Spring CrowdFund (SCF)
3.65K subscribers
1.62K photos
267 videos
1.48K links
https://springcrowdfund.org

တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
Download Telegram
SCF နဲ့အတူ PRF ထောက်ပို့တာဝန် စုပေါင်းထမ်းဆောင်ပေးနေတဲ့ အကြည်ဓာတ်လေးတွေ အားလုံးဟာ ဒီ Diamond Card ရဲ့ ထိုက်တန်တဲ့ပိုင်ရှင်လေးတွေပါ။

ဒါကြောင့် ဒီကတ်နဲ့အတူ ဂုဏ်ယူစွာ ကြွယ်လို့ရပါတယ်ခင်ဗျာ ❤️🥰
❤25👍2
ဒီနေ့က ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) ပါ။ မြန်မာနိုင်ငံအတွက်တော့ ဒီနေ့က အဓိပ္ပာယ်ပိုပြီး လေးနက်ပါတယ်။

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်းများစွာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်နေကြရပါတယ်။ လက်ယက်ကုန်း၊ အိုးထိမ်းကွင်း တို့လို ရင်နင့်ဖွယ်ဖြစ်ရပ်တွေက သက်သေပါ။
ဒီလိုအန္တရာယ်တွေကြားထဲမှာတော့ ကလေးလေးတွေ၊ လူငယ်တပည့်လေးတွေရဲ့ ပညာရေးအတွက် စွန့်စွန့်စားစား ပညာသင်ပေးနေတာကတော့ CDM ဆရာ၊ ဆရာမတွေပါ။

ဒီလို တိုင်းပြည်ရဲ့အနာဂတ်ကို ပညာအလင်း ထွန်းညှိပေးနေတဲ့ ဆရာ/ဆရာမများကို အကောင်းဆုံး ဂုဏ်ပြုပေးနိုင်တဲ့ နည်းလမ်းကတော့ သူတို့ရဲ့ ပညာရေးကြိုးပမ်းမှုတွေအတွက် တစ်ထောင့်တစ်နေရာကနေ ဝိုင်းဝန်းကူညီပေးဖို့ပဲ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့ SCF platform ကနေတဆင့်
- ပညာ့အလင်း (လစဉ်ကမ်ပိန်း)
- နွေဦးရဲ့တော်လှန်ပညာရှေ့ဆက်ရေး ပညာသင်ဆုလက်ကမ်ပေး
- Keep Their Dreams Alive စတဲ့ ပညာရေးကမ်ပိန်းတွေမှာ ဝိုင်းဝန်းပါဝင်ကူညီပေးနိုင်ပါတယ်။

ပမာဏအနည်းအများထက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒီနေ့ ကမ္ဘာ့ဆရာများနေ့မှာ အတူတကွ ဂုဏ်ပြုပေးကြပါစို့❤️

#SpringCrowdFund #SCF
#WorldTeachersDay
❤22👍2
ထားဝယ်ခရိုင် လောင်းလုံးရေဘေး အရေးပေါ်ကမ်ပိန်းအတွက် လိုအပ်နေတဲ့ အလှူငွေပမာဏရဲ့ ၂၆% (၂၆၂ သိန်းကျော်) ကို ရရှိထားပါပြီ။ 🙏

ရွာပေါင်း ၆၀ ကျော် ရေမြုပ်ပြီး အခက်ခဲဆုံးဖြစ်နေချိန်မှာ ငွေကြေးအားဖြင့်ဖြစ်စေ၊ များများပြန့်နှံ့အောင် RCS အားဖြင့်ဖြစ်စေ.. ကူညီပေးကြတဲ့ အကြည်ဓာတ်လေးတွေ တစ်ဦးချင်းစီတိုင်းကို ရေဘေးသင့်ပြည်သူများကိုယ်စား SCF မှ အထူးပဲ ကျေးဇူးတင်ပါတယ်။

စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေတွေက နေ့စဉ်နဲ့အမျှ ကြီးမားစွာ လိုအပ်နေဆဲဖြစ်လို့ ဆက်လက် ကူညီလှူဒါန်းပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။
🙏

လှူဒါန်းကူညီရန် - springcrowdfund.org/c/mNR41W
❤23👍4🥰1
အတူထောက်ပို့ချင်ပေမဲ့
လုံခြုံရေး စိတ်ပူနေသူတွေကို
လက်တွဲခေါ် ကူညီပေးပါ..

