လေးစားတန်ဖိုးထားအပ်ပါသော ရင်းနှီးမြှုပ်နှံသူများနှင့် နွေဦးဘဏ်အသိုက်အဝန်းသို့
ကျွန်တော်တို့၏ စံချိန်တင်ခမ်းနားခဲ့တဲ့ ICO Round 2 ၏ တခဲနက်အောင်မြင်မှုကို ပြန်လည်မျှဝေရသည့်အတွက် လွန်စွာ ဝမ်းမြောက်ရကြောင်း ဦးစွာ ပြောလိုပါတယ်။
SDB ၏ CEO အနေဖြင့် ဒီလို ထူးခြားတဲ့ ဘုံအကျိုးတူ အိမ်ပြန်လှိုင်းသစ် အောင်ပွဲမှာ ပူးပေါင်းလိုက်ပါသူတိုင်း၏ ကြိုးစားအားထုတ်မှု၊ ယုံကြည်သက်ဝင်မှုနှင့် မျှော်ရည်ရာ ပန်းတိုင်တို့ကို ထင်ဟပ်စေခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။ ICO Round 2 ၏ အောင်လံစိုက်ထူနိုင်ခြင်းဟာ ကိန်းဂဏန်းအရ ငွေကြေးအောင်မြင်မှုထက် ပိုပြီး ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေး အမြန်ဆုံး အောင်နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံသူများနှင့် ပိုမိုကျယ်ပြန့်လာတဲ့ အသိုက်အဝန်းတို့၏ ကျွန်တော်တို့အပေါ် ဆက်လက် အပ်နှံအားထားမှုနှင့် စိတ်ပြင်းပြမှုတို့ကို သက်သေထူ မှတ်တမ်းတင်နေတာပါ။ ဒီလို အဘက်ဘက်က နိုင်ရာ ခွန်အားမျှပြီး မူလမျှော်မှန်းချက်ကို စံချိန်သစ် ကမ္မည်းထိုးနိုင်ခြင်းဟာ နွေဦးဘဏ်၏ တိုးတက်ဖြစ်ထွန်းမှုအတွက် ရည်မွန်တဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။
ICO Round 2 အား တခဲနက် ယုံကြည် အားပေးမှုကို လေးစားသောအားဖြင့် ကျွန်တော်တို့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RM များမှတစ်ဆင့် တိုကင်အမှာစာများ၏ စာရင်း ဖြည့်စွာ ကိုက်ညီနိုင်မည့်ကာလကို ဒီဇင်ဘာ ၁၁ ရက်နေ့ အထိ တိုးမြှင့် ခွင့်ပြုခဲ့ပါတယ်။ အားလုံး ပါဝင်ခွင့်ရရှိစေရေးကို ထောက်ရှုအလေးပေးလို၍ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးပိတ်ချိန်အထိ အစုရှယ်ယာရင်းနှီးမှု စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃.၄ သန်း သို့ ရောက်ရှိခဲ့ပြီလို့ အသိပေးအပ်ပါတယ်။
SDB နွေဦးဘဏ် က ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုထက် သာလွန်နေသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးနည်းပညာ ဂေဟစနစ်ကို ဂုဏ်ယူစွာ ဦးဆောင် ရပ်တည်နေခြင်း ဖြစ်ပါတယ်။ နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်ပါတယ်။ ICO Seed Round နှင့် ICO Round 2 နှစ်ခုစလုံး၏ အောင်မြင်မှုတွေဟာ ၎င်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည့် သမိုင်းဝင် မှတ်တိုင်များအဖြစ် တည်ရှိနေပါတယ်။ နွေဦးဘဏ် အစုရှယ်ယာတိုကင်ရောင်းချမှုမှာ စိတ်အားထက်သန်မှုနှင့် ခိုင်မာတဲ့ ပံ့ပိုးမှုများကပဲ ကျွန်တော်တို့အတွက် သန္နိဋ္ဌာန်သစ်၊ စွမ်းအားသစ်များနှင့် ထပ်လောင်း တာဝန်ယူမှုများဖြင့် ရှေ့သို့ ဆက် ချီတက်ဖို့ လှုံ့ဆော်တွန်းအားပေးလျက်ရှိပါတယ်။
