သိရသည်။

ဝါဒဖြန့်ချိရေးအတွက် လုပ်ဆောင်မှု (၉)ကြိမ်တွင် အသိပညာပေး စကားဝိုင်း (၁)ကြိမ်၊ အသိပညာပေး ရှင်းလင်းပွဲ (၃)ကြိမ်နှင့် လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်း (၅)ကြိမ် အထိရှိခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် (၁) ကြိမ်စီနှင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့တွင် (၂)ကြိမ်စီ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းနည်းပြသင်တန်း (၁) ကြိမ်ကို "ဝ" အထူးဒေသ (၂) မိုင်းပေါက်ခရိုင်တွင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းသင်တန်းကို သြဂုတ်လအတွင်း ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း "ဝ" အထူးဒေသ၏ လိုအပ်ချက်အရ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို "ဝ" အမျိုးသား၊ အမျိုးသမီး သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည် ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

၂၀၂၄ သန်းခေါင်စာရင်း လုပ်ငန်းဆိုင်ရာ အစည်းအဝေး (၃)ကြိမ်ကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်နှင့် ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်များတွင် လုပ်ဆောင်ခဲ့ပြီး သန်းခေါင်းကောက်ယူရေးလုပ်ငန်းစဉ်အချက်များကို လဝက၊ ထွေအုပ်နှင့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း BACS အဖွဲ့၏ အချက်အလက် ကောက်ယူမှုအရသိရသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ဝါဒဖြန့်ချိနိုင်ရန်အတွက် ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်းကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုအနေဖြင့် USDP က လှုပ်ရှားမှုပေါင်း (၁၄) ကြိမ်ဖြင့် လှုပ်ရှားမှုအများဆုံး ပါတီဖြစ်ခဲ့ပြီး PPP နှင့် PP တို့က (၂) ကြိမ်စီ လှုပ်ရှားမှုရှိခဲ့ကာ ဇွန်လ နောက်ဆုံးအပတ်တွင် နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင်သာ ပါတီလှုပ်ရှားမှုများကို တွေ့ရှိခဲ့ရကြောင်း BACS မှ ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့သည် နေပြည်တော်တွင် နှစ်ရက်တာ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီ၏ ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးခဲ့ကာ အဆိုပါဆွေးနွေးမှုမှ ၂၀ဝ၈ ဖွဲစည်းပုံမှ ပြင်ဆင်သင့်သည့် အချက်များ၊ ဖက်ဒရယ်စနစ် တည်ဆောက်ရေး သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၀၈ ဖွဲစည်းပုံပြင်ဆင်ရေးအတွက် ဆွေးနွေးပွဲများကို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ၎င်းနှင့် အဆင်ပြေသည့် နိုင်ငံရေးအင်အားစုများကို ချွေးသိပ်နိုင်ရန် မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း BACS မှ ဆိုသည်။