ပြည်သူတိုင်း ဘေးကင်းလုံခြုံစွာ
ထိထိရောက်ရောက် ထောက်ပို့နိုင်ဖို့အတွက်
SCF က အမြဲအတူရှိနေပါတယ်.. ❤️

🌿👉 springcrowdfund.org/sign-up

#SpringCrowdFund #SCF
❤24👍2
Media is too big
VIEW IN TELEGRAM
"ထောက်ပံ့မပြတ် အောင်ပွဲဆက်" ကမ်ပိန်းအတွက် ပြည်သူတွေရဲ့ ထောက်ပို့မှုတွေကို အလေအလွင့်မဖြစ်အောင် ဘယ်လို စနစ်တကျ စီမံသွားမှာလဲ ဆိုတာကို...

အမှတ် (၃၆) နည်းဗျူဟာ၊ Southern Eagle တပ်ရင်းမှ တပ်ရေးအရာရှိ ရဲဘော်စည်သူ ကိုယ်တိုင် ဒီဗီဒီယိုလေးမှာ အသေးစိတ် ရှင်းလင်း ဖြေကြားပေးထားပါတယ်။

SCF နှင့်အတူ ကမ်ပိန်းတွင် လုံခြုံစိတ်ချစွာ ပါဝင်ရန်
🌿👉 springcrowdfund.org/c/fwXMt6
❤20👍2
မနက်ဖြန်ညမှာ SCF ထဲကို သေချာပေါက် ဝင်ကြည့်သင့်ပါတယ်။ ✨

အဲ့ဒါမှသာ သူများပြောလို့ သိရတာမဟုတ်ပဲ၊
ကိုယ်တိုင် အရင်ဦးဆုံး မြင်တွေ့လိုက်ရတဲ့ ခံစားချက်ကို ပိုင်ဆိုင်နိုင်မှာမို့ပါ။

ဘာလို့လဲဆိုတာကတော့... အကြည်ဓာတ်လေးတို့ကိုယ်တိုင် ရင်ခုန်လို့ရအောင် မင်မင်တို့ ကြိုမပြောပြတော့ဘူးနော်။ 🤫❤️

springcrowdfund.org
❤31👍2
"ဖြုတ် ဖို့ ဖြည့်" ကမ်ပိန်းအတွက် Spring CrowdFund (SCF) ပလက်ဖောင်းမှာ စတင်ပါဝင်ကူညီနိုင်ပါပြီ။ 💪

ကမ်ပိန်းအကြောင်း အသေးစိတ်ဖတ်ရှုရန်
springcrowdfund.org/c/rtD9ur

SCF platform ကို အခမဲ့အသုံးပြုနိုင်ပြီး ကမ်ပိန်းတွေကို တနေရာတည်းကနေ အချိန်မရွေး နေရာမရွေး ဘေးကင်းလုံခြုံစွာ ထောက်ပို့နိုင်ပါတယ်။

Certificate လည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်းရယူနိုင်ပါတယ်။

ကမ်ပိန်းရရှိငွေ ပမာဏကိုလည်း အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြပေးထားတာကြောင့် စိတ်ချယုံကြည်စွာ ထောက်ပို့နိုင်ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ရဲဘော်များအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ပွိုင့်ဖိနပ်၊ ယူနီဖောင်း၊ ဆေးဝါးနဲ့ နေ့စဉ်ရိက္ခာတွေအပြင်၊ မြေပြင်သွားလာရေးနဲ့ ဒေသကာကွယ်ရေးကိစ္စရပ်တွေအတွက် လိုအပ်နေတဲ့ ဆိုင်ကယ် (၃) စီးကို ဝယ်ယူအားဖြည့်နိုင်ဖို့ အတူတကွပါဝင်ကူညီပေးကြပါစို့။

#SpringCrowdFund #SCF
❤20👍2
အကြည်ဓာတ်လေးတွေအတွက် သတင်းကောင်းတစ်ခု ကြေညာပေးချင်ပါတယ်။