ဆက်ပြီး ဝန်းရံကူညီမှုနဲ့ တွဲလက်ခိုင်မြဲမှုများအတွက် လေးလေးနက်နက် ရင်နှင့်အမျှ ကျေးဇူးတင်မိပါတယ်။ နွေဦးဘဏ်မှာ ပြည်သူ တစ်ဦးစီတိုင်း၏ ပါဝင်ပတ်သက်နေခြင်းဟာ ဘဏ္ဍာရေးနည်းပညာ လုပ်ငန်းထက်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံသစ်နှင့် လွတ်လပ်ရေးအတွက် ပိုမိုကြီးမားတဲ့ အထောက်အပံ့အဖြစ် ကတိကဝတ်ပြုနေခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ပံ့ပိုးပေးရင်း လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ၊ ဘုံအကျိုးသက်ဆိုင်သူအားလုံးအတွက် နောက်ဆုံးပေါ် နည်းပညာများမှတဆင့် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရေရှည်တည်မြဲသော တန်ဖိုးကို ဖန်တီးပေးအပ်နိုင်ရန် အထူးအာရုံစိုက် ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။
ယုံကြည်မြှုပ်နှံမှုနှင့် အားပေးဝန်းရံမှုတိုင်းကို ထပ်မံ ကျေးဇူးတင်ရင်း ရွှေရောင်လွှမ်းမယ့် ဘုံအနာဂတ်ကို အတူတကွ တည်ဆောက်ကြရအောင်။
ရိုသေတန်ဖိုးထား လေးစားစွာဖြင့်
ကယ်လ်ဗင်
CEO, နွေဦးဖွံ့ဖြိုးရေးဘဏ်
၁၂ ဒီဇင်ဘာ ၂၀၂၄

❤471👏37👍25🥰11🎉10
ယုံကြည်မှုတို့ မြစ်ဖျားခံမယ့် အနာဂတ် 🚩
ဘုံအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ ပြည်သူတွေရဲ့ရွေးချယ်ဆုံးဖြတ်ချက်တွေက နွေဦးဘဏ်နဲ့အတူ သမိုင်းသစ်စာမျက်နှာကို မော်ကွန်းထိုး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
နိုင်ငံတကာမှ ငွေကြေးခွန်အားပိုမျှနိုင်သူတွေ အပါအဝင် ငွေပိုငွေလျှံရှိလို့ မဟုတ်ပဲ အင်တာနက်ခက်ခဲတဲ့ နယ်မြေတွေက အစပြုလို့ ပြည်သူ့ဝန်ထမ်း CDM တွေ၊ မြေပြင်ရဲဘော်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ နည်းပညာအကြောင်းနားမလည်တဲ့ သက်ကြီးပိုင်းတွေ၊ မကျန်းမာပဲ အိပ်ရာထဲ လဲနေသူတွေ မကျန် တရွာလုံးပေါင်း ခြစ်ကုပ်စုဆောင်းရင်း ပါဝင်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပ စုပေါင်း ခွန်အားတွေဟာ ဘုံအောင်ပွဲကို မြစ်ဖျားခံမယ့် မယိမ်းယိုင်တဲ့ ယုံကြည်ခြင်း သန္နိဋ္ဌာန် များကို သက်သေပြခဲ့ကြတာပါ။
နွေဦးဘဏ်ရဲ့ ICO 2 အိမ်ပြန်လှိုင်း တားဂတ်ထိရုံသာမက အမေရိကန် ဒေါ်လာ ၁၃ သန်းမက ကျော်လွန်အောင်မြင်ခဲ့အောင် ပါဝင် ရင်းနှီးမြှုပ်နှံသူတိုင်းကို နွေဦးဘဏ်မှ ဦးညွတ်လေးစားလျက် “နိုင်ကိုနိုင်ရမယ်” ဆိုတဲ့ ယုံကြည်မှုနဲ့ အတူ အဆုံးသတ်အောင်ပွဲဆီသို့ ခရီးဆက် ပန်းဝင်ကြဦးစို့။
ကိုယ်တိုင်ရွေးခဲ့တဲ့ လမ်း၊ ကိုယ်တိုင်လျှောက်မယ့် ဒီလမ်း၊ ဘာ အကြောင်းပြချက်မှ သိပ်မလိုဘူး ✊
https://bit.ly/m/SDB4all
#ICOround2 #NewWaveNewHome
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB

❤352👍63🥰16🔥2
ကိုပေါက်နဲ့ နွေဦးဘဏ်ချစ်သူများ Community Call ⏰
လာမယ့် Sunday မှာပြုလုပ်မယ့် Community Call Live အတွက် အထူးဧည့်သည်တော်အဖြစ် အမှန်တရားဘက်မှာ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ဒါရိုက်တာကိုပေါက် ကိုဖိတ်ခေါ်ထားပါတယ်။
