𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐎𝐟 𝐒𝐲𝐫𝐢𝐚𝐦
304 subscribers
935 photos
24 videos
6 files
60 links
What you get in this channel 👇

1.Knowledge
2.History
3.Science
4.News
5.Poetry
6.Game
etc. and more

So support this channel 🤟

Thanks 👊

#Syriam
Founder - @Jako526
Co-founder - @Prime_Paxley1
@kojitanakha
Download Telegram
Forwarded from Shambhala 𓅓
ဦးခေါင်းခွံထဲက ပြဇာတ်

ကောင်လေးတစ်ယောက်ရဲ့
ဦးခေါင်းခွံထဲက ရုပ်ရှင်တစ်ခုမှာ၊
ကောင်မလေးနဲ့ ကောင်လေး အတူ
ကမ်းခြေမှာ လမ်းလျှောက်ခဲ့။
သူတို့နှစ်ယောက် စကားလုံးမပါပဲ
အချစ်အကြောင်းပြောနေကြတယ်။
မြင်ကွင်းအားလုံးဟာ
အကုန်လှပလို့ပေါ့။

အောင်နွယ်ဦး
2019 နှစ်များဆီမှ

#Taninekha
#poem
Forwarded from Shambhala 𓅓
လွင့်မျှောနေသော ပန်းကလေးတစ်ပွင့်နှင့် စက္ကူရုပ် ကျားတစ်ကောင် ခုန်အုပ်ခြင်း

မှောင်ရီပျိုးလာပြီ
အရိပ်တို့  မြူးထူးကခုန်ကြတယ်။
နာရီတွေက မလည်တော့ဘူး။
အရာအားလုံးဟာ နောက်ပြန်သွားလို့
ချွဲကျိ့ကျိ့ အိမ်မက်ဆိုးတွေ ကနေ
နိုးထချင်လှပြီ။

ငါတို့ဟာ အသေကောင်တွေကို
မြိန်ရေရှက်ရေ စားသုံးကြ
ငါတို့ဟာ အသေကောင်တွေကို
အဆင်တန်တာအဖြစ် ၀တ်ဆင်ကြ
ငါတို့ဟာ အသေကောင်တွေကို
အတူအိပ့်ကြ ၊နေထိုင်ကြ။

လမင်းဟာ ညရဲ့ အချစ်ဉီး
သူဟာ ရှက်လို့ တိမ်တွေ​နောက်မှာ
ပုန်းနေတယ်။
ရောင်စုံငါးကြင်းတွေ
ကောင်းကင်ရံမှာ ခုံပေါက်နေကြ

တူရိယာတွေကို လူတွေက
ငိုအောင်လုပ်ကြတယ်။
လူတွေကို တူရိယာတွေက
ငိုအောင်လုပ်ကြတယ်။
ထရမ်ပတ် တွေ ငိုသံကြားရင်
လိုက်ငိုမိပါတယ်။

ပန်းပွင့်လေးတွေပြုံးတဲ့အခါ
၀တ်မှုန်တွေ ဖြစ်ကြတယ်။
သုတ်ရည်ဆိုတော့ကော
ဘာဖြစ်လဲ ပျားရည်အဖြစ်
ငါသောက်လိုက်တယ်။

သစ်ရွက်ပြာတွေ၊ မြက်ခင်းနီတွေ
သစ်ပင်ဖြူတွေ ၊ကောင်းကင်ညိုတွေ
ရှိတဲ့ အရပ်မှာ
နှလုံးသားဟာ​ ဝေလငါးတစ်ကောင်လို
မိုင်ပေါင်းများစွာဆီ ငြီးညူနေ
ဆင်တွေလို အတွေးတွေ ခရီးထွက်
အချစ်ဆိုတာ ဓာတုဓာတ်ပြုမှု့တစ်ခုတဲ့
ငါကတော့ မယုံပေါင်။

ပြောင်းပြန်ဆိုတာ အတည့်ပဲ
အတည့်ဆိုတာကလဲ ပြောင်းပြန်ပဲ
ပြောင်းပြန်နဲ့ အတည့်ဟာ
အတည့်နဲ့ ပြောင်းပြန်
ဘယ်ဟာ အမှန်လဲ
စကြာ၀ဠာတိုင်းမှာ မင်းကိုငါချစ်တယ်။


