Spring Development Bank
✔
20.6K subscribers
1.71K photos
85 videos
866 links
Discover the First Neo Bank for Myanmar.
Download Telegram
🎵Don't stop believing, Hold on to that feeling 🎵
Journey ရဲ့ သီချင်းစာသားလေးအတိုင်းပဲ ယုံကြည်မှု ကိုမရပ်တန့်လိုက်ပါနဲ့။

ယုံကြည်မှုကြောင့် Edmund Hillary နဲ့ Tenzing Norgay တို့ ဟာ ပထမဆုံး ဧဝရတ်တောင်ထိပ်ဖျား ကို တက်လှမ်းနိုင်ခဲ့တယ်။ အမေရိကန် အာကာသယာဥ်မှူး Neil Armstrong ဟာ လကမ္ဘာပေါ်ခြေချခဲ့တဲ့ ပထမဆုံး လူသားဖြစ်လာခဲ့တယ်။

တဦးချင်း ယုံကြည်မှု၊ အဖွဲ့အစည်းအလိုက် ယုံကြည်မှု တို့ကနေ မြစ်ဖျားခံပြီး မဖြစ်နိုင်ပါဘူး ဆိုတဲ့ အရာတွေ လက်တွေ့ဖြစ်လာတယ်။

အိပ်မက်တွေဖြစ်လာဖို့ဆိုတာ အခြေအနေ၊ အခွင့်အလမ်း လေးတော့ လိုတာပေါ့။
မျှော်လင့်ချက် ကိုယ်စီ၊ ယုံကြည်မှု ကိုယ်စီတွေနဲ့ ဘဝခရီးလျှောက်လှမ်းနေကြတဲ့ နွေဦးထီ ချစ်သူတွေလည်း ငါ တနေ့ မီလီယံနာ ကြီး ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်မှု ကို မစွန့်လွှတ်ကြပါနဲ့။

နွေဦးထီမှ ပေးမယ့် အခြေအနေ၊ အခွင့်အလမ်းကို မလွှတ်တမ်း ဆုပ်ကိုင်နိုင်ဖို့ နွေဦးဘဏ် အကောင့်လေးတွေ ကြိုဖွင့်၊ ငွေကြိုဖြည့်ထားဖို့တော့ လိုမယ်နော်။

➡ SDB အကောင့်ဖွင့်ရန် -
https://app.springdevelopmentbank.com/register

➡ SDB အကောင့်ဖွင့်နည်း - Video File ကြည့်ရှုရန်။
https://fb.watch/orQB8TEFDh/

#NwayOoHti
#OurLotteryOurFuture
#SpringDevelopmentBank
👍47❤20🔥3👏2
ပွဲကြည့်ရင်းကူ ရွှေလည်းယူ

နွေဦးခရီးအစ ပုံရိပ် မှတ်တိုင်တွေကို ပြန်ကြည့်မယ်ဆိုရင် ယနေ့ထိ မတရားမှုကို ခေါင်းငုံ့မခံဘဲ အမှန်တရားဘက်က ပြည်သူစစ်စစ်များနှင့်အတူ ရဲရဲရင့်ရင့် ရပ်တည်ပေးခဲ့ကြတဲ့ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ နယ်ပယ်အစုံမှ ပုဂ္ဂုလိကဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အပြင် ပန်းချီ၊ စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတ စသည့် အနုပညာကဏ္ဍမှ တတ်သိပညာရှင်များကိုလည်း ဖယ်ဒရယ်လမ်းကို စတင်ဖောက်ခဲ့ကြသည့် စွန့်ဦးတော်လှန် သူရဲကောင်းများအဖြစ် လေးစားဦးညွတ်ရမှာ ဖြစ်ပါတယ်။

SDB နွေဦးဘဏ် နှင့် မကြာခင် ဖွင့်လှစ်တော့မည့် နွေဦးထီ 2.0 တို့မှ အနုပညာ စီဒီအမ် မောင်နှမများအား လေးစားတန်ဖိုးထားသည့်အနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ မှာ ဟား ၅ ကောင် အဖွဲ့ နှင့် သောင်ရင်းသုခုမ အဖွဲ့သားတို့မှ ဦးစီးတင်ဆက်ပြီး ကပြ ဖျော်ဖြေကြမည့် "ရောင်နီဖျိုးဖျ အလင်္ကာည" အနုပညာပွဲတွင် တစိတ်တပိုင်း ပါဝင်ကူညီခွင့် ရရှိခဲ့သည့်အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

နွေဦးဘဏ်နှင့် နွေဦးထီချစ်သူများကလည်း "ရောင်နီဖျိုးဖျ အလင်္ကာည" အနုပညာစျေးဗန်း ရဲ့ ကံစမ်းမဲအစီအစဥ်မှာ ပါဝင်ပေးပြီး ပွဲကြည့်ရင်းကူ SDB ရွှေလည်းယူ နိုင်ကြောင်း သတင်းကောင်းပါး တိုက်တွန်းလိုက်ပါတယ်။

➡️ရောင်နီဖျိုးဖျ အလင်္ကာည - အနုပညာစျေးဗန်း
https://web.facebook.com/dohcampaign.2.0

#NwayOoHti
#OurLotteryOurFuture
#SpringDevelopmentBank
👍45❤16
မူလလက်ဟောင်း မပြောင်းလဲတဲ့ နွေဦးထီလက်မှတ်

နှစ်တွေလတွေ ဟောင်းနွမ်းနေပါစေ သူမအပေါ်ထားတဲ့ ညီကိုတို့ရဲ့ မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာ ကဲ့သို့ပဲ နွေဦးထီ version 2.0 ကလည်း ပုံစံအသစ်နဲ့ မကြာမီ ရောက်ရှိလာတော့မယ် ဆိုသော်လည်း ယခင်မူရင်းစျေး အတိုင်း 2,000 ကျပ်နှင့် ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ 🥰

ထို့အတူပဲ တိုင်းပြည်အကျိုးသယ်ပိုးမယ့် သစ္စာအဓိဌာန်တွေလို မပြောင်းလဲဘဲ အေးအတူပူအမျှ ကျောချင်းကပ်ပြီး အတူရှိကြရအောင်လား? 💪

အနာဂါတ်အိပ်မက်တွေ နွေဦးထီ နဲ့ အတူ ရဲရဲမက်ကြဖို့ SDB အကောင့်လေးတွေ ကြိုဖွင့်၊ ငွေကြိုဖြည့်ထားဖို့တော့ လိုမယ်နော်။

SDB အကောင့်ဖွင့်ရန် -
https://app.springdevelopmentbank.com/register

SDB အကောင့်ဖွင့်နည်း Video -
https://fb.watch/orQB8TEFDh/

#NwayOoHti
#WeDreamBold
#OurLotteryOurFuture
#SpringDevelopmentBank
❤56👍20🎉2