Spring Development Bank
✔
20.6K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
🎁 မေလ၂၀၂၄ နွေဦးထီပေါက်စဥ်

ထီအမှတ်စဥ် - NOH20240501 အတွက် ထီပေါက်စဉ် တိုက်လို့ရပါပြီ။

@nwayoohti နွေဦးထီ Web App မှတဆင့် ကိုယ်တိုင်ကိုယ်ကျ ထီထိုးထားသူများအနေနဲ့လည်း "မှတ်တမ်း" မှတဆင့် "ရလာဒ်" တွင် နွေဦးထီပေါက်စဥ်ကို ကြည့်ရှုနိုင်ပါတယ်။ 🫶

ဒီလအတွက် မဟာဆုမဲများမှ တတိယဆု သန်း (၁၀၀) ကံထူးသူနှင့်အတူ အခြားနွေဦးထီကံထူးရှင်များ အားလုံးလည်း ပျော်ရွှင်နေကြပါပြီ။ 🥳

ယခု မေလမှာ ထီဆုများနဲ့ ကပ်ပြီးလွဲချော်ခဲ့သူများလည်း လာမယ့် ဇွန်လမှာ ထပ်မံကံစမ်းကြဖို့ဖိတ်ခေါ်ပါတယ်နော်။

နွေဦးထီကံစမ်းပြီး အနာဂါတ်အိပ်မက်တွေ ရဲရဲမက်ဖို့ ယုံကြည်လိုက်ပါ။ 💪
_________
😍 June လအတွက်လည်း နွေဦးထီ စတင်ကံစမ်းနိုင်ပါပြီနော်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤48👏9👍1🥰1🎉1
ရင်ခွင်ဖွင့်ပြီး ကြိုနေတဲ့ SDB Help Center

သိချင်တဲ့ မေးခွန်းတိုင်းကို ချက်ချင်းအဖြေပေးပြီး အချိန်ပြည့် ဂရုစိုက်ပေးမယ့် ချစ်သူမရှိလို့ အားမငယ်ပါနဲ့..
SDB Help Center ကတော့ နွေဦးဘဏ်ချစ်သူတိုင်းအတွက် အမြဲရှိနေပါတယ်။ 🥹

အကောင့်ဖွင့်ရန်၊ ငွေသွင်းရန်၊ စာရင်းသေငွေအပ်နှံရန် အစရှိတဲ့ နွေဦးဘဏ်အကြောင်း သိလိုတဲ့ အကြောင်းအရာနဲ့ အခက်အခဲတိုင်းကို Help Center ရဲ့ Live Chat မှာ စုံစမ်းမေးမြန်း အကူအညီ ရယူနိုင်ပါတယ်နော်။

Help Center ကို ဘယ်လိုဆက်သွယ်ရမလဲဆိုရင်တော့ App (သို့) Web App အပေါ်ဘက်ညာဘက်ထောင့်ရှိ နားကြပ် icon လေးကို နှိပ်ပြီး (သို့မဟုတ်) SDB Help Center Link မှ တဆင့် New Conversation လေး ဖန်တီးပြီး ခုပဲဲ စတင်နိုင်ပါတယ်။
https://help.springdevelopmentbank.com

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤51👏5👍3🥰1
"တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့" သတင်းစာရှင်းလင်းပွဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဦးဆောင်၍ "တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့"ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲကို ဇွန် ၃ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ၊ ကြားကာလဗဟိုဘဏ် အထူးအကြံပေး Prof. Sean Turnell တို့က ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲကို PVTV ၊ Radio NUG ၊ Red Peacock ၊ DVB ၊ Mizzima ၊ ခေတ်သစ် ၊ People's Spring ၊ D Day Channel ၊ နွေဦးအသံ ၊ သံလွင်တိုင်းမ် ၊ ဒီလမ်း အစရှိသော သတင်းမီဒီယာပေ့ချ်များမှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ
စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
❤50👍9🥰2
"တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့" သတင်းစာရှင်းလင်းပွဲ

LIVE ကြည့်ရန်

https://www.facebook.com/story.php?id=100092075088594&story_fbid=830519475602511
❤39👍8🥰1
SDB အကောင့်ထဲကို RM (သို့မဟုတ်) ခရစ်ပတိုလမ်းကြောင်းကတဆင့် ချိတ်ဆက် ငွေသွင်းပြီးရင် ငွေစုမလား ၊ ထီထိုးမလား ?