                                 အောင်နွယ်ဦး
                                  5/11/2025

#Taninekha
#poem
Forwarded from Shambhala 𓅓
ကျွန်တော်နောက်ဆုံးအနေနဲ့ လှသန်းလက်ကို ကိုင်ပြီး နှုတ်ဆက်လိုက်တယ်။ ကျွန်တော်နဲ့ဘဝတူ၊ ကဗျာဒေဝတာတပါးတည်းက မွေးဖွားပေးလိုက်တဲ့ ညီအစ်ကိုတော်အပေါ်မှာ ဝမ်းနည်းခြင်းအပြည့်၊ ကြေကွဲခြင်းအပြည့်၊ နှ မြောတသခြင်းအပြည့်၊ ယူကျုံးမရခြင်းအပြည့်နဲ့ ကျွန် တော်နှုတ်ဆက်လိုက်တယ်။ တောင်တန်းတဖက်နဲ့ လွင် ပြင်တဖက်စီကနေ တယောက်တလမ်းလာခဲ့ကြရင်းက ၁၉၈၀ ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မာယာကော့ဖ်စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်အကြောင်း မတ်တတ်ရပ်ပြောဆိုပြီးနှုတ်ဆက်ခဲ့ကြတဲ့ ဂျပိန်ကလေးနှစ်ယောက်ရဲ့ နောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်း။ အနုပညာတပ်မတော်က သူရဲကောင်း။ ကဗျာဒေဝတာရဲ့သားကောင်းရတနာ။ လှသန်း။ ငါ့သူငယ်ချင်း။ အောက်တိုဘာညရဲ့ အသက်ငွေ့ငွေ့ထဲမှာ ငွေလရောင်ဇာခြည်မျှင်တွေက တလက် လက်နိုးထလို့။

မိုဃ်းဇော်

နှင်းဆီဖြူမဂ္ဂဇင်း

အောက်တိုဘာ၊ ၂၀၁၄။

#Taninekha
#Knowleage
Forwarded from Shambhala 𓅓
အမည်မဲ့



ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ် ။

ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ ။

ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလဲ မှားသေး ။

ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့ ။

ဖြစ်ရပုံများ
တံထွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့ ။

ကဲ. . . ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ် ။ ။

သစ္စာနီ


#Taninekha
#poem
Forwarded from Shambhala 𓅓
ကြည့်မှန်ထဲ ခုန်ဆင်းသွားသော ငါးတစ်ကောင်ရဲ့ ပူစီဖောင်းထဲက ကမ္ဘာ


ကလေးတစ်ယောက်ရဲ့ စိတ်ကူးနယ်လွန်
အိမ်မက်ကမ္ဘာတွေရဲ့ အစွန်းကို နယ်ချဲ့လိုက်တဲ့အခါ အဖြူရောင် နယ်မြေဟာ စောင့်ကြိုနေတယ်။
အတိတ်တို့ဟာ လှိုင်းအဖြစ်ရိုက်ခက်လို့
မီးပြတိုက်ဟာ အတွေးတွေ
မတိုက်မိအောင် ကြိုးစားနေရ
မီးပြတိုက်ဟာ အတွေးတွေရဲ့ မော်တော်မီကယ်ပဲ။
သစ်ရွက်ကလေးတွေ မျက်နှာပေါ်ကြွေတဲ့အခါ
စာအုပ်ကလေးနဲ့ အုပ်ထားပါ။
သစ်ရွက်တွေဟာ အတိတ်ရဲ့ ရွှေအိုရောင် အပိုင်းအစတွေ
သူတို့ကို လွင့်မသွားအောင် အုပ်ထားပြီး အိပ့်လိုက်ပါ။
သူတို့ မြစ်အဖြစ် အသွင်သွင် စီးဆင်းသွားသည်အထိ၊
အိပ့်လိုက်ပါ။

ကျောက်ရုပ်တွေရဲ့ အော်သံဟာ
မယ်ဒူဆာရဲ့ အနုပညာ
ကျောက်ရုပ်တွေရဲ့ ငိုသံဟာ
မယ်ဒူဆာရဲ့ အနုပညာ
ကျောက်ရုပ်တွေရဲ့ နှလုံးခုန်သံဟာလည်း
မယ်ဒူဆာရဲ့ အနုပညာ

