Spring Development Bank
20.5K subscribers
1.66K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဘဏ္ဍာရေးစစ် ဆင်နွှဲရင်း New Myanmar ကို ထူထောင်ကြဖို့

မြန်မာနိုင်ငံ အနာဂတ်သစ်ကို ထူထောင်နိုင်ဖို့ရာ စီးပွားရေးစစ်မျက်နှာကနေ ပါဝင်ဆင်နွှဲရင်း အဓိက မဏ္ဍိုင် နှစ်ရပ်ဖြစ်တဲ့ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ရေး ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်ရေး“ အတွက် တော်လှန်ရေးဝရဇိန် အဖြစ် SDB ကို စွဲကိုင်ရင်း ဒီခေတ် ဒီတချီမှာ အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် အမြစ်ဖြတ်ကြဖို့ MOPFI ဝန်ကြီး ဦးတင်ထွန်းနိုင်၏ ဆွေးနွေးတိုက်တွန်းချက်ကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

Video အပြည့်အစုံ ကြည့်ရှုရန် : https://youtu.be/636H8n3yM2c

ဒီနေ့ SpringBees mission အတွက် ဝှက်ထားတဲ့ ကုဒ်ကို အမိအရ ယူဖို့လည်း မမေ့နဲ့နော်။

#ICOround2 #NewWaveNewHome
#SDBTokenOffering #ChooseSDB
138👍14🥰6🎉3🔥1
၂၀ ရက်မြောက် ၇.၈ သန်းကျော် 🚀

ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၂ နာရီခွဲ အချိန်တွင် ကမ္ဘာအနှံ့မှ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများကြောင့် အိမ်ပြန်ခရီး မောင်းနှင်မယ့် လောင်စာများအဖြစ် စုစုပေါင်း $၇.၈ သန်း ကျော် အောင်မြင်စွာ ရရှိထားပါပြီ။

(၁) ရက်ထဲသာ ကျန်ရှိတော့တဲ့ ICO Round 2 မှာ ဆက်လက်စုဆောင်းနိုင်ဖို့ အိမ်ပြန်လှိုင်းသစ် စီမံကိန်းအကြောင်း မသိသေးတဲ့ ကမ္ဘာလူထုကို အမြန်ဆုံးအသိပေးပြီး ဘုံအနာဂတ်ဆီသို့ ပြိုင်တူ ဆိုက်ရောက် ကြရအောင်။

💵 ICO Round 2 Token ဝယ်ယူရန်
www.facebook.com/SpringDevBank/posts/488488744230291

🫶 အားလုံးအတွက် နွေဦးဘဏ်
bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #ChooseSDB
165👍27🥰4👏4🔥2
အိမ်ပြန်လှိုင်းသစ် လိုက်ပါသူပေါင်း ၁၅၀၀၀ ကျော် 🧑‍🚀 

ဒီဇင်ဘာ ၄ ရက်နေ့ မြန်မာချိန် နေ့လည် ၃ နာရီ ခန့်မှာ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု၏ အမှာစာ ၂၇၀၀၀ ကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ သန်း နီးပါးခန့်ကို ရောက်ရှိလာခဲ့ပါပြီ။ 

၎င်းပမာဏ ဖြစ်မြောက်အောင် ခွန်အားမျှကြသူပေါင်း မှာ ၁၅၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ တနည်းအားဖြင့် နွေဦးဘဏ် ရှယ်ယာရှင်များ ဟုလည်း ဆိုနိုင်ပါတယ်။ 

လက်ဗလာနဲ့ စခဲ့တဲ့ ဘုံအနာဂတ် ခရီးကြမ်း၏ ဆင့်ကဲတိုးတက်မှု အနေအထားဟာ အရှိန် အဟုန် ရပ်တန့်မှုမရှိပဲ ထိရောက်စွာ အရေးပါမှုပြသနေတဲ့ သက်သေသာဓကများစွာထဲမှ တခုအပါအဝင် မှတ်တမ်းတင်လျက်ရှိပါတယ်။ 

ICO2 မှာ ပမာဏ အနည်းအများမဆို နိုင်ရာ ဝန်ထမ်း အားထုတ်ပြီး ပန်းတိုင် အရောက် ဆက်ပြီး ချီတက်ကြဦးစို့။ 

