နွေဦးလုံခြုံရေး
9.56K subscribers
2.17K photos
12 videos
6 files
580 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
DigitalSafetyFirstMM Campaign
======================
🗣အားလုံးလက်မခံလို့မရတာတော့ တော်လှန်ရေးမှာ လုံခြုံရေးကအရေးကြီးဆုံးပဲ။

■ အဲ့ဒါကြောင့် #DigitalSafetyFirstMM Campaign မှာပါဝင်ပြီး ကိုယ့်လူရဲ့ သူငယ်ချင်းတွေ၊​ရဲဘော်တွေ၊​လုပ်ဖော်ကိုင်ဖက်တွေ၊​ ဖေဖေ၊​မေမေ ကိုပါ တစ်ကိုယ်ရည်လုံခြုံရေးကို ဒစ်ဂျစ်တယ်လောကမှာ ဂရုစိုက်တတ်ကြဖို့ ပြောပြကြရအောင်။၊​သင်ပေးကြရအောင်။

👉ဘာတွေလုပ်ရမှာလဲဆိုတာလည်း စိတ်ပူမနေနဲ့၊​ ပြောပြမယ်။
ဒစ်ဂျစ်တယ်ဘဝမှာ အမှန်တကယ်လုံခြုံဖို့ ဘာတွေလိုအပ်မလဲ?
ဒစ်ဂျစ်တယ်လုံခြုံရေးကိုဦးစားပေးလုပ်ဆောင်ဖို့ ဘာတွေလိုအပ်မလဲ။

အတူတကွ လုံခြုံဖို့ #DigitalSafetyFirst ကမ်ပိန်းမှာ ဒါတွေ လေ့လာကြည့်ကြပါစို့

■ လူမှုကွန်ရက်လုံခြုံရေး
■ ဆက်သွယ်မှုလုံခြုံရေး
■ဒစ်ဂျစ်တယ်ပစ္စည်းများ  လုံခြုံရေး 
■လူမှုဘဝ လုံခြုံရေး
ကိုယ့်လူတို့လည်း လိုက်လုပ်ကြပါ။ တခြားသူတွေကိုလည်း ပြောပြပါ။

Forward လုပ်ပါ၊ Share ပါ၊ #DigitalSafetyFirstMM နဲ့ ကိုယ်သိထားတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို Social Media တွေမှာ မျှဝေကြမယ်။ တိုက်တွန်းကြမယ်။

ဒီ Campaign ကို နွေဦးလုံခြုံရေးနဲ့ Engage Media တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး သံလွင်ခက် Media နှင့် Exile Hub အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာ Channel တွေကတစ်ဆင့်လည်း Campaign မှာ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။