ဦးထုပ်တွေဟာ လူတွေလို
သူတို့ကိုသူတို့ ဖော်ပြကြတယ်။
Top hatဟာ အရပ်ရှည်ရှည် နှခမ်းမွှေးထူထူ
ဘဲကြီးနေရာက သရုပ်ဆောင်တယ်။
Bowler hatက ၀ဖိုင့်ဖိုင့် ​boss နေရာမှာ သရုပ်ဆောင်တယ်။
တက်ကြွတဲ့ လူငယ်နေရာကို
Baseball hatက နေရာယူလိုက်တယ်။
Fedoraဟာ jazz အဆိုတော်၊
Derbyဟာ စုံထောက်၊ Beretဟာ ပန်းချီဆရာ၊
Straw hat ဟာ လယ်သမားပေါ့။
ကောင်းဘွိုင်ကို Cowboy hat၊
မုဆိုးကြီးက Coonskin hat၊
စားဖိုမှူးက Chef's hat၊
ရှေးဟောင်းသမားက Pith hat၊
ဆောက်လုပ်ရေးသမားက Hard hat၊
တရုတ်ကြီးအဖြစ်ကတော့ Conical hatဟာ သရုပ်ဆာင်တယ်။
ပြီးတော့ သူတို့ဟာ လမ်းမတွေပေါ် သွားလာကြ၊ ​ကားမောင်းကြ၊
ပျော်ပွဲစားထွက်ကြ၊ အိမ်တွေမှာနေကြ၊ ဘားသွားကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ ဆေးလိပ်သောက်ကြ၊
ဗိုက်ဆာလာတဲ့အခါ
တိမ်တွေကို ဒုတ်နဲ့ထိုးလိုက်
အဲ့တာ အာတာပူစီဖြစ်ရော
ပူနေတဲ့ဗိုက်ကို ပေါင်မုန့်ဖြတ်လွှနဲ့ဖြတ်
ကြယ်တွေကို ဖြူးလိုက်
လကိုအရည်ညှစ်ပြီး ဖန်ခွက်ထဲထည့်
ဘီစကွတ်တွေဆိုတာ ပါးစပ်အဖို့
ဖြည့်စီးခံ သက်သက်ပဲ။
ကြက်ဥကြော်အတွက်ကတော့
ဆီပူအိုးထဲ အရေပြားဆဲလ်တစ်ကောင်
ပစ်ထဲ့လိုက်ပါ။
အားလုံးကို စားလိုက်တဲ့အခါ
ကမ္ဘာဟာ ဗိုက်ပူလာ။

                အောင်နွယ်ဦး
                14/11/2025

#Taninekha
#poem
❤1
Forwarded from Shambhala 𓅓
ချဥ်နေသော အန်ဖတ်များ

အတိတ်မှ ပြေးထွက်
ပူလောင်နေသောနေသော စာမျက်နာ
နှလုံးသား စီမှာ

Tanaka Bishou


#Taninekha
#poem
Forwarded from Shambhala 𓅓
ကျွန်တော့်လောဘကြီးခြင်း

ကျွန်တော်က လောဘကြီးတယ်။
ဘ၀ကို အေးအေးချမ်းချမ်းနဲ့ အပြောင်းအလဲမရှိ နေချင်တယ်။
ကျွန်တော်က လောဘကြီးတယ်။
အသစ်တွေလာတောင် အဟောင်းတွေကို မဖယ်စေချင်ဘူး။
ကျွန်တော်က လောဘကြီးတယ်။
အရသာကောင်းတွေကို ဇာတ်လမ်းဆုံးမှ စားချင်တယ်။
ကျွန်တော်က လောဘကြီးတယ်။
ချစ်တဲ့အလုပ်နဲ့ ကြိုက်တဲ့အလုပ်ကို တွဲလုပ်ချင်မိတယ်။
ကျွန်တော်က လောဘကြီးတယ်။
နိုးထရတော့မဲ့ အိမ်မက်ထဲကနေ ဘယ်တော့မှ မနိုးထချင်ခဲ့ဘူး။

အောင်နွယ်ဦး
(2019/20 နှစ်တွေတုံးကရေးထားသော ကဗျာများ)