🚀ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
179👏15👍14🥰3
အိမ်ပြန်လှိုင်းစီးပြီး အောင်လံစိုက်ထူရန် (၁) ရက်သာကျန် 🚀

ဘုံအနာဂတ် အကျိုးကျေးဇူးများအတွက် ရင်းနှီးမြှုပ်နှံရင်း ပြည်တော်ဝင်လက်မှတ် နဲ့ ဘဏ်ရှယ်ယာရှင်လည်း ဖြစ်ခွင့်ရတဲ့ ICO Round 2 အိမ်ပြန်ခရီးစဉ်မှာ အတူလိုက်ပါရန် (၁) ရက်ထဲသာ ကျန်ရှိပါတော့တယ်နော်။

အနည်းဆုံး $10 နဲ့ နွေဦးဘဏ်တိုကင်များကို စုဆောင်းပိုင်ဆိုင်နိုင်တဲ့ ICO 2 ကို ဒီဇင်ဘာ ၅ ရက်နေ့ ည သန်းခေါင် ၁၂ နာရီ အထိသာ နောက်ဆုံးအကြိမ် ဝယ်ယူခွင့်ရှိတာကြောင့် နောက်ဆုံးအပိတ်မှာ အိတ်နဲ့လွယ်ပြီး အတူ အဆုံးသတ် အောင်ပွဲဝင်လိုက်ကြရအောင်။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
141👍22🥰7🔥3
ရက်ပေါင်း ၂၀ ရှယ်ယာဝယ်ယူမှုပေါင်း ၈.၅ သန်းကျော် 🔥

ဒီဇင်ဘာ ၄ ရက်နေ့ မြန်မာချိန် ည ၁၀ နာရီခန့်မှာ နွေဦးဘဏ် အစုရှယ်ယာ ၏ အမှာစာ ၂၉၀၀၀ ကျော်ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၅ သန်း ကျော်ကို ကမ္ဘာအနှံ့မှ ရင်းနှီးမြှုပ်နှံခဲ့ကြပြီ ဖြစ်ပါတယ်။

ဒီလို အရှိန်အဟုန် ပြင်းပြင်းနဲ့ ယနေ့လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်တင်းရင်း သားစဥ်မြေးဆက် ကြွယ်ဝကုံလုံမှုတွေအထိ ဘုံအနာဂတ်မှာ တာဝန်ကျေကြမယ်လို့လည်း မုချ ယုံကြည်ပါတယ်။

နောက်ဆုံး ၅ ရက်နေ့ မျှော်မှန်းချက် ပြည့်မှီဖို့ ခရီးရှိရင် ပန်းတိုင်ရှိတယ်ဆိုတဲ့ စကားအတိုင်း အိမ်ပြန်လှိုင်းသစ်ကို လက်တွေ့ကျကျ ခွန်အားစုံ မျှကာ တချီတည်း လိုက်ပါ မောင်းနှင်ကြရအောင်။

LFG, ICO 2 to the Moon!! 🧑‍🚀

🚀 ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
204👍30👏5🥰4🎉4🔥1
၉ သန်းပြည့်ပြီ ဘုံအနာဂတ် ဆီ 👩‍🚀

ပြည်သူလူထု အားလုံး လိုလားတောင့်တနေသော လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဘုံအနာဂတ်ကို အဆုံးအစမဲ့ ဖြည့်ဆည်းနိုင်စွမ်းဟာ ကျယ်ပြန့်နက်နဲစွာ ကျွန်ုပ်တို့ လက်ထဲမှာပဲ ရှိပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ စံညွှန်းများနှင့် အညီ လူ့တန်ဖိုး ဂုဏ်သိက္ခာရှိစွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် လူတန်းစေ့ ပိုင်ဆိုင်နိုင်ဖို့ အတွက် အိမ်ပြန်လှိုင်းသစ် ICO 2 မှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ သန်းကျော် ကို ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာချိန် မနက် ၉ နာရီခန့်မှာ အောင်မြင်စွာ စုဆောင်းထားပြီး ဖြစ်ပါတယ်။

