Tachileik News Agency
26.5K subscribers
53.2K photos
206 videos
2 files
15K links
Tachileik News Agency (TNA) is an independent media and web – based source of daily news.
Download Telegram
မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၁)ဦး ဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် အဆောက်အဦးများ ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာအကြားရှိ ကြက်ခြံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၁၁)ဦး ဒဏ်ရာရပြီး နိုဝင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းတွင်လည်း မြစ်သာရွာနှင့် ဆူးလေကုန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

“မြောင်နယ် မကျည်းဘုတ်နဲ့ တွင်းကြီးကြားက ပြည်သူပိုင် ကြက်မွေးမြူရေးခြံတစ်ခုကို စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ ကြက်ခြံကတော့ မီးလောင်ပျက်ဆီးသွားတယ်။ မနေ့ညနေပိုင်းက မြစ်သာရွာနဲ့ ဆူးလေကုန်းရွာကို ဖိုက်တာ (၂)စီးနဲ့ (၂)ကြိမ် တိုက်ခိုက်မှုလုပ်သွားရာ ထိခိုက်မှုရှိပြီး ပျက်စီးမှုလဲရှိခဲ့ပါတယ်။ ”ဟု ကိုနွေဦး-မြောင်က ပြောသည်။

စစ်ကောင်စီတပ်သည် မကျည်းဘုတ်အနီးရှိ ကြက်ခြံကို ပထမတစ်ကြိမ် ဗုံး(၂)လုံးချပြီးနောက် ရော့ကတ်ဖြင့် (၃)ကြိမ်ပစ်ခတ်ကာ ဒုတိယအကြိမ်တွင် ဗုံးထပ်ကြဲခြင်းကြောင့် ကြက်ခြံမီးလောင်ကာ ကြက်များအပြား သေဆုံးသည်ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပဲ ခူးနေရာမှ ပြေးပုန်းကြရသည့် အမျိုးသမီး(၉)ဦး ကျည်စထိမှန်ဒဏ်ရာရကာ ကြက်ခြံပိုင်ရှင်၏ အသက်(၃)နှစ်သား ကလေးနှင့် အခြားအမျိုးသားတစ်ဦးတို့်လည်း ကျည်စထိမှန်ဒဏ်ရာရသည်ဟု သိရသည်။

ပြီးခဲ့သည့် (၁၀)ရက်ကျော်ကတည်းက မြောင်မြို့နယ်ရှိ ဇရပ်ကုန်း၊ မြစ်သာ၊ မြစ်ဆုံ ဘက်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်မည်ဟု သတင်းထွက်ပေါ်ထားရာက နိုဝင်ဘာလ (၁၂)ရက်နေ့က ဇရပ်ကုန်း၊ မကျည်းဘုတ်အနီးရှိ ကြက်ခြံနှင့် မြစ်သာရွာ၊ ဆူးလေကုန်းတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/38146

#TachileikNewsAgency
Photo: CJ
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အသက်ပေးခဲ့ကြသော AA နှင့် မိတ်ဖက်ရဲဘော်များကို AA က မှတ်တမ်းတင်ဂုဏ်ပြု
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရခိုင်ဒေသ တစ်နှစ်တာ စစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများတွင် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲအစည်းများမှ ရဲဘော်များကို အလေးအနက်မှတ်တမ်းတင် ဂုဏ်ပြုကြောင်း AA က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဖော်ပြသည်။

တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြိုသိမ်းတိုက်ပွဲများတွင် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲအစည်းများမှ သတ္တိပြောင်မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော စစ်သည်တော်များနှင့် စစ်ဆင်ရေးကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်သောသူများအားလုံးကို အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု AA က ထုတ်ပြန်သည်။

ထို့အပြင် ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ အဖွဲအစည်းနှင့် လူမျိုးကို အားပေးထောက်ခံကြသောပြည်သူများ၊ မဟာမိတ်အဖွဲအစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူးတင်ထိုက်သောသူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိသည်ဟု ဆိုသည်။

အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြိုများတွင် ပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများကို မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက်ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်နေကာ လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း AA သည် ရခိုင်ပြည်နယ်ရှိ မြို့များထဲမှ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ပေါက်တောမြို့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်တော်မြို့၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် မြေပုံမြို့၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မြောက်ဦးမြို့၊
ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် မင်းပြားမြို့၊ မတ်လ(၄)ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့၊ မတ်လ(၁၁)ရက်နေ့တွင် ရမ်းဗြဲမြို့၊ မတ်လ(၁၇)ရက်နေ့တွင် ရသေ့တောင်မြို့၊ မေလ (၁၈)ရက်နေ့တွင် ဘူးသီးတောင်မြို့နှင့် စက်တင်ဘာလ (၅)ရက်နေ့တွင် သံတွဲမြို့အား သိမ်းပိုက်ခဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

AA သည် ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးကို ဆက်လက်အကောင်အထည်ဖော်နေသည်ဟုလည်း ထုတ်ပြန်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

