Spring Development Bank
20.5K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
အိပ်မက်၊ အနာဂတ်နှင့် လွတ်လပ်မှုတို့ ပျောက်ဆုံးခဲ့တာ ၄ နှစ်ကြာ

ရက်စက်ယုတ်မာတဲ့ အကြမ်းဖက် အာဏာရူးတွေကို ခေါင်းငုံ့မခံပဲ တော်လှန်ခဲ့တာ ၄ နှစ်တာ ကြာခဲ့ပြီ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက အသက်တွေ ဘဝတွေပေးဆပ်ခဲ့တဲ့ CDM ဝန်ထမ်းများ၊ နိုင်ငံရေးအကျဉ်းသားများ၊ PDF တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးရှောင်များ၊ ပြောင်းရွှေ့လုပ်သားများနှင့် အနုပညာရှင်များ အားလုံးဟာ ဘုံအနာဂတ်တခုအတွက် အခုအချိန်ထိ စိတ်ဓာတ်မကျဘဲ တော်လှန်နေကြဆဲ ဖြစ်တယ်။

မြို့သိမ်းတိုက်ပွဲများရဲ့ အောင်နိုင်မှုများနဲ့အတူ ၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးရဲ့ အပြင်းထန်ဆုံးသော အဆင့်ကို ရောက်ရှိနေပြီး၊ ပြည်သူများရဲ့ ပျောက်ဆုံးခဲ့ရတဲ့ အိပ်မက်၊ အနာဂတ် နဲ့ လွတ်လပ်မှုများကို ထိုက်တန်စွာ ပြန်လည်ပိုင်ဆိုင်ခွင့်ရမယ့် ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့ ဆိုက်ရောက်ရန် အချိန်နီးကပ်နေပါပြီ။

တော်လှန်ပြည်သူတို့နဲ့အတူ မဝေးတော့တဲ့ အနာဂတ်ကို လှမ်းချီနေတဲ့ နွေဦးဘဏ်ရဲ့ ဘဏ္ဍာရေးစစ်မျက်နှာ မှတဆင့် ရန်သူ့ဘဏ္ဍာ ဒေါက်တိုင်ကို ရိုက်ချဖြိုလဲပြီး တော်လှန်ရေးရဲ့ နောက်ဆုံးခရီးကို အပြီးသတ် အောင်ပွဲဝင်ကြစို့။

#springrevolution2025
#realbankrealfreedom
#springdevelopmentbank
#chooseSDB
308👍64👏22🥰14