သမိုင်းတခေတ် ချိန်ခွင်လျှာ ပြောင်းလဲမယ့် အချိုးအကွေ့လှိုင်းတခု ကို ဦးတည်နေတဲ့ ICO 2 နောက်ဆုံးရက်မှာ ရောက်ရာ အရပ်မှ မဆိုင်းမတွ ပူးပေါင်းလိုက်ပါကြဦးစို့လား။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🚀ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
186👍33🔥6🥰6👏3🎉2👌1
ICO 2 စနစ် တိုးချဲ့မွမ်းမံမှု ပြီးပြီ

ဘုံအနာဂတ်အတွက် ပြည်တွင်းပြည်ပ လိုက်ပါစီးနှင်းကြသူများ၏ တပြိုင်နက် မထင်မှတ်ထားသော စက္ကန့်နှင့်အမျှ  အစုရှယ်ယာများကို အားပေးမှုများကြောင့် ICO2  စနစ်ကို ပိုမိုကောင်းမွန်အောင် ၁၅ မိနစ်အတွင်း အမြန်ဆုံး တိုးချဲ့ပြုပြင်ထားပါတယ်။

ခေတ္တ စောင့်ဆိုင်း ပေးမှုဖို့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။  

အိမ်ပြန်လှိုင်းသစ် တက်စုံဖွင့် ရွက်ကုန်လွှင့်ရအောင် ။

🚀ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
183👍16🥰8👏7🔥2
ဘုံအနာဂတ်ခရီး ၁၂ နာရီ အလို 🚀

အိမ်ပြန်လှိုင်းသစ် နိုဝင်ဘာ ၁၅ မှ စတင်ခဲ့တာ ကျန်ရှိနေတဲ့ ၁၂ နာရီနဲ့ ပန်းတိုင်ခရီးအထိ အောင်လံစိုက်ထူဖို့ ရောက်ရှိနေပါပြီ။

ဆက်လက်ပြီး နိုင်ရာ ခွန်အား ပူးပေါင်းမျှဝေပေးပြီး နွေဦးဘဏ်ရှယ်ယာ ရင်းနှီးမြှုပ်နှံကြဖို့ နီးစပ်ရာတိုက်တွန်းကြပါဦးမယ်လို့လည်း မေတ္တာရှေ့ထား အသိပေးလိုပါတယ်။

ICO 2 မှတဆင့် ဘုံအနာဂတ်အတွက် သမိုင်းပေးတာဝန် ထမ်းဆောင်ကြရအောင်။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
167👍28🥰6👌3
သားစဥ်မြေးဆက် နောင်တ ကင်းကြဖို့ 🧑‍🧒‍🧒

ICO Seed Round မှ စလို့ နွေဦးဘဏ်ရှယ်ယာရှင်တွေ လျှောက်လှမ်းခဲ့ကြတဲ့ ဘုံအနာဂတ်ခရီးဟာ ငွေကြေးအကျိုးအမြတ်တခုကိုပဲ မျှော်ရည်တာ မဟုတ်မှန်း ပြည်သူ့ပန်းတိုင်ကို ယုံကြည်သက်ဝင်သူတိုင်း သိရှိနားလည်ကြပါတယ်။ 

ဒါဟာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ခေတ်စနစ်ဆိုးကို အပြီးတိုင် ချုပ်ငြိမ်းပြီး တရားမျှတလွတ်လပ်တဲ့ ကြွယ်ဝတိုးတက်သည့် နိုင်ငံတော်သစ် မွေးဖွားပေးကာ အနာဂတ်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနိုင်အောင် ရင်းနှီးမြှုပ်နှံကြတာပါ။ 

အိပ်မက်တွေ သွေးတွေ ချွေးတွေနဲ့ ဖော်ကျူးခဲ့ကြတဲ့ ဒီ အိမ်ပြန်ခရီးကြမ်းမှာ အိမ်ပြန်ခွင့်မရှိတော့တဲ့ သမိုင်းဝင်ကြယ်တွေအတွက်ရော ၊ ကျန်ရစ်သူ မိသားစု မျိုးဆက် ပေါင်းများစွာအတွက်ပါ ပိတ်ထားတဲ့ တံခါးတွေ ဖွင့်မယ့် လက်တစုံကိုယ်စီနဲ့ နိုင်ရာ ခွန်အား ထမ်းပိုးကြရမှာပဲ ဖြစ်ပါတယ်။ 

တိုက်ဆိုင်စွာပဲ ယနေ့ BTC ဘစ်ကွိုင် တန်ဖိုး အမြင့်ဆုံး $100K ထိရောက်ရှိခဲ့တဲ့အတိုင်း မဝေးတော့တဲ့ ဘုံအနာဂတ် ကို ရည်စူးပြီး အိပ်နေချိန် ပိုင်ဆိုင်မှုတွေ တိုးပွားနေဖို့  ICO Round 2 နောက်ဆုံး အခွင့်အရေးကို ထပ်ပြီး လက်လွှတ်ခံကြမယ်ဆိုရင်တော့.....