News :https://www.tachileik.net/mm/news/38147

#TachileikNewsAgency
Photo: AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
မြင်းမူမြို့အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း မြင်းမူမြို့အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာခြံဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း Dog Killers People's Defence Force Myinmu (DK-PDF MMU)အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ဝန်ထမ်းအိမ်ရာ ခြံဝင်းအတွင်း တပ်စွဲထားသည့် အင်အား (၂၀)ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ မနက် (၄)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးကပ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်အဆင့်ရှိသူ (၂)ဦးသေဆုံး၍ အထိအခိုက်များခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ စခန်းအား ဝင်ရောက်စီးနင်းရန် ကြိုးစားသော်လည်း မြေပြင်အနေအထားမှာ ဝင်ရန်အဆင်မပြေသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း DK-PDF MMU အဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စက်သေနတ်ဖြင့် အမြင့်မှ ပစ်ခတ်၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး မြင်းမူမြို့ အထက (၁) ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း သံပြားကာကားဖြင့် စစ်ကူလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Dog Killers People's Defence Force Myinmu(DK-PDF MMU)၊ Moe Nyo Revolution Force (M.N.R.F.) မြင်းမူမြု့နယ် ပ.က.ဖ.၊ ဇေယျာရွှေမြေနှင့် မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖ စသည့် ညီနောင်မဟာမိတ်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/38148

#TachileikNewsAgency
စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ပေါက်ခေါင်းမြို့နယ် ဒွကျေးရွာနေ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု ဒွကျေးရွာတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း PPDF - ၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု ဒွကျေးရွာတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင်အား PDF ပူးပေါင်းတပ်ဖွဲ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းခြင်းနှင့် ပေါ်တာဆွဲရာတွင် အားတက်သရော လုပ်ဆောင်ပေးခြင်း ၊ စစ်မှုမထမ်းလိုလျှင် လူစားထည့်ပေးမည်ဟုဆိုကာ ကျေးရွာအုပ်စုအတွင်း ငွေကြေးကောက်ခံခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအား စုံစမ်းကာ စစ်ကောင်စီအား ပေးအပ်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အခါအခွင့်သင့်လျှင်သင့်သလို စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ရပ်/ကျေးထွေအုပ်စာရေးများ ၊ အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများကို ပြတ်သားစွာအရေးယူဆောင်ရွက်နေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့ ရှိရာနေရာများသို့ ရှောင်တိမ်းသွားလာကြပါရန် PPDF-၃၆၀၁ တပ်ရင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

News : https://www.tachileik.net/mm/news/38149

#TachileikNewsAgency
ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က (၃)ရက်ဆက် တိုက်ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် နေအိမ် (၂)လုံးပျက်စီးပြီး အရပ်သားတစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရကြောင်း KNU ဗဟိုထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)တပ်ရင်းမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ကျောက်ကုန်းကျေးရွာနှင့် နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းတွင် ဝမ်းချဲကျေးရွာ၊ မက်စလီကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကညှင်ကြိုးကျေးရွာ ချိန်းကြောင်းတံတား အနီးဝန်းကျင်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခလရ (၂၆၄)တပ်ရင်း၏ အရပ်သားများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကုန်းကျေးရွာမှ (၆)လသားအရွယ် မောင်လပြည့်ထွန်းနှင့် (၈)နှစ်အရွယ် မချစ်ဖူးဝေတို့ မောင်နှမ နှစ်ဦး ဗုံးသီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ထို့အပြင် နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း ခမရ(၄၃၉) တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်မှုကြောင့် မျက်နီကွင်းကျေးရွာမှ နော်မူစေးဖိုး (၂၀)နှစ် ဗုံးသီးထိမှန် သေဆုံးခဲ့ရပြီး နော်ကြည်ဘော (၆၀)နှစ် ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးကြောင်း သိရသည်။

စစ်ကောင်စီပူးပေါင်းတပ်မှ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်သည့် (၁၂၀)မမ လက်နက်ကြီး (၂)လုံးသည် ထွနီကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကာ နော်ဝါးဝါး (၃၈)နှစ်ဒဏ်ရာရရှိကြောင်း KNUက ထုတ်ပြန်ထားသည်။

News : https://www.tachileik.net/mm/news/38150

#TachileikNewsAgency
Photo:KNU
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
စစ်ကောင်စီကိုထောက်ခံပြီး တရုတ်ပြန် မင်းအောင်လှိုင်ကို သွားကြိုသည့် ရန်အောင် နေအိမ် ဗုံးကွဲ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး တရုတ်ကပြန်လာသည့် မင်းအောင်လှိုင်ကို သွားကြိုသည့် သရုပ်ဆောင် ရန်အောင်၏ နေအိမ် ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးကွဲကြောင်း သိရသည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့ ဘောက်ထော် မြရတနာလမ်းရှိ ရန်အောင်၏ နေအိမ်ကို Dark Shadow အဖွဲ့က ပြင်းအားပျော့ မိုင်းအသုံးပြုပြီး သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ရန်အောင်သည် ပြည်သူကို နေ့စဉ်ဒုက္ခပေးနေသော စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် အနုပညာရှင်ဖြစ်ကြောင်း သတင်းနှင့် လူမှုကွန်ယက်တို့တွင် ထင်ရှားစွာမြင်တွေ့ရနေသဖြင့် ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ပျင်းအားပျော့မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျန်ရှိနေသေးသည့် စစ်ကောင်စီထောက်ခံသော အနုပညာရှင်များကိုလည်း သတိပေးကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

News : https://www.tachileik.net/mm/news/38154

#TachileikNewsAgency
မြန်မာနိုင်ငံမှထွက်သည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့်အတူ မျှဝေသုံးစွဲရန် စစ်ကောင်စီဆွေးနွေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရုံ (Liquefied Natural Gas - LNG Terminal)တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲရန် တရုတ်နိုင်ငံ၏ နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင် က ပြောဆိုသည်။

တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း China National Petroleum Corporation(CNPC) နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း ၊ စီမံကိန်းများအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲရေးနှင့် မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးကိုကိုလွင်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများအား ပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

News : https://www.tachileik.net/mm/news/38155

#TachileikNewsAgency