နွေဦးဘောစိတွေက ရွေးရခက်မနေဘဲ ၂ ခုလုံး အကျိုးရှိကြောင်း သိကြတာမို့ ငွေစုနိုင်သလောက်လည်း စုပြီး အနာဂတ်အတွက် အောင်လံလွှင့်ချီ နွေဦးထီ @nwayoohti ကံစမ်းကြရအောင်။ 🥳

#ChooseSDB
#SpringDevelopmentBank
#RealBankRealFreedom
❤48👍13🥰1
Media is too big
VIEW IN TELEGRAM
✨ ခေတ်မီလွတ်လပ် SDB Mobile App

နွေဦးဘဏ်ရဲ့ SDB Mobile App လေး Download ဆွဲပြီးပြီလား ?

Android Version အတွက် Mobile Application အသုံးပြုနည်း အပြည့်အစုံကို ဒီ Videoလေးမှာ ကြည့်ရှုနိုင်ပါတယ်။ iOS Version လေး မကြာခင် ရောက်လာတော့မှာမို့ Apple User တွေလည်းစောင့်မျှော်ပေးပါဦးနော်။

အဆင့်မြင့် လုံခြုံရေး အတွက် Android version 10 နဲ့ အထက် အသုံးပြုသူ နွေဦးဘဏ်ချစ်သူများအတွက် Google Play Store မှာ SDB Mobile App လေး Download လုပ်ပြီး စတင် အသုံးပြုနိုင်ပါပြီ။

➡️ Play Store download link -
https://bit.ly/SDBandroidapp

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤65👍10🔥1🥰1
"PRF ‌ထောက်ပို့တပ်သားတွေ ကံထူးခွင့်ရမယ့် နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင်”

ဒီတော်လှန်ရေးမှာ ထောက်ပို့ကဏ္ဍကနေ ပါဝင်နေကြတဲ့ ရဲဘော်တွေဟာ နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ကြရပါတယ်။ ထောက်ပို့တာဝန်တရပ်အတွက် လစဉ်ကြိုးစားနေကြတဲ့ PRF ထောက်ပို့တပ်သားများကို လေးစားဂုဏ်ပြုသောအားဖြင့် လက်ဆောင်ပေးအပ်သွားဖို့ ရှိပါတယ်။

ဒါကတော့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF - People's Revolution Supply Family နဲ့ အောင်လံလွှင့်ချီ နွေဦးထီ တို့ပူးပေါင်းပြီး ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာဆိုရင်

🔺 ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၁၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

🔺 ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး

🔺 နွေဦးထီလဲလှယ်ရန် telegram account - t.me/NOHclaim ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

အလားတူပါပဲ…

🔺ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သား တွေထဲက အယောက် ၂၀၀ ကို ဇွန်လ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပြီး

🔺 ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

သတိပြုရမှာကတော့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇွန်လ ၂၉ ရက် ည ၁၂ ထိပဲ လဲလှယ်နိုင်မှာ ဖြစ်ပြီး အကယ်၍ ဇွန်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်ပါသေးတယ်။

ဒီ နွေဦးထီ ဂုဏ်ပြုလက်ဆောင်အစီအစဉ်လေးကို လစဉ်ပြုလုပ်သွားမှာဖြစ်လို့ ထောက်ပို့တာဝန်ထမ်းဆောင်ရင်း အနာဂတ်အိမ်မက်တွေကို ရဲရဲမက်နိုင်ပါပြီ။ ဒါဆို မြေပြင်ရဲဘော်တွေအတွက် ထောက်ပို့တာဝန်ပိုယူနိုင်မှာ ဖြစ်လို့ ပွဲမြန်မြန်သိမ်းဖို့ တရက်ပိုနီးကပ်မှာ ဖြစ်ပါတယ်။

လာပါ… ငါတို့အတူတူရုန်းမယ်

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -

🇫 fb.me/prf4pdf

💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#PRF
#နွေဦးထီ
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်
#PRFxNOH
❤75👍19🔥1🥰1
📲 နွေဦးဘဏ်နဲ့ Telegram မှာချိတ်ဆက်ပါ။

နွေဦးဘဏ်နဲ့ အချိန်မရွေး လွယ်ကူစွာ ဆက်သွယ်နိုင်ဖို့ Telegram Community Group ကို Join ထားပြီး နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုများနဲ့ သတင်းအချက်အလက်များကို ဖတ်ရှုဖို့ Telegram Channel ကို Subscribe လုပ်ထားရအောင်။ 🫰

မသိသေးတဲ့ မိတ်ဆွေများကိုလည်း ဒီပို့စ်လေးကို မျှဝေပေးပြီး ဖိတ်ခေါ်ရအောင်နော်။🫶

➡️ Spring Development Bank
https://t.me/SpringDevBank

➡️ SDB User Community Group
https://t.me/SpringDevBankCommunity

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤70👍16🔥2👌2🥰1
⚡ ကံတက် သွက်လက် နွေဦးထီ Express ⚡

ကံကောင်းခြင်းတွေ မြန်ဆန် သွက်လက်ဖို့ နွေဦးထီရဲ့ feature အသစ်ဖြစ်တဲ့ Express Buy နဲ့ ကံစမ်းပြီးပြီလား ?