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀  SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
205👍25🥰7👏4
၁၀ သန်း အောင်လံ နှင့်အတူ ဝယ်ယူခွင့် (၃) ရက်တိုးမည် 🚩

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည် ၃ နာရီ ခွဲ ခန့်မှာ ICO Round 2 ၏ မျှော်မှန်းပမာဏ အမေရိကန် ဒေါ်လာ (၁၀) သန်း ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိ ပြည့်မီသွားပြီ ဖြစ်ပါတယ်။ 🦾

ဒီလို အောင်လံ စိုက်ထူနိုင်အောင် တစ်ဆယ် ၊ တစ်ရာ ၊ တစ်ထောင် က စလို့ သိန်းဂဏန်းအထိ နေ့စဥ် စက္ကန့်နှင့်အမျှ တခဲနက် အားပေးဝန်းရံမှုများကြောင့်သာ ဖြစ်ပါတယ်။ ဘုံအနာဂတ်ကို ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ ယုံကြည်သက်ဝင်မှု ခွန်အားတိုင်းကို တန်းတူ တန်ဖိုးထား ဂုဏ်ယူရကြောင်းလည်း ထပ်လောင်းပြောလိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ အခက်အခဲကို ကျော်လွှားပြီး အမိအရ ပါဝင်လိုတဲ့ နိုင်ငံတကာမှ ပြည်သူလူထု ကို လေးစားသောအားဖြင့် လည်းကောင်း ၊ ICO 2 နှင့် ပတ်သက်ပြီး ကောင်းနိုးရာရာ အကြံပြုကြတဲ့ နွေဦးပျားရပ်ဝန်းမှ တောင်းဆိုမှုကို ထောက်ရှု သောအားဖြင့် လည်းကောင်း ၊ နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ နောက်ဆုံးအခွင့်အရေး ရှယ်ယာဝယ်ယူခွင့်အား ဒီဇင်ဘာ (၈) ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါတယ်။

ဒါကြောင့် အိမ်ပြန်လှိုင်းသစ် ပန်းတိုင်ကို ကျော်လွန်သွားခဲ့သည့်တိုင် လာမည့် (၃) ရက်မှာလည်း စံချိန်တင် စုစည်း ညီညွတ်ကြဖို့ ဆန္ဒပြုအပ်ပါတယ်။

“ပြည်သူသာလျှင် အဓိက”ပါ 🙇🙇‍♂️🙇‍♀️

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🚀 ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
358👏31👍26🎉17🥰9🔥5
ချစ်ခင်ရသော နွေဦးပျားများ

ဒေါ်လာ ၁၀ သန်း ကျော် ဆက်ပြီး မြင့်တက်ဆဲ...

တော်လှန်ရေး အောင်ပွဲဆီ ခြေလှမ်းနေတဲ့ ICO Round 2 ကို အောင်မြင်စွာ ပန်းဝင်နိုင်အောင် ပူးပေါင်း ဝန်းရံပေးကြတဲ့ စိတ်ဓာတ် နဲ့ ခွန်အားမျှသူ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။

အိပ်ရေးပျက်ညများစွာနဲ့ RMs များ ၊ FR များရဲ့ ဇွဲ​လုံ့လ၊ နွေဦးပျားကစားသူ ရပ်ဝန်းမှ စဥ်ဆက်မပြတ် တုပ်အားပြင်းပေးမှု ၊ အင်အားပြည့် SDB အဖွဲ့သားများ နဲ့ ၊ အထူးအားဖြင့် NUG အစိုးရ အဖွဲ့အဝင်များ အပါအဝင် ဝန်ကြီး ဦးတင်ထွန်းနိုင်၏ ထောက်ခံပံ့ပိုးမှုများကြောင့် နှမ်းစေ့များ စုပေါင်းပြီး ဆီ ဖြစ်သလို ယခုကဲ့သို့ ဘုံအောင်ပွဲ အဖြစ် ချီတက်နိုင်ခဲ့ပါတယ်။

