Spring Development Bank
✔
20.6K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
📲ဖုန်းထဲကနေ အချိန်မရွေး ရွှေဝယ်နိုင်ပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ကမ္ဘာ့ရွှေစျေးအရ ရွှေဝယ်ဖို့ကို ဆိုင်ဖွင့်ချိန် စောင့်ပြီး ဝယ်မယ်ဆိုရင်တော့ စျေးတွေသာ ပြောင်းလဲသွားပါမယ်၊ ကိုယ်ဝယ်ချင်တဲ့ စျေးနဲ့ ဝယ်ယူနိုင်ဖို့က မသေချာပါဘူး။ 🥺

ဒါပေမယ့် နွေဦးဘဏ်မှာဆိုရင်တော့ တစ်ရေးနိုး ရွှေစျေးအတက်အကျကို ကြည့်ပြီးတော့လည်း ညနက်သန်းခေါင် အချိန်မရွေး ရွှေဝယ်နိုင်ပါတယ်။ 😎

နွေဦးဘဏ်မှာ ကမ္ဘာ့ရွှေစျေးနဲ့အညီရောင်းချပေးနေတဲ့ Gold Token ရွှေဝယ်မယ်ဆိုရင် နွေဦးဘဏ်အကောင့်ဖွင့်၊ အကောင့်ထဲ ငွေသွင်းထားရုံနဲ့၊ SDB App မှာရှိတဲ့ Gold Mart ဆိုတဲ့ နေရာလေးမှာ ဝင်ပြီး နေရာမရွေး၊ အချိန်မရွေး မိမိစိတ်ကြိုက် ငွေကြေးနဲ့ လဲလှယ် ဝယ်ယူလိုက်ရုံပါပဲနော်။ 🥳

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤40👍5🥰1👏1
😍 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 08

နွေဦးထီမှ ယှဉ်ပြိုင်စိန်ခေါ်မှုတွေကို နှစ်သက်သူ ထီချစ်သူများအတွက် ငွေကြေး(၁၀) ထီပြိုင်ထိုး Challenge လေးကို လစဥ် ၁၅ ရက်နေ့မှ ၂၅ရက်နေ့အတွင်းမှာ ပြုလုပ်လျက်ရှိပြီး၊ ဒီနေ့ကတော့ မေလအတွက် Challenge (၈) ရက်မြောက်နေ့ ဖြစ်တဲ့ USD နဲ့ ထီထိုးရမယ့် နေ့ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ 👏🏼

ဧပြီလမှာ ငွေကြေးအလိုက် အောင်လံလွှင့်ချီ နွေဦးထီ လက်မှတ်များ ဝယ်ယူမှုစာရင်းအရ USD နဲ့ ဝယ်ယူသူဦးရေဟာ တတိယအများဆုံးဖြစ်ခဲ့သလို ယခုမေလမှာလည်း USD နဲ့ ကံစမ်းသူများ ပိုမိုများပြားလာမယ်လို့လည်း ယုံကြည်ပါတယ်နော်။ 💪🏼

အမေရိကားရောက် ရွှေညီအစ်ကို မောင်နှစ်မများနဲ့ အတူ ထီပြိုင်ထိုးရင်း သန်းဆုကြီးတွေ ကံထူးနိုင်ကြပါစေ။ ❤️

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤25👍3🎉3
🫶 ကြောင့်ကြကင်းဝေး စွာ လွှဲပြောင်းပေးပို့ပါ။

ချစ်ရတဲ့ ပြည့်သူ့ရော်ဘဲများကို မုန့်ဖိုးပေးချင်တယ်၊ ကမ်ပိန်းတွေမှာ ပါဝင်ချင်တယ်၊ (သို့) စားနပ်ရိက္ခာနဲ့လိုအပ်တဲ့ အင်အားများ ဖြည့်တင်းပေးဖို့အတွက်လည်း ငွေလွှဲပေးဖို့ လုံခြုံချင်တယ်ဆိုရင် နွေဦးဘဏ် နဲ့ စိတ်အေးချမ်းသာစွာ ငွေလွှဲပေးနိုင်ပါတယ်။ 😻

ဘယ်လိုပို့ရမလဲဆိုရင်တော့ ....
https://web.facebook.com/photo/?fbid=368885949523905&set=a.176666738745828


#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤27👍3🔥1🥰1
🤩 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 09