Education For All, Success For All ကမ်ပိန်းအတွက် မျှော်မှန်းပမာဏ ကျပ်သိန်း (၃၀၀) ကျော်လွန်အောင် ကူညီပေးနိုင်ခဲ့ပါပြီခင်ဗျာ။

ဒါဟာ SCF မှာ (၃၉) ခုမြောက် တားဂတ်ကျော်လွန် အောင်မြင်ခဲ့တဲ့ ကမ်ပိန်းလည်း ဖြစ်ပါတယ်။

ရရှိလာတဲ့ အလှူငွေများအားလုံးကို မြို့နယ်ပေါင်း (၃၃) ခုမှာ ပြည်သူ့ပညာရေး ဖော်ဆောင်နိုင်ဖို့အတွက် အမြန်ဆုံး ရာနှုန်းပြည့် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

အတူတကွ ကြိုးစားခဲ့ကြတဲ့ အကြည်ဓာတ်လေးတွေ တစ်ဦးချင်းစီတိုင်းကို ဆရာ၊ ဆရာမများကိုယ်စား SCF ကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

အတူတူ ဆက်ချီတက်ကြမယ်ဗျို့ 🥰❤️

springcrowdfund.org
❤17👍4👏2
ကမ်ပိန်းတစ်ခု တားဂတ်ပြည့်သွားတိုင်း ရဲဘော်တွေနဲ့ စစ်ရှောင်တွေက SCF ကို ကျေးဇူးတင်စကား ပြောတတ်ကြတယ်။

အဲ့ဒီအခါတိုင်း ကျွန်တော်တို့ ခံယူထားတာ တစ်ခုရှိပါတယ်။

SCF ကိုဆိုတာထက် တကယ် ကျေးဇူးတင်ရမှာက အတူတကွ ထောက်ပို့ပေးကြတဲ့ အလှူရှင်အကြည်ဓာတ်လေးတွေကိုပါ။

ဒီတော်လှန်ရေးခရီးမှာ လုံခြုံမှုပေးနိုင်တဲ့ အရိပ်ရသစ်ပင်ကြီးတစ်ပင်... လိုရာကို လှမ်းတက်နိုင်ဖို့ လှေကားတစ်စင်း... ဘေးကင်းကင်း လျှောက်လှမ်းနိုင်မယ့် တံတားတစ်စင်း ဖြစ်ပေးနိုင်ရင်ကို SCF အဖွဲ့သားတွေအတွက် ဆုလာဘ်ပါပဲ။

ဒါကြောင့် တော်လှန်ပြည်သူတိုင်း စိတ်ချလက်ချသာ အသုံးပြုပါ။ ယုံယုံကြည်ကြည်သာ ညွှန်းပေးပါ။

တစ်ယောက်နဲ့တစ်ယောက် နေရာဒေသမတူ၊ အသက်အရွယ်မတူ၊ ကိုးကွယ်ရာဘာသာတွေမတူရင်တောင် (တခါတလေ သဘောထားချင်း မတိုက်ဆိုင်ရင်တောင်) ပန်းတိုင်ရောက်ဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူလက်တွဲ ချီတက်နေကြတဲ့ နှလုံးသားများစွာဟာ... "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလုံးတွေထက် SCF ကို ခွန်အားတွေ အများကြီး ပိုဖြစ်စေပါတယ်။

ဒီတော်လှန်ရေး... သေချာပေါက်ကို နိုင်ကိုနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ✊

https://springcrowdfund.org

#SpringCrowdFund #SCF
❤30👍2🥰1
ဒီနေ့ SCF ထဲကို ဝင်ကြည့်ပြီးပြီလား...??? 🤫

🌿👉 springcrowdfund.org
❤29👍3
"စာသင်ရင်း ရေဘေးကူ" အစီအစဉ်...