(ကိန်းဂဏန်း အရေးကြီးတဲ့) ရန်ပုံငွေ ရည်မှန်းချက်ထက် ကျော်လွန်အောင် မြှင့်တင်နိုင်ခဲ့တာဟာ အာဏာရှင် သင်ရိုးကို ရိုက်ချိုးမယ့် ထုအင်အား ကို ပြသနိုင်ခြင်းလို့ပဲ ဆိုကြပါစို့၊ ဒါဟာ စုစည်းညီညွတ်ပြီး ပြင်းပြတဲ့ စိတ်စွမ်းအားကပဲ မကြာတော့တဲ့ အနာဂတ်မှာ အရေးတော်ပုံ ဆုံးခန်းတိုင် အောင်မြင်ဖို့ မောင်းနှင်တာပဲ ဖြစ်ပါတယ်။

အနက်ရှိုင်းဆုံးလေးစားလျက်,
အန်ကယ်စီ

Dear SpringBees

$10million ++ and growing!

Thank you everyone for your support and commitment towards winning this revolution through this successful ICO-2 of SDB.

Sleepless RMs/FRs, non stop action from SpringBees community members, energy of SDBians, support and backing from Ministers U Tin Tun Naing and various members of the Cabinet. Everyone played his/her own important contributions for this collective achievement.

More than the funds raised (yes they are very important), it is probably the show of strength against dictatorship, the unity in will to win this revolution together will drive us all to the finish line in near future.

With deepest respect,
Uncle C

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
2.46K👍418🥰70👏42🔥27🎉22👌19
💡ICO 2 ထပ်တိုး ၃ ရက် ရှယ်ယာဝယ်ရန် ငွေလဲနှုန်းထားများ

နွေဦးချစ်သူတို့ရဲ့ တောင်းဆိုမှုများကြောင့် ICO Round 2 တိုကင်များကို စုဆောင်းပိုင်ဆိုင် နိုင်ရန် အိမ်ပြန်လှိုင်းစီး ကာလကို ဒီဇင်ဘာ ၈ ရက်နေ့အထိ ထပ်မံတိုးမြှင့် ပေးလိုက်ပါပြီ။ 🌊

ဤ ၃ ရက်တာ ကာလအတွင်း ရင်းနှီးမြှုပ်နှံလိုပါက မိမိအသုံးပြုလိုတဲ့ ငွေကြေးအလိုက် သက်ဆိုင်ရာ RM အသီးသီးထံမှ အောက်ပါ ပုံသေ ငွေလဲနှုန်းထားများအတိုင်း ဝယ်ယူနိုင်ပါတယ်နော်။

ငွေ (၁၀) မျိုးတွင် မပါဝင်သော TWD, NZD, CAD အစရှိတဲ့ ငွေကြေးတွေအတွက် ဘဏ်ခွဲအဖြစ် ပါဝင်လိုတဲ့ RM များလည်း ရှိတာကြောင့် ထိုနိုင်ငံများမှ ဘဏ်ရှယ်ယာ ဝင်လိုသူများအနေဖြင့် သက်ဆိုင်ရာ RM များအား ဆက်သွယ်ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

လွတ်လပ်သော အနာဂတ်အတွက် ပြည်သူ့ဘဏ်ရဲ့ ICO 2 မှာ ပါဝင်မြှုပ်နှံပါ။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome
#SDBTokenOffering #ChooseSDB
1.29K👍271🥰42🎉28👏27🔥14
အတိုင်းအထက်လွန် ဂုဏ်ထူးဆောင် အိမ်ပြန်လှိုင်း 🚀

အိမ်ပြန်ခရီးစဉ် ICO Round 2 သည် ဒေါ်လာ ၁၀ သန်း ပန်းတိုင်ကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အောင်လံစိုက်ထူနိုင်ခဲ့ပြီး ပြည်သူ့အသံ ညီညွတ်မှုကြောင့် ရင်းနှီးမြှုပ်နှံခွင့်ကို ဒီဇင်ဘာ ၈ ရက်နေ့ အထိ တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