ကိုပေါက်ရဲ့ ဒီကာလအတွေ့အကြုံတွေ၊ အမှတ်တရတွေ၊ ပြည်သူတွေရဲ့ပိုပိုနီးလာတဲ့အိမ်ပြန်ရက်တွေနဲ့ ပြည်သူ့ဘဏ္ဍာရေးအောင်ပွဲတွေအကြောင်းကို စကားဝိုင်းလေးပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲ....ရှမ်းခေါက်ဆွဲဆိုင်လေးရဲ့လိပ်စာလေးပါ သိချင်တယ်ဆိုရင်တော့ နွေဦးဘဏ်ချစ်သူများကိုယ်တိုင် Community Call လေးမှာမေးကြည့်ကြပါနော်။
အတူတူဆုံတွေ့ကြစို့။
15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream
#springbeesbysdb

❤442👍85🥰19
Media is too big
VIEW IN TELEGRAM
နွေဦးရိမ်းဂျားများအကြောင်း တစေ့တစောင်း 🦸♂️🦹♀️
@nwayoohti ကို စောင့်ရှောက်မယ့် နွေဦးရိမ်းဂျား ပရိုဂရမ် ဖြစ်ပေါ်လာပုံ နဲ့ သူတို့ အတွက် ဂုဏ်ပြုမယ့် အစီအစဉ် တွေအပြင် နွေဦးရိမ်းဂျား တယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ စတဲ့ အသေးစိတ် ဆွေးနွေး ရှင်းပြပေးထားတဲ့ Community Call ကို ပြန်လည် နားဆင်နိုင်ပါပြီ။
သင့်အနီးအနားမှာ စွမ်းအားအပြည့်နဲ့ နွေဦးရိမ်းဂျား ဖြစ်ချင်သူတွေရှိရင် လက်တို့ဖို့ မမေ့နဲ့နော်။
🎧Call အပြည့်အစုံ နားထောင်ရန်
https://youtu.be/-4UfrdB6trE
#WeDreamBold
#NwayOoHti

❤265👍30🥰11🔥3
နှစ်ထပ်ကွမ်း ထီပေါက် ၊ ကံအရောင် တောက် 🏆
ဒီဇင်ဘာအမှတ်တရ ရော နှစ်ကူးလက်ဆောင်တွေပါ တသီကြီးပေးချင်နေတဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကတော့ ခုဆိုရင် အားလုံးမျှော်လင့်နေတဲ့ ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်လေးရဲ့ ဝှက်ထားတဲ့ ထပ်တိုးဆုကို ထုတ်ဖော်လာပါပြီ။ 🧑🎄🎁
🪙နောက်ထပ် အပိုဆုကတော့ ကံထူးရှင် ၅ ဦးကို နွေဦးဘဏ် ရှယ်ယာ SDB Token $30 ဖိုး ချီးမြှင့်မှာ ဖြစ်ပါတယ်။
🗓️ ဒီဇင်ဘာ ၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း
🎲 မိမိကိုယ်တိုင် (သို့မဟုတ်) NOH agent ၊ နွေဦးရိန်းဂျားများ ထံမှ ကံစမ်းနိုင်ပါတယ်။
🎫 (၁၀) စောင် ဝယ်ယူတိုင်း ကံစမ်းခွင့် (၁) ကြိမ်ရရှိမှာ ဖြစ်ပြီး
🏆ကံစမ်းထားသူများထဲမှာ (၁၅) ဦး တိတိကို ကျပန်း ရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ယခင်လ မှာ ဘဏ်ရှယ်ယာရှင် ဖြစ်ခွင့် ကပ်လွဲခဲ့သူများလည်း ဒီတခေါက် ကံစပ်ရင်း နောက်ထပ် ကံထူးရှင် (၅)ဦး က 🎁🎁🎁 ဘာဆုလေးဖြစ်မလဲ ဆက်ပြီး ရင်ခုန်ရအောင်။ 🤩💝🎉
🎰ဆုထူး ဝေဆာ ကံစမ်းရန်
bit.ly/NwayOoHti4u

🥰132❤113👍39🔥2
တနေ့ (၂) ကြိမ် အချိန်မှန်တုပ် 📢
နွေဦးပျားတို့ အိပ်ရေးဝဖို့ အတွက် အရင်က ၈ နာရီ တကြိမ်နဲ့ တနေ့ (၃) ခါ တို့ရတဲ့ ပျားလေးကို ၁၂ နာရီ တကြိမ်နဲ့ တနေ့ (၂) ခါသာ အတို့ သက်သာအောင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင် ပြောင်းလဲ ပေးခဲ့တာ သိပြီးကြပြီ ဟုတ်?