မေလအတွက် ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး Challenge (၉) ရက်မြောက်နေ့ဖြစ်တဲ့ SGD နဲ့ နွေဦးထီထိုးရမယ့်ကို ရောက်ရှိလာပါပြီ။ 🥰

ဧပြီလအတွက် ငွေကြေးအလိုက် နွေဦးထီလက်မှတ်များ ဝယ်ယူမှုစာရင်းမှာ SGD နဲ့ ဝယ်ယူသူစာရင်းဟာ ဒုတိယအများဆုံးဖြစ်ခဲ့သလို မေလမှာလည်း နောက်ကျ မကျန်ရစေအောင် စလုံးရောက် နွေဦးမောင်နှစ်မတွေက သွေးမအေးကြောင်းပြမယ်လို့လည်း ယုံကြည်ပါတယ်နော်။ 🥳

စင်ကာပူဒေါ်လာနဲ့ နွေဦးထီယှဥ်ပြိုင်ထိုးရင်း Grand Prize တွေကို ပိုင်ဆိုင်ပါစေ။ 🩷

🤩 နွေဦးထီမှာလည်း SDB နဲ့ ငွေဖြည့်ပြီး တစ်စောင်ကို ၂၀၀၀ ကျပ်နဲ့ နိုင်ငံဂုဏ်ဆောင် သန်းကြွယ်သူဌေးကံထူးရှင် ဖြစ်ခွင့်တွေ ကံစမ်းနိုင်ပါတယ်နော်။
____________
မေလအတွက် နွေဦးထီထိုးရန် -

🎲 ကိုယ်တိုင် ထီထိုးမယ်ဆိုရင်
https://www.facebook.com/story.php?id=100070552042871&story_fbid=445339424494455

🎲 နိုင်ငံတကာ ကိုယ်စားလှယ်များမှ တဆင့် ထီထိုးမယ်ဆိုရင်
https://www.facebook.com/photo/?fbid=479423901086007&set=a.266976622330737

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤21👍5🥰1
✅ သွားလာစရာမလိုပဲ ဘတ်နဲ့ကျပ် လဲမယ်။

ကျောင်းတက်၊ အလုပ်လုပ်၊ ရွှေ့ပြောင်းမှုတွေပြုလုပ်ရင်း ပိုင်ဆိုင်မှု မြန်မာကျပ်တွေကို ထိုင်းဘတ်အဖြစ် လဲထားချင်တယ်ဆိုရင် နေပူ၊ မိုးရွာ ဂရုစိုက်စရာမလို၊ သွားလာစရိတ်လည်း မကုန်၊ လွှဲခလည်း မရှိ၊ အင်တာနက်ရှိရုံနဲ့ အလွယ်တကူ လဲလှယ်နိုင်တဲ့ SDB Currency Exchange ရှိတယ်နော်။ 💰

ဘယ်လို Exchange ပြုလုပ်ရမလဲဆိုရင် ..
နွေဦးဘဏ်အကောင့် အခမဲ့ ဖွင့်၊ RM များနဲ့ ချိတ်ဆက် ငွေသွင်း၊ (သို့မဟုတ်) ခရစ်ပတို USDT ကနေ တဆင့် ငွေဖြည့်ပြီး SDB Android App / SDB Web App ထဲက Exchange မှာ လဲလှယ်လိုက်ရုံပါပဲ။ 💸

ဘတ်နဲ့ကျပ်အပါအဝင် အခြား ငွေကြေး(၁၀)မျိုးကိုလည်း အချိန်မရွေး လဲလှယ်နိုင်တော့ လွယ်ကူ အဆင်ပြေပါတယ်။ 🎉

လွတ်လပ်၊ လုံခြုံ၊ စိတ်ချစွာ နွေဦးဘဏ်မှာ ငွေလဲပါ။

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤25👍10
🤩 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 10

မေလအတွက် ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး Challenge ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ (၁၀) ရက်မြောက်နေ့ မြန်မာကျပ်နဲ့ နွေဦးထီ ထိုးကြမယ့်နေ့ပဲဖြစ်ပါတယ်။

ဘယ်လိုပဲ အခက်အခဲတွေရှိပြီး ကြမ်းတမ်းတဲ့လမ်းတွေဖြတ်ရရင်တောင် နိုင်ငံကို ချစ်တဲ့စိတ်တွေ တစက်မှ မလျော့ကြောင်းကို တစ်စောင်ကို မြန်မာကျပ်ငွေ (၂၀၀၀) ကျပ် နဲ့ အောင်လံလွှင့်ချီ နွေဦးထီ ထိုးရင်း ပြသလိုက်ကြရအောင်။

ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး Challenge အတွက် Web App မှ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူပြီး ပါဝင်နိုင်သလို နွေဦးထီရဲ့ နိုင်ငံတကာကိုယ်စားလှယ်များမှ တဆင့်လည်း ကံစမ်းနိုင်ပါတယ်။ Challenge အောင်မြင်သူတိုင်းကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးပို့သွားမှာ ဖြစ်သလို Surprise Gift တွေလည်း စီစဥ်ထားလို့ ၂၅ရက်နေ့ နောက်ဆုံးထား ပါဝင်ထားလိုက်နော်။

နောက်ဆုံးပိတ် အိတ်နဲ့လွယ် Challenge လည်း အောင်မြင်ရင်း နွေဦးထီကံထူးရှင်ကြီးတွေလည်းဖြစ်ပြီး စိတ်တိုင်းကျ လှူဒါန်း ထောက်ပံ့နိုင်ကြပါစေ။ 😍

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
👍19❤11🥰1👏1
နွေဦးဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး လွတ်လပ််မှု

ကျပ်ငွေ တန်ဖိုး ကျဆင်းလာတာ နဲ့အမျှ ရွှေနှင့် ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူ များလာပြီးနောက် ညံ့ဖျင်းယုတ်ညံ့ အောက်တန်းကျစွာ ဖိနှိပ်ဖို့ အာဏာလုစစ်ကောင်စီ ထိန်းချုပ်မှုအောက်က ဗဟိုဘဏ်ရဲ့ အရေးယူတားမြစ်မယ့် ထုတ်ပြန်ချက်ကို ကန့်ကွက် ရှုတ်ချပါတယ်။

ဒါကြောင့် SDB ကို payment တခု အဖြစ် Bybit နဲ့ Bitget Wallet ရဲ့ P2P မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးချင်တယ်။

Bybit အကောင့်နဲ့ ပတ်သက်ပြီး @kooecrypto ကို ဆက်သွယ်နိုင်သလို Bitget အကောင့်ဖွင့်ဖို့ @cryptobynovafamily မှာလည်း အကူအညီ ရယူနိုင်ပါတယ်။

ခရစ်ပတိုဘရိုတို့ လုံခြုံရေး ဂရုစိုက်ပြီး အားမငယ်ကြဖို့ ၊ လက်ရှိ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နွေဦးဘဏ်မှ အစဥ်ကြိုးစားနေကြောင်းလည်း ထပ်လောင်း ကတိပြုပါတယ်။

#p2ptrading
#SpringDevelopmentBank
#realbankrealfreedom
❤61👏10👍3🥰1
နွေဦးထီကံထူးရှင်ဖြစ်ရန် (၃)ရက်အလို။

🤔တစ်စောင်ကို ဘယ်လောက်လဲဟင် ?
နွေဦးထီ တစ်စောင်ကို မြန်မာငွေ၂၀၀၀ ကျပ်ပါရှင်။

🥺ထီ မထိုးတက်ဘူး ဘယ်လိုထိုးရမလဲဗျ?
နွေဦးထီကို Web App မှာ ကိုယ်တိုင် ဝယ်ယူနိုင်သလို၊ နွေဦးထီရဲ့ နိုင်ငံတကာ ကိုယ်စားလှယ်များမှတဆင့်လည်း ကံစမ်းနိုင်ပါတယ်။

🧐 ဘယ်နေ့ဖွင့်မှာလဲရှင် ?
မေလ (၃၁)ရက်နေ့၊ မြန်မာချိန် ညနေ ၅နာရီမှာ နွေဦးထီဖွင့်ပွဲကို Facebook Live ဖြင့် တိုက်ရိုက် ကျင်းပသွားမှာပါ။

🫣 ခုဝယ်ရင် မှီသေးလားဗျို့ ?
မေလ (၃၁)ရက်နေ့၊ မြန်မာချိန် (၄)နာရီ မတိုင်ခင်ထိ ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် မိမိစိတ်ကြိုက်နံပါတ်တွေနဲ့ ထီကံစမ်းနိုင်ဖို့ကတော့ မြန်မြန်ရွေးချယ်ပြီး၊ များများ ဝယ်ယူထားတာ အကောင်းဆုံးပါပဲ။