မူလသတ်မှတ်ထားတဲ့ ၄ ဘီလီယံ တိုကင် ပမာဏထက် ကျော်လွန်တဲ့ အမှာစာများ နှင့်အတူ 107% အထိ အဆက်အပြတ် တောက်လောင်လျက်ရှိတာကိုလည်း အားတက်ဂုဏ်ယူစွာ တွေ့မြင်ရပါတယ်။

ဤသမိုင်းဝင်အောင်မြင်မှုမှာ ပါဝင်မြှုပ်နှံတဲ့ ရှယ်ယာရှင်အားလုံးနဲ့အတူ တောက်လောင်နေတဲ့ အဟုန်ကို ဆက်လက်သယ်ဆောင်သွားကြရအောင်။ 🔥

📲 SDB အကောင့် ဖွင့်ရန်
bit.ly/m/SDB4all

💵 Token ဝယ်ယူနည်း
www.facebook.com/SpringDevBank/posts/488488744230291

🐝 SDB ရှယ်ယာရှင်များ စုဝေးရာ
t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome
#SDBTokenOffering #ChooseSDB
616👍131🔥16🥰16🎉10👏7
အိမ်ပြန်လှိုင်းနှင့် ၁၁ မီး ငြိမ်းစေ 🌊 🌊

ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ မြန်မာချိန် နေ့လည် ၁၂ နာရီခန့်မှာ နွေဦးဘဏ် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု၏ အမှာစာ ၃၉၀၀၀+ နှင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁.၂ သန်း ကျော်လွန်ခဲ့ပါတယ်။

ဒီလို ရလဒ်များကို ကြည့်ခြင်းအားဖြင့် ပြည်သူတို့ရဲ့ ဘုံရည်မှန်းချက်၊ စုပေါင်းခွန်းအား နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နေကြတယ်ဆိုတာ ထင်ရှားပါတယ်။

ကျန်ရှိနေတဲ့ ထပ်တိုး နောက်ဆုံးရက်မှာ ICO Seed Round မှာ ရရှိခဲ့တဲ့ ၁၁.၈၅ သန်း ကို စံချိန် ချိုးနိုင်လေမလားက ရင်ခုန်စွာနဲ့ ယုံကြည်ပါတယ်။

ဒို့ပြည်သူတွေ ညီရဲ့လားဟေ့

🚀 ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🫶 အားလုံးအတွက် နွေဦးဘဏ်
bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
261👍30🥰5👏3🎉3🔥2
ပြည်သူ့အောင်ပွဲ ICO 2 နှင့် ထပ်ဆင့်နွှဲ

ယခုနှစ် UN Credential Committee ၏ ဆုံးဖြတ်ချက်အရ သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အဖြစ် ၁ နှစ် ထပ်မံ သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့် ရရှိတဲ့အတွက် ထပ်ဆင့် သံတမန်ရေး ပြည်သူ့အောင်ပွဲ တခု အဖြစ် လေးစား ဂုဏ်ယူမိပါတယ်။

ကုလစင်မြင့်ထက်ကနေ ပြည်သူ့အသံ ကိုယ်စားပြုမယ့် ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်း ၏ ICO Round 2 မှာ ပါဝင်ဖို့ ကောက်နုတ်ချက် ကို ပြန်လည် တင်ပြလိုက်ပါတယ်။

ဦးကျော်မိုးထွန်း၏ ICO 2 အကြောင်း Video ကြည့်ရန်
https://www.facebook.com/SpringDevBank/videos/589459383761863

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
903👍89👏69🥰19🔥10
စံချိန်လွန် ပြည်သူ့အား ၁၂ သန်း ကျော် 🚀

အိမ်ပြန်လှိုင်းသစ် ICO Round 2 ကို မောင်းနှင်ခဲ့တဲ့ နိုဝင်ဘာ ၁၅ မှ စပြီး သတ်မှတ်ပမာဏ ရရှိခဲ့တဲ့အပြင် ထပ်တိုးရက် (၃) ရက် ၏ နောက်ဆုံး ၈ ရက်နေ့ မြန်မာချိန် နေ့လည် ၁၂ နာရီမှာ အမှာစာပေါင်း ၄၂၀၀၀ ကျော် ဖြင့် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကို ရောက်ရှိလာခဲ့ပါတယ်။