#Taninekha
#poem
Forwarded from Shambhala 𓅓
လွင့်မျောနေသော ဆိတ်တစ်ကောင်ရဲ့ ညစာ

ခရမ်းရောင် ကျားကွက်တွေရဲ့ အလွန်မှာ
အပယ်ခံ အိမ်တစ်လုံး ရှိတယ်။
အဲ့ထဲကို ပြည်နှင်ဒဏ်သင့်
နှခမ်းမွှေးကောက်ရယ်၊
စက္ကူရုပ်ကျား ခဲထားတဲ့ လည်ပင်းရယ်၊
ဒေါက်ဖိနပ် တစ်ရန်ရယ်၊
​ပြေးနေတဲ့ ကျည်တစ်ထောင့်ရယ်၊
ထည့်ထားလိုက်တယ်။
သေဒဏ်ပေးထားတဲ့ ပန်းတွေနဲ့
အလှဆင်ထားတဲ့ ဆံနွယ်တွေကို
ဘယ်လို မျက်လုံးနဲ့ ကြည့်မလဲ။
စိတ္တကမ္မနဲ့ ဂျီသြေမေတြီဟာ
လင်မယားတော်ကြသတဲ့။
တတ်ကျမ်းဆိုတာ နှာမွန်စရာ အဖျားပိုးပဲ၊
အချည်နှောင်ခံ သံကြိုးရဲ့ မျက်ရည်ဟာ
စမ်းချောင်းလေးအဖြစ် စီးဆင်းသွား၊
ကဗျာစာရွက်တွေကို ဆိတ်တစ်ကောင်
စားလိုက်လို့ အဲ့ဆိတ်ဟာ
ဆိတ်ကဗျာဆရာ ဖြစ်သွားရော၊
ပေါင်မုန့်ကို မဆလာနဲ့နယ်ပြီး
ကြော်လို့ရတဲ့ ရနံ့ကို လက်ဖက်ရည်နဲ့
မနက်စာအဖြစ် စားလိုက်
ကြက်ဥပြုတ်ရဲ့ စိတ်ညစ်မှု့ဟာ
ဘဲဥပြုတ်နဲ့ တူခြင်းပဲ။
ဆမ်ရဲ့ အစိမ်းရောင်ကြက်ဥပြုတ်နဲ့
အမဲသားတွေဆို ဆိတ်တွေက ကြိုက်တယ်။
သစ်ငုတ်တိုကြီးတွေကို အလေးပြုကြ။
အိမ်မက်ကမ္ဘာထဲက မနိုးကြတော့သူတွေကို ဖက်နမ်းကြ
အတုအယောင် စိတ်ကူးယဥ်ကမ္ဘာဟာ
စေတန်ပဲ။

အောင်နွယ်ဦး
17/12/2025
❤1
Forwarded from Shambhala 𓅓
ဘယ်အမတ်လောင်းကိုမှမကြိုက်လို့ မျောက်ကိုမဲပေးခဲ့ကြတဲ့ ရီယိုဒီဂျနေးရိုးသားတွေ

1988 ခုနှစ်တုန်းက ရီယိုဒီဂျနေးရိုးမှာရှိတဲ့ ပြည်သူတွေက ရွေးကောက်ပွဲမှာ ဘယ်အမတ်လောင်း၊ ဘယ်နိုင်ငံရေးသမားကိုမှ သဘောမကျတာကြောင့် မျောက်တစ်ကောင်ကိုပဲ မဲဝိုင်းပေးခဲ့ကြပါတယ်။ အံ့ဩဖို့ကောင်းလောက်အောင်ပဲ အဲဒီမျောက်က မဲလေးသိန်းကျော်ရသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လွှတ်တော်တော့ တက်ခွင့်မရခဲ့ပါဘူး။

#knowledge
#Taninekha
Forwarded from Shambhala 𓅓
မိ၀င်းဖတ်ဖို့ကဗျာ ၅

နောက်တစ်ကြိမ် ကဗျာရေးတဲ့အခါ
‘ကမ္ဘာကြီး’ဆိုတဲ့ စကားလုံး မပါဖို့
အကြိမ်ကြိမ် ငါ ဆုံးဖြတ်မိရဲ့။
အဲဒီ ဆုံးဖြတ်ချက်
တစ်သက်လုံး ငါ တည်ဖို့ရာ
ငါ့ကိုယ်ငါ ဆုံးဖြတ်နိုင်ပါ့မလား
ကမ္ဘာကြီး။