နိုင်ငံအနှံ့အပြားမှာလည်း စကစ ကို လိုရင်းတိုရှင်း ရှယ်တုပ်နေကြပြီမို့ နွေဦးပျားတို့လည်း အားကျမခံ တနေ့ (၂) ကြိမ် အချိန်မှန်တုပ်ကြဖို့ အသိပေး ဆော်ဩ လိုက်ပါတယ်နော်။
🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot
🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity
#ချစ်ပျားတုပ်ချက် #StinglikeSDBees
#SpringBeesbySDB #ICOround2
#NewWaveNewHome #chooseSDB

❤347👍52🥰8🔥3
Voting Partner Announcement
The Voice of Freedom - Karenni Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်ကို ဒီဇင်ဘာလ (၁၄) ရက်မှစတင်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့ထိ ညနေ (၆) နာရီမှာ တင်ဆက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
ပြည်သူ့ဘက်သား အနုပညာရှင်များဖြစ်တဲ့ ကိုလင်းလင်း၊ မချမ်းချမ်း၊ ကိုဒယ်နီယယ်စော ၊ ကိုဖိုးသင်္ကြန် နှင့် ဆရာပီးပီ တို့မှ အမှတ်ပေးဒိုင်များအဖြစ် ပါဝင် အားဖြည့်ထားတဲ့ အပြင် စင်မြင့်ထက်ပေါ်မှာ ယှဉ်ပြိုင်ကြဖို့ ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် (၁၄) ဦး အသင့်ဖြစ်နေကြပါပြီ။
The Voice of Freedom ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်သူတွေရဲ့အသံကိုထင်ဟပ်နိုင်ဖို့ ဖြစ်တာကြောင့် နွေဦးဘဏ်ချစ်သူတို့ကလည်း တတပ်တအား ထောက်တိုင်အဖြစ် အားဖြည့်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
1 Vote ကို မြန်မာငွေ - ၅၀၀၀ ကျပ်ဖြစ်ပြီး မိမိ ချစ်ခင်နှစ်သက်တဲ့ ပြိုင်ပွဲဝင်နံပါတ်ကို SDB ရဲ့ Note မှ ထည့်သွင်းပြီး Vote ပေးနိုင်ပါတယ်။
SDB username : voiceoffreedom
SDB UID : e062f447-6559-40e7-a8f2-0c86a545222c
Vote နည်း နှင့် အခြား ငွေကြေးပမာဏ အသေးစိတ်ကို www.thevoiceoffreedom.net မှ တဆင့်လည်း ကြည့်ရှုနိုင်ပါတယ်။
ချိန်းကြိုးကင်းတဲ့ အနာဂတ်ဆီ အတူ လျှောက်လှမ်းကြရအောင်။
The Voice of Freedom အကြောင်း အသေးစိတ် သိရှိလိုပါက
https://www.facebook.com/TVoFreedom/posts/485912941276098
#TheVoiceofFreedom

❤372👍67🥰7🎉4🔥2👏1👌1
"အားလုံး Ready ည ၈နာရီ" ⏰
ဒီနေ့ည ၈နာရီမှာ ပြုလုပ်မယ့် Community Call Live အတွက် အထူးဧည့်သည်တော်အဖြစ် ကိုဗစ်ကာလမှာ ဟာသဗီဒီယိုလေးတွေနဲ့ အမောပြေစေခဲ့သူ၊ မတရားမှုကို တွန်းလှန်နေကြတဲ့ အခုကာလမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက် ကို ဖိတ်ခေါ်ထားပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာ မေးခွန်းလေးတွေကို အပြိုင်အဆိုင် ဖြေပြီး လက်ဆောင်လေးတွေ ရမယ့်အပြင် နွေဦးဘဏ်ချစ်သူတွေဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့အကြောင်း ကိုပေါက်ကို ကြွယ်ထားတာမို့ ဒီည ၈ နာရီမှာ နွေဦးပျားလေးတွေအားလုံးနဲ့ အတူတူဆုံတွေ့ချင်ပါတယ်။