ပထမအကြိမ် ICO Seed Round ကာလ ၏ ဒေါ်လာ ၁၁.၈၅ သန်း ပမာဏကို စံချိန်သစ် မြှင့်တင်ပြီး ကမ္ပည်းမော်ကွန်းသစ် ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

နောင်လာမျိုးဆက်တို့အတွက် တရားမျှတလွတ်လပ်မှု ရှင်သန်ပြည့်စုံနေမည့် ဘုံအနာဂတ်ကို အင်အားပြည့် သွေးစည်းညီညွတ်ကာ တက်ကုန်ဖွင့် ရွက်စုံလွှင့်နေကြတဲ့ အတွက် အတိုင်းအထက်လွန် ဂုဏ်ယူမိပါတယ်။

ရောင်နီတွေနဲ့ ဒို့အတူ ဟေ့ 🦾

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
@SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
664👍125👏21🎉15🥰11🔥5
ပြည်သူ့ထံ အသိပေးပန်ကြားချက်

ICO 2 ရောင်းချစဉ်ကာလ dashboard စနစ်အတွင်း referral စနစ်၏ အချက်အလက်စုံလင်စွာ လွှမ်းခြုံနိုင်ခြင်း မပြည့်စုံမှုကြောင့် မူလ ထုတ်ပြန်ခဲ့တဲ့ RM Top 20 စာရင်းမှာ မှန်ကန်မှု အားနည်းခဲ့သည့်အတွက် အနူးအညွတ်တောင်းပန်လိုပါတယ် ။

ထောက်ပြအကြံပြုပေးတဲ့ ဂုဏ်သရေရှိ RM များကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ပိုမိုကောင်းမွန်တိကျတဲ့ စာရင်းအချက်အလက်များ ပြုစုနိုင်ဖို့လည်း ထပ်ပြီး ကြိုးစားပါမည်ကိုလည်း ထပ်လောင်း ကတိပြုပါတယ်။

နွေဦးဘဏ် ရပ်ဝန်းက ရင်းနှီးမြှုပ်နှံကြသူ အယောက်စီတိုင်း နှင့်တကွ ကျားကုတ်ကျားခဲ စွန့်လွှတ်ပေးဆပ်မှုများနှင့် ရှေ့တန်း ဘဏ္ဍာရေးတိုက်စစ်မှူးများအဖြစ် နောက်ကွယ်ကနေ ပမာဏ နည်းများ မဆို ငွေဖြည့်ဆောင်ရွက်ပေးကြတဲ့ RM များအားလုံးကို လှိုက်လဲစွာ ကျေးဇူးတင်ဂုဏ်ယူပါတယ်။

ICO Round 2 အား ၁၂ သန်းကျော် စံချိန်တင် အောင် နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထု အစုရှယ်ယာ ဝယ်ယူနိုင်ဖို့ အားထုတ်ကြိုးပမ်းပေးကြသော ကမ္ဘာအနှံ့က RM များနှင့်အတူ ယခု အောင်မြင်မှုကို မှတ်တမ်းတင်လိုကြောင်း ဖြည့်စွက် ပြောကြားအပ်ပါတယ်။

အထူး လေးစားစွာဖြင့်
အန်ကယ် စီ

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
558👍107👏11🥰10👌6🎉5
ဘုံအနာဂတ် ရောင်နီ အဆုံးအဖြတ် ၂ နာရီ အလို🚀

ဒီဇင်ဘာ ၈ ရက်နေ့ ည သန်းခေါင် ၁၂ နာရီမှာ နွေဦးဘဏ် ICO Round 2 အစုရှယ်ယာများကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ တရားဝင် အရောင်းပိတ်သွားမှာ ဖြစ်ပါတယ်။

အောင်စိတ် ယုံကြည်မှု ရေစီးကမ်းပြိုပြီး ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ အားပေးဝန်းရံမှုကြောင့်ပဲ ယခုဆိုရင် အစုရှယ်ယာ တိုကင် ပမာဏပေါင်း ၅ ဘီလီယံ ကျော် အထိ စာရင်းဝင်နေပြီ ဖြစ်ပါတယ်။

ခွင့်သာခိုက်မှာ ကိုယ်ပိုင် အနာဂတ် ကံကြမ္မာ ကို လွတ်လပ်စွာ ထုဆစ်ပုံဖော်လိုသူများအတွက် အချိန်အားဖြင့် ၂ နာရီသာ ကျန်ရှိပါတော့တယ်။