တစ်နေ့ တစ်ကြိမ်
ငါ့ဦးခေါင်းပေါ် ဖြတ်ဖြတ်သွားတဲ့
နေမင်းကြီးကလည်း နေ့တိုင်းပဲ လုံးလုံးဝိုင်းဝိုင်း။

ဒီလိုနဲ့
ငါ မလိုချင်တာတွေ ငါ ပြန်ပြန်ရ
ငါ ထွေးပြီးသားတွေ ငါ ပြန်ပြန်မျိုချ
သုံးမရပေမဲ့
လွှင့်မပစ်ရက်တဲ့ ငါ့ဘဝကြီးကို
ငါ ပြန်ပြီး တွယ်ငြိခဲ့ရပေါ့။

မေ့ပစ်လိုက် ...
မေ့ပစ်လိုက် ...
မေ့ပစ်လိုက် မိဝင်းရေ … ။

ဒီလိုနဲ့
ကွန်ဆာဗေးတစ် ဖြစ်လိုက်၊
လစ်ဘရယ် ဖြစ်လိုက်
ရိုမန်တစ် ဖြစ်လိုက်၊ အိပ်ဇစ် ဖြစ်လိုက်
မော်ဒန်နစ် မဖြစ်သေးတာ တစ်ခုပဲ
အသည်းနာစရာပါကွယ်။
ငါ မလိုချင်တာတွေပဲ ရပြီး
ငါ လိုချင်တာ ဘာတစ်ခုမှ မရခဲ့တဲ့
ကမ္ဘာကြီး။

အရက်ဆိုင်တွေ မရှိတဲ့ ညနေခင်းဆိုတာ
ကျေးငှက်သာရကာတွေ မရှိတဲ့
တောအုပ်တစ်အုပ်လိုပါပဲ။
မြစ်တွေကို ငါ မလိုချင်ခဲ့ဘူး
သင်္ဘောမှောက်တဲ့ မိုးကောင်းကင်
ပင်လယ်အတုနဲ့
လူမှုရေးအတုနဲ့အနုပညာကို ငါ မလိုချင်ဘူး
အဟောင်းတွေကို ပြောင်းပြန်လှန်ထားတဲ့
မော်ဒန်အတုကို ငါ မလိုချင်ခဲ့ဘူး။

ဟောဒီ ရင်ဘတ်ကို စမ်းကြည့်လိုက်စမ်း
ခုန်နေတဲ့ နှလုံးသွေးဟာ
မင်းကလေး တစ်ယောက်တည်းအတွက်ပါကွယ်။

ဒါ ... ရူဒီအယ်လင်ရဲ့
ပြက်လုံးတစ်ခု မဟုတ်ပါဘူး။
ဆိုကရေးတီး ဆန်တဲ့
အလွမ်းပြဇာတ် တစ်ပုဒ်လည်း
မဟုတ်ဘူးကွဲ့။

သားရေဖုံးပြီး
ရွှေစာလုံးနဲ့ ကမ္ပည်းထိုးရမယ့်
ပိုင်စိုးဝေပါ။

မြက်ခင်းတွေကသာ
နွားအုပ်ကို ရွေးချယ်ခွင့်ရှိသတဲ့။
မေ့ပစ်လိုက် မိဝင်းရေ။

ကိုယ့်အိတ်ကပ်ထဲ
တစ်ပြားတစ်ချပ်မှ မပါခဲ့ရင်
လမ်းပေါ်ကလည်း တစ်ပြားတစ်ချပ်မှ
ကောက်မတွေ့တတ်ဘူး။
ကံကြမ္မာဆိုတာကို သည်လိုပဲ မျှားယူရသပေါ့။

အခုတော့ ငါဟာ
မရင့်ကျက်သေးတဲ့ ဖခင်အိုတစ်ဦး
ဖြစ်ခဲ့ရပြီ
မင့်နှလုံးသားဆီ အရောက်လာဖို့ရာ
အတောင်ပံ မပါတာက လွဲရင်
အားလုံးထံ ငါ ပျံဝဲနိုင်ရဲ့။
အသည်းကွဲဖူးတဲ့ ငှက်တွေ
ပျံခွင့်မရှိတဲ့ မိုးကောင်းကင်မှာ
ထင်ရာကို ငါ စိုင်းခဲ့ပေါ့။