အောက်မှာပေးထားတဲ့လင့်လေးကတဆင့် Join ပေးကြမယ်နော်။
15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream
#springbeesbysdb
#realbankrealfreedom
#ChooseSDB
#SpringDevelopmentBank
ဒီနေ့ည ၈နာရီမှာ ပြုလုပ်မယ့် Community Call Live အတွက် အထူးဧည့်သည်တော်အဖြစ် ကိုဗစ်ကာလမှာ ဟာသဗီဒီယိုလေးတွေနဲ့ အမောပြေစေခဲ့သူ၊ မတရားမှုကို တွန်းလှန်နေကြတဲ့ အခုကာလမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက် ကို ဖိတ်ခေါ်ထားပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာ မေးခွန်းလေးတွေကို အပြိုင်အဆိုင် ဖြေပြီး လက်ဆောင်လေးတွေ ရမယ့်အပြင် နွေဦးဘဏ်ချစ်သူတွေဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့အကြောင်း ကိုပေါက်ကို ကြွယ်ထားတာမို့ ဒီည ၈ နာရီမှာ နွေဦးပျားလေးတွေအားလုံးနဲ့ အတူတူဆုံတွေ့ချင်ပါတယ်။
အောက်မှာပေးထားတဲ့လင့်လေးကတဆင့် Join ပေးကြမယ်နော်။
15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream
#springbeesbysdb
#realbankrealfreedom
#ChooseSDB
#SpringDevelopmentBank
❤276👍52🥰12👏2
သင်က မိုးခါးရေ မသောက်မယ့် နွေဦးပျားလား
ဒီနေ့ ည ၈ နာရီမှာ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက် နဲ့ နွေဦးဘဏ် ချစ်သူတို့ ကြား ရင်းရင်းနှီးနှီး ဆုံတွေ့ကြမယ့် Community Call အစီအစဉ်မှာ လက်ဆောင်တွေကလည်း စောင့်နေတာမို့ ဆက်ဆက် နားထောင်ဖို့ မမေ့နဲ့နော်။
ဒီနေ့ Special Live အတွက် Pollen ရယူဖို့ SpringBees code ကလည်း ဘာများဖြစ်မလဲ အတူ ရင်ခုန်ကြရအောင်။

❤339👍73🥰9🎉2
နွေဦးပျားတို့ရဲ့ ရဲဘော်ပျားလေးတွေကို Referral Link ပေးပြီး ဖိတ်ခေါ်ရာမှာ ပိုအဆင်ပြေစေဖို့ အတွက် ပြင်ဆင်မွမ်းမံချက်လေး တိုးပေးထားပါတယ်နော်။
၁။ ပုံမှန်အတိုင်း “Invite Your Friend” ခလုတ် မှတဆင့် Referral Link ကိုပေး၍ ဖိတ်ခေါ်နိုင်ပါတယ်။
၂။ ဖိတ်ထားတဲ့ ရဲဘော်ပျားလေးတွေက Referral Link ကိုနှိပ်ပြီး နွေဦးပျားကမ္ဘာလေးကို စတင် ဝင်ရောက်လာတဲ့ အခါမှာ အောက်ပါပုံအတိုင်း Referral Code လေးကိုပါ တစ်ခါထဲ ဖြည့်ပြီးသား ဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကဲ အခုလိုဆို ရဲဘော်ပျား ဖိတ်ခေါ်တာရော pollen တွေရဖို့ရော ပိုသေချာပြီပေါ့။ SpringBees အကြောင်း မသိသေးတဲ့ ပျားသစ်လေးတွေကိုလည်း ဖိတ်ခေါ်ဖို့ မမေ့နဲ့နော်။
🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot
🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity
#StinglikeSDBees
#SpringBeesbySDB #chooseSDB

❤223👍34🥰12🔥1