ဒါကြောင့် ဘေးစကားတွေနဲ့ အတွေးများမနေပဲ မေလအတွက် သန်းကြွယ်သူဌေးကံထူးရှင်ဖြစ်ခွင့်ကို နောက်မကျရအောင် ခုပဲ ကံစမ်းလိုက်တော့နော်။ 😍

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤35👍12🥰1👌1
SDB နှင့်အတူ ငွေကြေးဖောင်းပွမှုဒဏ် ကာကွယ်နိုင်ဖို့

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာစာ အမှတ် (၄/၂၀၂၁) အရ ပြည်တွင်းသုံးစွဲမှုအတွက် USDT ကို တရားဝင်အသိမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အမိန့်ကြော်ငြာစာ ဖတ်ရှုရန် -
https://www.facebook.com/MoPFINUG/photos/pb.100068946678434.-2207520000/251267307105042/

ယခုအခါ စစ်ရှုံးကောင်စီ ဉာဏ်နိမ့်စွာ ထိန်းချုပ်မှုအောက် ငွေကြေးဖောင်းပွမှုဒဏ် ကို ကာကွယ်ဖို့ ကုန်သွယ်မှု၊ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်အောင် SDB နွေဦးဘဏ်ကို လည်း Bybit နှင့် Bitget ကဲ့သို့သော နိုင်ငံတကာ ငွေကြေး application နှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါတယ်။

USDT ကို ယုံကြည်စိတ်ချစွာ ရောင်းဝယ်နိုင်ဖို့ Bybit နှင့် Bitget အကောင့်ဖွင့်အသုံးပြုနိုင်အောင် @kooecrypto နဲ့ @cryptobynovafamily ကို ဆက်သွယ်နိုင်ပါတယ်။

SDB application (Android version 10+) ရယူရန်
https://bit.ly/SDBandroidapp

#chooseSDB
#SpringDevelopmentBank
#RealBankRealFreedom
❤40👏5🥰1
"မင်း အခု ဘာကိုင်ထားသလဲ"

ဒီမေးခွန်းက အေးချမ်းသာယာ တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံမှ ပြည်သူတွေ လုံးဝ နားမလည်နိုင်တဲ့ ပဟေဠိ

ရွှေ ကိုင်ရမလား၊ အစိမ်း ကိုင်ရမလား၊ အိမ်ခြံမြေပဲ ကိုင်ရတော့ မလား

ဆိုပြီး မရေရာမှု များစွာနဲ့ ကြုံဆုံခံစားနေရတဲ့ မြန်မာပြည်သူများရဲ့ နေ့စဥ်ဘဝ အတွေးများထဲမှ အရေးအကြီးဆုံး မေးခွန်းရဲ့ တခုတည်းသော အဖြေက -

နွေဦးဘဏ် ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ ငွေကြေး (၁၀) မျိုး ကို လဲလှယ်လွှဲပြောင်း နိုင်သလို ကမ္ဘာ့ရွှေစျေးအတိုင်း GOLD token တွေလည်း ဝယ်ရောင်းစုဆောင်း နိုင်တယ်။

The End of Dictatorship - EOD မြေကွက်တွေပါ ပေးချေဝယ်ယူ နိုင်တဲ့အပြင် အောင်လံလွှင့်ချီ နွေဦးထီ ထိုးပြီး နိုင်ငံအနာဂတ် နဲ့ ကိုယ့် ကံကြမ္မာကို ကိုယ်တိုင် လက်တကမ်းမှာတင် ဖန်တီးနိုင်ပါတယ်။

တကျော့ပြန် အမှောင်ခေတ်ကို ခွင်းမယ့် SDB

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤60🥰4👍2🔥2
🥳 နွေဦးထီ မနက်ဖြန်ညနေ ဖွင့်ပြီ။

အောင်လံလွှင့်ချီ နွေဦးထီ V.2 ကို ကမ္ဘာ့နေရာအရပ်ရပ်မှ ငွေကြေးအစုံအလင်နဲ့ လစဥ် ဝယ်ယူကံစမ်းလျက်ရှိပါတယ်။ SDB ရဲ့ ငွေကြေးစာရင်းမှာ လက်ရှိ မပါဝင်သေးတဲ့ အခြားငွေကြေးများကို အသုံးပြုလျက်ရှိနေတဲ့ နိုင်ငံများမှလည်း နွေဦးထီကို ဝင်ရောက်အားဖြည့် ဝယ်ယူနေကြတာကို တွေ့ရတာဟာ ဂုဏ်ယူ ဝမ်းသာစရာကောင်းလှပါတယ်။

