Spring Development Bank
20.6K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

ဖက်ဒရယ်တိုင်းပြည်သစ် ထူထောင်ရေး၊ တရားမျှတမှုနှင့် ပြည်သူ့လွတ်လပ်ရေးတို့အတွက် အတူတကွ တွန်းလှန်နေကြသော ယခု ကာလအတွင်းမှာ အဖွဲ့အစည်းအသီးသီး၏ ရည်မှန်းချက်များအတွက် အမျိုးသမီးများရဲ့ ကဏ္ဍနဲ့ ပါဝင်မှုများဟာ မရှိမဖြစ် အရေးပါလှပါတယ်။

နွေဦးဘဏ်တွင်လည်း ၅၀ ရာခိုင်နှုန်း ကျော်သော ဝန်ထမ်းများမှာ အမျိုးသမီးများနဲ့ ဦးဆောင်ဖွဲ့စည်းထားပြီး ငွေကြေးဝန်ဆောင်မှုများ အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်လာနိုင်ရေးတို့အတွက် ကျရာတာဝန်ကို ထူးချွန်ထက်မြက်စွာနဲ့ အသီးသီးထမ်းဆောင်လျက်ရှိပါတယ်။

ယခုအချိန်တွင် ကဏ္ဍပေါင်းစုံမှ အဓမ္မဝါဒီဖိနှိပ်မှုစနစ် ကို ရဲရဲတောက်ဆန့်ကျင်နေကြသော အမျိုးသမီးများကို နွေဦးဘဏ်မှ လေးစားဂုဏ်ပြုပြီး ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းအမျိုးသမီး တစ်ဦးချင်းစီကိုလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၌ အောက်မေ့သတိရ အလေးနီပြုအပ်ပါတယ်။

အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့။
👊

#IWD2024
#SpringDevelopmentBank
69👍14🎉1