လောင်းလုံးဒေသမှာ ရေကျသွားပေမဲ့ အခက်အခဲတွေက ပြီးမသွားသေးပါဘူး။ ရွာပေါင်း ၆၀ ကျော်မှာ နေအိမ်တွေပျက်စီးပြီး လမ်းတွေပိတ်နေလို့ လှေတွေနဲ့ သွားရောက်ကူညီနေရဆဲပါ။

ဒီလိုအချိန်မှာ စားနပ်ရိက္ခာ၊ ရေသန့်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတဲ့ လောင်းလုံးအတွက် Hotaru နဲ့ Spring Institute of FinTech အဖွဲ့သားတွေက ကနဦး ကျပ် (၅) သိန်း မတည်လှူဒါန်းပေးထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ (၃၀) ရက်နေ့အထိ SIF မှာ Paid Course အပ်နှံသူတိုင်းရဲ့ သင်တန်းကြေး (၁၀%) ကိုပါ SCF platform မှာပြုလုပ်နေတဲ့ လောင်းလုံးရေဘေး ကမ်ပိန်းကနေတဆင့် ထပ်ဆောင်း လှူဒါန်းပေးသွားမှာပါ။

ကိုယ့်အတွက် ပညာဗဟုသုတတွေ ရယူရင်း... ဘေးသင့်ပြည်သူတွေအတွက်လည်း အရေးပေါ် လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အရေးလေးမို့...

SIF နဲ့အတူ လက်တွဲပြီး လောင်းလုံးရေဘေးကို ဝိုင်းဝန်းဖေးမလိုက်ကြရအောင်ဗျာ။

👉 SIF တွင် သင်တန်းအပ်နှံပြီး ပါဝင်ရန် - bit.ly/GoToSIFPlatform

#SCF #SpringCrowdFund #SIF #SpringInstituteOfFinTech
❤20👍2🥰1👏1
❤12👍2
Spring CrowdFund (SCF)
Photo
ဒီသီတင်းကျွတ်မှာ ဂီတနားဆင်ရင်း စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူပံ့ပိုးကြမယ်။✨

အောက်တိုဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်း — Thadingyut Charity Concert 2026 ကို Spring Development Bank နဲ့ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ တို့က အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။

Artist များအနေနဲ့ Abnormal၊ Extant တို့နဲ့အတူ Special Guest ဖြစ်သူ The Circle တို့က ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ ဒီပွဲလေးကို ကရင်နီဒေသရှိ စစ်ဘေးရှောင်နေရတဲ့ ကလေးလေးတွေရဲ့ ပညာရေးကို အတူတကွ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။

ဒီဂီတညခင်းလေးကနေ ရရှိလာမယ့် လက်မှတ်ရောင်းရငွေများကို SCF platform မှာပြုလုပ်နေတဲ့ South Shan State Kayah Liphu Youth ရဲ့ “Keep Their Dreams Alive” ကမ်ပိန်းသို့ စစ်ဘေးရှောင် ကလေးငယ်များရဲ့ ပညာသင်စရိတ်အတွက် ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုနဲ့အတူ ဂီတပွဲဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်များနဲ့ ပါဝင်အားဖြည့်ပေးကြတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များအတွက်ကိုလည်း ဂုဏ်ပြုပံ့ပိုးပေးသွားမှာပါ။

ဒါကြောင့် လက်မှတ်ဝယ်ယူအားပေးခြင်းဖြင့် စစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာဒါနသာမက အမှန်တရားဘက်မှာ ခိုင်မာစွာ ရပ်တည်ပေးနေတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

လက်မှတ်များကို
- Dolpha Pay
- SDB Counter Page
- SDB RM

စတဲ့ နေရာများမှာ အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

#KeepTheirDreamsAlive
#ThadingyutCharityConcert2026
#SpringDevelopmentBank
#SpringCrowdFund
❤22👍2
ရဲဘော်တွေအတွက် SCF နဲ့အတူ "ဖြည့်" ကြမယ်

မိမိရဲ့ Certificate လေးတွေကို လုံလုံခြုံခြုံ သိမ်းဆည်းထားနိုင်ရန်နဲ့ မိမိလိုချင်တဲ့အချိန်မရွေး ပြန်လည် download ရယူနိုင်ရန်အတွက် SCF အကောင့်ထဲကို Sign in ဝင်ပြီးမှ ကူဖို့ မမေ့နဲ့နော်။

ကမ်ပိန်းတွင်ပါဝင်ရန် - springcrowdfund.org/c/5cdtLJ

#SpringCrowdFund #SCF
❤27👍2🥰2