အနာဂတ်မှာ သပိတ်ဝင် အိတ်ဝင်ဖို့ ICO 2 အခွင့်အရေးကို နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ကြရအောင်။ 🦾

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
1.19K👍226🥰43👏19🎉17👌10🔥8
ICO 2 အောင်လံစိုက်ထူမှု ပြီးမြောက်ခြင်း

အိမ်ပြန်လှိုင်းသစ် ICO Round 2 ကာလအား ထပ်တိုးရက်အပါအဝင် ဒီဇင်ဘာ ၈ ရက်နေ့ ည သန်းခေါင်အတိတွင် ကိုယ်တိုင်ကိုယ်ကျ တရားဝင် ဝယ်ယူခွင့်ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ယနေ့အချိန်ထိ အချက်အလက် စုစည်းမှုအရ ပြည်သူလူထုမှ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ သန်း နီးပါးခန့် ရရှိထားပါပြီ။

ဒီလို အံ့မခန်း စံချိန်တင် အောင်မြင်မှုဟာ ဘုံအနာဂတ်ကို လက်တွေ့ကျကျ ယုံကြည်သက်ဝင်ကြတဲ့ “ပြည်သူသာလျှင် အဓိက”ဟု ထပ်လောင်း အတည်ပြု သက်သေထူခြင်း ဖြစ်ပါတယ်။

ICO 2 ကာလ ပြီးဆုံးသည့်တိုင် RM များမှ တဆင့် စာရင်းပေး ဝယ်ယူကြသည့် ငွေလွှဲကျန်များ ပြန်လည်ပြင်ဆင်နိုင်ဖို့ နှင့် စာရင်းကျန် အမှာစာများ ဖြည့်စွက် ကိုက်ညီမှုများရှိနေသည့်အတွက် နောက်ဆုံး စာရင်းပိတ် ရင်းနှီးမှုပမာဏ အားဖြင့် အပြောင်းအလဲ ရှိနိုင်ကြောင်း မေတ္တာထား အသိပေးအပ်ပါတယ်။

အောင်ပန်းများစွာ ဝတ်မှုန်ကူးမယ့် ICO Round 2 ၏ ထိရောက်စွာ အကျိုးပြုမှုကို ဆက်လက်လိုက်ပါ စီးမျောကြရအောင်။

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
633👍104🎉36🥰19👌1
Round 2 Token အား အောင်မြင်စွာ ဖြန့်ဝေနိုင်ခဲ့ပြီ

နွေဦးဘဏ်၏ ICO Round 2 မှာ SDB ၏ Equity Token ဖြစ်သည့် SpringDB များ ကို အစုရှယ်ယာရှင်များထံသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အောင်မြင်စွာ ဖြန့်ဝေထားပြီးကြောင်း ဦးစွာ သတင်းကောင်း ပါးအပ်လိုက်ပါတယ်။

နွေဦးဘဏ် app အတွင်း ယခင် Seed Round ICO ကို “SpringDB Token” ဟု အမည်ပြင်ဆင်ထားပြီး မိမိ၏ Seed Round နှင့် Round 2 ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ အား ပေါင်းထည့် ပေးထားသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အိမ်ပြန်လှိုင်းသစ် အတွက် စိတ်အားထက်သန်ပြီး ခိုင်မာတဲ့ ပြည်သူ့ထောက်ခံမှုတွေ ကြောင့်သာ ICO Round 2 အောင်မြင်စွာ ပြီးမြောက်ခဲ့တာဖြစ်ပြီး နွေဦးဘဏ်မှ ဝမ်းမြောက်ဂုဏ်ယူစွာ ကျေးဇူးတင်ရှိပါတယ်။

အောင်စိတ် ရဲရင့်တဲ့ ဝိုင်းဝန်းပါဝင်မှုများအားလုံးကို တန်ဖိုးထားလေးစားလျက်…

SDB အကောင့်ဖွင့်ရန်
bit.ly/m/SDB4all

နွေဦးဘဏ်ရှယ်ယာရှင်များ စုဝေးရာ
t.me/SpringDevBankCommunity

#SpringDevelopmentBank
#NewWaveNewHome #chooseSDB
#SDBTokenOffering
1381👍63🥰11👏5