ထပ်မံပြီးလည်း ငွေကြေးအစုံအလင်နဲ့ ဝယ်ယူနိုင်တဲ့ နွေဦးထီကံစမ်းပြီး အနာဂတ်အိပ်မက်လမ်းကို ရဲရဲကြီးလျောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤43👍10🥰3
အခက်အခဲကြားက လက်ဆောင်မွန် 🎁

နွေဦးဘဏ် သည် နေ့စဉ် အခက်အခဲ အကြပ်တည်းများ ကြားမှာ မတရားမှုကို တွန်းလှန်နေကြတဲ့ ပြည်သူလူထု၏ ဘဏ္ဍာငွေကြေးကို ကာကွယ်နိုင်ရေးအတွက် @myancrypto ကဲ့သို့ နည်းပညာအထူးပြု မိတ်ဖက်ကောင်းများရဲ့ ပံ့ပိုးကူညီမှုများနှင့်အတူ အစဉ်မြဲ ကြိုးစားလျက်ရှိပါတယ်။

ယခုအခါ Binance ရဲ့ P2P မှာ SDB ကို payment တခုအဖြစ် လုံခြုံစိတ်ချစွာ အသုံးပြုလို့ရနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

Binance အကောင့်ရှိထားသူများအနေနဲ့ မိမိရဲ့ Account Setting > Payment Method > P2P Payment Method သို့ ဝင်ရောက်ပြီး Add a new payment method ကို နှိပ်ကာ “Spring Development Bank” ကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

လွတ်လပ်ဧကန် နွေဦးဘဏ် 😇

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤50👏4🎉3👍2
✨ ၂၀၂၄ မေလ နွေဦးထီ ဖွင့်ပွဲ အခမ်းအနား

မဟာဆုမဲများဖြစ်တဲ့ သန်း ၅၀၀၊ သန်း ၂၀၀၊ သန်း ၁၀၀ နဲ့ အထူးဆု သန်း ၅၀ တို့အပြင် အခြား ဆုမဲပေါင်း နှစ်သောင်းကျော် ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်ခုတည်းသောအောင်လံလွှင့်ချီ နွေဦးထီ ၏ အမှတ်စဥ် NOH20240501 ဖွင့်ပွဲ အခမ်းအနား ကို မေလ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ယခု အစီအစဥ်ကို Public Voice Television မှ အဓိက မီဒီယာ ပါတနာ အဖြစ် ပံ့ပိုးကူညီပြီး မိတ်ဖက်အဖွဲ့အစည်းများ ၊ အခြား သတင်းမီဒီယာများနှင့်အတူ တိုက်ရိုက် LIVE ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ နွေဦးထီချစ်သူများအနေနဲ့ စောင့်မျှော်ကြည့်ရှုကြပြီး နိုင်ငံ့ဂုဏ်ဆောင် သန်းကြွယ်သူဌေးများ ဖြစ်ခွင့်ကို ရင်ခုန်လိုက်ကြရအောင်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤47🥰1🎉1
😍 နွေဦးထီဖွင့်ရန် (၁)နာရီ အလို

နွေဦးထီချစ်သူတို့အတွက် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အချိန်ကိုရောက်ရှိလာပါပြီ။

မကြာခင် အချိန်အတွင်းမှာ စတင်တော့မယ့် နွေဦးထီဖွင့်ပွဲအခမ်းအနား LIVE လေးနဲ့ အစီအစဥ်များကို စောင့်ကြည့်၊ မျှဝေရင်း နိုင်ငံဂုဏ်ဆောင် သန်းကြွယ်သူဌေးဖြစ်မယ့် မိမိရဲ့ နွေဦးထီဂဏန်းလေးတွေ ကံထူးစေဖို့ အတူတူ ဆုတောင်းလိုက်ကြရအောင်။

အနာဂတ်အိပ်မက်တွေ ရဲရဲမက်နိုင်ဖို့ သန်းဆုကြီးတွေ ကံထူးနိုင်ကြပါစေ။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤41👍2👏1