Round 2 Token အား အောင်မြင်စွာ ဖြန့်ဝေနိုင်ခဲ့ပြီ
နွေဦးဘဏ်၏ ICO Round 2 မှာ SDB ၏ Equity Token ဖြစ်သည့် SpringDB များ ကို အစုရှယ်ယာရှင်များထံသို့ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အောင်မြင်စွာ ဖြန့်ဝေထားပြီးကြောင်း ဦးစွာ သတင်းကောင်း ပါးအပ်လိုက်ပါတယ်။
နွေဦးဘဏ် app အတွင်း ယခင် Seed Round ICO ကို “SpringDB Token” ဟု အမည်ပြင်ဆင်ထားပြီး မိမိ၏ Seed Round နှင့် Round 2 ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ အား ပေါင်းထည့် ပေးထားသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်ပြန်လှိုင်းသစ် အတွက် စိတ်အားထက်သန်ပြီး ခိုင်မာတဲ့ ပြည်သူ့ထောက်ခံမှုတွေ ကြောင့်သာ ICO Round 2 အောင်မြင်စွာ ပြီးမြောက်ခဲ့တာဖြစ်ပြီး နွေဦးဘဏ်မှ ဝမ်းမြောက်ဂုဏ်ယူစွာ ကျေးဇူးတင်ရှိပါတယ်။
အောင်စိတ် ရဲရင့်တဲ့ ဝိုင်းဝန်းပါဝင်မှုများအားလုံးကို တန်ဖိုးထားလေးစားလျက်…
SDB အကောင့်ဖွင့်ရန်
bit.ly/m/SDB4all
နွေဦးဘဏ်ရှယ်ယာရှင်များ စုဝေးရာ
t.me/SpringDevBankCommunity
#SpringDevelopmentBank
#NewWaveNewHome #chooseSDB
#SDBTokenOffering

1❤381👍63🥰11👏5
ငွေကြေးစီမံ၊ နေ့စဥ်သုံးရန် ပြည်သူ့ဘဏ်⚡️
ပြည်သူ့အကျိုး အမြဲရပ်တည်နေတဲ့ နွေဦးဘဏ်မှာ အကောင့် အခမဲ့ ဖွင့်ထားရုံနဲ့ တကိုယ်ရည် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို စိတ်ချလုံခြုံစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
SDB အကောင့် တစ််ခု ရှိရုံနဲ့ -
◽️ကမ်ပိန်းများတွင် စိတ်ကြိုက် လှူဒါန်းနိုင်ခြင်း (Donation)
◽️အခမဲ့ လွှဲပြောင်းပေးပို့နိုင်ခြင်း (Transfer)
◽️အတိုးစုံလင် စာရင်းသေ ငွေစုနိုင်ခြင်း (Fixed Deposit)
◽️ဒစ်ဂျစ်တယ် ရွှေ စုဆောင်းနိုင်ခြင်း (Gold Token)
◽️ငွေကြေး (၁၀) မျိုး အသုံးပြုနိုင်ခြင်း (Multi-Currency)
◽️အပြန်အလှန် စိတ်ကြိုက် ငွေလဲလှယ်နိုင်ခြင်း (Currency Exchange)
◽️ခေတ်သစ် ဘဏ်ရှယ်ယာရှင် ဖြစ်ခွင့်ရှိခြင်း (Token Holder)
◽️သန်း ၅၀၀ ဆု နွေဦးထီ ကံစမ်း ရင်ခုန်ခွင့်ရှိခြင်း (Nway Oo Hti)
◽️SpringBees ဆော့၍ Pollen များစုနိုင်ခြင်း (Airdrop)
ဒီလုပ်ဆောင်ချက်တွေအပြင်
🔥Binance, Bybit, Bitget တို့နှင့် USDT ခေတ်မီစွာ တိုက်ရိုက် သွင်း/ထုတ် နိုင်ခြင်း
🔥နိုင်ငံတကာ SDB RM များနဲ့ ချိတ်ဆက်၍ အခမဲ့ ငွေသွင်း/ထုတ်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို ဘက်စုံ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်နဲ့အညီ လိုက်လျောညီထွေ ရှိစေဖို့ နွေဦးဘဏ်မှာ အခုပဲ အကောင့်ဖွင့်လိုက်ကြစို့။
အခမဲ့ SDB အကောင့်ဖွင့်ရန်
📲 https://bit.ly/m/SDB4all
SDB ရှယ်ယာရှင်များ စုဝေးရာ