မေလ မှာ သန်း ၁၀၀ ဆုကြီး ပိုင်ဆိုင်ခဲ့တဲ့ ကံထူးရှင်ဟာ နွေဦးထီ ကိုယ်စားလှယ်ကနေ Express Buy အစောင် ၅၀ ဝယ်ယူခဲ့ရင်း ထီပေါက်ခဲ့တာပါ။ 🥳

ဒါကြောင့် ဇွန်လ ၇ ရက် မှ စပြီး တပတ်အတွင်း ဖော်ပြထားတဲ့ နွေဦးထီ တရားဝင် agent များမှ တဆင့် Express Buy နဲ့ အစောင် ၂၀ ဝယ်တိုင်း လက်မှတ် ၁ စောင် ချက်ချင်း အခမဲ့ ရရှိနိုင်မယ့် အထူးပရိုမိုးရှင်းလေး စီစဥ်ထားပါတယ်။

🎁 ကံတက် ပရိုမိုးရှင်း စည်းကမ်းချက်များ 🎁 ️

⚡ ဇွန်လ ၇ ရက်မှ ၁၄ ရက် အတွင်း ကိုယ်စားလှယ်မှ တဆင့်သာ Express Buy ဖြင့် အားပေးနိုင်ပါတယ်။

⚡ လက်မှတ်အစောင် (၂၀) တပြိုင်နက် ဝယ်ရင်း ၁ စောင် ထပ်ဆောင်း အပို ရယူနိုင်ပါတယ်။
( ထီလက်မှတ် အရေအတွက် ခွဲပြီး ဝယ်လို့ မရဘူးနော် )

⚡ agent code ပါရှိသည့် ထီလက်မှတ် သာလျှင် ပရိုမိုးရှင်း ရရှိနိုင်တာပါ။

⚡ Express Buy ဖြစ်တဲ့အတွက် နံပါတ် ရွေးချယ်ခွင့် တော့ မရှိပါဘူးနော်။

⚡ အငြင်းပွါးဖွယ် တစုံတရာရှိပါက နွေဦးထီကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

🎫 နွေဦးထီ ကိုယ်စားလှယ်များမှ ဝယ်ယူရန်

https://www.facebook.com/nwayoohti/posts/479424497752614

နွေဦးထီ များများထိုးရင် များများပေါက် နိုင်တဲ့အပြင် သန်းဆုကြီးနဲ့ နီးစပ်ပြီး မိမိအနာဂတ်နဲ့ တိုင်းပြည် အိပ်မက်တွေ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့

နွေဦးထီ ချစ်သူတွေ အနေနဲ့ အခုပဲ “နွေဦးထီ ကိုယ်စားလှယ်” တွေကို ဆက်သွယ်ပြီး ကံတက် မြန်ဆန်ဖို့ ကံစမ်းလိုက်ရအောင် 🫶

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#nwayoohti
❤56👍10🥰1👏1
🪙 Binance P2P မှာ SDB အသုံးပြုပါ။

နွေဦးဘဏ်ချစ်သူတို့ရေ.. Binance ရဲ့ P2P မှာ SDB ကို payment တခုအဖြစ် လုံခြုံစိတ်ချစွာ အသုံးပြုလို့ရနိုင်ပြီ ဖြစ်ကြောင်းကို အားလုံးလည်း သိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Binance အကောင့်ရှိထားသူများအနေနဲ့ မိမိရဲ့ Account Setting > Payment Method > P2P Payment Method သို့ ဝင်ရောက်ပြီး Add a new payment method ကို နှိပ်ကာ “Spring Development Bank” ကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

ဒီနေ့မှာတော့ " Binance P2P မှာ SDB payment method ကို သုံးပြီး USDT ဘယ်လိုရောင်းရမလဲ"ဆိုတဲ့ မေးခွန်းများအတွက် နည်းပညာအထူးပြု မိတ်ဖက်ကောင်းဖြစ်တဲ့ Myan Crypto ရဲ့ Step by Step Guide လေးကို အားလုံးသိရအောင် မျှဝေပေးလိုက်ပါတယ်။

ခေတ်မီနည်းကျ Binance P2P မှာ SDB ကို အသုံးပြုကြ။

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤71👍9🥰2🎉2