Spring Development Bank
20.5K subscribers
1.65K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
ဘဏ်ရှယ်ယာရှင်တို့ ဒုတိယအကြိမ် အမြတ်ရပြီ 😎

အောက်တိုဘာလ ၁၇ ရက်၏ နွေဦးဘဏ် CEO မှ ကြေညာချက်အတိုင်း တိုကင် ပိုင်ဆိုင်ထားသူများသို့ ထပ်မံ၍ အမြတ်ဝေစု ခွဲဝေခြင်းကို ယနေ့မှစပြီး စတင်ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အတွက် ဘဏ်ဝင်ငွေ၏ အသားတင် အမြတ်အစွန်းဖြစ်သည့် USD ၃၆၉,၂၈၇ ကို SDB တိုကင်အစုရှယ်ယာရှင်များအားလုံးထံ ရာနှုန်းပြည့် ဒုတိယအကြိမ် အမြတ်ဝေစု ခွဲဝေပေးနိုင်ခြင်း ဖြစ်ပါတယ်။

နွေဦးဘဏ်၏ ICO Seed Round တွင် ရင်းနှီးမြှုပ်နှံခဲ့မှု ပမာဏ အတိုင်း အမြတ်ဝေစု အချိုးကျ ရရှိနိုင်မည့် ပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

10,000 SDB (10 USD) - 0.0369287 USD
100,000 SDB (100 USD) - 0.369287 USD
1,000,000 SDB (1,000 USD) - 3.69287 USD
10,000,000 SDB (10,000 USD) - 36.9287 USD

အမြတ်ဝေစု ရရှိမှုကို မိမိ SDB အကောင့်၏ Transaction History တွင် အောက်တိုဘာ လကုန် နောက်ဆုံးထားပြီး စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နွေဦးဘဏ်၏ ICO Round 2 ကိုလည်း နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ တော်လှန်ပြည်သူတရပ်လုံးနှင့် ဘဏ္ဍာရေးအောင်ပွဲ ဆင်နွဲရင်း ယခုထက် မက သော အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရန်အတွက် တခဲနက် ပါဝင် ရင်းနှီးမြှုပ်နှံနိုင်ကြဖို့လည်း တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

ပြည်သူ့ဘဏ္ဍာ အနာဂတ်သစ်အတွက် သန္နိဋ္ဌာန် ပြုလျက်

🫶 အားလုံးအတွက် နွေဦးဘဏ် : bit.ly/m/SDB4all

#chooseSDB
#ICOround2
#RebuildOurFuture
#SpringDevelopmentBank
649👍166🎉22🔥17👏9