🧑🚀 https://t.me/SpringDevBankCommunity
#realbankrealfreedom
#springdevelopmentbank
#chooseSDB

1❤308👍49🥰8🎉6
ကမ်ပိန်းတခွင် ငွေကြေးစုံလင်စွာ အမ်းကြမယ် 💰
ထောက်ပို့ပါဝင်ဖို့ ခက်ခက်ခဲခဲ အများကြီး လုပ်စရာ မလိုပါဘူး။
" ဗျို့… ကမ်ပိန်း အမ်းချင်လို့ပါ။ SDB အကောင့်လေးပေးနော်။ "
ဒီလို Conversation လေးနဲ့ စတင်ပြီး လိုအပ်ချက်တွေ ဖြည့်တင်းမယ့် ကမ်ပိန်းတိုင်းကို ရှုးဂါးပြည်သူ အမ်းနိုင်စိန် နွေဦးပျားတွေ SDB ရဲ့ ငွေကြေး (၁၀)မျိုးကို အသုံးပြုနိုင်ပါပြီ။
ပြည်တွင်း ပြည်ပ လုံခြုံ ချောမွေ့စွာ ထောက်ပို့ပါဝင် “အမ်း”နိုင်ကြရအောင်။
SDB ဖွင့်ပြီး အမ်းရန်
📲 https://bit.ly/m/SDB4all
#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
ထောက်ပို့ပါဝင်ဖို့ ခက်ခက်ခဲခဲ အများကြီး လုပ်စရာ မလိုပါဘူး။
" ဗျို့… ကမ်ပိန်း အမ်းချင်လို့ပါ။ SDB အကောင့်လေးပေးနော်။ "
ဒီလို Conversation လေးနဲ့ စတင်ပြီး လိုအပ်ချက်တွေ ဖြည့်တင်းမယ့် ကမ်ပိန်းတိုင်းကို ရှုးဂါးပြည်သူ အမ်းနိုင်စိန် နွေဦးပျားတွေ SDB ရဲ့ ငွေကြေး (၁၀)မျိုးကို အသုံးပြုနိုင်ပါပြီ။
ပြည်တွင်း ပြည်ပ လုံခြုံ ချောမွေ့စွာ ထောက်ပို့ပါဝင် “အမ်း”နိုင်ကြရအောင်။
SDB ဖွင့်ပြီး အမ်းရန်
📲 https://bit.ly/m/SDB4all
#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
1❤234👍30🥰7🎉1
ငွေကြေး (၁၀) မျိုးနဲ့ အနာဂတ်ကို ပုံဖော်မယ် 💎
မြန်မာကျပ်၊ ထိုင်းဘတ်၊ ကိုရီးယားဝမ်၊ ဂျပန်ယန်း၊ မလေးရှားရင်းဂစ်၊ စင်္ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ဗြိတိန်ပေါင်၊ ဥရောပယူရို၊ ဩစတေးလျ ဒေါ်လာ အစရှိတဲ့ငွေကြေး (၁၀) မျိုးကို SDB App တခုရှိရုံနဲ့ ငွေလဲ နိုင်တဲ့အပြင် နိုင်ငံတကာကို အချိန်မရွေး လွှဲပြောင်း၊ ပေးပို့၊ လက်ခံ နိုင်တယ်ဆိုတာ သင်သိပြီးပြီလား။
အဆင့်မြင့်နည်းပညာကို အခြေခံထားတဲ့ ပြည်သူ့ နွေဦးဘဏ်မှာ ကိုယ်ပိုင် အခမဲ့ အကောင့်တစ်ခု ဖွင့်ထားရုံနဲ့ ပမာဏ အကန့်သတ်မရှိ၊ လွှဲခလုံးဝမရှိ ငွေသွင်း၊ ငွေထုတ်၊ ငွေလဲ၊ ငွေလွှဲ ပြုလုပ်နိုင်ပါတယ်။
လုံခြုံလျင်မြန်၊ စိတ်ကြိုက်စီမံ နိုင်တဲ့ နွေဦးဘဏ်နဲ့ ဘဏ္ဍာရေးလွတ်လပ်မှုကို အခုပဲ ရယူပိုင်ဆိုင်လိုက်ပါ။
အဆင့်မြင့်အနာဂတ်အတွက် တစ်ခုထဲသော ပြည်သူ့နွေဦးဘဏ်

1❤277👍47🥰6🎉4👏2🔥1
အမ်းနိုင်လွန်းတဲ့ ဘဏ်ရှယ်ယာရှင်ကြီးများ 👑
နွေဦးဘဏ်ရဲ့ ICO Seed Round တုန်းကထက် ICO Round 2 ရောက်လာချိန်မှာ ဝယ်ယူခဲ့တဲ့ ရှယ်ယာတန်ဖိုးရဲ့ ၂.၅ ဆ တိုးပွါးပြီး ရရှိခဲ့ကြပါတယ်။
ဒီလို ဆတိုး အမြတ်တွေနဲ့ ICO 2 ၏ သတ်မှတ်ပမာဏ ကျော်လွန်ပြီး စံချိန်တင် အောင်မြင်ခဲ့တာဟာ ကျရာ တော်လှန်ရေးကဏ္ဍမှ နိုင်ရာတာဝန်ထမ်းဖို့ ခြစ်ကုပ်ပြီး တဖုံ ၊ ပုံအောပြီး တလှည့် ရင်းနှီးမြှုပ်နှံကြတဲ့ အောင်စိတ်လွှမ်း ပြည်သူတွေကြောင့်ပဲ ဖြစ်ပါတယ်။