ပိုင်စိုး​ေ၀ • ဟန်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၉၆။

#Taninekha
#poem
Forwarded from Shambhala 𓅓
လိမ္မော်သီးလေး

အပြာရင့်ရင့်အရောင်နဲ့ လိမ္မော်သီးလေးဟာ မြို့ကလေးထဲကို တစ်လှမ်းချင်း လျှောက်လာတယ်။
ဟေး... ဟိုး..... ငါးတွေက နှုတ်ဆက်ကြတယ်။
သူလက်လှမ်းပြလိုက်တယ်။

အဲ့နောက် သူဆက်လျှောက်လာတယ်။
ပြာနေတဲ့ ကောင်ကင်ကြီးကို သူငေးကြည့်မိတယ်။
မဂ်လာညနေခင်းပါလို့ သူပြုံးပြုံးလေး ပြောလိုက်တယ်။

လမ်းမပေါ်မှာ ကြက်ဥပုတ်တွေ ရွေ့လျား
နေရာတိုင်းဟာ ပျော့တွဲ နံစော်နေတယ်။
သူ ဆက်လျှောက်လာတယ်။

ဌက်တွေဟာ ကဗျာရွတ်နေကြတယ်။
၀င်ကစွတ် ၀င်ကစွတ်
ခဗျားနေ့တိုင်း ရွေ့လျှား
ဒီနေ့ ခဗျားအိမ်ဘယ်မှာလဲဗျား။

လိမ္မော်သီးလေးရဲ့ ခေါင်းထဲမှာ
တီကောင်တွေ ရှိတယ်။
သူတို့ ဘယ်လောက်ပဲ ကိုက်ဖြတ်နေပါစေ
လိမ္မော်သီးလေးဟာ လွှင့်မပြစ်ရက်ဘူး။
သူကိုယ်တိုင် မျိုသိမ့်စားခဲ့တာကိုး။

ဟိုးအရင်တုံးက သူဟာ T_shirt တစ်ထည်ဖြစ်ချင်ခဲ့ဖူးတယ်။
ပန်းအိုးကလေး ဖြစ်ချင်ခဲ့ဖူးတယ်။
ခုတော့သူဟာ အပြာရင့်ရင့် လိမ္မော်သီးလေးပါပဲ။


အောင်နွယ်ဉီး
27/1/2026

#Taninekha
#poem
Forwarded from Shambhala 𓅓
အနုပညာဟာ နားလည်ဖို့အတွက် မဟုတ် ခံစားဖို့အတွက်သာ ဖြစ်သည်။

#Taninekha
❤‍🔥2
Forwarded from Shambhala 𓅓
ယနေ့ ညနေ့ 5နာရီ 40တွင် ကဗျာဆရာ ၀င်းမြင့်သေးဆုံးသံားပါပြီ။

Rip ပါ ဆရာ

#Taninekha
Forwarded from Shambhala 𓅓
အဂ်လိပ့် စာကို အခြေခံမှ သင်ချင်တဲ့သူတွေ၊
ဒါမှမဟုတ် အစကနေ ပြန်လေ့လာချင်တဲ့ သူတွေဆိုရင် ဒီချန်နယ်လေးကို ညွန်းချင်ပါတယ်။

https://t.me/+oaU6nJO3ofU2YmI1

Owner ကလည်း ချောတယ်😋😋


#Taninekha
Forwarded from Shambhala 𓅓
တမာပန်း

ဖြူဖွေးသော အဆင်း
သင်းပျံ့သောရနံ့ ချုံလွှမ်း
တန်ခူး သူကြိုသည်။

Tanaka Bishou
27/3/2026

#Taninekha
#poem
Forwarded from Shambhala 𓅓
တမ်းတ ငို


ဒီနေရာလေး ပလာနတ္ထိ ဖြစ်နေပေမဲ့
ကိုယ့်မျက်ရည်တို့ သိကြတယ်။
အသံ၊ အဆင်း၊ အရသာတွေ မရှိတော့ပေမယ့်
ရင်ခုန်သံတွေက သိနေတယ်။
ဒါဟာ မင်းလေးပဲ
သူတို့ မလိမ်ကြပါ။


အောင်နွယ်ဦး
25/5/2026

#Taninekha
#poem