အသက် (၁၈) နှစ်အထက် လူဦးရေစာရင်း စတုတ္ထအကြိမ်မူကြမ်း ထည့်သွင်းစစ်ဆေးခြင်း (၈)ကြိမ်ရှိခဲ့ပြီး အဆိုပါ လူဦးရေစာရင်းကို ဗဟို ရွေးကောက်ပွဲကော်မရှင်ထံ လုပ်ဆောင်ပေးပို့နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲ ခြင်းစနစ်နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ကို မှန်ကန်စွာလုပ်ဆောင်နိုင်ရေးအတွက် စစ်ကောင်စီခန့် မြို့နယ်ရွေးကော်ရုံးတွင် ထွေ/အုပ်၊ လဝကနှင့် ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများက လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါ လုပ်ဆောင်မှုများကို စစ်ကောင်စီက မန္တလေးတိုင်းအတွင်း မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရ၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် မကွေးတိုင်းအတွင်း စလင်းမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency
Photo: Burma Affairs & Conflict Study
ဂျိုင်းမြစ်ဝှမ်းဒေသရှိ နေရပ်ပြန် စစ်ဘေးရှောင် အရွယ်ကောင်းအမျိုးသမီးများကို စစ်ကောင်စီတပ်သားများမှ နှောင့်ယှက်မှုများလုပ်ဆောင်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မွန်ပြည်နယ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများသည် တိုက်ပွဲများငြိမ်သက်၍ ၎င်းတို့ နေထိုင်ရာဒေသသို့ပြန်လာချိန်တွင် အရွယ်ကောင်း အမျိုးသမီးများကို စစ်ကောင်စီတပ်သားများမှ နှောင့်ယှက်မှုများလုပ်ဆောင်နေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဂျိုင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီတပ်များသည် ကျေးရွာများထဲမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံပြည်သူများမှာ မတ်လ စတုတ္ထပတ်မှစတင်ပြီး နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ထို့နောက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်လာချိန်တွင် နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်သားများက ၎င်းတို့စားသောက်ရန်အတွက် ထမင်းဟင်းနှင့် စားသောက်ဖွယ်ရာများ ချက်ပြုတ်ရန် စေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးများခေါက်ခြင်းနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးသည်ဟုဆိုကာ လူငယ်အမျိုးသမီးများကို နှုတ်အားဖြင့် နှောင့်ယှက်နေကြောင်း ပြည်သူများထံမှတဆင့် ပြန်လည်ကြားသိရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဂျိုင်းမြစ်ဝှမ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့တပ်စွဲထားရာကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ ဒေသခံပြည်သူများ၏ နေအိမ်နှင့် ခြံဝင်းများထဲရှိ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားစဉ်တွင် လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရုံမျှမက တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများ နေရပ်မပြန်ရဲစေရန် လူ့အခွင့်အရေးချိုးဖောက်မှုကို နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆိုသည်။

စစ်ကောင်စီတပ် ယခုကဲ့သို့ ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်ပြန် အမျိုးသမီးများအပေါ် နှောင့်ယှက်နေပြီး ပြည်သူများ ရှင်သန်ခြင်းအပေါ် အန္တရာယ်ပြုနေခြင်းနှင့် စစ်ကောင်စီလက်ချက်ကြောင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီများလိုအပ်နေသည့် ပြည်သူများအပေါ် လူ့အခွင့်အရေးများ ထပ်မံချိုးဖောက်နေခြင်းအား မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပြင်းထန်စွာရှုံချကြောင်း သိရသည်။

ထို့အပြင် မွန်ဒေသမှ အကူအညီများလိုအပ်နေသည့် ပြည်သူများကို ပြည်တွင်း၊ ပြည်ပရောက် ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းတို့မှ လူသားစာနာမှုအကူအညီများပေးအပ်နိုင်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တိုက်တွန်းထားသည်။

News : https://www.tachileik.net/mm/news/36567

#TachileikNewsAgency
Photo : Mon State Federal Council - MSFC
ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာမှ စစ်ကောင်စီလုံခြုံရေးယူပေးနေသည့် အုပ်ချုပ်ရေးမှုးအား PDF မှ ပစ်ခတ်ရှင်းလင်း
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာမှ စစ်ကောင်စီလုံခြုံရေးယူပေးနေသည့် သိမ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှုးအား ပစ်ခတ်ရှင်းလင်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၂၆၀၁ တပ်ရင်း တပ်ခွဲ (၄)ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှုးအား ဇွန်လ (၄)ရက်နေ့ ညနေ (၄)နာရီခွဲတွင် ပျဉ်ကြီးရွာနှင့် သိမ်ကုန်းရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှုးထံမှ ဆေးအိပ်တစ်လုံး၊ မှတ်ပုံတင်တစ်ခု၊ စစ်ကောင်စီနှင့်ဆက်သွယ်ထားသည့် ဖုန်းတလုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းရန် အကြိမ်ကြိမ်သတိပေးခဲ့သည့်ကြားမှ နှုတ်မထွက်ဘဲ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျေးရွာလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ PDF ရဲဘော်များ၏ နေအိမ်များအား ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ သိမ်းယူခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သိမ်ကုန်းတာဝါတိုင်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တစ်လ (၂)ကြိမ် စားသောက်ဝိုင်းလုပ်ပေးခြင်းနှင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့် စားသောက်ကုန်များအား ဝဲကြီးဆည်ရေလမ်းမှနေ၍ သယ်ဆောင်ပေးခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူးများကို ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အချိန်မှီနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကြရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

News : https://www.tachileik.net/mm/news/36568

#TachileikNewsAgency