ကြီးမားတဲ့ အိမ်ပြန်လှိုင်း အရွေ့မှာ နွေဦးဘဏ်ရှယ်ယာရှင် အဖြစ် အမ်းကြရင်း တချိန် အနာဂတ် အသီးအပွင့်များကို လက်တွေ့ ခံစားကြရမယ် ဆိုတာ မုချ ယုံကြည်ပါတယ်။
SDB နဲ့ လုံခြုံစွာ အမ်းရန်
📲 https://bit.ly/m/SDB4all
🧑🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

❤311👍57🥰8🔥1🎉1
ချစ်ပျား ဗုတ်ချက် 💥
ဒီဇင်ဘာလ (၁၄) ရက်မှစတင်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့ထိ အပတ်စဉ် စနေနေ့ ညနေ (၆) နာရီတိုင်း ကျင်းပနေတဲ့ The Voice of Freedom - Karenni Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ တတပ်တအား ပါဝင်ဗုတ် (VOTE) ပေး အားဖြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ပြည်သူ့ဘက်သား တက်သစ်စ အိုင်ဒေါလ် (၁၄) ဦးထဲက ဘယ်သူ့ကို ဗုတ် ပြီးပြီလဲ ဆိုတာလည်း အောက်မှာ ကြွယ်ခဲ့ကြပါဦး SpringBees ချစ်ပျားတို့ရေ။
The Voice of Freedom အကြောင်း အသေးစိတ် သိရှိလိုပါက
https://www.facebook.com/TVoFreedom/posts/485912941276098
#TheVoiceofFreedom
#SpringDevelopmentBank
ဒီဇင်ဘာလ (၁၄) ရက်မှစတင်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့ထိ အပတ်စဉ် စနေနေ့ ညနေ (၆) နာရီတိုင်း ကျင်းပနေတဲ့ The Voice of Freedom - Karenni Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ တတပ်တအား ပါဝင်ဗုတ် (VOTE) ပေး အားဖြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ပြည်သူ့ဘက်သား တက်သစ်စ အိုင်ဒေါလ် (၁၄) ဦးထဲက ဘယ်သူ့ကို ဗုတ် ပြီးပြီလဲ ဆိုတာလည်း အောက်မှာ ကြွယ်ခဲ့ကြပါဦး SpringBees ချစ်ပျားတို့ရေ။
The Voice of Freedom အကြောင်း အသေးစိတ် သိရှိလိုပါက
https://www.facebook.com/TVoFreedom/posts/485912941276098
#TheVoiceofFreedom
#SpringDevelopmentBank
❤232👍61🥰5🔥2👏2🎉1
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ၊ နွေဦးဘဏ်မှာ ငွေစုပါ 🐝🐿️
နွေဦးဘဏ်မှာ ငွေစုခြင်းဟာ မိမိအနာဂတ်အတွက် စုဆောင်းပြီးဖြစ်သလို အောင်နိုင်ရေးလမ်းကြောင်းမှ ပါဝင်ပြီးဖြစ်တဲ့အတွက် နှစ်ဖက်အကျိုး မျှတစေပါတယ်။
ဘုံအနာဂတ် အာမခံချက် အတွက် မားမားမတ်မတ် ရပ်တည်နေတဲ့ နွေဦးဘဏ်မှ တဆင့် ဘဏ္ဍာရန်ပုံငွေ အင်အားတောင့်တင်းလေ၊ ပြည်သူ့ကာကွယ်ရေးမျက်နှာစာမှာ ထုအင်အားကြီးမားလာပြီး အကျိုးများစွာ ဖြစ်ထွန်းလာလေ အသေအချာပါပဲ။
နိုင်ငံတကာ ငွေကြေး (၁၀) မျိုးကို ရွေးချယ် လွှဲပြောင်း လဲလှယ်နိုင်တာမို့ အကောင့်ဖွင့်၊ ငွေစုကြရင်း ခေတ်သစ်၊ ခွန်အားသစ်နဲ့ စနစ်သစ်တွေဆီ ဦးတည်လိုက်ကြရအောင်။
ပကတိလွတ်လပ်မှုကို ရယူရန်

❤266👍52🥰8🎉5🔥1